Basic Education CDM Teacher's Committee - Namhsan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Basic Education CDM Teacher's Committee - Namhsan, Education, .
ပညာရေးဝန်ကြီးဌာနနှင့်
မြို့နယ်ပညာရေးဘုတ်အဖွဲ့များတွေ့ဆုံပွဲ
(၃.၉.၂၀၂၂)
------------------------------------------
ဝန်ကြီး ဒေါက်တာဇော်ဝေစိုး မိန့်ခွန်းမှ ကောက်နှုတ်ချက်....
(၁) CDMတွေကို ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေပါတယ်။
(၂) NonCDM အားလုံးကို အလုပ်ထုတ်ပါမည်။ ထောင်ချတန်တဲ့သူကို ထောင်ချပါမည်။
အလင်းဝင်ဖို့ တံခါးဖွင့်ထားပါသည်။
(၃) လုံခြုံစွာ နေထိုင်ကြပါ။ ရှင်သန်နေခြင်းဟာ အဓိကပါ။
(၄) ပြည်သူလူထုကို စည်းရုံးပါ။ လူထုတိုက်ပွဲ သပိတ်များကို လုပ်လို့ရတဲ့နေရာမှာ ပူးပေါင်းလုပ်ဆောင်ပေးကြပါ။
(၅) တော်လှန်ရေးကို နိုင်ငံတကာနဲ့ ပြည်သူသိအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ပါ။
အန္တာရယ်ရှိအောင် လုပ်ဖို့မလိုပါ။
(၆) စည်းလုံးညီညွတ်ကြပါ။ တိုင်းရင်းသားအဖွဲ့များနဲ့ စည်းလုံးညီညွတ်လာသလို တော်လှန်သမားအချင်းချင်းလဲ စည်းလုံး ညီညွတ်ဖို့လိုပါသည်။
3-9-2022
တူနေလျက်နဲ့ ကွဲပြားသွားခြင်း
ပညာရေးကိုချစ်တာချင်း
တူချင်တူမယ်
ဝါသနာပါတာချင်း
တူချင်တူမယ်
စာသင်ကြားပုံသင်ကြားနည်းချင်း
တူချင်တူမယ်
ကလေးတွေပေါ် စေတနာထားတာချင်း
တူချင်တူမယ်
သင်တန်းတွေ ဘွဲ့ပညာတွေချင်း
တူချင်တူမယ်။
ဆရာဖြစ်လာပုံချင်းတော့
တူချင်မှတူမယ်
ဆရာဖြစ်ရခြင်းရည်ရွယ်ချက်ချင်းတော့
တူချင်မှတူမယ်
လမ်းပြပုံချင်းတော့
တူချင်မှတူမယ်
ပညာရေးခံယူချက်ချင်းတော့
တူချင်မှတူမယ်
အနာဂတ်ပန်းတိုင် လှမ်းကိုင်တာချင်းတော့
တူချင်မှတူမယ်
ဆရာသိက်ခာ ဆရာဘဝ
ဆောက်တည်တာချင်းတော့
တူချင်မှတူမယ်
ဆရာဂုဏ်ပုဒ် ထုဆစ်နေတာချင်းတော့
တူချင်မှတူမယ်
နိုင်ငံအတွက် ရည်မှန်းချက်ချင်းတော့
တူချင်မှတူမယ်
ကလေးတွေရဲ့ အနာဂတ်အရေး
ဦးစားပေးတာချင်းတော့
တူချင်မှတူမယ်။
အားလုံးဟာ
အချိန် လုပ်ဆောင်ချက် ရလဒ်တွေက
Aung Aung
အဆုံးအဖြတ်ပေး ကွဲပြားသွားပါလိမ့်မယ်။
"တကယ်တော့ Non CDM တွေမှာ အပြစ်မရှိဘူး။ သူတို့လည်း မိသားစုကြောင့်၊ စားဝတ်နေရေးကြောင့်၊ မလွှဲမရှောင်သာတဲ့ကိစ္စတွေကြောင့်သာ Non ဖြစ်နေကြတာ။ တကယ်ဆိုရင် သူတို့ဘဝဟာ သနားစရာသိပ်ကောင်းတယ်။ စစ်ကောင်စီကို မကြိုက်ပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းနေရတာ။ တချို့ Non တွေဆိုရင် တော်လှန်ရေးကို ကူညီပေးနေတာတွေရှိတယ်။ ဒါကြောင့်မို့ Non CDM တွေကို ခွင့်လွှတ်သင့်တယ် " ဆိုပြီး ရေးထားတဲ့ စာတွေကို ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်တွေ့လာရတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မိတ်ဆွေတစ်ယောက်က Non CDM တွေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောထားကိုလာမေးတယ်။ ကြည့်ရတာ ကျွန်တော်အရင်ကရေးခဲ့တဲ့စာတွေကို မဖတ်ရသေးလို့ ဖြစ်လိမ့်မယ်။
ကျွန်တော့်အနေနဲ့ Non CDM တွေအပေါ် ဘယ်လိုမြင်သလဲဆိုတာကို အတိုချုပ်ဖြေရရင် မအလနဲ့ တစ်တန်းတည်းစားတွေလို့ပဲ မြင်မိတယ်။ မိသားစုအကျိုးစီးပွားကလွဲရင် တခြားသူတွေဘာဖြစ်ဖြစ်၊ တိုင်းပြည်ဘာဖြစ်ဖြစ်ဆိုတဲ့သူတွေ။
Non CDM တစ်ယောက်ကို ဘာဖြစ်လို့ CDM မလုပ်တာလဲလို့သွားမေးရင် သူတို့အများဆုံးပြန်ဖြေလေ့ရှိတဲ့အဖြေက " မိသားစုကြောင့်" ဆိုတာပဲ။ တချို့က စားဝတ်နေရေးအခက်အခဲဖြစ်မှာ ကြောက်လို့ဆိုပြီး ဖြေတယ်။ တချို့က အလုပ်ပြုတ်မှာမကြောက်ဘူး၊ အဖမ်းခံရမှာကြောက်လို့ CDM မလုပ်တာဆိုပြီး ဖြေတယ်။ ဒါပေမယ့် သူတို့ဘယ်လိုပဲအကြောင်းပြချက်တွေပေးပေး အနှစ်ချုပ်ရရင်တော့ "ကိုယ်နဲ့ကိုယ့်မိသားစု မထိခိုက်ရင်ပြီးရော၊ တခြားသူဘာဖြစ်ဖြစ်၊ တိုင်းပြည်ဘာဖြစ်ဖြစ်" ဆိုတဲ့ အဖြေပဲထွက်ပါတယ်။ ဒါကြောင့်လည်း မအလနဲ့ တစ်တန်းစားတည်းလို့ သတ်မှတ်တာပါ။
Non တွေကို မေးကြည့်ချင်တာက -
(၁) မိသားစုကြောင့် Non CDM ဖြစ်ရတာပါဆိုတော့ အခုနွေဦးတော်လှန်ရေးမှာ ပါဝင်ပြီး တော်လှန်နေတဲ့ CDM တွေ၊ UG တွေ၊ Local PDF တွေ၊ PDF တွေမှာရော မိသားစုမရှိကြဘူးလား ?
(၂) ရထားတဲ့ရာထူးတွေ၊ လုပ်သက်တွေက လွယ်လွယ်ရခဲ့တာ မဟုတ်လို့ပါ။ နှမြောလို့ပါ ဆိုတော့
အခု CDM ဝန်ထမ်းတွေကရော သူတို့ရာထူးတွေ၊ အဆောင်အယောင်တွေကို လွယ်လွယ်ရခဲ့လို့လား။ မနှမြောဘဲနေပါ့မလား။ ကိုယ့်ဘဝကမှ တန်ဖိုးရှိတယ်ထင်နေကြတော့ တခြားသူတွေရဲ့ဘဝတွေကရော တန်ဖိုးမရှိလို့လား ?
(၃) စားဝတ်နေရေးကျပ်တည်းမှာကြောက်လို့ Non ရတာပါဆိုတော့ အခု CDM ဝန်ထမ်းတွေထဲမှာပိုက်ဆံကျိကျိတက်ချမ်းသာနေတဲ့သူ၊ထားစရာမရှိအောင်ချမ်းသာနေတဲ့သူတွေ ပါနေလို့လား? CDM ဝန်ထမ်းတွေကိုကြည့်မယ်ဆိုရင် အများစုက အောက်ခြေဝန်ထမ်းတွေ၊ကျောမွဲနင်းပြားတွေ၊လစာမှ မရရင် ဘာမှစားစရာမရှိတဲ့သူတွေများတယ်။အဲဒီ့တော့ မိသားစုကြောင့် ဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံတဲ့အပြင် ရယ်စရာလဲကောင်းလှပါတယ်။
(၄) အဖမ်းခံရမှာကြောက်လို့ Non ရတာပါဆိုရင် တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့လူငယ်တွေက ရယ်နေလိမ့်မယ်။ ရှေ့တန်းမှာ သေမင်းနဲ့ အမြဲတမ်းစစ်ခင်းနေတဲ့ Local PDF, PDF, UG လေးတွေက ပြုံးနေလိမ့်မယ်။ " ကျွန်တော်တို့က အသက်နဲ့ရင်းပြီးတောင် တိုင်းပြည်ကိုကယ်တင်နေတာ၊ ခင်များတို့က ဒီရာထူးတွေကို မက်မောနေကြသေးလား" ဆိုပြီး မေးခွန်းထုတ်ပါလိမ့်မယ်။
အဲဒါကြောင့် ပြည်သူတွေကို သတိပေးချင်တာက ဓမ္မဘက်တော်သားနဲ့ အဓမ္မဘက်တော်သားဆိုတာကို ကွဲကွဲပြားပြား သဘောပေါက်နားလည်ထားဖို့လိုပါမယ်။အုတ်ရောရော ကျောက်ရောရော လုပ်လို့မရပါဘူး။
တချို့သူတွေက CDM ဆိုရင်လည်း သနားလိုက်တာ၊ PDF, Local PDF, UG လေးတွေဆိုရင်လည်း လေးစားလိုက်တာ ဆိုတာမျိုး ပို့စ်တွေအောက်မှာ ကွန်းမန့်တွေ ဝင်ရေးကြတယ်။ တစ်ဖက်မှာလည်း Non CDM တွေ၊ တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလိုမျိုး နေနေကြတဲ့ ရေပေါ်ဆီလူတန်းစားတွေရဲ့ ပို့စ်တွေအောက်မှာ " ချစ်လိုက်တာ။ အမြဲတမ်းအားပေးနေမယ်။ သတိရနေတာ" ဆိုတာမျိုး မန့်ကြပြန်တယ်။ နှစ်ဖက်ခွထိုင်ကြတယ်။
Social Punishment လုပ်တယ်ဆိုတာ လူတွေအသတ်ခံရမှ၊ အိမ်တွေမီးရှို့ခံရမှ၊ တစ်ခုခု စိတ်မချမ်းမြေ့စရာ အနိဋ္ဌာရုံမြင်ကွင်းတွေဖြစ်မှ ထပြီး လုပ်ရတာမျိုး မဟုတ်ဘဲ ရာသက်ပန်၊ ရေရှည်လုပ်ရမှာ ဖြစ်တယ်။
(၁) CDM လုပ်တဲ့ ဝန်ထမ်းနဲ့ Non-CDM ဝန်ထမ်းတွေကို တန်းတူသတ်မှတ်လိုက်ရင်၊ တန်းတူဆက်ဆံရင် CDM လုပ်တဲ့ ဝန်ထမ်းတွေကို စော်ကားရာရောက်တယ်။
(၂) စစ်ကောင်စီကဖွင့်တဲ့ကျောင်းကို သွားတက်တဲ့ ကျောင်းသားနဲ့ ကျောင်းမတက်ဘဲ အနစ်နာခံ တော်လှန်နေတဲ့ကျောင်းသားကို တစ်တန်းတည်းသတ်မှတ်လိုက်ရင် CDM ကျောင်းသားတွေအတွက် အရမ်းနစ်နာတယ်။
(၃) အနုပညာရှင်တွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဘဝအပျက်ခံပြီး တော်လှန်နေကြတဲ့ အနုပညာရှင်တွေနဲ့ တိုင်းပြည်နွံနစ်နေတဲ့အချိန်မှာ အနုပညာခေါင်းစဥ်တပ်ပြီး အသည်းအသန်စီးပွားရှာနေတဲ့ ကြေးစားတွေကို တန်းတူထားအားပေးနေရင်လည်း တော်လှန်ရေးလုပ်နေတဲ့ အနုပညာရှင်တွေကို စော်ကားရာရောက်တယ်။
ဒီအချက်တွေကို ပြည်သူတွေအနေနဲ့ ကွဲကွဲပြားပြားနားလည်ဖို့လိုသလို၊ CDM တွေ ကိုယ်နှိုက်ကလည်း သဘောပေါက်ဖို့လိုတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ တချို့သော C တွေ ကိုယ်နှိုက်က ရန်ငါမပြတ်ဘဲ Non တွေနဲ့ ပလူးနေကြလို့။ တစ်ဖက်က ဖုန်းဘေလ်လေးဖြည့်ပေးလိုက်၊ မုန့်ဖိုးလေး ၂ သောင်း/၃ သောင်းလောက်ပေးလိုက်၊ ဂရုစိုက်ဖို့လေးမှာလိုက် လုပ်နေတာကို " ငါ့သူငယ်ချင်းက CDM သာမလုပ်တာ ငါ့အပေါ်တော့ကောင်းရှာသား" ဆိုတာမျိုး ယူဆနေကြတယ်။ တကယ်တော့ မအလလိုမျိုး ဂျုံခင်းတစ်ခုလုံးသိမ်းပြီးမှ ပေါင်မုန့်တစ်ချပ်ပြန်ပေးတယ်ဆိုတာကို နားမလည်ကြရှာဘူး။
တကယ်လို့သာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ (၁.၂.၂၀၂၁) ရက်နေ့ကတည်းကသာ ဝန်ထမ်းတွေအကုန်လုံး CDM လုပ်ခဲ့ရင်/ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၈.၂.၂၀၂၁)ရက်နေ့ကတည်းကသာ ဝန်ထမ်းတွေအားလုံး CDM မှာတက်ညီလက်ညီပါဝင်ခဲ့ရင် မအလအနေနဲ့ အခုလိုမျိုး သက်ဆိုးရှည်စရာအကြောင်းမရှိဘူး။ အခုလောက်အထိ လူတွေ သေကြေစရာ၊ ဘဝပျက်စရာ အကြောင်းမရှိဘူး။ တိုင်းပြည်အခုလိုမျိုး ပျက်စီးနေတာ၊ ဖျက်ဆီးခံနေရတာဟာ မအလတို့မှာ အဓိကတာဝန်ရှိသလို၊ မအလတို့ကို သစ္စာခံအလုပ်အကျွေးပြုနေတဲ့ Non CDM တွေမှာလည်း တာဝန်ရှိတယ်။
ကျွန်တော်တို့ အမြဲပြောနေကျစကားရှိတယ်။ လောကပါလတရားအကြောင်း။လောကပါလတရား ဆိုတာ လောကကိုစောင့်ရှောက်တဲ့တရား။ လောကကိုစောင့်ရှောက်တာ နတ်တွေပဲမဟုတ်ဘူး။ လူတွေလည်း စောင့်ရှောက်ရမှာ ဖြစ်တယ်။ ကောင်းတဲ့လူကို ချီးကျူးဂုဏ်ပြုတာ၊ အသိအမှတ်ပြုတာမျိုးလုပ်ရမယ်။ မကောင်းတဲ့လူကို ကန့်ကွက်ရှုံ့ချတာမျိုး၊ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးတာမျိုးလုပ်ရမယ်။
မကောင်းတဲ့သူတွေကို ကောင်းတဲ့သူတွေနဲ့ တစ်တန်းတည်း သတ်မှတ်ထားခြင်းဟာ မတရားမှုတွေကိုအားပေးရာရောက်တယ်။အဲဒါကြောင့် ကျွန်တော်တို့က အမုန်းမပွားချင်လို့ဆိုပြီး ဘာမှမပြောဘဲ နေလို့မရဘူး။ မကောင်းတဲ့သူကို မကောင်းကြောင်း၊ အပြစ်ရှိတဲ့သူကို အပြစ်ရှိကြောင်း ဖော်ထုတ်ရမယ်။
ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်၊ PR ကောင်းတဲ့သူတစ်ယောက်အနေနဲ့ ဟိုဘက်လည်း အဆင်ပြေ ဒီဘက်လည်း အဆင်ပြေလုပ်လို့မရဘူး။ အခုချိန်မှာ ကျွန်တော်တို့ အနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ရမယ်။ တော်လှန်ရေးမှာ ရန်ငါပြတ်ဖို့ အရေးကြီးတယ်။
ဓမ္မဘက်ကရပ်တည်ပြီး ဓမ္မဘက်တော်သားတွေကို စောင့်ရှောက်ရမယ်။ အဓမ္မမှုကို ကန့်ကွက်မယ်၊ရှုံ့ချမယ်၊ ပူးပေါင်းတိုက်ဖျက်ရမယ်။ ဒါကြောင့်မို့ အဓမ္မမှုကိုအားပေးနေတဲ့ Non-CDM တွေ ၊ ကိုယ့်မထိသရွေ့ နေသာသလိုနေနေတဲ့ ကြားနေ သာကူးသမားတွေကို Social Punishment လုပ်ရပါမယ်။ Social Punishment ဟာ တော်လှန်ရေးမှာ အဓိကအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတာကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။
နောက်မျိုးဆက်သစ်လေးတွေအနေနဲ့ ဟီရိဩတ္တပတရားကို သေချာနားလည်ပြီး ရှက်သင့်တာကိုရှက်၊ ကြောက်သင့်တာကိုကြောက်စေချင်တယ်ဆိုရင် ကျွန်တော်တို့ကိုယ်နှိုက်က ကောင်းတာလုပ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ရပါမယ်။ ကောင်းတဲ့သူတွေကို ချီးကျူးဂုဏ်ပြုပြီး မကောင်းတဲ့သူတွေကို လူမှုပြစ်ဒဏ်ခတ်ရပါမယ်။ ဒါမှသာ ပိုကောင်းတဲ့လူ့အဖွဲ့အစည်း(better society) တစ်ခု ဖြစ်လာမှာမဟုတ်လား။
မိုးခ
(21.6.2022)
8:30 PM
နမ့်ဆန်မြို့နယ်ရှိ CDM ဆရာ၊ဆရာမ များသို့
ကြားကာလ သင်ကြားရေးအတွက်
လေးစားစွာ ဖိတ်ခေါ်ခြင်း
တအာင်း(ပလောင်)ဒေသကြားကာလပြည်သူ့
အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့်
TNEC - နမ့်ဆန်ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်းပြီးနနမ့်ဆန်မြို့နယ်တွင် အခြေခံပညာကျောင်းများ
ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ကျောင်းသား၊သူများကို
ပညာသင်ကြားပေးနိုင်ရန်အတွက်
CDM ပညာရေးဝန်ထမ်း များစွာလိုအပ်ပါတယ်
နမ့်ဆန်မြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး
CDM လုပ်ဆောင်ခဲ့ကြသော
အနယ်နယ်အရပ်ရပ်မှာ ပညာရေးဝန်ထမ်းများကို
တအာင်း(ပလောင်)ဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊
တအာင်းအမျိုးသားပညာရေးကော်မတီ၊
နမ့်ဆန်ပညာရေးဘုတ်အဖွဲ့တို့မှ
လေးစားနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်ရန်။ Page Chat box တွင် မေးမြန်း စုံစမ်းနိုင်ပါသည်။
နမ့်ဆန်ပညာရေးဘုတ်
တအာင်း(ပလောင်)ဒေသရှိ
Non-CDM ဝန်ထမ်းများ မိမိရာထူးများမှ
နုတ်ထွက်ရပ်နားပြီး CDM တွင်ပါဝင်ကြရန်
တအာင်း(ပလောင်)ဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ချက်
ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၂)
ရက်စွဲ။ ၂၀၂၂ခုနှစ်၊ မေလ (၂၀)ရက်
#အလုပ်ခေါ်စာ
အဖွဲ့အစည်း- TNEC
ရာထူး- တွဲဖက် ဒါရိုက်တာ
ခေါ်စာပိတ်ရက်- မေလ ၁၅ ရက်
“ဒီ ၄ ခုပဲ တောင်းဆိုတာပါ”
▪️အခုဆို တော်လှန်ရေးကာလက ၁ နှစ်နဲ့ ၂လကျော် ရှိပါပြီ။ အခုချိန်ထိ ပေါ်ပေါ်ထင်ထင် ဆန့်ကျင်တော်လှန်နေသူတွေဟာ တကယ့်အမာခံတွေ၊ လက်ရွေးစင်တွေလို့ ပြောလို့ ရတယ်။ စစချင်းတုန်းကဆို တော်တော်များများ လက် ၃ ချောင်း ထောင်ခဲ့ကြတာပဲ။ ပို့စ်တွေ တင်ခဲ့ကြတာပဲ။ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြဖူးတာပဲ။
သို့သော် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ရပ်တန့်ကုန်ကြတယ်။ ဒါကလည်း အပြစ်တင်စရာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘဝအခြေအနေချင်းမှ မတူကြတာ။ ကိုယ်ပိုင်ခံယူချက်အပြင် ငွေကြေး၊ မိသားစုအခြေအနေ၊ ကျန်းမာရေး၊ အသေးစိတ် ပြောရရင် Personality ၊ နဂိုလုပ်ခဲ့တဲ့ Profession တွေနဲ့ပါ ဆိုင်သေးတယ်။
ဥပမာ Introvert တွေဆို တစ်ဦးတည်း နေရလည်း အဆင်ပြေတဲ့အတွက် ခုလိုတွေ တစ်နယ်တစ်ကျေး တခြားဒေသမှာ ရောက်နေလည်း၊ ဘယ်မှ မလည်မပတ် မသွားလာရလည်း ပြဿနာ မရှိပေမဲ့ Extrovert တွေကျ မလွယ်ဘူးပေါ့။ အဲ့လိုပဲ၊ ကျွန်တော်တို့ဆို စာရေးချင်တာ၊ ခုလည်း စာတွေ ရေးနေလို့ ရသေးတော့ ပြဿနာ မရှိပေမဲ့ ကင်မရာရှေ့မှာ သရုပ်ဆောင်နေရမှ၊ သီချင်းဆိုရမှ၊ စင်ပေါ်မှာ ပြက်လုံးထုတ်နေရမှ ပျော်တာ ဆိုတဲ့ အနုပညာရှင်တွေဆို အခု ဘယ်လိုနေမယ် စဉ်းစားကြည့်လို့ ရတယ်။
ကျွန်တော်ဆိုလည်း အိမ်ထောင်ရှိမယ်၊ ကလေးရှိမယ်၊ မိသားစုတာဝန်တွေသာ ရှိမယ်ဆို ခံဝန်ထိုးပြီး အလုပ်တွေ ပြန်လုပ်နေရတာ ကြာပြီပေါ့။ ကိုယ့်ရဲ့ ခံယူချက်အပြင် အခြေအနေကလည်း ပံ့ပိုးပေးလို့သာ ခုထိ ဆက်တောင့်ခံနေနိုင်တာ။ ဒါတောင် လက်နက်လည်း မကိုင်နိုင်သလို၊ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးသွားကုပေးတဲ့အထိလည်း မလုပ်နိုင်ဘူး။ သတ္တိမရှိဘူး။ အကြမ်းမခံဘူး။
▪️ဆိုတော့ နားလည်ပါတယ်။ တစ်ခါတလေ စိတ်ခံစားချက်တွေ လွန်ကဲတဲ့အချိန်သာ ပြောမိ၊ အပြစ်တင်မိတာ ရှိလိမ့်မယ်။ အားလုံးက ခံနိုင်ရည်တွေ၊ ထည့်ဝင်နိုင်စွမ်းတွေ မတူကြဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။
ငါတို့ အလုပ်မလုပ်ရလို့ မင်းတို့လည်း မလုပ်နဲ့။ ဒီအတိုင်း ထိုင်နေကြ။ ငါတို့ ပညာမသင်ရလို့ မင်းတို့လည်း ကျောင်းမတက်နဲ့။ ငါတို့ စစ်ဘေးရှောင်စခန်းမှာ အစားအသောက် ဆင်းရဲလို့ မင်းတို့လည်း ကောင်းကောင်းမစားနဲ့ စသဖြင့် ဘယ်သူမှလည်း မပြောပါဘူး။ တွက်ကပ်မနေပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲလို့ တွေးထားကြပါတယ်။
အလုပ်လုပ်ပါ။ ပိုက်ဆံရှာပါ။ အထူးသဖြင့် တော်လှန်ရေးထဲ ကူဖို့ စိတ်ကူးရှိတဲ့သူဆို ပိုတောင် ပိုက်ဆံရှာသင့်သေးတယ်။ ကျောင်းမတက်ခိုင်းတာကလည်း CDM လုပ်ခိုင်းတာပါ။ ပညာမသင်ခိုင်းတာ မဟုတ်ပါဘူး။ အင်တာနက် ရှိနေရင် သင်လို့ရတာတွေ သင်ယူနေပါ။ စားစရာရှိတာလည်း စားပါ။ စိတ်အပန်းဖြေဖို့လည်း လုပ်သင့်တာ လုပ်ပါ။
ဒါပေမဲ့ တော်လှန်ရေးကိုလည်း မေ့မထားပါနဲ့။ သွေးမအေးပါနဲ့။ ဒီလောက်ကလေးပဲ တောင်းဆိုတာပါ။
▪️ဆိုရှယ်မီဒီယာမှာ မြင်ရတာလေးနဲ့ မဆုံးဖြတ်နဲ့ ဆိုပေမဲ့ ဒီပေါ်မှာ မြင်ရတာနဲ့ပဲ ဆုံးဖြတ်စရာ ရှိတဲ့ အခြေအနေမှာ တတ်နိုင်သမျှ ကိုယ်အဆင်ပြေ ပျော်ရွှင်နေတာတွေကို မဖော်ပြဘဲ နေပေးပါ။ စဉ်းစားကြည့်ပါ။ တောထဲက လူငယ်တစ်ယောက်၊ သူ့ဘဝတွေ၊ အနာဂတ်တွေ၊ မိသားစုတွေကို ရင်းပြီး တော်လှန်နေတယ်။ အင်တာနက်မိတုန်းလေး လိုင်းပေါ် တက်လာတယ်။ သူမြင်သွားသမျှ ပို့စ်တွေက တော်လှန်ရေးနဲ့ မဆိုင်တာတွေချည်းပဲ ဖြစ်နေမယ်ဆို ဘယ်လိုခံစားသွားရမယ် ထင်သလဲ။
အဲ့တော့ ဆဲတာ၊ ဆိုတာ၊ အပြစ်တင်တာတွေ လုပ်မိတော့တာပေါ့။ ကျွန်တော့်ကိုတောင် တရားဓမ္မအကြောင်းတွေချည်း ရေးမနေနဲ့လို့ ပြောခံရတာတွေ ရှိပါတယ်။ ဘယ်တတ်နိုင်မလဲ။ သူတို့ဘဝက ကိုယ့်ထက် ကြမ်းတမ်းနေတဲ့အခါမှာ ကိုယ့်ဘက်ကပဲ နားလည်ပေးရတာပေါ့။
ဒါကြောင့် မြေပြင်က ရဲဘော်တွေ စိတ်အားတက်ရအောင် ငါတို့တွေလည်း သွေးမအေးသေးဘူး ဆိုတာကို ပြသပေးနေဖို့ လိုတယ်။ ဥပမာ Silent Strike လိုမျိုး ပါဝင်လို့ ရတာတွေမှာ ပါဝင်စေချင်တယ်။ အနီးစပ်ဆုံးဆို တော်လှန်သင်္ကြန် ရှိမယ်။ စစ်ကောင်စီကနေ လုပ်မဲ့ သင်္ကြန်အစီအစဉ်တွေမှာ မပါဝင်ဖို့ နှိုးဆော်နေကြတာ ရှိတယ်။ အဲ့လိုသပိတ်တွေမှာ ပါဝင်ပေးခြင်းက ဘေးကင်းကြပါစေတို့၊ လေးစားပါတယ်တို့ ဆိုတဲ့ စကားလုံးတွေထက် အများကြီး စိတ်ခွန်အားရစေတယ်။
ကုန်ကုန်ပြောရရင်၊ အခြေအနေအရ ဖမ်းခံရမှာစိုးလို့ ဘာပို့စ်မှ မတင်တော့ဘူး ဆိုရင်တောင် ရပါသေးတယ်။ အလုပ်သဘောအရမို့ မဖြစ်မနေ ကြော်ငြာပို့စ်တွေ တင်ရတယ်ဆိုလည်း ဖြစ်တယ်။ သို့သော် မတင်ဘဲ နေလို့ရတဲ့၊ သာယာအဆင်ပြေနေတဲ့ ပို့စ်လေးတွေတော့ သတိထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ၁၀ ပို့စ် တင်မဲ့အစား ၃ ပို့စ်လောက်ပဲ တင်ရင် မရဘူးလားပေါ့။
▪️အဲ့လိုပဲ၊ စစ်တပ်ဘက်က ရပ်တည်တဲ့ နာမည်ကျော်တွေ၊ အနုပညာရှင်တွေကိုလည်း Social punishment လုပ်စေချင်တယ်။ သူတို့ကို Love Reaction တွေ သွားပေးနေတာက ဒီဘက်က ပိုင်ဖြိုးသုတို့၊ ချစ်သုဝေတို့၊ ကိုပေါက်တို့ကို မျက်နှာဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲဆိုတာ သတိရစေချင်တယ်။
အလုပ်လုပ်တဲ့အခါမှာလည်း စစ်တပ်၊ ခရိုနီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့တော့ မပတ်သက်စေနဲ့ပေါ့။ သင်တန်းဖွင့်တာ ရတယ်။ သို့သော် ခရိုနီလုပ်ငန်း၊ ဒါမှမဟုတ် လက်ရှိဝန်ကြီးဌာနတစ်ခုခုက ဝန်ထမ်းတွေကို သွားသင်ပေးတာမျိုးတော့ မလုပ်နဲ့။ လုပ်ငန်းတွေကို ကြော်ငြာပေးလို့ ရတယ်။ ဒါပေမဲ့ အဲ့ငွေတွေနဲ့ ပြည်သူကို ပြန်သတ်မဲ့ လုပ်ငန်းမျိုးတွေကိုတော့ မကြော်ငြာပေးနဲ့ပေါ့။
▪️ပိုက်ဆံရလာပြီဆိုလည်း ပမာဏတစ်ခုကို တော်လှန်ရေးထဲ ထည့်ဝင်ပေးပါ။ တစ်လ ၃ သောင်း ထောက်ပံ့ကြေး ရတဲ့ CDM ဝန်ထမ်းက ၅ ထောင် ပြန်ကူနေတဲ့အချိန်မှာ တစ်လ ၁၀ သိန်း အသားတင် ဝင်တဲ့သူက ၅ သောင်းပဲ ကူတယ် ဆိုတာမျိုးလည်း မဟုတ်ဘူးပေါ့။ အသုံးအစွဲတွေကို တတ်နိုင်သမျှ လျှော့ချပြီး အင်တိုက်အားတိုက်တော့ ကူစေချင်တယ်။ ကိုယ်က ဘာပဲပြောပြော အလုပ်လုပ်ခွင့် ရထားသေးတာကိုး။
▪️အဲ့လိုပဲ၊ တစ်နေ့တာထဲကနေ အချိန်တစ်ခုပေးပြီး Click လုပ်စေချင်တယ်။ အများကြီး မဟုတ်တောင် တစ်နေ့ ၁၅ မိနစ်ပဲ အချိန်ပေးကြမယ်ဆို တော်လှန်ရေးဟာ အခုထက် ပိုပြီး ရှေ့ရောက်သွားမယ်။
▪️ပြန်ချုပ်ရရင် ၄ ခုတည်းပါ။
၁။ အဆင်ပြေ ပျော်ရွှင်နေတာတွေကို မတင်လည်း ရတယ်ဆို မတင်ပါနဲ့။ သွေးမအေးကြောင်းကို အခွင့်အခါ သင့်ရင် သင့်သလို ပြသပေးပါ။
၂။ တစ်လစာထဲက ဝင်ငွေပမာဏတစ်ခုကို တော်လှန်ရေးထဲ ထည့်ဝင်ပါ။
၃။ တစ်နေ့တာထဲက အချိန်တစ်ခုကို ပေးပြီး Click လုပ်ပါ။
၄။ Boycott နဲ့ Social punishment ကို ထိထိရောက်ရောက် လုပ်ပေးပါ။
ဒီလောက်ကလေးတွေပဲ မှန်မှန်လုပ်ပေးနေကြမယ်ဆိုရင်ကို မြေပြင်က လူတွေ၊ ရှေ့တန်းက လူတွေ၊ တော်လှန်ရေးထဲမှာ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ ရင်းပြီး ပါဝင်နေကြသူတွေအတွက် အများကြီး အထောက်အကူ ဖြစ်သွားမှာ အသေအချာပါပဲ။
တော်လှန်ရေးဆိုတာက တစ်ဦးတစ်ယောက်ရဲ့ အကျိုးအတွက် လုပ်နေကြတာ မဟုတ်ပါဘူး။ ရှုံးသွားရင်လည်း အားလုံးအတူ ခံစားကြရမှာ ဖြစ်သလို၊ နိုင်သွားရင်လည်း အားလုံးအတူ စံစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Choice မဟုတ်ပါဘူး။ Responsibility ပါ။
ပါဝင်ပုံ ပါဝင်နည်းနဲ့၊ ပါဝင်နိုင်တဲ့ အတိုင်းအတာသာ ကွာချင်ကွာမယ်၊ လူတိုင်းဟာ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေတော့ ပါဝင်ပေးဖို့ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၈.၄.၂၀၂၂
Photo credit
လူမှုရေးပြစ်ဒဏ်ချမှတ်ခြင်း
“ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ” ဆိုသည့်အတိုင်း စစ်တပ်နှင့်ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစအချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်။
ပထမအကြိမ်အနေဖြင့် အောက်ပါအနုပညာရှင်များအား လူမှုရေးပြစ်ဒဏ်ချမှတ်လိုက်သည်။
၁။ နေတိုး
၂။ စိုင်းစိုင်းခမ်းလှိုင်
၃။ အေးမြတ်သူ
၄။ ခန့်စည်သူ
၅။ မယ်လိုဒီ
၆။ မြင့်မြတ်
၇။ အောင်ရေချမ်း
၈။ မိုးစက်ဝိုင်
၉။ စိုးမြတ်သူဇာ
၁၀။ စိုးမြတ်နန္ဒာ
၁၁။ ရန်အောင်
၁၂။ နန္ဒာလှိုင်
၁၃။ ဝတ်မှုန်ရွှေရည်
၁၄။ ရဲအောင်
၁၅။ ဒိန်းဒေါင်
အဆိုပါအနုပညာရှင်များသည် ပြည်သူ့ဘက်ကို မျက်နှာမမူ၊ ပြည်သူတွေကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေရဲ့ဒုက္ခကို မစာနာ မထောက်ထားဘဲ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးသော၊ ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသောအလုပ်လုပ်ကိုင်သော၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့မရှိသော၊ follower ကျမှာကြောက်၍ အယောင်ဆောင် ဆန္ဒပြခဲ့ကြသော အနုပညာရှင်များသာဖြစ်ကြသည်။
10 April 2022
#နမ့်ဆန်CDMပညာရေးကော်မတီ
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#ဖက်ဒရယ်ပြည်ထောင်စု_တည်ဆောက်ကြ
#အာဏာရှင်စနစ်မှန်သမျှ_ကျရှုံးရမည်
#အရေးတော်ပုံ_မုချအောင်ရမည်။
“တော်လှန်သင်္ကြန် သို့မဟုတ် ပြည်သူအားလုံး ပါဝင်ရမဲ့ သပိတ်တိုက်ပွဲ”
အကြမ်းဖက်စစ်ကောင်စီနဲ့ ရင်ဆိုင်နေရတာ လက်နက်ကိုင် တော်လှန်ရေး တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံတကာစင်မြင့်မှာလည်း တရားဝင်မှုအတွက် တိုက်ပွဲဆင်နွှဲနေရသလို၊ ပြည်တွင်းမှာလည်း လုံးဝအုပ်ချုပ်ခွင့် မရစေရဘူး ဆိုတဲ့ CDM တိုက်ပွဲ လုပ်နေကြဆဲ ဖြစ်ပါတယ်။
CDM ဆိုတာ အရပ်သားတွေက အာခံဖီဆန်တာပါ။ ဝန်ထမ်းနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ စစ်ကောင်စီဟာ သူတို့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်ကြီး ပုံမှန်လည်ပတ်နေပါပြီ၊ ပြည်သူတွေက ပျော်ရွှင် အဆင်ပြေနေကြပါပြီ ဆိုတာကို သိပ်ပြချင်ပါတယ်။ ဒီအတွက် ဝန်ထမ်းတွေက CDM လုပ်တယ်။ ကျောင်းသားတွေက ကျောင်းမတက်ဘူး။ ဝမ်းစာအတွက် လည်ပတ်နေရပေမဲ့ ပုံမှန်မဟုတ်သေးဘူး ဆိုတာကို ပြတဲ့အနေနဲ့ Silent Strike တွေ လုပ်ခဲ့ကြတယ်။
အခုလည်း သင်္ကြန်ရောက်ပြန်ပြီ။ ထုံးစံအတိုင်း စစ်ကောင်စီကတော့ မစည်စည်အောင် လုပ်မှာပဲ။ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ သတင်းဓါတ်ပုံ ထည့်နိုင်အောင်၊ MRTV, MWD တို့မှာ ပြနိုင်အောင် ကြိုးစားမှာပဲ။ ဒီအတွက် ကျွန်တော်တို့ ပြည်သူအားလုံးဟာ အဲ့လို အစီအစဉ်တွေမှာ ဝင်မပါခြင်းဖြင့် သွေးမအေးသေးဘူး၊ ပုံမှန် မဖြစ်သေးဘူး ဆိုတာကို ပြသဖို့ လိုတယ်။ သပိတ်မှောက်ဖို့ လိုပါတယ်။
လက်နက်ကိုင် တိုက်နေရသူတွေက အသက်တွေ ရင်းထားရတာပါ။ နောက်တန်းက လူတွေက သူတို့ကို ငွေကူနိုင်သူ ကူ၊ Click လုပ်နိုင်တဲ့သူ လုပ်ပြီး အဝေးက ကူညီပေးနေကြတယ်။ အခုလို အခြေအနေမျိုးကျတော့ ကျွန်တော်တို့ မြို့ပြနေ ပြည်သူများ “ကိုယ်တိုင်ပါဝင်ကြရမဲ့ တိုက်ပွဲ” ဖြစ်ပါတယ်။
ငါတို့ မြို့က လူတွေလည်း ဝမ်းရေးအတွက်သာ လှုပ်ရှားရုန်းကန်နေရတာ၊ လုံး၀ သွေးမအေးသေးဘူး ဆိုတာကို ပြသရာ ရောက်တယ်။ လက်နက်ကိုင် တော်လှန်နေကြသူတွေကို အကောင်းဆုံး စိတ်ခွန်အား ပေးလိုက်တာလည်း ဖြစ်တယ်။ နိုင်ငံတကာဆီကိုလည်း နှစ်သစ်ကူးမှာတောင် မြန်မာပြည်သူတွေဟာ ပျော်မနေနိုင်ကြဘူး ဆိုတဲ့ သတင်းစကားကို ပေးလိုက်ရာ ရောက်ပါလိမ့်မယ်။
ပြည်သူတွေလည်း စိတ်ပင်ပန်းနေကြတာ နားလည်ပါတယ်။ မိသားစုတွေ၊ မိတ်ဆွေတွေ စုပြီး မုန့်လုံးရေပေါ် လုပ်စားချင် စားပေါ့။ သင်္ကြန်သီချင်းလေးတွေ နားထောင်ပေါ့။ သို့သော် Sound box အကြီးကြီးနဲ့ EDM သီချင်းတွေ ဖွင့်၊ မဏ္ဍပ်တွေ ထိုးတာမျိုးတော့ မလုပ်နဲ့ပေါ့။ ပိုအရေးကြီးတာက မြို့တော်ဝန်မဏ္ဍပ်တို့၊ လမ်းလျှောက်သင်္ကြန်တို့မှာ မပါဝင်ဖို့၊ ကားနဲ့တောင် ပတ်မကြည့်ဖို့ပဲ။ မြို့တွေ၊ မြို့တွေဟာ သင်္ကြန်ကာလမှာတောင် တိတ်ဆိတ်နေဖို့ပဲ။
အဲဒီအပြင် လုပ်ရမှာတွေ ရှိပါသေးတယ်။
◾️အကြိုနေ့နဲ့ အကျနေ့မှာ ကျဆုံးသူရဲကောင်းတွေ၊ ဖမ်းဆီးခံထားရသူတွေနဲ့ လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြတဲ့ ERO နဲ့ PDF တွေကို ဂုဏ်ပြုမယ်။
ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို ကူညီပေးတာ၊ ထောင်ဝင်စာ ပို့ဖို့ လှူဒါန်းတာ၊ PRF ထောက်ပို့တပ်မှာ မန်ဘာ ဝင်တာ၊ ဘွန်းဝယ်တာ၊ Click လုပ်တာ စသဖြင့် လုပ်လို့ ရပါတယ်။
◾️အကြတ်နေ့နဲ့ အတက်နေ့ကတော့ CDMer တွေနဲ့ စစ်ဘေးရှောင်တွေအတွက်ပါ။ CDMer တွေရဲ့ လုပ်ငန်းတွေကို အားပေးမယ်။ စစ်ဘေးရှောင်တွေဆီ ကူညီလှူဒါန်းမယ်။ အားပေးစကား ပြောမယ်။
(အဲ့ရက်တွေမှာ ငွေလွှဲရင် လိုက်နေမှာ စိုးတယ်ဆိုရင်တော့ ပမာဏတစ်ခု ဖယ်ထား၊ နောက် ၄-၅ ရက်နေမှ လွှဲလည်း ရပါတယ်။ အကုန်ပြုံပြီး လွှဲနေကြရင် ဘာဖြစ်မယ် ညာဖြစ်မယ် ပြောကြမှာ စိုးလို့ပါ။)
◾️နှစ်ဆန်းတစ်ရက်နေ့မှာတော့ သံပုံးတီးသပိတ် ရှိမယ်။ ဖက်ဒရယ်ဒီမိုကရေစီ New Year ဆိုတဲ့ ကြွေးကြော်သံနဲ့ ပုံတင်လို့ ရတယ်။ ပန်းသပိတ်၊ ဆုတောင်းသပိတ်တွေလည်း ရှိမယ်။
ဒီ ၅ ရက်မှာ အဲ့လိုပါဝင်ခြင်းအားဖြင့် တော်လှန်သင်္ကြန်ကို ဖြတ်သန်းကြရအောင်ပါ။ နောက်ဆုံး၊ အပန်းဖြေခရီး ထွက်နေတယ်ဆိုရင်တောင် ခြွေတာလို့ ရတာ ခြွေတာပြီး ငွေကူညီပေးပါ။ လူမှုကွန်ရက်ကနေ ပါဝင်ပေးပါ။
သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားတိုင်း ပျော်ကြတဲ့ ကာလပါ။ ကျွန်တော်တို့လည်း ပျော်ချင်ပါတယ်။ တောထဲက လူငယ်တွေလည်း ပျော်ချင်မှာပဲ။ ဒါကြောင့် နောက်နှစ်သင်္ကြန်ဆို အားလုံး ပျော်နေရတဲ့အချိန်မျိုး ဖြစ်ရအောင် ကျွန်တော်တို့ပြည်သူတွေ တညီတညွှတ်တည်း အင်တိုက်အားတိုက်နဲ့ စစ်အာဏာရှင်ကို တော်လှန်ကြပါစို့ခင်ဗျာ။
ဒေါက်တာဖြိုးသီဟ
၈.၄.၂၀၂၂
သင်ရိုးညွှန်းတမ်း pdf fileများ
(သင်ကြားရေး လုပ်ချင်ကြသော
CDM များအတွက်)
Nonတွေယောင်လို့တောင် မsaveနဲ့🙂
Grade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd
•••••
Grade-2 (သင်ရိုးသစ်) = https://drive.google.com/folderview?id=13S0A53w29u8JnGzxltaIuhkeyo3kHE_J
•••••
Grade-3 (သင်ရိုးသစ်) = https://drive.google.com/folderview?id=12onQ0WuV_YkLB9-SU1AdV7rC4Oz8n1ZY
•••••
Grade-4 (သင်ရိုးသစ်) = https://drive.google.com/folderview?id=11HSLMgq0xOfVD6JyHOLwrFHDgM3Tj4iT
•••••
Grade (5) မြန်မာဖတ်စာ
https://www.mediafire.com/file/t572xwz909axle3/(1)+Grade+-+5+မြန်မာစာပုံနှိပ်.pdf/file
.,. ....
Grade (5) English Textbook
https://www.mediafire.com/file/les6wwlmq0gu3hz/(2)+Grade+-+5+English+ပုံနှိပ်စာအုပ်.pdf/file
............
Grade (5) သချာ် textbook
https://www.mediafire.com/file/dy83bayickspic0/(3)+Grade+-5+သချာ်+textbook.pdf/file
................
Grade (5) လူမှုရေး Textbook
https://www.mediafire.com/file/hyhd0hva9cogz3f/(4)+Grade+-5+စနစ်သစ်+လူမှုရေး+Textbook.pdf/file
............
Grade (5) Science Textbook
https://www.mediafire.com/file/3h220g8x47gsbai/(5)+Grade+(5)+Science+Textbook.pdf/file
.........
Grade (5) စာရိတ္တနှင့် ပြည်သူ့နီတိ Textbook
https://www.mediafire.com/file/o3pf2bisnp35jw9/(6)+Grade+-5+စာရိတ္တနှင့်+ပြည်သူ့နီတိ+Textbook.pdf/file
.......
Grade-6 (သင်ရိုးသစ်) = https://drive.google.com/folderview?id=1JBGhlKR-fD-MVTKRioGkAasHL5YDVBFm
•••••
Grade-7 (စနစ်ဟောင်း) = https://drive.google.com/open?id=1sWSS34r2WANZ6RzJn1vrx3_ovUMb94Ho
•••••
Grade-7 (စနစ်သစ်) (ဆရာကိုင်) = https://drive.google.com/folderview?id=1-PQqRtM6SWdWbLJSvJaYXNPOiHyYsjO3
•••••
Grade-7 (သင်ရိုးသစ်) (ကျောင်းသားကိုင်) = https://drive.google.com/folderview?id=1NTnRMaglzRLdK79UmNBMxggtQLzuGeGu
•••••
Grade-8 (စနစ်ဟောင်း) = https://drive.google.com/open?id=1BCat15BlS95qsKodKTKqZ_r63CC_0coS
•••••
Grade-9 (စနစ်ဟောင်း) = https://drive.google.com/open?id=17BTjty7arS9mrIdhz8Cj1UlRtvGdZ-S9
•••••
Grade-10 (စနစ်သစ်) = Pdf file အနေဖြင့် ရှာဖွေနေဆဲပါ
•••••
Grade-11(စနစ်ဟောင်း) = https://drive.google.com/open?id=14I5uPQUVSBCCvjFj2iR4fPdgsK0R7acN
••••
Credit .....
အရေးပေါ်ကာလပညာရေးမှာ မဖြစ်မနေသင်ကြားပေးသင့်တဲ့ သင်ခန်းစာများ 📚
အရေးပေါ်အခြေအနေတွေဟာ များသောအားဖြင့် ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ဒီပဋိပက္ခတွေရဲ့ အရင်းခံကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်လေးစားမှု အားနည်းလို့ ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရသင့်တဲ့ ရပိုင်ခွင့်တွေ၊ ကိုယ်လေးစားရမယ့် လူ့အခွင့်အရေးတွေကို သိရှိပြီး ဒီစံနှုန်းတွေကို လေးစားတန်ဖိုးထားတတ်ဖို့အတွက် အရေးပေါ်အခြေအနေသုံး ပညာရေးမှာ "ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပြည်သူ့နီတိပညာရေး" စတဲ့ သင်ခန်းစာတွေကို မဖြစ်မနေ ထည့်သွင်းသင်ကြားပေးသင့်ပါတယ်။
ဘာကြောင့် ဒီသင်ခန်းစာတွေကို သင်ကြားပေးသင့်တာလဲ❓
ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားတွေအတွက် ပြည်သူ့နီတိပညာရေးတို့ဟာ လူ့ဘဝတလျှောက်လုံး ကျွမ်းကျင်သွားရမယ့် ဘဝတွက်တာကျွမ်းကျင်စရာ (Life-skills) တွေလို့ ပြောရင်လည်း မမှားပါဘူး။
ပိုမိုငြိမ်းချမ်းတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် လူကြီးလူငယ်မရွေး အားလုံးမှာ ထမ်းဆောင်ရမယ့် တာဝန်တွေကိုယ်စီ ရှိကြသလို လေးစားရမယ့် လူ့အခွင့်အရေးတွေရှိတယ်ဆိုတာကို နားလည်မှသာ ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ မတူကွဲပြားမှုတွေကို လေးစားရေး၊ လူ့အခွင့်အရေးနဲ့ တာဝန်တွေ၊ ပြည်သူ့နီတိနဲ့ ဒီမိုကရေစီ စတာတွေကို ဘယ်လောက် အလေးထားသလဲ ဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို မှန်းဆကြည့်နိုင်ပါတယ်။
အပြုသဘောဆောင်ချဉ်းကပ်နည်း 👩🏫
ပဋိပက္ခတွေနဲ့ ကြုံတွေ့ရတဲ့သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာ တန်ဖိုးကြီးသလို အာဏာရှင်စနစ်၊ ခွဲခြားဆက်ဆံခံရတဲ့စနစ်တွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့သူတွေအတွက် တက်ကြွတဲ့ ဒီမိုကရေစီ နိုင်ငံသားဆိုတဲ့ အယူအဆတွေနဲ့ လူ့အခွင့်အရေးအယူအဆတွေဟာ အင်မတန် စိတ်ဝင်ဖွယ်ကောင်းနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်ပြီး တည်ဆောက်ရေးအမြင်ရှိတဲ့ အပြုအမူတွေ ဖွံ့ဖြိုးလာဖို့အတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပြည်သူ့နီတိပညာရေးတို့နဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ ကျွမ်းကျင်မှုတွေ၊ တန်ဖိုးထားမှုတွေကို လက်တွေ့ကျတဲ့ ချဉ်းကပ် သင်ကြားနည်းတွေနဲ့ သင်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
အထူးသတိပြုရမယ့်အရာ 🚨
သင်ကြားပေးတဲ့အခါမှာလည်း ဂိမ်းကစားနည်းတွေ၊ သရုပ်ဖော်ခြင်း၊ ဖြစ်ရပ်အပေါ် သုံးသပ်ဆွေးနွေးခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှု( Skills)၊ အယူအဆ (Concepts)၊ တန်ဖိုးထားမှု (Value) တွေ ဖွံ့ဖြိုးလာဖို့၊ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တတ်ဖို့၊ လက်တွေ့ကျင့်သုံးတတ်ဖို့၊ ကိုယ်နဲ့တသားတည်းဖြစ်ဖို့အတွက် ကျောင်းသားဗဟိုပြု သင်ကြားမှုချဉ်းကပ်နည်းတွေကို သုံးပြီး သင်ကြားပေးကြရမှာဖြစ်ပါတယ်။
အထူးသတိပြုရမှာကတော့ ဒီလိုသင်ကြားတဲ့အခါ ပဋိပက္ခအတွက် လောင်စာဖြစ်စေမယ့် သင်ခန်းစာတွေ၊ သင်ကြားသင်ယူမှုလုပ်ငန်းကို ရှောင်ရှားသွားဖို့လိုအပ်သလို ဒီလိုရှောင်ရှားနိုင်ဖို့အတွက် အရေးပေါ်သုံး ပညာရေးဆိုင်ရာ ဆရာအတတ်ပညာအစီအစဉ်တွေကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။
CDM ထောက်တိုင် မကျိုးစေဖို့
=======================
◾ CDMမှ CSDM သို့
ပြည်သူ့အာဏာဖီဆန်မှု ( Civil disobedience movements) ဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ အထင်ရှားဆုံး အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လူထုဟာ အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်သမျှ အရာရာတိုင်းကို အသိအမှတ်မပြု၊ အထောက်အကူမပြုဘဲ လျစ်လျူရှုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ စစ်တပ်ထုတ်ပစ္စည်းဝယ်မသုံးတာ၊ အခွန်မဆောင်တာ၊ မီတာဘေလ်(အခ) မဆောင်တာ၊ လိုင်စင်သက်တမ်းမတိုးတာ၊ ကျောင်းမတက်တာတွေက အစပါဝင်ပါတယ်။ ဒီ CDM လှုပ်ရှားမှုဟာ အောင်မြင်ခဲ့လားဆိုတော့ အခိုက်အတန့်တစ်ခု၊ အတိုင်းအတာတစ်ခုပဲအောင်မြင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ လူထုတွေဟာ မီတာဘေလ်ဆောင်နေကြပါပြီ၊ ကားလိုင်စင်တွေ သက်တမ်းတိုးနေကြပြီဖြစ်သလို အခွန်တွေလည်းပေးဆောင်နေကြပါပြီ။ ၃၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေတက်နေကြပါပြီ။ ဒါပေမဲ့ စစ်ကောင်စီဘက်ကထင်မှတ်မထားနိုင်လောက်အောင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေကသောင်းကနင်းဖြစ်သွားလောက်အောင် အောင်မြင်တဲ့ CDM လှုပ်ရှားမှုကတော့ အခုထက်ထိကြံ့ကြံ့ခံနေဆဲပဲဖြစ်ပါတယ်။ အဲဒါကတော့ Civil service disobedience movements ( CSDM ) လို့ခေါ်ရမယ့် ပြည်သူ့ဝန်ထမ်း အာဏာဖီဆန်လှုပ်ရှားမှုပဲဖြစ်ပါတယ်။
◾ CSDMရဲ့အနေအထား
ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်လှုပ်ရှားမှုကတော့ နိုင်ငံရေး အရေးအကြီးဆုံး ယန္တယားကြီးတွေအခုထက်ထိ လည်ပတ်လို့မရအောင် တောင့်ခံထားဆဲဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်သုံးခုကလွဲလို့ ကျန်တဲ့ဒေသတွေမှာ အစိုးရယန္တယားတွေ အခုထိမလည်ပတ်နိုင်သေးပါဘူး။ ဒီနေရာမှာ စစ်ကောင်စီဖန်တီးထားတဲ့ ဟန်ပြလည်ပတ်မှုတွေကို လက်ညိုးထိုးပြရင်တော့ရပေမဲ့ မူလအစကတည်းက ဖွဲ့စည်းပုံမပြည့် ဝန်ထမ်းမလုံလောက်တဲ့ ဌာနတွေက ဝန်ထမ်း ၃၀ ရာနှုန်းကျော်လောက်လျော့သွားရင်ကို မလည်ပတ်နိုင်တဲ့အနေအထားမှာ အခုထက်ထိ ဝန်ထမ်းအင်အား ၆၀ ရာနှုန်းကျော် ရပ်နားထားတဲ့အချိန် လည်ပတ်နေနိုင်တယ်လို့ပြောတာဟာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အလိမ်အညာဆိုတာသိသာနေပါတယ်။
အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးမှာ မလည်ပတ်နိုင်မှုဟာ အင်မတန်သိသာပြီး နိုင်ငံရဲ့ ၄၀ ရာနှုန်းလောက်သာ ဟန်ပြကျောင်းတွေ/ဆေးရုံတွေ ဖွင့်ထားနိုင်ပါတယ်။ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအားလုံးရပ်ဆိုင်းနေတာ တစ်နှစ်ကျော်ပါပြီ။ စစ်တပ်အတွက် ကျန်းမာရေး၊ ပညာရေးသီးသန့်ရှိတယ်ဆိုပေမဲ့ ထင်သလောက်ပြည့်စုံနေတာမဟုတ်တဲ့အတွက် ကိုဗစ် တတိယလှိုင်းနဲ့ အိုမိုက်ခရွန်စတုတ္ထလှိုင်းတွေမှာ ပိုသိသာလာပါတယ်။ နှစ်တိုင်းနှစ်တိုင်း သန်းချီရှိတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသားတောင် ၃ သိန်းပဲ စာရင်းရှိတာဟာ ပညာရေးယန္တယားမလည်ပတ်နိုင်မှုကို သက်သေပြနေပါတယ်။ ခြုံပြောရရင် ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်လှုပ်ရှားမှုကတော့ အောင်မြင်နေဆဲ အသက်ဝင်နေဆဲဆိုတဲ့သဘောပါပဲ။
◾ ပြောင်းပြန် လူမှုပြစ်ဒဏ်
ဒီလိုအောင်မြင်နေတယ်ဆိုလို့ CDM ဝန်ထမ်းတွေဟာ သာသာယာယာ လွယ်လွယ်ကူကူအခြေအနေမှာတော့ ရှိနေတာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ တွေ့ကရာထုတ်ပြန်တဲ့ အမိန့်တွေအောက်မှာ အဖိနှိပ်ခံရဆုံးက CDM ဝန်ထမ်းတွေပါပဲ။ CDM ဝန်ထမ်းတွေရှိနေလို့ မြို့တစ်မြို့လုံးကိုဖျက်ပစ်တာ။ ဝန်ထမ်းအိမ်ရာတွေကနေ နှင်ချတာ၊ CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ လုပ်ငန်းရှင်တွေကိုဖိအားပေးတာ အစရှိသည်ဖြင့် ဖိနှိပ်မှုမျိုးစုံကိုလုပ်ဆောင်ခဲ့ပြီး CDM ဝန်ထမ်းတွေနဲ့ ပတ်သက်သူတွေ၊ မိသားစုတွေတောင်ဖမ်းဆီးအကြပ်ကိုင်တာမျိုးတွေရှိလို့ နောက်ပိုင်းမှာ CDMတွေကို အလုပ်မခန့်တာ၊ အိမ်ငှားတောင်မထားတာ၊ လူမှုဆက်ဆံရေးမှာ ရှောင်ဖယ်မှုတွေလုပ်တာတွေတောင် ရှိလာပါတယ်။ ဒါ့အပြင် အလုပ်မရှိ ဝင်ငွေမရှိလို့ ကျန်းမာရေးပြဿနာတွေ လူမှုရေးပြဿနာတွေဖိစီးလာပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဝန်ထမ်းတွေလည်းရှိခဲ့ပါတယ်။ အလျှော့ပေးပြီး အလုပ်ပြန်ဝင်သွားတဲ့ ဝန်ထမ်းကတော့ အင်မတန်နည်းပါတယ်။ အဆင့်မြင့်ပညာရေးမှာ CDM ဝန်ထမ်း ၁၈၀၀၀ ကျော်အနက် အလုပ်ပြန်ဝင်သွားတာ ၃၀၀ ခန့်ပဲရှိခဲ့ပြီး ကျန်တဲ့ဝန်ထမ်းတွေဟာ တောင့်ခံနေဆဲပါ။ အခြေခံပညာမှာလည်း တစ်နိုင်ငံလုံးပေါင်း ဝန်ထမ်း ၁၂၀၀၀၀ ကျော်အထိ CDM ဝင်နေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းလည်း ၅၀၀၀၀ နဲ့ ၆၀၀၀၀ ကြားမှာ CDM ဝင်နေကြလို့ လက်ရှိအချိန်ထိ ဝန်ထမ်းသိန်းချီဟာ အခက်အခဲတွေကြားကပဲ အာဏာဖီဆန်နေကြဆဲဆိုတာ ပိုမိုပေါ်လွင်စေပါတယ်။
ပြည်သူ့ တရားဝင်အစိုးရလို့ သတ်မှတ်ထားတဲ့ CRPH/NUG တို့ဟာ CDM တွေကို ထောက်ပံ့ဖို့ အောင်လံလွှင့်ချီနွေဦးထီကို ဖွင့်လှစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ CDM ဝန်ထမ်းအားလုံးရဲ့ ငါးရာခိုင်နှုန်းတောင် မထောက်ပံ့နိုင်ခဲ့ပါဘူး။ CDM တွေကို ထောက်ပံ့မယ်လို့ ကတိအမျိုးမျိုးပေးနေပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းလည်းမရှိပါဘူး။ ဒါပေမဲ့ CDM ဝန်ထမ်းတွေဟာ ကိုယ့်ဘာသာ ဝမ်းကျောင်းရပ်တည်ရင်း ဆက်လက်တောင့်ခံနေကြပါတယ်။ တချို့ပြည်သူတွေကတောင် CDM တွေနဲ့ မပတ်သက်ချင်လို့ CDM တွေဈေးရောင်းရင်တောင် မဝယ်တာမျိုးတွေရှိနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း လုပ်ငန်းတွေ၊ ဆေးရုံတွေ ပိုက်စိတ်တိုက်စစ်ပြီး CDM ဝန်ထမ်းတွေ အလုပ်မလုပ်နိုင်အောင် ဖိနှိပ်နေပါတယ်။ တစ်ဘက်ကတော့ CDM တွေ အလုပ်ပြန်ဝင်ဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင် စည်းရုံးနေပြန်ပါတယ်။ လက်ရှိအချိန် CDM အများစုဟာ စိတ်ဓာတ်ကျနေကြပေမဲ့ အားတင်းနေကြဆဲပါ။ ဒီအတောအတွင်းမှာ CDM ဝန်ထမ်းတွေဟာ NUG စတဲ့နိုင်ငံရေးဦးဆောင်တွေကိုလည်း အားမရတာတွေ ဝေဖန်ကြတာမျိုးလည်းရှိပါတယ်။ အဲလိုအချိန် NUG ထောက်ခံသူ ( အများအားဖြင့် NLD ထောက်ခံသူ) တွေ လော်ဘီတချို့ဟာတော့ CDM ဝန်ထမ်းတွေရဲ့ ကြီးကျယ်တဲ့ အခန်းကဏ္ဍကို မေ့ပစ်လိုက်ကြပြီး။NUG/NLD ကိုဝေဖန်လို့ CRPH ကိုဝေဖန်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ တိုက်ခိုက်တာတွေ၊ဒလန်အဖြစ်တံဆိပ်ကပ် နစ်နစ်နာနာပြောဆိုမှုတွေလည်း လုပ်ဆောင်လာကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကိုယ့်တော်လှန်ရေးထောက်တိုင်ကို ကိုယ်ပြန်ချိုးသလိုဖြစ်ပြီး တော်လှန်ရေးကို စိတ်ကုန်သွားကြတဲ့ CDM တွေလည်းရှိလာပါတော့တယ်။
ခြုံပြောရရင် CDM ဝန်ထမ်းတွေဟာ လက်ရှိအချိန်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့အပြင် အဘက်ဘက်က ဖိနှိပ်တာ အပြစ်တင်တာ၊ အချင်းချင်း လူမှုပြစ်ဒဏ်ချတာတွေလည်းခံနေရလို့ အဆင်ပြေတဲ့အခြေအနေမှာတော့ရှိနေတာမဟုတ်ပါဘူး။
◾ အလားအလာ
CSDM လို့ပြောရမယ့် ဝန်ထမ်း CDM ဟာ မတူညီတဲ့ အလားအလာတွေနဲ့ ခရီးဆက်နေပါတယ်။ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ CDM တွေဟာ နေရထိုင်ရ ကြပ်တည်းနေပြီး မထင်ရင် မထင်သလို ဒုက္ခပေးတဲ့ဒဏ်ကြောင့် တော်တော် ပင်ပန်းနေကြရပါတယ်။ တချို့ကတော့ မထင်မရှားကိုယ်ပိုင်အလုပ် တချို့ကိုလုပ်ရင်း low profile နဲ့ အဆင်ပြေပြေနေနိုင်တာကို တွေ့နိုင်ပါတယ်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်လိုနေရာတွေမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် CDM တွေဟာ နေရထိုင်ရချောင်လည်ပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေ အရှိန်ကြောင့် စစ်ပြေးရတာ စစ်ဘေးရှောင်ရတာတွေ ရှိနေပြီး အခက်အခဲတွေတော့ရှိပါတယ်။ အဆိုပါဒေသက Non CDM ဝန်ထမ်းတွေကတော့ လုံခြုံရေးအရကို စိတ်မချရတော့လို့ CDM ဝင်ပြီး အစိုးရဝန်ထမ်းအဖြစ်ကနုတ်ထွက်တာ၊ လစာတွေ ပြန်အပ်တာတွေတောင် ရှိလာပြီး စစ်ကောင်စီ ယန္တယားတွေဟာလည်း လုံးဝနီးပါးရပ်တန့်နေခဲ့ပါတယ်။
စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ထူထောင်ရေးဟာ ဒီတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်ပြည့်ဝဖို့အတွက် လုပ်ဆောင်ရမယ့် မဟာဗျူဟာနည်းလမ်းဟာလည်း စစ်ကောင်စီကို အဘက်ဘက်က ဖိအားပေးနိုင်ဖို့ပါပဲ။ ဒီလိုဖိအားပေးနိုင်ဖို့အတွက် စစ်ကောင်စီယန္တယားကို လုံးဝမလည်ပတ်နိုင်အောင် ကျားကန်ထားနိုင်တဲ့ CSDM လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်သူတွေကိုကူညီဖို့လိုအပ်ပါတယ်။ မကူညီနိုင်ခဲ့ရင်တောင် တော်လှန်ရေးရဲဘော်ရဲဘက်အချင်းချင်း မတိုက်ခိုက်ဖို့လိုပါတယ်။
NLD ထောက်ခံသူများ၊ NUG/CRPH ထောက်ခံသူများအနေနဲ့ တော်လှန်ရေးကို တကယ်ယုံကြည်တယ်ဆိုရင် CDM ဝန်ထမ်းတွေကို ကူညီပါ။ အဲလိုမဟုတ်ဘဲ ငါတို့ကိုဝေဖန်ရင် CDM လုပ်ထားပေမဲ့ ဒလန်ပဲလို့ တံဆိပ်ကပ်ပြီး အပြစ်တင်ကြတာဟာ ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ NUG ဟာတော်လှန်ရေးတပ်ဦးမို့ မဝေဖန်သင့်ဘူးလို့ ယုံကြည်ရင် CSDM ဟာလည်း တော်လှန်ရေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမို့ မတိုက်ခိုက်သင့်ဘူးဆိုတာလည်း ထောက်ခံသူများအနေနဲ့ သတိထားဆင်ခြင်သင့်ပါတယ်။ CDM ဝန်ထမ်းတွေကို စွပ်စွဲပြစ်တင်တာမျိုးကတော့ကိုယ့် ခန္ဓာကိုယ်ကို ဓားနဲ့ ပြန်ထိုးသလိုပဲ မို့ တော်လှန်ရေး ဆူဆိုဒ်လုပ်တာကို မဖြစ်မနေ ရှောင်ကြဉ်ကြရမှာပဲ ဖြစ်ပါတယ်။ CDM ထောက်တိုင်မကျိုးစေဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့။
မောင်ချမ်းမြေ့( CDM )