Maior

Maior

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maior, Education, .

Operating as usual

04/06/2024

𝙊𝙛𝙛𝙞𝙘𝙞𝙖𝙡 𝙋𝙖𝙧𝙩𝙣𝙚𝙧𝙨𝙝𝙞𝙥 𝘼𝙣𝙣𝙤𝙪𝙣𝙘𝙚𝙢𝙚𝙣𝙩 📣

ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ သင်တန်းတက်မယ့် ကျောင်းသားတွေနဲ့ သင်တန်းတက်ဖူးတဲ့ကျောင်းသားဟောင်းတွေအတွက် သတင်းကောင်းလေးတစ်ခုမျှဝေပေးချင်ပါတယ်ဗျ 🥳

အဲဒီသတင်းကောင်းလေးကတော့ ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 က အခုဆိုရင် Professional Digital Marketer တစ်ယောက်ဖြစ်ချင်တဲ့သူတွေအတွက် သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးနေတဲ့ DigitalPulse နဲ့အတူ Official Partnership အဖြစ် လက်တွဲလိုက်ပြီဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ 🙌

Official Collaboration Partner ကြေညာချက်နဲ့အတူ 𝗠𝗮𝗶𝗼𝗿 ရဲ့ ကျောင်းသားတိုင်း ဘယ်သူမဆို 𝗗𝗶𝗴𝗶𝘁𝗮𝗹𝗣𝘂𝗹𝘀𝗲 မှာ သင်တန်းအပ်နှံတာနဲ့ 5% Discount အကျိုးခံစားခွင့်ရရှိမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးချင်ပါတယ်ဗျ 🤩
ထိုနည်းတူစွာပဲ 𝗗𝗶𝗴𝗶𝘁𝗮𝗹𝗣𝘂𝗹𝘀𝗲 ရဲ့ကျောင်းသားတိုင်း ဘယ်သူမဆို 𝗠𝗮𝗶𝗼𝗿 မှာ သင်တန်းလာရောက်အပ်နှံမယ်ဆိုရင် 5% Discount ရရှိမှာပဲဖြစ်ပါတယ်။

နောက်ပိုင်းတွေမှာလည်း 𝗠𝗮𝗶𝗼𝗿 နဲ့ 𝗗𝗶𝗴𝗶𝘁𝗮𝗹𝗣𝘂𝗹𝘀𝗲 တို့ပူးပေါင်းပြီး ကျောင်းသားတွေအတွက် အကျိုးရှိစေမယ့်အခွင့်အလမ်းတွေကို ထပ်မံယူဆောင်လာပေးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ဖို့မမေ့နဲ့နော် 😉

For More Info, Stay Tuned!! 🥳🫶

02/06/2024

“Congratulations Scholarship Winners”

ဆရာချာလီကိုယ်တိုင်သင်ကြားပေးမယ့်
“Maior” ရဲ့ ပထမဆုံး “Mascot Drawing Calss (Batch-2)” ကို
Fully Funded Scholarships နဲ့တက်ရောက်ခွင့်ရရှိသွားသူနှစ်ယောက်ထွက်ပေါ်လာခဲ့ပါပြီ 🥳

အခု Scholarship အစီအစဉ်မှာပါဝင်ပေးခဲ့ကြသူ
တစ်ယောက်ချင်းစီတိုင်းကို “Maior” က ကျေးဇူးအများကြီးတင်ကြောင်းပြောကြားရင်း
နောက်ထပ်လည်း Scholarships အစီအစဉ်တွေ အများကြီးလာဖို့ရှိသေးကြောင်းလည်း
သတင်းကောင်းလေးပါးလိုက်ချင်ပါတယ် 🤗

Scholarships ရရှိသွားတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ Maior ရဲ့ Page Messenger သို့ Student Form လာရောက်ဖြည့်စွက်ပေးဖို့အတွက် တောင်းဆိုပါတယ်ခင်ဗျာ 🖊️

June လ (5) ရက်နေ့မှာ သင်တန်းလေးစတော့မှာမို့
အတန်းမအပ်ရသေးဘူးဆိုရင် လူအကန့်အသတ်မပြည့်ခင်
မြန်မြန်လေးအပ်ထားဖို့လိုပါမယ်နော် 🤗



Photos from Maior's post 28/05/2024

ကျွန်တော်တို့ရဲ့ Mascot Drawing Class(Batch-1)လေး ပြီးဆုံးသွားတဲ့အခါမှာ သင်တန်းသားတွေက အတန်းနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်တွေ ပေးခဲ့ကြလဲဆိုတာ ကြည့်ကြလိုက်ရအောင်ခင်ဗျာ🧐

နောက်ထပ်ဖွင့်လှစ်ပေးမယ့် Mascot Drawing Class(Batch-2)မှာ တက်ရောက်ဖို့စဥ်းစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) ကို ဇွန်လအတွင်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်🥳

ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ စနစ်တကျသင်ကြားပေးသွားမယ့်အတန်းဖြစ်လို့ ကျောင်းသားဦးရေကိုတော့ အများကြီးလက်မခံသေးဘဲ ကန့်သတ်ထားပါတယ်။

နောက်ထပ် Batch အသစ်တစ်ခုဖွင့်ဖို့ကလည်း အနည်းဆုံး (၂) လလောက်ကြာဦးမှာဆိုတော့ စိတ်ဝင်စားတယ်ဆိုရင် အတန်းကို စောစောစီးစီးအပ်ထားဖို့တော့လိုပါမယ်ခင်ဗျာ

သင်တန်းအသေးစိတ်ကိုတော့ အောက်ကလင့်ခ်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျ😍

📎 https://bit.ly/3yvQj6k 📎

Photos from Maior's post 27/05/2024

𝗠𝗮𝗶𝗼𝗿 မှာ အမေးများတဲ့မေးခွန်းလေးတစ်ခု 💬

Mascot Drawing ကို လုပ်ငန်းခွင်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ဘယ်လိုသင်ကြားပေးသလဲဆိုတာပါပဲ။

ဟုတ်ပါတယ်ဗျ...✅
အနုပညာနဲ့ ဝါသနာကိုပေါင်းစပ်ပြီး Income တစ်ခုရတဲ့ Career အဖြစ်ဖန်တီးတဲ့အခါ တကယ့်လုပ်ငန်းခွင်မှာ ဘယ်လိုဖန်တီးရေးဆွဲကြလဲဆို​တဲ့ အတွေ့အကြုံတွေလည်းလိုအပ်ပါတယ်ဗျ။

𝗠𝗮𝗶𝗼𝗿 ရဲ့ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟏) မှာဆိုရင် Mascot ဇာတ်ကောင်ဖန်တီးရေးဆွဲနည်းတွေအပြင်
💢 Result ကောင်းတစ်ခုထွက်လာအောင် Client နဲ့ ဘယ်လိုမျိုး Communicate လုပ်ရမလဲ
💢 Brand Guideline နဲ့ကိုက်ညီတဲ့ Mascot ဇာတ်ကောင်ကို ဘယ်လိုဖန်တီးရေးဆွဲရမလဲ
💢 ရလာတဲ့စိတ်ကူးအိုင်ဒီယာကို Mascot ဖန်တီးတဲ့အခါမှာ ဘယ်လိုအသုံးချရမလဲ
စသဖြင့် တကယ့်လုပ်ငန်းခွင် Project တစ်ခုအတိုင်း ဆရာချာလီနဲ့ Training Team တစ်ခုလုံးရဲ့ Guideline တွေ၊ Feedback တွေနဲ့အတူ Final Result ရလာတဲ့အထိ စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ဗျ။

ပြီးခဲ့တဲ့ Batch 1 မှာဆိုရင် လုပ်ငန်းခွင်အတွေ့အကြုံအနေနဲ့ 𝗠𝗮𝗶𝗼𝗿 ကို လုပ်ငန်းတစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး Client Briefing ၊ Brand Guideline များပေးပြီး လုပ်ငန်းစဉ်အတိုင်း သင်တန်းသားများက Mascot ဇာတ်ကောင်များ ဖန်တီးရေးဆွဲခဲ့ပါတယ်ဗျ။ Mascot ဇာတ်ကောင်တွေကိုတော့ ပုံတွေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဗျ ✍

ဒါကြောင့် 𝗠𝗮𝗶𝗼𝗿 မှာဆိုရင် Mascot ဖန်တီးရေးဆွဲနည်းတွေအပြင် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုပါ လေ့လာသင်ယူရမှာမို့ Mascot Artist ဖြစ်ချင်တဲ့သူတွေအနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီးပါပဲ 🙌

ဒီလိုအခွင့်အရေးတွေကို အမိအရဖမ်းဆုပ်ချင်တဲ့ Mascot Artist လောင်းလျာတွေအတွက် ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) ကို ဇွန်လအတွင်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

📍သင်တန်းအသေးစိတ်ကိုတော့ အောက်ကလင့်ခ်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျ 👇

📎 https://bit.ly/3JVm9Mr 📎

⏰ သင်တန်းရက်နီးကပ်လာပြီဖြစ်သလို သတ်မှတ်လူဦးရေမပြည့်ခင်လေးမှာ သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Page Messenger ကို အပြေးလေးလှမ်းလာခဲ့တော့ဗျာ 📲

☎ အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက Viber နံပါတ် 09770418657 ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါပြီ။

#လုပ်ငန်းခွင်အတွေ့အကြုံ

Photos from Maior's post 25/05/2024

Maior ကနေဖွင့်လှစ်ခဲ့တဲ့ Mascot Drawing Class (Batch-1) မှ သင်တန်းသားများရဲ့ Final Assignments လက်ရာများဖြစ်ပါတယ်🤩

Mascot Artist တစ်ယောက်အနေနဲ့ရော၊ Instructor တစ်ဦးအနေနဲ့ရော အတွေ့အကြုံ အပြည့်ရှိပြီးသားဖြစ်တဲ့ ဆရာချာလီကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ Mascot Drawing Class (Batch-1) မှာ Mascot Drawing အခြေခံကစလို့ ကိုယ်ပိုင် Mascot တွေဆွဲနိုင်တဲ့အထိ စနစ်တကျ Step by Step သင်ကြားပေးခဲ့ရာ နောက်ဆုံးမှာတော့ အခုလို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ သင်တန်းသားများကိုယ်တိုင်ဖန်တီးခဲ့တဲ့ Final Assignmentလက်ရာတွေ ထွက်ပေါ်လာခဲ့ပါတယ်🥳

ကဲ အခုလို ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေဆွဲနည်းကို အခြေခံကနေစနစ်တကျသင်ယူပြီး Income တစ်ခုရလာတဲ့ Career အဖြစ် ပြောင်းလဲချင်တဲ့သူတွေအတွက် ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) ကို ဇွန်လအတွင်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်

ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ စနစ်တကျသင်ကြားပေးသွားမယ့်အတန်းဖြစ်လို့ ကျောင်းသားဦးရေကိုတော့ အများကြီးလက်မခံသေးဘဲ ကန့်သတ်ထားပါတယ်။ နောက်ထပ် Batch အသစ်တစ်ခုဖွင့်ဖို့ကလည်း အနည်းဆုံး (၂) လလောက်ကြာဦးမှာဆိုတော့ စိတ်ဝင်စားတယ်ဆိုရင် အတန်းကို စောစောစီးစီးအပ်ထားဖို့တော့လိုပါမယ်ခင်ဗျာ🤗

သင်တန်းအသေးစိတ်ကိုတော့ အောက်ကလင့်ခ်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျ

📎https://bit.ly/3JVm9Mr📎

Photos from Maior's post 22/05/2024

လုပ်ငန်းတိုင်းမှာရှိထားသင့်တဲ့ ကိုယ်ပိုင် Brand Mascot ကို 𝗠𝗮𝗶𝗼𝗿 မှာ အပ်နှံလို့ရပါပြီဗျ 🤩

Brand Mascot ဆိုတာကတော့ လုပ်ငန်းတစ်ခုခုကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ အဲဒီဇာတ်ကောင်က လူပုံသော်လည်းကောင်း၊ တိရစ္ဆာန်ပုံသော်လည်းကောင်း၊ လုပ်ငန်းနဲ့ဆက်စပ်တဲ့ အရာတစ်ခုခုသော်လည်းကောင်း လူတွေရဲ့အမြင်မှာ သက်ရှိဇာတ်ကောင်ဖြစ်အောင် ဖန်တီးထားတဲ့ အရာတစ်ခုပါ 😉

Brand Mascot က လုပ်ငန်းအတွက် ဘာတွေအကျိုးပြုနိုင်သလဲ?

လုပ်ငန်းရှင်တို့အ​နေနဲ့ ကိုယ့်လုပ်ငန်းရဲ့ Online Marketing ပိုင်းမှာ
✅ လူတွေပိုသတိထားမိစေချင်တဲ့အခါ
✅ Audience တွေနဲ့ စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုပိုရအောင် ချိတ်ဆက်ချင်တဲ့အခါ
✅ ပေးချင်တဲ့ Message ကို လူတွေရင်ထဲတန်းရောက်အောင် ကိုယ်ပိုင် Brand Mascot နဲ့ ကြေညာလိုတဲ့အခါ
✅ Marketing Campaign တွေမှာ ကိုယ်ပိုင် Brand Mascot ကို လုပ်ငန်း Trademark အနေနဲ့ အသုံးပြုလိုတဲ့အခါတွေမှာ ကိုယ်ပိုင် Brand Mascot ရှိထားဖို့လိုတာပေါ့ဗျာ 🥰

Brand Mascot ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Online Platform တွေမှာသာမကဘဲ Billboard ၊ On-ground Event ၊ လက်ကမ်းစာစောင် စတဲ့ Offline Marketing Campaign တွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်နော်။

ကဲ.. အခုလို စီးပွားရေးလုပ်ငန်းအတွက် အကျိုးအမြတ်တွေအများကြီးရရှိစေမယ့် Brand Mascot ​လေးကို ကိုယ့်လုပ်ငန်းမှာ ဖန်တီးအသုံးပြုဖို့ စိတ်ဝင်စားနေပြီလား?

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမယ့် Brand Mascot ကို ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပ်နှံနိုင်ပါတယ်ခင်ဗျာ ✍

လူကြီးမင်းတို့လုပ်ငန်းနဲ့ကိုက်ညီမယ့် Mascot ဇာတ်ကောင်ကို ဖန်တီးရေးဆွဲပေးဖို့အတွက် ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 က အဆင်သင့်ဖြစ်နေပါပြီ 🥳

📍အသေးစိတ်ကိုတော့ 𝗠𝗮𝗶𝗼𝗿 Page Messenger ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါပြီခင်ဗျာ 📲

22/05/2024

ဒီနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့် ဗုဒ္ဓနေ့”အခါသမယလေးမှာ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကျန်းမာကြပါစေလို့ “Maior” မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🙏🏼🥰✨

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့။

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

13/05/2024

Mascot Artist တစ်ယောက်ဖန်တီးထားတဲ့ Brand Mascot တစ်ခုက လုပ်ငန်းအတွက် ဘယ်လောက်ထိအရေးပါနေလဲ သိရဲ့လား 🤔

တကယ်လို့ ကိုယ်ဖန်တီးထားတဲ့ Mascot က လူတွေရဲ့ရင်ထဲမှာ နေရာယူထားနိုင်တယ်ဆိုရင်တော့ Mascot Artist အနေနဲ့ တော်တော်လေးဂုဏ်ယူနေမိမှာပါ 😉

ဒီနေ့မှာတော့ Mascot Artist တွေအနေနဲ့ ကိုယ်ဖန်တီးပေးလိုက်တဲ့ Mascot လေးက လုပ်ငန်းရဲ့ Marketing Campaign တွေအပေါ် ဘယ်လောက်ထိအကျိုးရှိစေသလဲဆိုတာကို ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 page ကနေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

🔹Brand Mascot ကြောင့် Marketing Campaign တွေမှာ ကိုယ့်လုပ်ငန်းကို လူတွေပိုမှတ်မိလွယ်စေပါတယ်။
ဥပမာအနေနဲ့ Colonel Sanders Mascot မြင်လိုက်တာနဲ့ ဘယ်လုပ်ငန်းကလဲဆိုတာကို တန်းသိနေတာမျိုးပေါ့ဗျာ။ လူတွေမှတ်မိတဲ့ Brand Mascot နဲ့သာဆိုရင် Marketing Campaign တွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။

🔹နှစ်ပေါင်းများစွာကြာတဲ့အထိ လူတွေရဲ့ရင်ထဲမှာ စွဲကျန်ရစ်စေပါတယ်။
တစ်ခါတလေမှာ လုပ်ငန်းရဲ့ Logo ထက် လုပ်ငန်းရဲ့ Mascot ကို လူတွေပိုသတိထားမိတတ်ကြပါတယ်။ လူတွေသတိထားမိလေလေ၊ လူတွေမှတ်မိလေလေ ဖြစ်စေပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လူတွေရဲ့စိတ်ထဲမှာ စွဲထင်ကျန်ရစ်စေပါတယ်။

🔹Audience တွေနဲ့ ရင်းနှီးမှုပိုရရှိစေပါတယ်။
Mascot ရဲ့ အသွင်အပြင်၊ အမူအကျင့်တွေအားလုံးဟာ လုပ်ငန်းတစ်ခုလုံးကို အသက်သွင်းပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သက်မဲ့ဖြစ်တဲ့ လုပ်ငန်းတစ်ခုလုံးကို ရုပ်လုံးကြွလာအောင်ဖန်တီးပေးတဲ့ Brand Ambassador အနေနဲ့ လူတွေဆီကနေ ရင်းနှီးချစ်ခင်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ လူတွေဆီကနေ ရင်းနှီးမှုရလာလေလေ အောင်မြင်တဲ့ Brand တစ်ခုဖြစ်လာလေလေပါပဲ။

🔹တခြားလုပ်ငန်းတွေနဲ့ယှဥ်လိုက်ရင် Market ကို ပုံစံအသစ်အဆန်းနဲ့ ထိုးဖောက်နိုင်ပါတယ်။
ရိုးရှင်းလွန်းတဲ့နည်းလမ်းကနေ ထိုးထွက်ပြီး Brand Mascot နဲ့ ထိုးဖောက်နေတဲ့လုပ်ငန်းက တခြားလုပ်ငန်းတွေထက် ခြေတစ်လှမ်းပိုသာနေမှာပါ။ Market မှာ ကိုယ်ဘယ်နေရာကနေ ဘယ်လိုပုံစံနဲ့ထိုးဖောက်မလဲဆိုတာကလည်း အရေးကြီးတဲ့အချက်ပဲမလား။

🔹Brand Mascot ကို ဘယ်လို Marketing Campaign မျိုးမှာမဆို အကျိုးရှိရှိအသုံးပြုနိုင်ပါတယ်။
Social Media Marketing Campaign တွေမှာသာမက Offline Campaign တွေဖြစ်တဲ့ Billboard ၊ လက်ကမ်းစာစောင်၊ Event ပွဲတွေမှာလည်း Brand Mascot ကို အသုံးပြုနိုင်ပါတယ်။

ကဲ.. ဒီလောက်ဆိုရင် Brand Mascot က Marketing Campaign တွေအတွက် ဘယ်လောက်ထိ အကျိုးဖြစ်စေလဲ၊ ကိုယ်ဖန်တီးလိုက်တဲ့ Mascot က လုပ်ငန်းအတွက်ရော audience တွေအတွက်ပါ ဘယ်လောက်ထိအဓိပ္ပါယ်ရှိစေလဲဆိုတာတွေကို အားလုံးသိသွားကြမယ်ထင်ပါတယ်နော် 🥰

တကယ်လို့ သင်ကိုယ်တိုင်က Mascot Artist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) ကို ဇွန်လအတွင်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

📍သင်တန်းအသေးစိတ်ကိုတော့ အောက်ကလင့်ခ်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျ 👇

📎 https://bit.ly/3JVm9Mr 📎

Photos from Maior's post 09/05/2024

Digital Artist တစ်ယောက်အနေနဲ့ Digital Platform ပေါ်မှာ ဝင်ငွေရှာချင်ပါသလား❓

တကယ်လို့ သင့်ရဲ့ Dream Career က Mascot Artist တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 ရဲ့ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) နဲ့အတူ အကောင်အထည်ဖော်ဖို့ ဖိတ်ခေါ်ပါရစေဗျာ 🤗

[Fully Funded Scholarship Program လေးလည်း ထည့်ပေးထားတာမို့ စာလေးကိုအဆုံးထိ ဖတ်ကြည့်လိုက်ပါနော်]

✍ ဝါသနာအရ ကိုယ်တိုင်ကိုယ်ကျ Mascot လေးတွေ ဆွဲတတ်ချင်တယ်၊
✍ အခြေခံကနေစပြီး တစ်ဆင့်ချင်း စနစ်တကျ လေ့လာသင်ယူချင်တယ်၊
✍ ဝါသနာကို ဝင်ငွေစီးကြောင်းအဖြစ် ဖန်တီးပြောင်းလဲချင်တယ်ဆိုတဲ့သူတွေအတွက် 𝗠𝗮𝗶𝗼𝗿 ရဲ့ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) လေးကို လာမယ့်ဇွန်လထဲမှာ ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

Mascot Drawing Instructor ကတော့ ကိုယ်တိုင်က Mascot Artist တစ်ယောက်ဖြစ်တဲ့အပြင် သင်ကြားရေးနယ်ပယ်မှာ ဝါရင့်အတွေ့အကြုံရှိတဲ့ ဆရာချာလီကနေပြီးတော့ Drawing Technique ပိုင်းဆိုင်ရာ၊ လုပ်ငန်းအတွေ့အကြုံပိုင်းဆိုင်ရာတွေကို မျှဝေသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

📍သင်တန်းအကြောင်းအရာအသေးစိတ်
🔹သင်တန်းစတင်မည့်ရက် - ၅.၆.၂၀၂၄ (အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ)
🔹သင်တန်းချိန် - ည (၈) နာရီမှ (၁၀)နာရီအထိ
🔹သင်တန်းကာလ - (၂)လ
🔹သင်ကြားမည့်ပုံစံ - Discord, Record Video
🔹သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ် (အရစ်ကျခွဲသွင်းနိုင်ပါသည်)

ဒါ့အပြင် သင်တန်းပြီးဆုံးပါက လက်တွေ့ Project များကိုပါ တစ်ပါတည်းလေ့လာသင်ယူနိုင်မယ့် အထူးအခွင့်အရေးပါ ရရှိဦးမှာဖြစ်ပါတယ်ဗျ 🤩

𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 ရဲ့ Scholarship အစီအစဥ်လေးမှာပါဝင်ဖို့အတွက်ဆိုရင်တော့ အခုဒီပို့စ်လေးကို
✅ ကိုယ်ဘာကြောင့်ဒီအတန်းကိုတက်ချင်တာလဲဆိုတဲ့အကြောင်းလေးရယ်၊
✅ ဆိုတဲ့စာသားလေးနဲ့အတူ ဝါသနာတူသူငယ်ချင်း (၂) ယောက်ကို Tag တွဲပြီး Share ပေးရပါမယ်နော်။
✅ Share ထားတဲ့ Screenshot ကိုတော့ (1.6.2024) နောက်ဆုံးထားပြီး ဒီပို့စ်လေးအောက်မှာ မန့်ပေးရမှာဖြစ်ပါတယ်။

Share ထားတဲ့သူတွေထဲကမှ Scholarship ရရှိသွားတဲ့ ကျောင်းသား (၂) ယောက်ကိုတော့ (2.6.2024) မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်ဗျ။

𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 ကို သင်တန်းသားနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးသွားမှာဖြစ်တာကြောင့် သင်တန်းသားမပြည့်ခင်မှာ အမြန်ဆုံးစာရင်းသွင်းအပ်နှံလိုက်တော့နော် 📲

Photos from Maior's post 07/05/2024

“𝗠𝗮𝘀𝗰𝗼𝘁 ဇာတ်ကောင်တွေဟာ လူတွေအပေါ် တော်တော်လေး လွှမ်းမိုးနိုင်စွမ်းရှိပါတယ်”

လုပ်ငန်းတစ်ခုရဲ့ Logo က ကိုယ့်လုပ်ငန်းကို လူတွေမှတ်မိလာအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုရင် လုပ်ငန်းတစ်ခုရဲ့ 𝗠𝗮𝘀𝗰𝗼𝘁 ဇာတ်ကောင်ကလည်း ကိုယ့်လုပ်ငန်းကို လူတွေပိုရင်းနှီးလာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ် ☝

ဒီနေ့မှာတော့ လူသိများထင်ရှားပြီး ကမ္ဘာကျော်တဲ့အထိအောင်မြင်နေတဲ့ 𝗠𝗮𝘀𝗰𝗼𝘁 ဇာတ်ကောင် (၅) ခုအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာကျော် 𝗠𝗮𝘀𝗰𝗼𝘁 တွေရဲ့အကြောင်းကိုတော့ သက်ဆိုင်ရာပုံအောက်မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဗျ။

◾◾◾◾◾

ကိုယ်တိုင်က 𝗠𝗮𝘀𝗰𝗼𝘁 လေးတွေဆွဲရတာ ဝါသနာပါတယ်၊ Digital Artist တစ်ယောက်အဖြစ်နဲ့ career စတင်ချင်တယ်ဆိုတဲ့သူတွေအတွက် ကျွန်တော်တို့ 𝗠𝗮𝗶𝗼𝗿 မှာ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟐) လေးကို မကြာခင်အချိန်အတွင်းမှာပဲ ဖွင့်လှစ်ပေးပါတော့မယ်ဗျ 🤩

Stay Tuned, Everyone!!

Photos from Maior's post 06/05/2024

𝗠𝗮𝗶𝗼𝗿 ကနေဖွင့်လှစ်လိုက်တဲ့ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟏) အတန်းမှ သင်တန်းသားတွေရဲ့ Artwork လေးများပဲဖြစ်ပါတယ်ခင်ဗျာ 🤩

▻ ကိုယ်တိုင်က Mascot Artist တစ်ယောက်ဖြစ်တဲ့အပြင် ဝါရင့်အတွေ့အကြုံရှိ Instructor တစ်ယောက်ဖြစ်တဲ့ ဆရာချာလီရဲ့သင်ကြားပို့ချမှုတွေ၊
▻ အ​ခြေခံကနေစပြီး step by step ကျွမ်းကျင်အဆင့်ထိရောက်အောင် guideline ပေးခဲ့တဲ့ သင်ခန်းစာတွေ၊
▻ သင်တန်းသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ 𝐌𝐚𝐬𝐜𝐨𝐭 𝐃𝐫𝐚𝐰𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 𝟏) လေးကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ရပါတယ် 🥳

ဆန်းသစ်တဲ့ စိတ်ကူးအိပ်မက်လေးတွေကို Mascot အဖြစ် ဖန်တီးပုံဖော်ရေးဆွဲထားတဲ့ သင်တန်းသားများရဲ့ Artwork တွေကို အတူတူခံစားကြည့်ရှုလိုက်ကြရအောင်နော် 🥰

✍ ကိုယ့်ရဲ့အနုပညာဖန်တီးမှုလေးတွေကနေ Income တစ်ခုရလာတဲ့ Career အဖြစ် ပြောင်းလဲချင်တဲ့သူတွေအတွက် Digital Artwork နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေမျှဝေပေးသွားမှာဖြစ်လို့ 𝗠𝗮𝗶𝗼𝗿 Page လေးကို စောင့်ကြည့်ဖို့မမေ့နဲ့နော်...🤞

31/03/2024

“Congratulations Scholarship Winners”

ဆရာ Raenold ကိုယ်တိုင် သင်ကြားပေးမယ့်
“Maior” ရဲ့ ပထမဆုံး “Commercial Graphic Design Class (Batch-1)” ကို
Fully Funded Scholarships နဲ့တက်ရောက်ခွင့်ရရှိသွားတဲ့
ကျောင်းသားနှစ်ယောက်ထွက်ပေါ်လာခဲ့ပါပြီ 🥳

အခု Scholarship အစီအစဉ်မှာပါဝင်ပေးခဲ့ကြသူ
တစ်ယောက်ချင်းစီတိုင်းကို “Maior” က ကျေးဇူးအများကြီးကြောင်းပြောကြားရင်း
နောက်ထပ်လည်း Scholarship အစီအစဉ်တွေ အများကြီးလာဖို့ရှိသေးကြောင်းလည်း
သတင်းကောင်းလေးပါးလိုက်ချင်ပါတယ် 🤗

Scholarships ရရှိသွားတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ Maior ရဲ့ Page Messenger သို့ Student Form လာရောက်ဖြည့်စွက်ပေးဖို့အတွက် တောင်းဆိုပါတယ်ခင်ဗျာ 🖊️

April လ (1) ရက်နေ့မှာ သင်တန်းလေးစတော့မှာမို့
အတန်းမအပ်ရသေးဘူးဆိုရင် လူအကန့်အသတ်မပြည့်ခင်
မြန်မြန်လေးအပ်ထားဖို့လိုပါမယ်နော် 🤗



Photos from Maior's post 24/03/2024

“Commercial Graphic Design Class (Batch - 1) လာပါပြီ”

Commercial Graphic Design ကို စိတ်ဝင်စားပြီး Graphic Design Career ကို
အခုမှ မြေစခရမ်းပျိုးစတင်မယ့်သူတွေရော အခြေခံရှိပြီး နောက်တစ်ဆင့်ကို
တက်လှမ်းချင်သူတွေအတွက် “Commercial Graphic Design Class (Batch -1)” ကို
မကြာခင်မှာဖွင့်လှစ်ပေးသွားပါတော့မယ်။

April (1) ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် ဒီအတန်းမှာ
Graphic Design ဆွဲဖို့လိုအပ်တဲ့ Tools တွေကို ကျွမ်းကျင်စွာအသုံးပြုတတ်အောင်
ဆရာ Raenold ကိုယ်တိုင် စနစ်တကျသင်ကြားပေးမယ့်အပြင်
Commercial Graphic Design မှာအဓိကကျတဲ့ Typeface တွေ၊ Color တွေကို
စနစ်ကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Adobe Illustrator ကို မြေခရမ်းပျိုးချင်သူတွေအတွက်လည်း
Adobe Illustrator Intro ကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအသေးစိတ်
=============================

🟦 သင်တန်းကာလ - (၅) ပတ်။
🟦 သင်ကြားမည့်ဆရာ - ဆရာ Raenold။
🟦 စတင်သင်ကြားမည့်ရက် - ၁.၄.၂၀၂၄။
🟦 သင်ကြားပေးမည့် Platform - Discord။
🟦 သင်ကြားမည့်ရက် - အပတ်စဉ် တနင်္လာ၊ ကြာသပတေး။
🟦 သင်ကြားမည့်အချိန် - ည (၈)​ နာရီမှ (၁၀)​ နာရီအထိ။
🟦 သင်တန်းကြေး - (၁) သိန်းခွဲကျပ်။​
(သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်ပါသည်။
အရစ်ကျနဲ့ပတ်သက်နဲ့ အသေးစိတ်ကို Page Messenger မှာလာရောက်မေးမြန်းနိုင်ပါသည်။)

🟦 အတန်းချိိန်တွေပြီးသွားရင်လည််း တစ်နေ့တာသင်ကြားခဲ့တဲ့ သင်ခန်းစာရဲ့
Video Recording တွေကိုလည်းပေးသွားမှာဖြစ်ပါတယ်။

ဒီအတန်းက ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ စနစ်တကျသင်ကြားပေးသွားမယ့်အတန်းဖြစ်လို့ ကျောင်းသားဦးရေကိုတော့ အများကြီးလက်မခံသေးဘဲ ကန့်သတ်ထားပါတယ်။ နောက်ထပ် Batch အသစ်တစ်ခုဖွင့်ဖို့ကလည်း အနည်းဆုံး (၂) လလောက်ကြာဦးမှာဆိုတော့ စိတ်ဝင်စားတယ်ဆိုရင် အတန်းကို စောစောစီးစီးအပ်ထားဖို့တော့လိုပါမယ်။

“Maior” ရဲ့ ပထမဆုံးဖြစ်တဲ့ “Commercial Graphic Design Class (Batch - 1)” မှာ
ကျောင်းသားနှစ်ယောက်အတွက် Fully Funded Scholarships ပေးဖို့ရှိပါတယ်။

Scholarship အစီအစဉ်မှာပါဝင်ဖို့အတွက်
🟦 ဝါသနာတူ သူငယ်ချင်း (၂) ယောက်ကို Tag တွဲပြီး ​
🟦 ဒီအတန်းကို ဘာလို့တက်ချင်လဲဆိုတဲ့အကြောင်းလေးကို
ဆိုတဲ့ Hashtag လေးတွေနဲ့ Share လိုက်ပါ။
🟦 Share ထားတဲ့ Screenshot ကို ဒီပို့စ်အောက်မှာ မန့်လိုက်ပြီဆိုရင်တော့ Scholarship အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားပါပြီ။

Share ထားတဲ့သူတွေထဲကမှ Scholarship ရရှိတဲ့ ကျောင်းသားနှစ်ယောက်ကို
🟦 (၃၁.၃.၂၀၂၄) မှာ ကြေညာသွားပေးမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်…



20/03/2024

“ဆရာ Raenold ကိုယ်တိုင် စနစ်တကျသင်ကြားပေးမယ့် Commercial Graphic Design Class”

Graphic Design အမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ Commercial Graphic Design ကို
စိတ်ဝင်စားပြီး စနစ်တကျ လေ့လာသင်ယူချင်သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။

ဘာသတင်းလဲဆိုတော့ Graphic Design Industry ထဲမှာ
အတွေ့အကြုံပြည့်ဝတဲ့ ဆရာ “Raenold” ကိုယ်တိုင်သင်ကြားပေးမယ့်
“Commercial Graphic Design Class Batch (1)” ကို Maior မှာ
မကြာခင်အချိန်အတွင်း ဖွင့်လှစ်ပေးသွားတော့မယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်။

ဆရာရဲဘုန်း ခေါ် ​ဆရာ “Raenold” က လွန်ခဲ့တဲ့ (၆) နှစ်၊ (၂၀၁၈) နှစ်ကတည်းကစလို့ Graphic Design Industry ထဲကိုဝင်ရောက်ခဲ့ပြီး Agency အတွေ့အကြုံရော Freelance အတွေ့အကြုံရော အလုံအလောက်ရှိသူတစ်ဦးဖြစ်ပါတယ်

(၂၀၂၀) ခုနှစ်မှာတော့ “Polygon Design Creation” အမည်နဲ့ စတင်ပြီး
Freelance Project ပေါင်းများစွာအတွက် Graphic Design တွေကို ရေးဆွဲပေးခဲ့ပါတယ်။

ဆရာ “Raenold” က Agency အတွေ့အကြုံအများကြီးရှိတာကြောင့် ဒီအတန်းမှာ Graphic Design အကြောင်းတင်မဟုတ်ဘဲ Agency တွေရဲ့ Working Flow တွေအကြောင်းကိုပါ ဗဟုသုတအနေနဲ့ ရရှိနိုင်ဦးမှာပါ။

ဒီအတန်းမှာ Commercial Graphic Design ကို အခြေခံလုံးဝမရှိသေးတဲ့သူတွေက အခြေခံလုံးဝ ခိုင်ခိုင်မာမာရရှိသွားမယ့်အပြင် အခြေခံရှိပြီးသူတွေကလည်း နောက်တစ်ဆင့်ကို ဆက်တက်ဖို့အတွက် လိုအပ်တဲ့ဝမ်းစာတွေကိုဖြည့်ပြီးသားဖြစ်သွားမှာပါ။

ဒါကြောင့် Commercial Graphic Design တွေကို အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင်
ဆရာ “Raenold” ရဲ့ “Commercial Graphic Design Class Batch (1)” ကို တက်ဖြစ်အောင်တက်ဖို့ အကြံပေးချင်ပါတယ်။ ဒီအတန်းကို မကြာခင်မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ကျောင်းသား (၂) ယောက်ကိုလည်း Fully Funded Scholarships ပေးဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် သင်တန်းအသေးစိတ်ကို စောင့်မျှော်ကြည့်ရှုပေးကြပါဦး။​


#ဆရာရဲဘုန်း

Photos from Maior's post 16/03/2024

“Graphic Designer တွေ အများဆုံးလုပ်တတ်ကြတဲ့ အမှား (4) ခု”​

ဒီနေ့မှာတော့ Graphic Design နဲ့ပတ်သက်ပြီး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို
ပုံမှန်မျှဝေပေးနေတဲ့ “Maior” က Graphic Designer တွေ အများဆုံးလုပ်တတ်ကြတဲ့
အမှား (4) ခုကို အားလုံးသတိထားမိအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ကရော ဒီအမှားတွေထဲကမှ ဘယ်အမှားကို လုပ်နေမိလဲဆိုတာ ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ရမယ့် Career လမ်းကြောင်းမှာ ပိုကောင်းအောင်ပြုပြင်နိုင်ဖို့ စာလေးကို အဆုံးထိဖတ်လိုက်ကြရအောင်…

🔵 စာလုံးပေါင်းအမှားများ
Graphic Designer တွေ မကြာခဏဖြစ်လေ့ရှိတဲ့အမှားတွေထဲကတစ်ခုကတော့ စာလုံးပေါင်းမှားတာပါပဲ။ Design ထဲမှာထည့်မယ့် Tagline တွေ၊ စာကြောင်းတွေထဲမှာ စာလုံးပေါင်းမသေချာတာတွေပါလာပြီဆိုရင် သက်ဆိုင်ရာ Content Writer ကိုမေးမြန်းပြီး Confirm လုပ်သင့်ပါတယ်။ တစ်ခါတလေမှာ Content Writer ဘက်က ပေးလာတဲ့ စာတွေထဲမှာကိုက အမှားတွေပါနေတတ်တာမို့ Design ထဲကိုမထည့်ခင် Content Writer နဲ့ Double Check လုပ်တဲ့အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။

⚪ Canvas Size များမှားယွင်းခြင်း
ပုံတွေကို Size မှားပြီးဆွဲမိတာကလည်း Graphic Designer တွေအများဆုံးလုပ်တတ်ကြတဲ့ အမှားတွေထဲကတစ်ခုပါပဲ။ တစ်ခါတလေမှာ Size ကမှန်လောက်ပါတယ်ဆိုပြီး ခန့်မှန်းပြီးပေးတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ Design ကိုတင်မယ့် Social Media Platorm ဒါမှမဟုတ် Website ရဲ့ စံချိန်စံညွှန်းတွေပေါ်မူတည်ပြီး Size တွေကွဲပြားတာမို့ ကိုယ့် Design ကို ဘယ် Platform မှာတင်မှာလဲဆိုတာကို အရင်ဆုံး Confirm လုပ်ပြီးမှ အဲ့ Platform အတွက် မှန်ကန်တိကျတဲ့ Size ကို ဆွဲပေးနိုင်ဖို့လိုအပ်ပါတယ်။​ Size ရွေးချယ်မှုက Online Platform တွေမှာတင်မဟုတ်ဘဲ On-Ground က Signboard တွေ၊ Billboard တွေရဲ့ Size ပေါ်မှာမူတည်ပြီး မှန်ကန်တဲ့ Pixel အသုံးပြုမှုနဲ့ Size တွေကို မှန်ကန်အောင်ဆွဲရမှာဖြစ်ပါတယ်။

🔵 Font ရွေးချယ်မှုမှားယွင်းခြင်း
Graphic Designer တွေမှာ သုံးနေကျ Font ဒါမှမဟုတ် အကြိုက်ဆုံး Font တွေရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လို Design မျိုးဖြစ်ဖြစ် ဒီ Font တွေကိုပဲ တရားသေသုံးနေလို့မရသလို ကိုယ့်စိတ်ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့လည်း လိုက်မယ်ထင်တဲ့ Font တွေကို ရွေးသုံးနေလို့မရပါဘူး။ ရေးထားတဲ့ Content ရဲ့ Concept အပေါ်မှာလိုက်ပြီး မှန်ကန်တဲ့ Font အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်မှသာ Content နဲ့ Design က Concept မိပြီး Audience ကို Message ကောင်းကောင်းပေးနိုင်မှာဖြစ်ပါတယ်။ လိုက်မယ်ထင်တဲ့ Font ကိုပဲ ရွေးသုံးလိုက်မယ်ဆိုရင် Design က ကြည့်လို့လှပေမယ့် Concept လွဲသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် Design မဆွဲခင်မှာ Content က ဘယ်လို Concept မျိုးနဲ့ဖန်တီးထားလဲဆိုတာ နားလည်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။

⚪ အရည်အသွေးမကောင်းတဲ့ ပုံများအသုံးပြုခြင်း
Design တွေဆွဲတဲ့အခါမှာ အရည်အသွေးမကောင်းတဲ့ ပုံတွေကိုအသုံးပြုခြင်းကလည်း Design ရဲ့အရည်အသွေးကို အများကြီးလျော့ကျသွားစေပါတယ်။ ဒါကြောင့် ကိုယ့် Design ထဲမှာ ပုံတွေအသုံးပြုဖို့လိုအပ်လာခဲ့ရင် အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားတဲ့ပုံတွေကို ရွေးချယ်အသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ Graphic Designer အလုပ်ကို Professional Level အထိသွားဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ပုံကြမ်းတွေကို အရည်အသွေးမြင့်မြင့်နဲ့ Download ဆွဲနိုင်မယ့် “Freepik”, “Envato” တို့လို Website တွေမှာ Subscription ဝယ်ယူထားသင့်ပါတယ်။

ဒီနေ့မှာတော့ Graphic Designer တွေအများဆုံးလုပ်တတ်ကြတဲ့ အမှား (4) ခုကို မျှဝေပေးသွားတာမို့ ဒီအမှားတွေကို ကိုယ်ကလုပ်မိနေတယ်ဆိုရင် သေချာဂရုတစိုက်ပြုပြင်ပြီး
ကိုယ့်ရဲ့ Career Life မှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း Graphic Design နဲ့ပတ်သက်ပြီး ဗဟုသုတရဖွယ်အကြောင်းအရာတွေကို မျှဝေပေးသွားဦးမှာမို့
“Maior” page ကို Like and Follow လုပ်ထားပေးကြပါဦး။



15/03/2024

“Graphic Designer ဆိုတာဘာလဲ”

“Graphic Designer” ဆိုတာ ဒီဘက်ခေတ်လူငယ်တွေနဲ့ စိမ်းတဲ့ Career တစ်ခုမဟုတ်ပါဘူး။
“Graphic Designer” ရဲ့ အဓိပ္ပာယ်ကို သေချာမသိသေးတဲ့သူတွေ၊ ဒီနယ်ပယ်ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် Graphic Designer ဆိုတာဘာလဲဆိုတာကို “Maior” က မျှဝေပေးသွားမှာဖြစ်ပါတယ်။​

“Graphic Designer” ဆိုတာဘာလဲ မပြောခင် “Graphic Design” က ဘာလဲဆိုတာ အရင်ပြောပြပါ့မယ်။​ “Graphic Design” ဆိုတာ Text တွေ၊ ပုံတွေ၊ Element တွေကို Techinque တွေနဲ့စုပေါင်းကာ Visual Design တစ်ခုအဖြစ်ဖန်တီးပြီး ပေးချင်တဲ့ Message ကို Target Audience တွေဆီအရောက်ပို့ပေးတဲ့ Design တွေဖြစ်ပါတယ်။​

လူတွေရဲ့ သဘောသဘာဝအရ စာတွေထက် ပုံတွေကို ပိုစိတ်ဝင်စားပြီး မှတ်မိလွယ်တာမို့
Target Audience တွေဆီ Message ပေးချင်တဲ့အခါမျိုးမှာ ဆွဲဆောင်မှုရှိတဲ့ Graphic Design တွေက အရမ်းကိုအဓိကကျလှပါတယ်။

“Graphic Design” အမျိုးအစားတွေအများကြီးရှိတဲ့ထဲကမှ
🔵 “Visual Identity Graphic Design”
⚪ “Marketing & Advertising Graphic Design”
🔵 “User Interface Graphic Design”
⚪ “Publication Graphic Design”
🔵 “Packaging Graphic Design”
⚪ “Motion Graphic Design”
🔵 “Environmental Graphic Design”
⚪ “Art & Illustration for Graphic Design” စတဲ့ အမျိုးအစားတွေကတော့
ရေပန်းစားပြီး အသုံးများကြတဲ့ Graphic Design တွေဖြစ်ပါတယ်။​

“Graphic Design” ဆိုတာ ဘာလဲသိသွားပြီဆိုရင်တော့ ဒီဟာတွေဆွဲတဲ့သူတွေကို “Graphic Desinger” လို့ခေါ်တယ်ဆိုတာ အားလုံးပဲသဘောပေါက်ကျမှာပါ။

“Graphic Design” အမျိုးအစားတွေအများကြီးရှိသလိုပဲ
“Graphic Designer” အမျိုးအစားတွေလည်းအများကြီးရှိပါတယ်။ ဒီထဲကတချို့ကတော့
🔵 “Advertising Designer”
⚪ “Environmental Designer”
🔵 “Publication Designer”
⚪ “Corporate Designer”
🔵 “Packaging Designer”
⚪ “Motion Designer”
🔵 “Product Designer” တွေဖြစ်ပါတယ်။

ဒီနေ့ခေတ်လို စီးပွားရေးလုပ်ငန်းအများစုက Social Media ပေါ်မှာရော၊ On-Ground မှာပါ
“Graphic Design” တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတဲ့အချိန်မှာ “Graphic Designer” တစ်ယောက်ရဲ့ အရေးပါမှုလည်း ကျယ်ပြန့်လာခဲ့ပြီး ဝင်ငွေလမ်းကြောင်းတွေလည်း
အများကြီးတိုးတက်လာတာကို တွေ့ရပါတယ်။

Covid-19 လိုမျိုး ကပ်ရောဂါကာလတွေမှာတောင် Work from Home လုပ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်နိုင်တဲ့အလုပ်ထဲမှာလည်း “Graphic Designer” က တစ်ခုအပါအဝင်ဖြစ်တာမို့ ဒီဘက်ခေတ်လူငယ်တွေလေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။​

နောက်ထပ်လည်း “Graphic Design” နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ သင်တန်းတွေကို “Maior” က ယူဆောင်လာဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် Like & Follow လုပ်ထားနိုင်ပါတယ်။​


13/03/2024

“Congratulations Scholarship Winners”

ဆရာချာလီကိုယ်တိုင်သင်ကြားပေးမယ့်
“Maior” ရဲ့ ပထမဆုံး “Mascot Drawing Calss (Batch-1)” ကို
Fully Funded Scholarships နဲ့တက်ရောက်ခွင့်ရရှိသွားသူနှစ်ယောက်ထွက်ပေါ်လာခဲ့ပါပြီ 🥳

အခု Scholarship အစီအစဉ်မှာပါဝင်ပေးခဲ့ကြသူ
တစ်ယောက်ချင်းစီတိုင်းကို “Maior” က ကျေးဇူးအများကြီးတင်ကြောင်းပြောကြားရင်း
နောက်ထပ်လည်း Scholarships အစီအစဉ်တွေ အများကြီးလာဖို့ရှိသေးကြောင်းလည်း
သတင်းကောင်းလေးပါးလိုက်ချင်ပါတယ် 🤗

Scholarships ရရှိသွားတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ Maior ရဲ့ Page Messenger သို့ Student Form လာရောက်ဖြည့်စွက်ပေးဖို့အတွက် တောင်းဆိုပါတယ်ခင်ဗျာ 🖊️

March လ (15) ရက်နေ့မှာ သင်တန်းလေးစတော့မှာမို့
အတန်းမအပ်ရသေးဘူးဆိုရင် လူအကန့်အသတ်မပြည့်ခင်
မြန်မြန်လေးအပ်ထားဖို့လိုပါမယ်နော် 🤗



Photos from Maior's post 08/03/2024

“အားလုံးမျှော်နေကြတဲ့ Mascot Drawing Class ဖွင့်ပါပြီ”
🟦 (Scholarship Oppotunities Included) 🟦

“Maior” မှာ “Mascot Drawing Class” ဖွင့်မယ်လို့ ကြေညာပြီးကတည်းက
Page Messenger မှာ နေ့တိုင်းလာမေးနေကြတဲ့ “Mascot Drawing Class” ကို
March လမှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

“Maior” ရဲ့ ပထမဆုံးအတန်းဖြစ်တဲ့ “Mascot Drawing Class (Batch - 1)" မှာ
Mascot Artist တစ်ယောက်အနေနဲ့ရော၊ Instructor တစ်ဦးအနေနဲ့ရော
အတွေ့အကြုံ အပြည့်ရှိပြီးသားဖြစ်တဲ့ ဆရာချာလီကိုယ်တိုင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီအတန်းမှာ Mascot Drawing အခြေခံကစလို့ ကိုယ်ပိုင် Mascot တွေဆွဲနိုင်တဲ့အထိ
စနစ်တကျ Step by Step သင်ကြားပေးသွားမှာဖြစ်လို့ ကျောင်းသားဘက်က သေချာလေ့လာပြီးလေ့ကျင့်သွားမယ်ဆိုရင် သင်တန်းပြီးတာနဲ့ Mascot ကို ပိုင်ပိုင်နိုင်နိုင်ဆွဲတတ်မယ်ဆိုတာ အာမခံပါတယ်။​

Mascot ဆွဲဖို့အတွက် Technique တွေကို သင်ပေးတဲ့အတန်းဖြစ်တာမို့ ဘယ််လို Device မျိုးမှာ ဘယ် Software နဲ့ပဲဆွဲဆွဲ Mascot တစ်ခုကို ကောင်းကောင်းဆွဲနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Laptop နဲ့ဆွဲမယ့်သူတွေအတွက်ကတော့
Drawing Tablet တစ်လုံးရှိထားရင် ပိုပြီးအဆင်ပြေပါတယ်။

သင်တန်းအကြောင်းအသေးစိတ်
==========================
🟦 သင်တန်းကာလ - (၂) လ။
🟦 သင်ကြားမည့်ဆရာ - ဆရာချာလီ။
🟦 စတင်သင်ကြားမည့်ရက် - ၁၅.၃.၂၀၂၄။
🟦 သင်ကြားပေးမည့် Platform - Discord။
🟦 သင်ကြားမည့်ရက် - အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ။
🟦 သင်ကြားမည့်အချိန် - ည (၈)​ နာရီမှ (၁၀)​ နာရီအထိ။
🟦 သင်တန်းကြေး - (၂) သိန်းကျပ်။​
(သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်ပါသည်။
အရစ်ကျနဲ့ပတ်သက်နဲ့ အသေးစိတ်ကို Page Messenger မှာလာရောက်မေးမြန်းနိုင်ပါသည်။)

🟦 အတန်းချိိန်တွေပြီးသွားရင်လည််း တစ်နေ့တာသင်ကြားခဲ့တဲ့ သင်ခန်းစာရဲ့
Video Recording တွေကိုလည်းပေးသွားမှာဖြစ်ပါတယ်။

ဒီအတန်းက ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ စနစ်တကျသင်ကြားပေးသွားမယ့်အတန်းဖြစ်လို့ ကျောင်းသားဦးရေကိုတော့ အများကြီးလက်မခံသေးဘဲ ကန့်သတ်ထားပါတယ်။ နောက်ထပ် Batch အသစ်တစ်ခုဖွင့်ဖို့ကလည်း အနည်းဆုံး (၂) လလောက်ကြာဦးမှာဆိုတော့ စိတ်ဝင်စားတယ်ဆိုရင် အတန်းကို စောစောစီးစီးအပ်ထားဖို့တော့လိုပါမယ်။

“Maior” ရဲ့ ပထမဆုံးဖြစ်တဲ့ “Mascot Drawing Class (Batch - 1)" မှာ
ကျောင်းသားနှစ်ယောက်အတွက် Fully Funded Scholarships ပေးဖို့ရှိပါတယ်။

Scholarship အစီအစဉ်မှာပါဝင်ဖို့အတွက်
🟦 ဝါသနာတူ သူငယ်ချင်း (၂) ယောက်ကို Tag တွဲပြီး ​
🟦 ဒီအတန်းကို ဘာလို့တက်ချင်လဲဆိုတဲ့အကြောင်းလေးကို
ဆိုတဲ့ Hashtag လေးတွေနဲ့ Share လိုက်ပါ။
🟦 Share ထားတဲ့ Screenshot ကို (၁၂.၃.၂၀၂၄) နောက်ဆုံးထားပြီး ဒီပို့စ်အောက်မှာ မန့်လိုက်ပြီဆိုရင်တော့ Scholarship အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားပါပြီ။

Share ထားတဲ့သူတွေထဲကမှ Scholarship ရရှိတဲ့ ကျောင်းသားနှစ်ယောက်ကို
🟦 (၁၃.၃.၂၀၂၄) မှာ ကြေညာသွားပေးမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်…


#ဆရာချာလီ

06/03/2024

“ဆရာချာလီ ကိုယ်တိုင်သင်ပေးမယ့် Mascot Drawing Class”

“Mascot Drawing” ကို စိတ်ဝင်စားလို့ အခုမှစလေ့လာမယ့် Beginner တွေအတွက်ပဲဖြစ်ဖြစ်၊​
ကိုယ်တိုင် Self Study လုပ်ပြီး ဘယ်လိုရှေ့ဆက်ရမလဲမသိတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ဆရာချာလီကိုယ်တိုင် စနစ်တကျသင်ကြားပေးမယ့် “Mascot Drawing Class” ကို "Maior” မှာ မကြာခင်ဖွင့်လှစ်ပေးသွားပါတော့မယ်။

ဆရာချာလီကို “Digital Drawing” စိတ်ဝင်စားတဲ့သူတော်တော်များများ သိထားပြီးသားဖြစ်ပေမဲ့ မသိသေးတဲ့သူတွေအတွက် ဆရာချာလီရဲ့အကြောင်းလေးနဲ့
အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။​

ဆရာချာလီက အသက် (၁၇)​ နှစ်အရွယ်လောက်ကစလို့ Freelance Graphic Designer အဖြစ်ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Freelance Graphic Designer အဖြစ် (၂) နှစ်လောက်အကြာမှာတော့ နိုင်ငံတကာရဲ့ Teaching Method တွေကို သေချာလေ့လာခဲ့ပြီး
Instructor တစ်ယောက်အဖြစ် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

ပန်းချီပညာနဲ့ ပတ်သက်လို့ဝါသနာထုံခဲ့တာကြောင့် Digtial Drawing ကိုလည်း Self Study လုပ်ပြီးလေ့လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ “Mascot” တွေကို စတင်ရေးဆွဲလာခဲ့ပါတယ်။ Freelancer တစ်ယောက်အနေနဲ့ရပ်တည်ခဲ့တဲ့နောက် (၇) နှစ်အကြာမှာ “Red Cat” ဆိုတဲ့ ကိုယ်ပိုင် Art & Graphic Page ကိုစတင်တည်ထောင်ခဲ့ပါတယ်။​

လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ နာမည်ကြီး Design သင်တန်းကျောင်းတွေမှာ Instructor အဖြစ် ဝင်ရောက်သင်ကြားနေကာ Graphic Design၊ Digital Art နဲ့ပတ်သက်တဲ့ Seminar တွေ၊ Webinar တွေမှာပါဝင်ပြီး လူငယ်တွေအတွက် အတွေ့အကြုံတွေကို မျှဝေပေးလျက်ရှိပါတယ်။​

သင်ကြားရေးအတွေ့အကြုံရော၊ Design Industry ထဲက အတွေ့အကြုံတွေရောပြည့်ဝတဲ့ ဆရာချာလီကိုယ်တိုင် သင်ကြားပေးမယ့် “Mascot Drawing Class” ကို “Maior” မှာ မကြာခင်ရက်ပိုင်းအတွင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ကျောင်းသား (၂) ယောက်ကိုလည်း
Fully Funded Scholarship ပေးဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် သင်တန်းအသေးစိတ်ကို
စောင့်မျှော်ကြည့်ရှုပေးကြပါဦး။​


#ဆရာချာလီ

03/03/2024

“Maior မှာ မကြာခင်ဖွင့်တော့မယ့်အတန်းက ဘာဖြစ်မလဲ” ❓

Graphic Design၊ Digtial Drawing၊ Digital Art တွေကို
စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဗဟုသုတတွေအမြဲတမ်းမျှဝေပေးနေတဲ့
“Maior” မှာ သင်တန်းတစ်ခုကို မကြာခင်မှာဖွင့်လှစ်ပါတော့မယ် 🙌

ဆိုတော့
ဘာသင်တန်းလေးဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်လိုက်ကြပါဦး 🤔

အရိပ်အမြွက်ပေးရမယ်ဆိုရင် ဘာသင်တန်းဖြစ်မလဲဆိုတာသိရဖို့
“Maior” ရဲ့ page မှာ လတ်တလော တင်ထားတဲ့ Content လေးတွေကိုကြည့်ရင်
ဘာသင်တန်းဖွင့်မလဲဆိုတာ သိကြလိမ့်မယ်လို့ထင်ပါတယ် 🤫

သင်ကြားပေးမယ့်ဆရာကလည်း အတွေ့အကြုံပြည့်ဝပြီး
အားလုံးနဲ့ ရင်းနှီးပြီးသားဆရာတစ်ယောက်ဖြစ်ပါတယ် 🧑‍🏫

နောက်ပြီး ဒီအတန်းလေးမှာ ကျောင်းသား (၂) ယောက်ကို
Scholarship ပေးသွားဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင်
မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သင်တန်းကိုလက်မလွတ်ရအောင် Stay Tune နော် 🔔


Want your school to be the top-listed School/college?

Website