Baby Home Preschool

Baby Home Preschool

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Home Preschool, Nursery, Wet Lu, .

Operating as usual

03/09/2023

ECCDမူကြို နှင့် Non-ECCDမူကြို
----------------------------------------------
မိဘတွေအနေနဲ့ ကိုယ့်သား/သမီး ပညာရေးအတွက် မူကြိုပို့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးရွေးချယ်ရမလဲ? (စာကိုဆုံးအောင် ဖတ်စေချင်ပါတယ်)

-အရင်ဆုံး မူကြိုကျောင်းတွေ စုံစမ်းပါ။
-ကျောင်းအပ်ဖို့ မလောပါနဲ့။
-အစကောင်းမှ အနှောင်းသေချာမှာမို့ ကို့ရင်သွေးကို
အမှန်တကယ် ပညာတတ်စေချင်ရင် စိတ်ရှည်စွာ
ကျောင်းကောင်းကောင်းကိုစုံစမ်းပါ။
-မူကြိုကျောင်း 2 မျိုးရှိပါတယ်-
(1) ECCDနည်းအတိုင်း ကျင့်သုံးတဲ့ မူကြို။
(2)ECCDအတိုင်းမဟုတ်ဘဲ မိဘစိတ်တိုင်းကျမူကြို။

နံပါတ်-1 ECCD မူကြိုဆိုတာဘာလဲ?
-ECCDနည်းအတိုင်းသင်ကြားပေးသော မူကြိုများ၏ ပုံစံ-

-ကလေးများအား အသက်အရွယ်အလိုက် Beginnerနှင့်Pre-KGဟု မူကြိုနှစ်တန်း ခွဲခြားထားရှိ ခြင်း
-အသက်3နှစ်မှ4နှစ်အတွင်းအားBeginnerအတန်း
-အသက်4နှစ်မှ6နှစ်အတွင်းအားPre-Kgအတန်း
-တစ်လစာLesson Plan(projects)ဖြင့်သင်ကြားခြင်း
-ကလေးအားဖိအားမပေးဘဲ မိမိတတ်နိုင်သလောက်သာ စာဖတ်စေခြင်း
-Colouring သင်ရာတွင် ဆရာမ မှလက်ထိန်းမပေးဘဲ ကလေးစိတ်တိုင်းကျ ကိုယ်တိုင်လုပ်ဆောင်စေခြင်း
-5နှစ်မှသာ စာ စရေးစေခြင်း
-ပြည့်ဝသော အိပ်စက်မှုရှိစေခြင်း
-နွေးထွေးသော ဆက်ဆံရေးရှိခြင်း
-ကလေးဗဟိုပြု သင်ကြားခြင်းဖြစ်သည့်အတွက်
မိဘအများစုရဲ့ စိတ်တိုင်းကျမှုကိုတော့အပြည့်အဝပေးနိုင်မှာမဟုတ်ပေမယ့် ထိုနည်းများကသာ မှန်ကန်တဲ့ ECCDနည်းလမ်းတကျ သင်ကြားတဲ့ မူကြိုမျိုးဖြစ်ပါတယ်။

နံပါတ်-2 Non-ECCDမူကြို ဆိုတာဘာလဲ?

-မူကြိုကလေးအတန်း2မျိုးခွဲထားခြင်းမရှိ
-တစ်လစာ သင်ကြားရန် Lesson Planရေရေရာရာ မရှိခြင်း
-ကလေးအားဖိအားပေး စာများရေးစေခြင်း
-ဖိအားပေးအရောင်ခြယ်စေခြင်း
-အိပ်စက်ချိန်ပြည့်ဝစွာမပေးဘဲ မိဘစိတ်တိုင်းကျ စာကိုသာ ရေးစေခြင်း၊ဖိအားပေးခြင်း
-နွေးထွေးသောဆက်ဆံမှုမျိုးမရှိခြင်း
-မိဘနှင့်ဆရာ ဗဟိုပြု သင်ကြားခြင်းမျိုးဖြစ်သည့်အတွက် ကလေးအတွက် အကျိုးမရှိပါ

-အရွယ်နှင့်မမျှသော ဝန်အားပေးပါက ကလေးအတွက် စိတ်ဖိစီးမှုများစေပြီး တတ်သင့်သလောက်မတတ်တော့ပဲ မူကြိုတက်ရသည့် အနှစ်သာရ ပျောက်နိုင်သည်။

မိဘတွေရဲ့ စိတ်-
-မိဘတွေဟာကို့သား၊သမီးကို တတ်စေချင်ဇောကြီးပြီး စာအတင်းရေးခိုင်းခြင်း၊ဖတ်ခိုင်းခြင်း
-ခြိမ်းခြောက်သင်ကြားခြင်း
-ECCDမူကြိုများအား စိတ်တိုင်းမကျခြင်း
-Complainများစွာ တက်ခြင်း
ထိုအရာများဟာ မိမိရင်သွေးအတွက် ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မူကြိုထားတော့မယ်ဆိုရင် ကျောင်းစုံစမ်းတဲ့အခါ ဒါတွေသိထားပါ။

-ကျောင်းမှာBeginner/Pre-Kgရှိသလား
-မိမိကလေးဟာ ဘယ်အတန်းမှာတက်နိုင်သလဲ
-တစ်လစာlesson plan ရှိ/မရှိ မေးပါ
-စာရေးခိုင်းဖို့စိတ်မလောပါနဲ့
-ဖိအားမပေးပါနဲ့
-ကျောင်းတက်စတစ်ပတ်မှ တစ်လထိ ကလေးကျောင်းမပျော်ဖြစ်လျှင် စိတ်ရှည်စွာ အလိုမလိုက်ဘဲ ကျောင်းဆက်ပို့ပါ။
-မူကြိုမှ ဆရာ၊ဆရာမများအား လေးစားပါ
-ကို့ရင်သွေးကို ဆရာ၊ဆရာမများကသာ ဂရုစိုက်သင်ကြားပေးရတာမို့ လေးစားပေးပါ

Photos from Baby Home Preschool's post 03/09/2023

Pre KG & Nursery 😘😍
Coloring 🎨

နေမကောင်းတာတွေ ၊ ရာသီဥတု အခြေနေတွေရယ်ကြောင့် သားသား
မီးမီးတွေ လူမစုံ။

Baby Home Preschool

Photos from Baby Home Preschool's post 30/08/2023

Trရေ ကြာဆံဟင်း သောက်ချင်လှပြီဆိုသောအချစ်တွေ😘

Photos from Baby Home Preschool's post 30/08/2023

ကိုယ်တိုင် လှူဒါန်းကုသိုလ်ပြုခြင်းသည် မြတ်၏။
သူတပါးအားလှူဒါန်းကုသိုလ်​ပြုနိုင်အောင်လှုံဆော်ခြင်းသည် သာ၍မြတ်၏။တဲ့ဘုန်းဘုန်းကြီးဟောလိုက်တဲ့တရားပါ🙏🙏🙏

ယဥ်ကျေးမှုဓလေ့ထုံးတမ်းအစဥ်အလာတွေ သိရှိနားလည်စေရန်ရည်ရွယ်ပြီးပြုလုပ်ပေးခြင်းအပေါ်
ဖေဖေမေမေတို့ကလဲအားတက်သရောပံ့ပိုးပေးကြလို့ကျေးဇူးအရမ်းတင်ပါတယ်ရှင်။🙏

ကလေးတွေဘက်စုံဖွံ့ဖြိုးတိုးတတ်၊ထူးချွန်ထက်မြတ်ဖို့ဆိုတာ ဆရာမိဘလက်တွဲညီမှ ရလဒ်ကောင်းတွေထွက်မှာပါ😊
အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်။ဖေဖေမေမေတို့ရေ။
Home preschool

Photos from Baby Home Preschool's post 30/08/2023

ဝါဆိုပန်း၊ဝါဆိုသက်န်း ကပ်လှူ🙏
လိမ္မာ သိတတ် အကင်းပါးသော ကလေးလေးတွေ😘

Home Preschool

Photos from Baby Home Preschool's post 30/08/2023

ကလေးတို့တွက် 😋

29/08/2023

မြန်မာ့ (၁၂) လရာသီအလိုက်ပွဲများအား ကလေးတို့ သိရှိစေရန် နှင့်
ယဥ်ကျေးမှုဓလေ့ထုံးစံများရင်းနှီးစေရန် ကလေးတို့တွက် ရည်ရွယ်၍
ကျောင်းမှ ​ကျင်းပပေးခြင်းဖြစ်ပါသည်။

မနက်ဖြန်ကျောင်းမှပြုလုပ်ပေးသောဝါဆိုသက်န်းကပ်သို့သားသားမီးမီး များအားလုံး ပို့ပေးကြပါ​နော်
ဖေဖေမေမေတို့ရှင့်။

✅သားသားမီးမီးတို့အား မြန်မာဝတ်စုံများ ဝတ်ဆင်ပေး၍
🕖 မနက် 7:00 AM အရောက် ကျောင်းသို့ပို့ပေးပါရှင့်။

✅ထမင်းချိုင့်ထည့်လာရန် မလိုပါ။
သားသား/မီးမီး များအား
နေ့လည်စာ ကြာဇံဟင်းခါးကျွေးပါမည်။

✅နေ့လည် 11:00AM လာကြိုရပါမည်။

Baby Home Preschool

Photos from Baby Home Preschool's post 26/08/2023

ဘယ်သူမွေးမွေး ကိုယ့်ကလေးလေးတွေ😘အတွက် လိုအပ်ချက်တွေရှိကောင်းရှိမယ်။
အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေပါတယ်။

Photos from Baby Home Preschool's post 25/08/2023

🍉ဖရဲသီးအကြိုက်ညီတာ အားရစရာကြီး၊ 🍉
ဖရဲသီးလက်ဆောင်ပေးသော
သမီးလေး လန်းလန်း ရဲ့မေမေကျေးဇူးပါရှင်။

Photos from Baby Home Preschool's post 23/08/2023

🎂Happy birthday 🎂ပါ
သမီးလေးသွန်းနဒီလင်း
ကျန်းမာပျော်ရွှင်ပြီးပညာတတ်ကြီးဖြစ်ပါစေနော်။

ဖေဖေမေမေတို့လဲ စီးပွားရေးတွေတိုးတက်အောင်မြင်ပါစေရှင်။

Photos from Baby Home Preschool's post 22/08/2023

'Number lesson'
ကိန်းဂဏန်း အရေအတွက် အတိုင်း ညှပ်စကပ်စေခြင်း။

Photos from Baby Home Preschool's post 21/08/2023

မိုးရွာလည်း ကျောင်းလာကြတဲ့ ကျောင်းပျော်လေးတွေ😊

Trကလည်း ဘယ်နှယောက်ယောက်လာလာ စာသင်မယ်ဆိုတာချည့်ပဲ 😀😁

စာသင်ချိန်တော့သင်ရမယ်လေနော့် ​
​ကျောင်းလာတာ ကစားပြီးပဲ ပြန်လို့ဘယ်ရမလဲနော့🤔

Photos from Baby Home Preschool's post 20/08/2023

Do you like watermelon?

ကလေးတို့အတွက် ဖရဲသီးလက်ဆောင်ပေးသော သားပိုင်ပိုင့်မေမေကျေးဇူးပါရှင့်။

Photos from Baby Home Preschool's post 18/08/2023

ကျောင်းနေပျော်၍လိမ္မာစာတော်သော သားသားမီးမီးလေးတွေကိုဆုချ 🏆🏆🏆
နေမကောင်းလို့ခွင့်ယူထားတဲ့ သားသားမီးမီးလေးတို့ ကျောင်းပြန်တက်ရင်ပေးမယ်နော်😘

13/08/2023

Number Leason

ကစားရင်းသင်ယူရင်းကျန်းမာစွာအတူတကွဖွံ့ဖြိုးကြမယ်🤗

🏃‍♀️ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးဖို့ Baby Home မူကြိုသွားကြစို့။🏃‍♀️

13/08/2023

ပျော်ပျော်ရွှင်ရွှင် ဂဏန်းသချ်ာသင်😘

Photos from Baby Home Preschool's post 13/08/2023

Number Leason

ကစားရင်း သချ်ာသင်ကြမယ်😊

Photos from Baby Home Preschool's post 05/08/2023

သားသားမီးမီးတို့အတွက် အရုပ်လက်ဆောင်ပေးသော သမီးလေးနန်းရွှေရည် မေမေ ကျေးဇူးတင်ပါတယ်ရှင့်၊၊

04/08/2023

Do you like jack fruit?😊
ပြင်ဦးလွင်ကနေအသီးလက်ဆောင်ပို့ပေးသော သားသားကိုကြီးသန့်မေမေ ကျေးဇူးပါရှင့်။

Photos from Baby Home Preschool's post 03/08/2023

လမြတ်ဝါဆို
activity
ရာသီအလိုက်ပွဲတော်များသိစေရန်၊
လက်ချောင်းကြွက်သားများသန်မာရန်၊
အရောင်လေးများခွဲခြားသိစေရန်၊
စိတ်ကူးစိတ်သန်းကောင်းမွန်စေရန်

Photos from Baby Home Preschool's post 03/08/2023

ကိုယ့်မူကြိုဆီရောက်လာကြတဲ့ကလေးတိုင်း ကာယ ၊ ဉာဏ၊ စိတ်လုံခြုံမှု၊ ပျော်ရွှင်မှု ၊ကောင်းမွန်တဲ့ကလေးဘဝအမှတ်တရလေးတွေဖြစ်စေဖို့အမြဲစဥ်းစားပြီးလုပ်ပေးဖြစ်တယ်။
ဤမှန်ကန်သောစေတနာအကျိုးကြောင့် ကလေးငယ်တိုင်းကောင်းမွန်သောငယ်ဘဝ၊မှန်ကန်သောပြုစုပျိုးထောင်နည်းများနဲ့ ပညာတတ် လူတော် လူကောင်းကြီးတွေဖြစ်ကြပါစေ🙏🙏🙏

Photos from Baby Home Preschool's post 01/08/2023

ကာယဖွံ့ဖြိုးမှု မှတ်တမ်း

31/07/2023
Photos from Baby Home Preschool's post 31/07/2023

Today activity 🌪👐

26/07/2023

'တ'
တဝမ်းပူ တဝမ်းပူ
ဝမ်းဗိုက်ကလေးကပူ
တဝမ်းပူလေးလှလှရေး
တအားပျော်တယ်လေး။

Today activity🖍

Photos from Baby Home Preschool's post 18/07/2023

19 July မမေ့နိုင် 🌧

Photos from Baby Home Preschool's post 17/07/2023

🏃‍♀️'' မိုးရွာလဲမူကြိုသွားမှာပဲ ''🏃‍♀️

ဒီနေ့မနက်က မိုးရွာနေတာ ၈ နာရီကျော်ကျော်လောက်ထိဆိုတော့ မိဘတွေက ကျောင်းလာမပို့ကြဘူး။
မိဘ၁ဦးကpho.noဆက်တယ်
🗣 'တီချယ်ရေ ကျောင်းဖွင့်လား သမီးကသွားချင်နေလို့တဲ့မိုးရွာလို့မပို့တာကိုအရမ်းသွားချင်နေလို့တဲ့'

🗣'ကျောင်းဖွင့်တယ် မိုးတိတ်ရင်လာပို့လိုက်နော်။'ဆိုပြီးphoချလိုက်တယ်။

🗣၉နာရီလောက် မိုးတိတ်တော့ ကျောင်းလာမပို့သေးတဲ့မိဘတွေဆီphoလိုက်ခေါ်တာပေါ့ ။
မေမေတွေက
🗣 'တီချယ်ရေ သားက /သမီးက မိုးရွာနေတာကို ဇွတ်တွေသွားချင်နေလို့ချော့ထားရတာ'
🗣'အခုလာပို့လို့ရသေးတယ်မလား' 🗣'မိုးရွာနေတော့တီချယ်ကို အားနာလို့'ဆိုတာက ပါသေးတယ် ။
💜မေမေတွေရောကလေးလေးတွေရော အရမ်းချစ်နေပါပြီနော်။💜

ဒီ တီချယ်ကလဲ ပီတိတွေကိုဖြစ်လို့ သားသားမီးမီးတွေ အချစ်ခံရလို့😊

Photos from Baby Home Preschool's post 17/07/2023

'ကိုးဦးအာဇာနည် '
ကဗျာလေးမသင်ခင်
အာဇာနည်နေ့ဖြစ်ပေါ်လာပုံ
ပြောပြတာ စိတ်ဝင်တစားနဲ့ နားထောင်နေကြတယ်😘

06/07/2023

ဆေးရောင် လှလှ ချယ်ကြမယ်။
လက်ချောင်းကြွက်သားသန်မာမယ်။
စိတ်ကူးဉာဏ်ရည်တိုးတတ်တယ်။
သားသား မီးမီးပျော်ပါတယ်။😊

ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးဖို့ Baby Home မူကြို သွားကြပါစို့။🏃‍♀️🚶🚶‍♀️👫

Photos from Baby Home Preschool's post 05/07/2023

Learning with magic box
ရင်ခုန်စိတ်လှုပ်ရှားမှု ၊
ပျော်ရွှင်မှုတွေနဲ့ ဗျည်းအက္ခရာလေးတွေသင်ကြမယ်😄😃😍

Photos from Baby Home Preschool's post 03/07/2023

🏋Physical development 🏋
ပျော်ပျော်ရွှင်ရွှင် ဖွံ့ဖြိုးမယ်😊

03/07/2023

အရွယ်နဲ့အမျှတတ်နိုင်တဲ့လုပ်ငန်းတာဝန်လေးတွေ လုပ်စေခြင်းဖြင့်
ကလေးလေးတွေ
'ငါတို့လုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရရှိစေခြင်း'
ကဘဝတသက်တာအခြေခံကောင်းတခုပါပဲ။
မိဘ အုပ်ထိန်းသူများအနေဖြင့်လဲ သားသမီးရတနာလေးတွေကို ချစ်ရင် နိုင်ရာ တာဝန်လေးတွေ လုပ်ခိုင်းကြပါရှင့်။

#'ကျန်းမာဖွံ့ဖြိုး ညဏ်ရည်တိုး'ဖို့ Baby Home မူကြိုကိုသွားကြပါစို့😊။🏃🏃‍♀️🚶🚶‍♀️👫

28/06/2023

ကိုယ်က ထိုင်ခုံတွေခင်းထားရင် နောက်ကနေ သိမ်းတဲ့အဖွဲ့ကရှိတယ်😄
သိမ်းနေလို့ ဆူမလို့ကြည့်တာ မဆူနိုင်တော့ဘူး

၃နှစ်ကျော် ကလေးသုံးယောက် ရဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့
အရပ်မမှီတာကို မှီအောင် ဖြေရှင်းနိုင်ပုံလေး ပီတိဖြစ်ရလို့😊

☺ကျန်းမာရွှင်လန်းဉာဏ်ရည်ထက်ဖို့ Baby Home မူကြိုကျောင်းကိုသွားကြပါစို့။

28/06/2023

မနက်ဖြန် (29.6.2023)၊ကြာသပတေးနေ့ ကျောင်းတရက်ပိတ်ပါတယ်။

Photos from Baby Home Preschool's post 26/06/2023

Today activities

🌧မိုးတိမ်ပုံစံ ဂွမ်းစကပ်ခြင်း🌧
🌧🌧🌧🌧🌧🌧🌧🌧🌧🌧

Photos from Baby Home Preschool's post 23/06/2023

Happy Friday 😄😘

Photos from Baby Home Preschool's post 14/06/2023

သူတို့လေးတွေ ကစားနေတာလေးတွေ၊ ကစားရင်းပြောဆိုဆက်ဆံ ပြုမူပုံလေးတွေမြင်ရတာ ကြည်နူးရတယ်။
ကိုယ့်ရဲ့အလုပ်ကို ပိုပိုချစ်မြတ်နိုးမိတယ်😊

👉ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးလာကြတယ်။
👉ဘာသာစကားတွေကြွယ်ဝလာတယ်။
👉ပူးပေါင်းဆောင်ရွက်ပြီးပြဿနာတွေဖြေရှင်းကြတယ်။
👉အလှည့်ကျကစားတတ်လာတယ်။
👉မျှဝေပြီးအတူတကွကစားကြတယ်။
😘😘😘

Photos from Baby Home Preschool's post 13/06/2023

ဘဘခြံထဲ လေ့လာရေးခရီးပို့ပေးလိုက်တယ်ဒီနေ့ 😊

စူးစမ်းလေ့လာသင်ယူချင်တဲ့အရွယ်မှာ သင်ယူမှုပတ်ဝန်းကျင်ကောင်းလေးတွေဖန်တီးပေးနိုင်ဖို့အဓိကကျပါတယ်။

13/06/2023

သဘာဝပတ်ဝန်းကျင်လေ့လာစူးစမ်းရေးခရီးစဥ်🌱🌿🌱🌴

Want your school to be the top-listed School/college?

Videos (show all)

#Today Number Leasonကစားရင်းသင်ယူရင်းကျန်းမာစွာအတူတကွဖွံ့ဖြိုးကြမယ်🤗🏃‍♀️ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးဖို့ Baby Home မူကြိ...
ပျော်ပျော်ရွှင်ရွှင် ဂဏန်းသချ်ာသင်😘
Do you like jack fruit?😊ပြင်ဦးလွင်ကနေအသီးလက်ဆောင်ပို့ပေးသော သားသားကိုကြီးသန့်မေမေ ကျေးဇူးပါရှင့်။
'တ'တဝမ်းပူ တဝမ်းပူဝမ်းဗိုက်ကလေးကပူ တဝမ်းပူလေးလှလှရေးတအားပျော်တယ်လေး။Today activity🖍
ဆေးရောင် လှလှ ချယ်ကြမယ်။လက်ချောင်းကြွက်သားသန်မာမယ်။စိတ်ကူးဉာဏ်ရည်တိုးတတ်တယ်။သားသား မီးမီးပျော်ပါတယ်။😊ကျန်းမာဖွံ့ဖြိုးဉာဏ...
အရွယ်နဲ့အမျှတတ်နိုင်တဲ့လုပ်ငန်းတာဝန်လေးတွေ လုပ်စေခြင်းဖြင့် ကလေးလေးတွေ 'ငါတို့လုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်...
ကိုယ်က ထိုင်ခုံတွေခင်းထားရင် နောက်ကနေ သိမ်းတဲ့အဖွဲ့ကရှိတယ်😄သိမ်းနေလို့ ဆူမလို့ကြည့်တာ မဆူနိုင်တော့ဘူး၃နှစ်ကျော် ကလေးသုံး...
သဘာဝပတ်ဝန်းကျင်လေ့လာစူးစမ်းရေးခရီးစဥ်🌱🌿🌱🌴
ကိုယ့်မူကြိုလေးရောက်လာပြီးပြောင်းလဲသွားတဲ့ကလေးလေးတွေရဲ့အမူအကျင့်လေးတွေစိတ်နေစိတ်ထားလေးတွေမြင်ရတော့ပီတိဖြစ်ရတယ်။ ကျောင်းစ...
မိုးရွာနေလို့အပြင်ကစားကွင်းမှာ ကစားမရတော့သီချင်းလေးနဲ့ ကပြီးတော့သူငယ်ချင်းတွေကျောင်းအလာစောင့်ကြပါတယ်။🎼💃🕺ကျောင်းပျော်လေးတ...

Website