Teaching Of Sun Maha Boat

Teaching Of Sun Maha Boat

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teaching Of Sun Maha Boat, Education, .

Operating as usual

22/06/2022

တနင်္လာဂြိုလ်အကြောင်း
---------------------------
တနလ်ာအကြောင်းသိလိုလျှင်မိုးပေါ်က လ
အကြောင်းအခြေခံသိလျှင်ပင်လုံလောက်ပါ
သည်။

လ သည်၊ ကိုယ်ပိုင်အလင်းရောင်မရှိပါ။ နေ မှ
ရသောအလင်းကို (လက်ခံ) ပြီး၊ ထိုအလင်းကို
(ပြန်လွှင့်)သည့် ဖန်လုံးသာသာဂြိုလ်တစ်ခုဖြစ်ပါ
သည်။ ထိုအလင်းကို ကမ္ဘာပေါ်မှလက္ခံရရှိသည်။

ထို့ကြောင့် တနင်္လာတွင် ----
၁။ လက်ခံခြင်း နှင့်
၂။ ထိုလက္ခံရရှိရာကိုပြန်ထုတ်လွှင့်ခြင်း
ဟူသော အင်္ဂါရပ်နှစ်မျိုး ပါဝင်သည်။

ဥပမာ ကျွန်တော်တို့သိပြီးဖြစ်သည့်
#အချစ် ဆိုပါစို့။

အချစ်ဖြစ်ပေါ်မှုသည် တစ်ပါးသူတစ်ဦးပါမြဲ
ဖြစ်သည်။ သင်သည် ယောင်္ကျားလေးတစ်ဦး
ဖြစ်သည်ဆိုပါစို့။ မိန်းကလေးတစ်ယောက်ကို
ချစ်မြတ်နိုးသည်ဆိုရာဝယ်၊ ကိုယ့်အနေနှင့်လက္ခံ
၍ရသည့် အလှ စသည်ဖြင့် သူ့ဆီမှလာသော
အကြောင်းခြင်းရာတစ်ခုခုကို( လက္ခံ ) လိုက်ခြင်း
မျိုးဖြစ်ပြီး၊ ထိုလက္ခံလိုက်သည့်မြတ်နိုးမှုအခြင်းအရာ
တစ်ခုခုဖြင့်၊ ချစ်ခွင့်ပန်ခြင်းမျိုးဖြစ်သည်။ ထိုအခါ
တစ်ဖက်မိန်းကလေးသည်လည်း ပြန်လည်လက္ခံလိုက်
ပြီး၊အဖြေပေးလိုက်ခြင်းမျိုးအားဖြင့်၊ နေမှရသော
အလင်းကိုတုံ့ပြန်လင်းပြီး၊ ကမ္ဘာသို့အလင်းရောက်
သကဲ့သို့ ချစ်သူ ဟူသော အသစ်တစ်ခုမွေးဖွားလာ
တော့သည်။

(ကျား)နင့်ကိုငါချစ်တယ်။
လက်ခံရရှိတယ်နော်။
(မ) ငါကလည်းချစ်ပါတယ်
ပြန်လွှင့် တယ်နော်။
အပြန်အလှန်သဘောထား (၂) ရပ်ပါဝင်နေမှ
တနင်္လာဂြိုဟ်ဆိုတာမြင်မိပြီထင်ပါသည်။

#မိခင် သည်တနင်္လာဂြိုဟ်။
မိခင်ဆိုတာ ယောင်္ကျားရှိသူမျိုးမှ၊
ကလေးလည်းမွေးထားအုံးမှ မိခင်လို့ခေါ်လို့
ရတာမျိုး။

ယောင်္ကျားဆီကသုတ်ပိုးကို လက္ခံပြီး၊ ထိုလက္ခံ
ရရှိတဲ့သုတ်ပိုးအစွမ်းကနေဘဲ ၊ ထပ်တူညီပြန်
ထုတ်လို့ မိခင်ကိုတနင်္လာလို့သတ်မှတ်ကြခြင်း
ကိုမြင်ပြီထင်ပါသည်။

#အနုပညာ သည်လည်းတနင်္လာပေါ့။
သရုပ်ဆောင်ဆိုပါစို့ဗျာ။
လက်ခံရရှိတဲ့ဇတ်ညွှန်းအတိုင်း လက်ခံ ပြီး၊
ထိုဇတ်ညွှန်းအတိုင်းပြန် ထုတ်လုပ်လွှင့်ခြင်း
ကိုမြင်တတ်ကြရပါမယ်။

အဲ့ကနေ ....
တွေးယူကြပေါ့ဗျာ။

မှန် ၊ ဖန်ထည်
အလှပြင် | အလှအပ
အတုအပ
ကြားကိစ္စ
ကြာကူလီ၊ စနိုက်ကြော်ခြင်းများ၊
ခရီး
ကား၊ ဆိုင်ကယ်
မိတ္တူ - Copy, Clone
စသည်များကိုဖော်တတ်ရပါမယ်။

Want your school to be the top-listed School/college?

Website