အခုထိပါ ဆုတောင်းရင်း.......မျှော်လင့်ရင်း...အားတင်းထားဆဲပါ💪💪💪💪🙏🙏🙏⛳⛳⛳
2021 February ရယ်
မထင်ထားမိဘူး 😢😢😢
Covid ရောဂါတွေလဲ တဖြည်းဖြည်း ကင်းစင်လာပီ
ကာကွယ်ဆေးတွေလဲ ပေါ်လာပီ
အရင်လို ပြန်ဖွင့်တော့မယ် ကျောင်းတွေ အလုပ်တွေ
အရင်လိုပဲ ပြန်ပီး နေရတော့မယ်လို့ ထင်ထားတာ
ငါတို့ အားတင်းထားပီး နေခဲ့ရတဲ့အချိန်လေးတွေ
ငါတို့ မျှော်လင့်ခဲ့ရတဲ့ အနာဂတ်တွေ
အရင်လို လမ်းတွေ ပြန်ဖွင့်မယ်ဆိုရင် ခရီးတွေ သွားကြမယ်ဆိုတဲ့ အိပ်မက်တွေ
အခုလိုမျိုး ဖြစ်လာဖို့မဟုတ်ဘူး 😢😢😢
အခုလိုမျိုး စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေရဖို့မဟုတ်ဘူး 😢😢😢
Covid ကြောင့်လဲ စိုးရိမ်ကြောက်လန့်ခဲ့ရပီးပီ
အခုတစ်ခါ ထပ်ပီး ဘာတွေဖြစ်လာမလဲဆိုပီး ပူပန်နေကြရပြန်ပီ 😢😢😢
ဘယ်အချိန်ထိ နေနေရအုံးမှာလဲ 😢😢😢😢
ဘယ်အချိန်ထိ အခုလို အားတင်းထားပီး ဆက်ပီးနေနေရအုံးမှာလဲ 😢😢😢😢
အားတင်းမှုတွေ အရာထင်ပါစေ 🙏🙏🙏🙏
မျှော်လင့်ချက်တွေ ပြည့်ဝပါစေလို့
ဆုတောင်းရင်းမှ တပါး...............အခြားမရှိတော့ပါလား 😢
Gallery of Life
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gallery of Life, Education, .
👉👉👉ဘဝ💐💐💐
ဘဝလမ်းကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူဘူး
ရင်ခုန်စိတ်လှုပ်ရှားစရာတွေချည်းပဲ ဖြတ်သန်း ကျော်ဖြတ်ကြည့်ပါ ပန်းတိုင်တစ်ခု ကျော်ဖြတ်ပြီးတိုင်း မိုတီတက်တာပေါ့👍👍👍💐
အားမလျှော့လိုက်ပါနဲ့ Fighting 💪😎ပါနော်
👉သနားလွန်တတ်ခြင်းရဲ့ နောင်တ 😌😌
2023 ဇွန်လသည် ကျွန်မတို့အတွက် အတွေ့အကြုံ သင်ခန်းစာတွေများစွာရခဲ့တဲ့ လတစ်လဖြစ်ခဲ့ပြီ။
ကျွန်မတို့လင်မယားနှစ်ယောက်သည် တခြားသူအပေါ် အမြဲစေတနာကောင်းသည့်သူများဖြစ်သည်။အထူးသဖြင့် ငွေကြေးအဆင်မပြေတဲ့သူတွေအပေါ်ဆိုရင် ပိုပြီး သနားတတ်သေးသည်။
ကိုယ်တိုင်ကလဲ မပြည့်စုံသည့်ဘဝက စခဲ့ရတာတကြောင်း (အခုလဲ အရမ်းပြည့်စုံနေခြင်းမဟုတ်ပါ)၊ သူတစ်ပါးတွေ ကူညီချင်တဲ့စိတ်ကြောင့်လဲ ပါတာမို့လို့ ဦးဦးဖျားဖျား သူစိမ်းတွေအပေါ် သနားမိခဲ့ပြီး အိမ်သို့ အလည်ခေါ်ခဲ့မိပါသည်။
ရောက်လာရင်လဲ သူတို့မရောက်ဖူးတဲ့နေရာတွေ လိုက်ပို့ပေးချင်တဲ့ ရည်ရွယ်ချက်လေးလဲ ရှိခဲ့တယ်ပေါ့နော် ၊ ကိုယ့်ရဲ့ငယ်တုန်းက မြို့ကြီးကိုရောက်ရင် လိုက်ပို့မယ့်သူမရှိခဲ့သည့်အတွက် ဘုရားမှလွဲပြီး ကျန်တာမရောက်ခဲ့ရတာကို ကိုယ်ချင်းစာခဲ့မိသည်လဲ ပါမှာပေါ့။ သို့သော် ထင်ထားသလို မဖြစ်လာခဲ့သည့်အတွက် စေတနာစော်ကားခံလိုက်ရသလို စေတနာသည် လူတိုင်းနှင့်မတန် ဆိုတာလဲ လုံးဝလက်သင့်ခံခဲ့ရပါသည်။
👉ပထမနေ့ ☺️
ထိုနေ့က သူတို့လာလည်မည်ဆိုသဖြင့် မိုးတွေရွာနေပေမယ့် မလာတတ်မှာစိုးသဖြင့် ကားဂိတ်သို့ လင်မယားနှစ်ယောက်သွားကြိုခဲ့ပါသည်။ သူတို့လာသောအခါမှာလဲ Taxi ဖြင့်အိမ်ခေါ်ပြီး မနက်စာမစားခဲ့ကြသဖြင့် ခေါက်ဆွဲနှင့်ကြက်ဥပြုတ် အရင်ဆုံးဧည့်ခံလိုက်ပါသည်။ထိုမှခဏနားပြီး သူတို့ပါလာသည့် လက်ဆောင်များ(သရက်သီးမှည့်-၁၈လုံး၊ ၄လုံးမှာ အနာပါသည်၊ဘဲဥ ၁၅လုံး -၂လုံးကွဲ၍စားမရ၊ ကြံချောင်း၄ချောင်း) တို့ကို သိမ်းပြီးမိုးရွာ
သဖြင့် ခဏနားနေလိုက်သည်။ မိုးတိတ်သည်နှင့် သူတို့နှင့်အတူ မြန်မာပလာဇာသို့ Taxi ဖြင့် အရင်ဆုံးအလည်ပို့ပေးလိုက်ပါသည်။ မြန်မာပလာဇာသည် နယ်ကသူတို့အဖို့ ရောက်ရန်ခက်ခဲမည့်နေရာဟု ထင်မှတ်ထား၍ဖြစ်ပါသည်။ မြန်မာပလာဇာသို့ရောက်သောအခါ အထပ်တိုင်းလိုက်ပို့ပေးပြီးနောက် KFC ကြက်ကြော်ဆိုင်သို့ ဝင်ခဲ့ပါသည်။ ဆိုင်ထဲတွင်လည်း ကိုယ်တိုင်နေရာယူပြီး ကြက်ကြော်ထမင်းနှင့် ကြက်ကြော်များကို 3သောင်းကျော်ပေး၍ ဝယ်ကျွေးခဲ့ပါသည်။ ထိုမျှမက TV discount ချ၍ TV ဝယ်ယူနေစဉ်အခါတွင်လည်း TV ဆိုင်မှာ စောင့်နေရမည်ဆိုးသဖြင့် သူတို့အား Season Cafe တွင် ထိုင်စောင့်စေချင်သည့်အတွက် အအေးနှင့် ကိတ်တွေကို ထပ်မံဝယ်ကျွေးခဲ့ပါသေးသည်။အပြန်တွင်လည်း Taxi ဖြင့်သာ အိမ်ပြန်လာခဲ့ပါသည်။ အိမ်ရောက်တဲ့အခါတွင်လည်း ညစာအတွက် လင်မယားနှစ်ယောက်ချက်ပြုတ်ပြီး ဧည့်ခံခဲ့ပါသေးသည်။ ထိုနေ့အတွက် သွားလာစာရိတ်အပါ စားစာရိတ် 7သောင်းကျော် ကုန်ကျခဲ့ပါသည်။
ထိုနေ့ညက ဧည့်သည်ကောင်မလေးကြောင့် ခွက်တစ်လုံးပါ ကျကွဲခဲ့ပါသေးသည်။ ထိုဧည့်သည် 3ယောက်တွင် 6နှစ်အရွယ်ကလေးတစ်ဦးပါပါသည်။ ထိုကလေးသည် မဂ်ဆောင်တစ်ခုတွင် ကျွန်မတို့နှင့် ခင်မင်ခဲ့သဖြင့် အခြားသူများက ကျွန်မတို့မွေးစားသားလေးဟု စနောက်ခဲ့ကြပါသည်။ ယခုအလည်ခေါ်ခဲ့သည်မှာလဲ ထိုကလေးအလည်လာချင်၍ ဖြစ်သည်ဟု သူ့ရဲ့အမေနှင့်အမ က ပြောသဖြင့် ကလေးလေးကို သနားတာက တစ်ကြောင်း ကလေး စိတ်ဒါဏ်ရာရမည်စိုးသဖြင့် အလိုလိုက်ကာ အလည်ခေါ်မိခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မတို့လင်မယားသည် ဘယ်သောအခါမှ သူစိမ်းတွေကို ညအိပ်အနေဖြင့် အိမ်လည် ခေါ်ခြင်း မရှိခဲ့ရပါ။
သို့သော် ထိုအဖြစ်ကြောင့် အိမ်လည်ခေါ်ခဲ့မိသည်ဆိုပါတော့။
ညအိပ်ချိန်တွင် ထိုကလေးလေးသည် ကျွန်မတို့နှင့် လာအိပ်မည်ဟု ပြောကာ သူ့အမေက သွားအိပ်ခိုင်းသည်။ ကျွန်မလုံးဝလက်မခံပါ။ TV ကြည့်နေစဉ်အခါတွင်လည်း ကလေးက ကျွန်မတို့အနားအရမ်းကပ်သည်။ အစမှာတော့ ကျွန်မတို့အပေါ် ထိုကလေးက သံယောဇဉ်ရှိသည်ဟု ထင်မှတ်ပြီးတော့ သနားချစ်လေးဖြစ်ခဲ့မိပြီး ကျွန်မတို့မှာ သူ့အတွက် ကျောပိုးအိတ်နှင့်စာအုပ်ခဲတံလေးတွေပါ တကူးတကဝယ်ပို့ပေးခဲ့သေးပါသည်။
အမှန်တကယ်တော့ ကလေးကို သူ့အမေက လုပ်ခိုင်းနေခြင်းဖြစ်ပါသည်။ သူ့အမေပြောစကားထဲတွင်လည်း ကလေးက ကျွန်မတို့နှင့်လာနေပြီး ကျောင်းတတ်ချင်ကြောင်း ကြီးလာရင် လုပ်ကျွေးမည်ဟုပြောကြောင်း အိမ်မှလက်ဆောင်တွေ ယူခဲ့ဖို့ပြောကြောင်း ထိုကလေးမှ ကျွန်မတို့အပေါ် အရမ်းကြီးခင်တွယ်နေသလိုမျိုး အရမ်းပြောခဲ့သည်။ အမှန်တကယ်တော့ ကလေးသဘာဝ မုန့်ကျွေးလို့ အနားကပ်တဲ့သဘောသာဖြစ်ပါသည်။ အရမ်းခင်တွယ်ခြင်းမရှိခဲ့တာကို သူ့အပြုအမူတွေကတဆင့် ကျွန်မတို့သတိထားမိခဲ့ပါသည်။
👉ဒုတိယနေ့ ☺️
နောက်တစ်နေ့ ရောက်တဲ့အခါမှာ ကျွန်မအမျိုးသားပါ ခွင့်ယူပြီး သူတို့ 3ယောက်အား ရွှေတဂုံဘုရားသို့ အရင်ဆုံးလိုက်ပို့ခဲ့ပါသည်။ ထိုအခါတွင်လည်း Taxi ဖြင့်သာခေါ်သွားခဲ့ပါသည်။ကလေးလေးက သူ့အမေနဲ့ထိုင်ချင်တာကို သူ့အမေက အတင်းကြီး ကျွန်မအမျိုးသားနှင့်ရှေ့ခန်းမှာထိုင်ခိုင်းပါသည်။ ဘုရားပေါ်ရောက်တဲ့အခါတွင်လည်း ကလေးမပူဆာပဲနှင့် ဆော့စရာတစ်ခုကို ပူဆာသည်ဟုဆိုကာ ဝယ်ခိုင်းပါသည်။ ကျွန်မတို့သည် သူစိမ်းတွေကို အခုလို လိုက်ပို့ပေးတာ ပထမဦးဆုံးဖြစ်ပါသည်။
အမျိုးတွေ မိဘတွေတော့ လိုက်ပို့ပေးခဲ့ဖူးသည်။ အခုလို တကူးတက အလည်ပို့ရခြင်းသည် ကျွန်မတို့အတွက် အချိန်တွေပေးရတဲ့အပြင် မိုးတွင်းဖြစ်သောကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြင့် စိတ်သောကရောက်ရမည်ဆိုတာ သိသော်လည်း နယ်ကသူတွေကို ရောက်ဖူးစေချင်တဲ့စေတနာဖြင့်သာ လုပ်ပေးရခြင်းဖြစ်ပါသည်။သို့သော် ဆွေမျိုးတွေပို့ပေးခဲ့စဉ်က သူတို့တွေမှာ အားနာလွန်း၍ မုန့်ဆိုင်ဆိုလဲ မျှရှင်း မျှခံ ဆိုသဖြင့် တော်သေးသည် ပြောရမည်။ ယခုအခါမှာတော့ မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်ခဲ့ရပါသည်။ မည်သည့်နေရာရောက်ရောက် ဘာမှမထုတ် ဘာမှမစိုက်ပဲ နေရက်လေခြင်းဟုသာ ပြောရပေမည်။
သူတို့သည် ပိုက်ဆံမရှိတဲ့သူတွေဟု ပြောတာ ကြားမိခဲ့ပေမယ့် ယခုကဲ့သို့ အလိုက်ကန်းဆိုး မသိတဲ့သူများလို့တော့ မထင်မိခဲ့ပါ။
စကားပြောကြည့်တဲ့အခါမှာလည်း အဲလောက်ထိမရှိတဲ့သူတွေ မဟုတ်ရပါ။ ကလေးအကြောင်းပြပြီး တမင်ကပ်နေသလိုပုံစံ ဖြစ်နေပါသည်။ ကျွန်မတို့လည်း တွက်ချက်စားသောက်နေရတဲ့ ဝန်ထမ်းဘဝတွေမို့ တတ်နိုင်သလောက်လေး သူတို့ဘက်ကထုတ်လိမ့်မည်ဟု မျှော်လင့်ခဲ့ပါသည်။
ဘုရားမှအပြန် ကစားကွင်းသို့ဝင်ခဲ့ပါသည်။ ကလေးမှ ရေခဲမုန့်ပူဆာ၍ ဝယ်ကျွေးခဲ့ရပါသည်။ အအေးဝင်သောက်သည့်အခါတွင်တော့ သူ့အမေမှ ဦးဦးဖျားဖျား ပိုက်ဆံထုတ်သဖြင့် ကျွန်မ ငြိမ်နေလိုက်ပါသည်။ တော်သေးသည် အအေးဖိုး 3ထောင် သူရှင်းသည်။
ထိုမှ ကစားကွင်းသို့ဝင်သည်။ ဝင်ကြေးတောင်းသည်။ 5ယောက် 1500 ကျွန်မရှင်းလိုက်ရသည်။ ကစားကွင်းတွင် ကစားရန် လက်မှတ်ဝယ်ရသည်။ ဘာဝယ်ဝယ် အနည်းဆုံး 1000 ရှိသည်။ ကလေးက ကျွန်မအမျိုးသားကို ခေါ်ပြီးပူဆာသည်။ ကလေးဆော့သမျှ ကျွန်မတို့ရှင်းရသည်။ကလေးအမေမှာ နောက်လိုက်ကြီးတစ်ယောက်အလား မသိသလို နေရက်သည်။
တစ်ခါဆော့ 1000နှင့် 5ထောင်ရှင်းလိုက်ရသည်။ ထိုမျှမကသေး သရဲရထား စီးမည်ဟု ကလေးလေးအမက သူ့အမေကိုပူဆာသည်။ သူ့အမေ လုံးဝမလှုပ်။ ကျွန်မအမျိုးသား ထပ်ပြီးရှင်းလိုက်ရသည်။ တစ်ယောက်ကို 2500နှင့် တစ်သောင်း။
ကစားကွင်းထဲတွင် 16000 နီးပါးရှင်းခဲ့ရသည်။
သူ့ကလေးကို ချစ်သည်ဆိုတာနှင့် ကလေးနှင့်ပတ်သက်သမျှအရာရာ ကျွန်မတို့ခံရမည်ဆိုသည့်သဘောကြီးဖြစ်နေသည်။
ကျွန်မတို့မှာ လိုက်ပို့တာရော သွားစရိတ် စားစာရိတ်ကအစ သူ့သားဆော့တဲ့စရိတ်ပါအဆုံး ကျွန်မတို့အကုန်ခံရသလိုဖြစ်နေလေသည်။ ထိုကစားကွင်းမှ အထွက် နေလည်စာစားချိန်ရောက်လာတော့ ထိုကစားကွင်းနားတင် ထမင်းကြော်ဆိုင်တွေ့၍ ဝင်လိုက်သည်။ အော် ငါတို့ကို အားနာပြီး ရှင်းမလားဟု ထင်မိတာကိုက ကျွန်မ အမှား 😭။ နေ့လည်စာ တစ်သောင်း ထပ်မံရှင်းခဲ့ရသည်။
အိမ်ရှင်မပီပီ ကုန်ကျစရိတ်တွက်ချက်ရသူမို့ တော်တော်အီနေလေသည်။ ကျွန်မ ပြန်ချင်ပြီ။ သို့သော် ကလေးက တိရစ္ဆာန်ရုံသွားချင်သည်ဟု ပူဆာသဖြင့် မထူးပါဘူးဟု မှတ်ယူကာ ထပ်မံလိုက်ပို့ပေးခဲ့သည်။ ထိုသွားတဲ့ Taxi ခလဲ ကျွန်မတို့ပါပဲရှင်။
တိရစ္ဆာန်ရုံဝင်ကြေး က 2500 ဖြစ်သဖြင့် ဒီတစ်ခါတော့ ကျွန်မတောင်းလိုက်သည်။ နှစ်ယောက်စာပဲ ပေးသဖြင့် ကလေးဖိုးထပ်မံစိုက်ရသည်။ ထိုအထဲတွင်လဲ မုန့်စားတာတို့ ကလေးဆော့တာတို့ အကောင်လေးတွေ ကျွေးတာတို့အပါ ကျွန်မတို့သာ ထုတ်ခဲ့ရသည်။ပြန်တဲ့အခါမှာတော့ ကံကောင်း၍ Taxi ဌားမရဘဲ ကျွန်မတို့မှတ်တိုင်ဆီရောက်မည့် YBS ရသဖြင့် သူတို့အား ထိုYBS ဖြင့်သာ ခေါ်လာခဲ့တော့သည်။ YBS ကားမှာတော့ သူတို့ မျက်နှာတွေက ဆူပုတ်နေသည်။ကျွန်မလဲ မတတ်နိုင်တော့ဘူးလေ။ အခေါက်တိုင်း ကျွန်မတို့ချည်း ငွေထုတ်ရှင်းနေရတော့ ဒီခေတ် ဒီကာလမှာ အရာရာဈေးကြီးနေတာ သိလျှက်နှင့် ကိုယ်ချင်းမစာပဲနေနိုင်ရက်တာကို တကယ်အံ့ဩမိသည်။ သူတို့မှာပိုက်ဆံမရှိရင်လဲ သူတို့ရဲ့ကလေးကို မပူဆာရအောင် တားရမှာက သူတို့တာဝန်ဖြစ်သည်။ သူစိမ်းအပေါ် အားနာခြင်းမရှိပဲ အဲ့လောက်ထိ အစစအရာရာတာဝန်ယူခိုင်းတတ်တဲ့စိတ်ရှိတဲ့သူတွေကို ကျွန်မစိတ်ထဲက လူပေါင်းမှားလေခြင်း စေတနာထားမှားလေခြင်းလို့သာ ထပ်ခါထပ်ခါ ပြောနေမိ
တော့သည်။ တော်ပြီလေ သူစိမ်းတွေပဲ အမျိုးလဲမဟုတ်ပဲအားနာခြင်းမရှိ သိတတ်မှုလဲမရှိတော့ ကျွန်မ အကုန်မခံနိုင်တော့ဘူး။
ကျွန်မတို့သဘောကောင်းမှုကြီး အားနာမှုကြီးအပေါ်မှာ လိုက်နင်းပြီး မိန့်မိန့်ကြီးစီးမျောနေတာလေ။
သူတို့အမျိုးတွေတောင် အခုလို စရိတ်ငြိမ်းပို့ချင်မှ ပို့မှာလေ။
ပိုက်ဆံမရှိတာကို လက်ခံသည် ကိုယ်ချင်းစာစိတ်မရှိတာတော့ လက်မခံနိုင်ပါ။ အမေဖြစ်သူက မစိုက်နိုင်ရင် မပေးနိုင်ရင် ကိုယ့်သားသမီးကို မပူဆာခိုင်းရဘူးလေ။ ကိုယ်မကုန်ရင်ပြီးရော သူတစ်ပါးကုန်ပါစေ ဆိုတဲ့စိတ်ဓါတ်ကြီးကို လုံးဝမကြိုက်ဘူး။
အဲဒီနေ့က ကျွန်မတို့ 9သောင်းနီးပါး ကုန်သွားခဲ့ပါသည်။
YBS ဆင်းတာနဲ့ သဘ်ောသီးထောင်း စားချင်လို့ ဆိုပြီး ကလေးက ပူဆာပြန်တယ်။သူ့အမေက ဝယ်ကျွေးရမှာမဟုတ်ဘူးလား။ ကျွန်မ မုန့်ဝယ်ပြီး အိမ်ပဲတန်းပြန်ခဲ့ပါသည်။ အဲ့ကလေးက ကျွန်မအပေါ်
မကြည်တော့ပါဘူး ၊ အိမ်ရောက်တော့ ဝယ်လာတဲ့မုန့်ချကျွေးပြီး ညစာအတွက် လင်မယားနှစ်ယောက် ပြင်ဆင်ခဲ့ရပြန်ပါသည်။ ဟူးးးးးးးး သနားမိတဲ့ အကျိုးတွေ 😜😜😜😜
👉တတိယနေ့🥹
နောက်နေ့ပြန်မည်ဆိုပြီးမှ မိုးရွာတာနဲ့ မပြန်ဖြစ်ခဲ့ပါဘူး...ပြန်မည်ဟုသာပြောနေတာပါ သိပ်ပြီးပြန်ချင်ပုံမရပါဘူး။ သူတို့လိုချင်တဲ့ လက်ဆောင်တွေ မရသေးလို့လေ 😁😁
ကျွန်မလဲ ထပ်မံ၍ လှည်းတန်းသို့ လိုက်ပို့ပေးခဲ့ပြန်ပါသည်။ ဒီတခါတော့ YBSပဲကျွန်မ ထပ်မံပြီးရွေးလိုက်ပေမယ့် ပိုက်ဆံပေးတာတော့ ကျွန်မပါပဲ 😁
လှည်းတန်းမှာပဲ မနေ့က ကလေးပူဆာတဲ့သဘ်ောသီးထောင်းကို ကျွန်မ ဝယ်ကျွေးခဲ့ပါသည် ကလေးအတွက်လေ ။ ထပ်မံပြီး
ကွေ့တီယို စားချင်သည်ဟု ကလေးမှာ ပူဆာပြန်သည်။ ကျွန်မ
မကြားချင်ယောင်သာဆောင်လိုက်တော့သည်။ သူ့ကလေးပူဆာတာ သူ့အမေကဝယ်ကျွေးရမှာပေါ့လေ။ ပြီးတော့ လှည်းတန်းစိန်ဂေဟာသို့ လိုက်ပို့ရန် သွားခဲ့ပါသည်။ သူတို့ မနက်ပြန်မည်ဆိုသဖြင့် လက်ဆောင်ဝယ်လို့ ရရန် လိုက်ပို့ပေးခြင်းဖြစ်ပါသည်။ သို့သော် ဘာမှ မဝယ်ခဲ့ပါ။
ကျွန်မဝယ်တော့ ဈေးခြင်းထဲကို ကလေးက သူစားချင်တဲ့မုန့်တွေ လိုက်ထည့်ပါသည်။ အရင်နေ့ မြန်မာပလာဇာမှာ ဈေးဝယ်တုန်းကလဲ ခြင်းထဲကို လိုက်ထည့်တယ် ပိုက်ဆံကျတော့ မရှင်းပါဘူး။အဲနေ့က ပဲနို့ဘူး၊ ချောကလက်မုန့်၊ ရေခဲမုန့် အခုလဲ ဘာလီသကြားလုံး နှင့် ချောကလက်ဘူး အတွက် ကျွန်မတို့ပဲ ရှင်းခဲ့ရပါသည် ။ လမ်းမှာလဲ ကျွန်မက သူတို့အတွက် bubble tea 3ခွက်ဝယ်ပြီး လှည်းတန်းစင်တာသို့ ဝင်ခဲ့ပါသေးသည်။ ထိုအထဲရောက်သောအခါ
ကလေးက ကျွန်မကို shoes ဖိနပ် စတင်ပြီး ပူဆာပါေတာ့သည် ။ ကလေးshoe လေးတွေက ဈေးကြီးတယ်လေ ကျွန်မ မဝယ်ပေးနိုင်ပါဘူး။ ကျွန်မကိုမေမေလို့ ခေါ်ပြီး ပူဆာလဲ မသိချင်ယောင်ဆောင်လိုက်ပါသည်။ ကျွန်မက သူတို့ကို ဆိုင်ခေါ်ပြီး တော့ပူကီ ဝယ်ကျွေးခဲ့ပါသည်။ သူတို့က ကျွန်မကို သူ့သားကို မဝယ်ပေးတော့ မစားချင်ဘူးလို့ပြောပါသည်။ ကျွန်မလဲ သူတို့မစားတော့ အိမ်မှာစားမယ်ဆိုပြီးပဲ ပါဆယ်ထုတ်လာခဲ့လိုက်ပါသည်။
အဲကနေ ပြန်တော့မည်ဆိုမှ မိုးတွေရွာလာသဖြင့် Taxi နဲ့ပဲ ကျွန်မတို့တွေ ပြန်လာခဲ့ပါသည်။ လမ်းမှာ ကလေးရဲ့အမဆောင်းတဲ့ ကျွန်မထီးလေး ကျိုးခဲ့ပါသည်။ ဘယ်လိုကျိုးသွားတာလဲ ကျွန်မမသိပါ။ လမ်းတစ်လျှောက် ထီးဆောင်းခဲ့တာ အကောင်းပါ။ ကျွန်မလဲ ဘာမှကို ပြောချင်စိတ်မရှိတော့ပါဘူး။ အိမ်ရောက်တဲ့အခါမှာတော့ ပါဆယ်ထုတ်လာတဲ့ တော့ပူကီတွေ သူတို့မစားတော့ ကျွန်မပဲထိုင်စားနေလိုက်ပြီး သူတို့ကို သရဲကားတွေ ပြရင်း အချိန်ကုန်ခံခဲ့ပါသည်။ အဲဒီနေ့ကလည်း 3သောင်းကျော်ထွက်ခဲ့ပါသည်။ သူတို့ မနက်ဖြန် ပြန်တော့မယ်ဆိုပြီး လက်ဆောင်ထည့်ပေးမလားလို့ စောင့်မျှော်နေကြပါသေးသည်။ သူတို့အိမ်အတွက် ကျွန်မတို့ဝယ်ကျွေးတဲ့မုန့်လေးစားကောင်းလို့ ဝယ်သွားချင်တယ်လို့ ပြောတော့ ကျွန်မကလည်း ဝယ်ချင်ရင် ဆိုင်လိုက်ပို့ပေးမည်ဟုပြန်ပြောလိုက်တော့ စကားတောင်မစတော့ပါဘူး။တကယ်တော့ ကျွန်မတို့ကို မုန့်တွေ လက်ဆောင်ဝယ်ထည့်ပေးချင်တာပါ။
ညရောက်တော့ ပုစွန်ဟင်းချက်ကျွေးတာကို ကလေးက ပုစွန်သေးသေးလေးလို့ပြောခဲ့လို့ ကျွန်မစသလိုပြန်ပြောခဲ့ပါသေးသည်။ အဲဒီပုစွန်က 5000 ဖိုးပါ ပုဇွန်အလတ်စားပေါ့ တအားတော့ ဘယ်ကြီးမလဲ အကြီးကြီးချက်ဖို့ သားသားပေးမှာလားလို့ ပြောလိုက်သည်
မပြန်ခင် လက်ဖက်ရည်တိုက်နော် တီတီတို့ကို လို့ ပြောပစ်လိုက် တော့သည်။ကလေးလေး ဘာမှမပြောတော့ဘူး 😁😁😁
👉လေးရက်မြောက်နေ့ 🥹
မနက်ခင်းလဲ ရောက်ရော သူတို့ပေးတဲ့ ဘဲဥကို ကြော်ပြီး ထမင်းကြော်ပြီး မနက်စာကျွေးဖို့ ပြင်ဆင်ရပြန်ပါသည်။ အဲ့မှာလဲ ကလေးက ဘဲဥကြော်က နည်းလို့တဲ့ ဒါကြီးပဲတဲ့ ကျွန်မလဲ စိတ်တိုတိုနဲ့ ကလေးက တီတီတို့ကို ဝယ်ကျွေးမှာမို့လို့ မစားနိုင်မှာစိုးလို့ လို့ ပြောလိုက်သည်။ ကလေးက တကယ်တော့ အစောထဲက ကျွန်မတို့အပေါ် မခင်တွယ်ပါဘူး။ မုန့်ကျွေးလို့သာ ကပ်တာလောက်ပဲရှိတာနေမှာပါ။ ဒါကို သူ့အမေတို့ အမတို့က ကလေးက ကျွန်မတို့ကို အရမ်းသတိရနေတာတို့ အိပ်ရင်းနဲ့ကျွန်မတို့ကို ယောင်တာတို့က သူတို့ လျှောက်ပြောခဲ့တာပဲ နေမှာပါ။ အခုအတူတူ နေကြည့်လိုက်တော့မှ အကြောင်းစုံတွေ ပေါ်လာခဲ့တော့တာပါပဲ အတွေ့အကြုံတွေပေါ့ရှင်။
ကလေးပြောတဲ့စကားဆိုတာလဲ သူ့အမေလျှောက်ပြောတာနေမှာပါ ကလေးက ဘာမှ ပြောမယ်လို့မထင်မိပါဘူး။ဒါပေမယ့် ကလေးက သူ့အမေစကားတော့ တော်တော်နားထောင်ပါသည်။
သူ့အမေကသာ မဟုတ်တာတွေ သင်ပေးနေတာက ခက်နေတာပါ။
ပြန်ခါနီးကျတော့ သူ့အမေက ကလေးကို အတင်းကန်တော့ခိုင်းပါသည်။ကလေးက မကန်တော့ချင်ပါဘူး။ ဘယ်ကန်တော့ချင်
ပါ့မလဲ ကျွန်မနဲ့သိပ်မတည့်ဘူးလေ 😁 သူ့အမေကန်တော့ခိုင်းတာလဲ ဘာအကြံလဲဆိုတာ ရိပ်မိပြီးသားပါ။ ကျွန်မတို့ဆီက မုန့်ဖိုးထပ်မျှော်လင့်လို့နေမှာပေါ့။ ကျွန်မတို့လဲ ပေးချင်ပါတယ် ပေးဖို့ ကျွန်မတို့လဲ တော်တော်ကုန်သွားလို့ပါ။ မထင်ထားမိခဲ့ဘူးလေ။ အိမ်မှာလည်းတည်းခို၊ စားတာလဲ ကိုယ်ပဲရှင်း၊ လိုက်ပို့တာက အစ ဘာဆိုဘာမှ မထုတ်တော့ မှန်းထားတာထက် ကျွန်မတို့လဲ ပိုကုန်ကျသွားခဲ့ပါသည်။ကလေးလေးအမကိုလဲ ကျွန်မဝယ်ထားခါစ အိတ်အသစ်လေး လူငယ်စတိုင်မို့လို့ သူနဲ့ပိုလိုက်မှာပဲဆိုပြီး ပေးလိုက်ပါသေးတယ် အရင်အပတ်ကလဲ အကျီဝမ်းဆက်လေးတွေ 5စုံ ကို ကလေးအမကိုပဲ ကျွန်မနဲ့ မတော်တော့လို့ အသစ်လေးတွေအတိုင်းပဲ ကျွန်မပေးခဲ့သေးတယ်။ မုန့်တွေလဲ ရှင်းပေးခဲ့ရသေးသည်။
တော်ပြီလေ သူတို့က ဘာတွေထပ်ပြီး မျှော်လင့်နေသေးတာလဲ။
အဲတာနဲ့ပဲ ပြန်တဲ့ Taxi ခတော့ ကျွန်မတင်းနေမှန်းသိလို့ သူ့အမေရှင်းတယ်။ ကျွန်မလဲ လက်ခံလိုက်သည်။ နယ်ပြန်တဲ့ ကားလက်မှတ်ဖြတ်တော့ တစ်ခါထပ်လုပ်ပြန်သည်။ လက်မှတ်ဖြတ်ရမှာဆိုတော့ ကလေးရဲ့အမကို သွားဖြတ်ခိုင်းသည် သူတို့က မသွားချင်ဘူး ကျွန်မတို့ကို စိုက်ရှင်းစေချင်တာလေ ကျွန်မတို့မှာလည်း ကုန်ကျခဲ့ရတာတွေများနေတော့ အားမနာနိုင်တော့ပါဘူး
တကယ်ဆိုရင် ရှင်းပေးစေချင်တဲ့စိတ်တော့ရှိပါသည်၊ မတတ်နိုင်တော့လို့ပါ။
ကားပေါ်တက်ခါနီးတော့ သူတို့မှာ ရယ်တောင်မပြနိုင်တော့ဘူး ပြုံးရုံတင်ပဲ ပြုံးပြပြီး ကျွန်မတို့ကို ကျေးဇူးတင်ပါတယ်လို့ စကားတစ်ခွန်းတောင် ပြောဖို့ မထွက်နိုင်ခဲ့တဲ့အဖြစ်။
ကျွန်မလေ တော်တော် အံ့ဩသွားခဲ့ပါသည်၊ သူတို့ကိုလေ အဲ့သည်လောက်ထိ မထင်ထားခဲ့မိဘူး ကျွန်မတို့မှာ သူတို့အတွက် 2သိန်းနီးပါးကုန်ခဲ့ရတာလေ၊ အချိန်ကုန် လူပမ်း ဖြစ်ခဲ့ရတာတွေက သူတို့ဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းလောက်တောင် မထိုက်တန်ခဲ့ဘူးလား။
သူတို့က ဘာလို့ ကျွန်မတို့အပေါ် မျှော်လင့်ချက်တွေ လိုချင်မှုတွေ အရမ်းများရတာလဲ သူတို့တောင် ကျွန်မတို့အတွက် စေတနာဘယ်ေလာက်များ ရှိခဲ့ကြလို့လား။
ပိုက်ဆံမရှိတာကို လက်ခံတယ် အခုလို သူတစ်ပါးဆီက လိုချင်မှုတွေ အရမ်းများနေတာကိုတော့ လက်မခံနိုင်ဘူးလေ။
ပိုက်ဆံမရှိတဲ့သူတိုင်း သူတစ်ပါးဆီကလိုချင်တဲ့စိတ်မများပါဘူး ။ ကျွန်မတို့သည်လည်း ပိုက်ဆံမရှိခဲ့ပါဘူး ဒါပေမယ့် ကျွန်မဘယ်သောအခါမှ လိုချင်စိတ်နဲ့ ဘယ်သူ့ကိုမှ မကပ်ခဲ့ပါဘူး။
မိဘပေးတဲ့ပိုက်ဆံမလောက်ရင် ချွေတာပြီးသုံးပြီး ကြိုးစားနေထိုင်ခဲ့တာပါ။ကိုယ်လိုချင်တဲ့အရာကိုလဲ ကိုယ်တိုင်ကြိုးစားရှာစုပြီးမှ ဝယ်ခဲ့တာပါ။ အခုအိမ်လေးကိုလဲ လင်မယားနှစ်ယောက် ကြိုးစားရှာစုပြီး ချွေတာပြီးဝယ်ခဲ့ရတာပါ။ဘယ်အရာမှတော့ လွယ်လွယ်မရခဲ့ရိုးအမှန်ပါ။ ကိုယ့်စိတ်ကလဲ အလွယ်လမ်းမလိုက်ခဲ့တာလဲ ပါမှာပေါ့နော်။ အဲတော့ ကိုယ်ထူးကိုယ်ချွန်သူတွေကို ကျွန်မတအားလေးစားပါသည်။
အချို့က ကိုယ်တိုင်ရှာဖွေပြီးရတဲ့အရာပဲ တန်ဖိုးထားကြတာပါ။ အလွယ်လမ်းမလိုက်ကြပါဘူး။ပြီးတော့ ပိုက်ဆံမရှိပေမယ့် စေတနာကောင်းတဲ့သူတွေမှ တပုံကြီးပါ။
ကျွန်မ အလုပ်နဲ့ Site ထဲဆင်းတုန်းကဆို လယ်ထဲက အဖွား
တစ်ေယာက်က အလည်လာတုန်းလေး သူ့မှာရှိတဲ့ မြေပဲလေးတွေ ကျွန်မကို လက်ဆောင်ပေးလိုက်တာ ကျွန်မ အခုထိမမေ့ခဲ့ပါဘူး။ ကျွန်မယုံကြည်လက်ခံထားတာပေါ့နော် လူဆိုတာ သူများဆီက လိုချင်စိတ်အရမ်းမများရဘူး ကိုယ့်လိုအပ်ချက်က ကိုယ့်တာဝန်ပဲ ဖြစ်တယ် သူတပါးဆီက အလွယ်လိုချင်တဲ့သူတွေက တိုးတက်မှုလဲ အရမ်းနှေးတယ်လို့ ကျွန်မထင်မိပါသည်။
အခုက သူတို့ကို ရိုးသားမှုရှိမည်ဟု ထင်မှတ်မိ၍ အလည်ခေါ်ခဲ့မိခြင်းမှ သင်ခန်းစာများစွာ ရခဲ့လေသည်တို့ ဘာတို့ ပေါ့နော်။
သူတို့ကထင်နေလိမ့်မည်။ ပိုက်ဆံမရှိလို့ မခေါ်တာတို့ ကြီးကျယ်တာတို့ လျှောက်ပြောနေပေလိမ့်မည်။
ကျွန်မတို့အတွက်တော့ ပိုက်ဆံထက် စိတ်ဓါတ်ပဲဟုသာ ပြောချင်ပါသည်။ လူတစ်ယောက်မှာ ပိုက်ဆံဆိုတာ ရှာလို့ရပါသည် ကိုယ်ချင်းစာစိတ်၊ ရိုးသားတဲ့စိတ်ကိုတော့ ကိုယ်တိုင်တည်ဆောက်မှရနိုင်ပါလိမ့်မည်။
ကိုယ့်မှာ မပြည့်စုံခြင်းသည် သူများပြည့်စုံမှုကို လိုချင်တပ်မက်မှုမဟုတ်ရပါ။ အကျိုးလို၍ ညောင်ရေလောင်းခြင်းကို ကျွန်မတို့ အရမ်းမုန်းပါသည်။ ထိုသူများကို အပေါင်းအသင်းလုပ်ရန် စိတ်ကူးတောင် မရွေးချယ်တော့ပါ။ထိုအဖြစ်အပျက်ကြောင့် ကျွန်မတို့သည် စေတနာသည် လူတိုင်းနှင့်မတန် ဆိုတာကို အမှန်တကယ်ကို နားလည်သဘောပေါက်ခဲ့ရပါတော့သည်။။။
အချို့ဘဝသင်ခန်းစာတွေက ပေးဆပ်မှုနှင့်တကွ သင်ကြားခဲ့ရသည်ဖြစ်ပါကြောင်း။ 😊😊😊😊😊😊😊
အိမ်ကလေး -ကံကောင်းမှုလေးတစ်ခု 💪☺️🏠
ကံဆိုတာကို ကျွန်မငယ်ငယ်က သတ်မှတ်ထားတာ အလုပ်ပဲ.
ဘာမဆို လိုချင်တာကြိုးစားရင်ရတယ်လို့ ခံယူခဲ့ဖူးတယ်
ကိုယ်ဘက်ကသာ ဇွဲရှိရှိနဲ့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ အမြဲယုံကြည်ခဲ့တယ် တကယ်တော့ အဲဒါဟာ လုံးဝမမှန်ခဲ့ဘူး
ဘယ်လောက်ပဲ ကြိုးစားကြိုးစား အခွင့်အရေး အခွင့်အလမ်းမရှိရင် ဘာမှဖြစ်မလာသလို ဘာမှလဲလုပ်လို့မရပါဘူးဆိုတာ တဖြည်းဖြည်းနားလည်လာခဲ့တယ်.......
အခွင့်အလမ်းတွေ အခွင့်အရေးတွေ ပေါ်လာရင်တောင် အတိတ်ကံမပါတာတို့ ကံမကောင်းတာတို့ဆိုရင်လည်း ဖြစ်မလာတတ်ပြန်တာလဲ ကြုံတွေ့ခဲ့ရဖူးပါတယ်.........
ကိုယ်လိုချင်တဲ့အရာတစ်ခု ကိုယ်မျှော်လင့်ထားတဲ့ ပန်းတိုင်တစ်ခုရောက်ဖို့ဆိုတာ မရရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ဖြစ်မလာနိုင်သလို အဲဒီစိတ်မရှိလဲပဲ မရတတ်ပါဘူး........ဆိုလိုတာကသူ့တစ်ခုတည်းနဲ့ မဖြစ်နိုင်တာကို ဆိုလိုတာပါ...
ဖြစ်လာစေမယ့်အခွင့်အလမ်းလဲ ရှိဖို့လိုအပ်သလို အခွင့်အလမ်းတွေပေါ်လာရင်လဲ အတိတ်ကံပါမှ ကိုယ်လိုချင်တဲ့အရာကို ကိုယ်ရထိုက်ဖို့ ပိုင်ဆိုင်ထိုက်ဖို့ ဖြစ်လာတာပါ...........တခါတလေ
အခွင့်အရေးရှိရက်နဲ့ ပိုင်ဆိုင်ဖို့ ကံမပါလာရင် ရခါနီးမှ လွဲချော်သွားတာတို့ တစ်ခုခုကြောင့် မလုပ်ဖြစ်လိုက်ရတာတို့ နောက်ဆုတ်လိုက်ရတာတို့ တွေ့ကြုံခဲ့ရဖူးပါတယ်..............
ဥပမာပြောရရင် ကိုယ်အရမ်းလိုချင်နေတဲ့အရာလေး ရဖို့ ပိုက်ဆံလေးစုထားရင်း ပမာဏလဲပြည့်ပြီ လိုချင်တဲ့အရာလဲ တွေ့ပြီဆိုမှ ပိုင်ဆိုင်ဖို့ဖြစ်လာခါနီးလေးကျမှ ကျန်းမာရေးကြောင့် အဲဒီအရာလေး စွန့်လွှတ်လိုက်ရတဲ့အခါ ဒါဟာ ရဖို့အခွင့်အရေးပေးလာပေမယ့် ပိုင်ဆိုင်ဖို့ကံလေး လိုအပ်နေသေးတဲ့အခါ လွှဲချော်သွားခဲ့ရတာပါလားလို့ သိလာပါတယ်............
အဲဒီလိုပါပဲ စာမေးပွဲမှာအရမ်းမျှော်လင့်ထားခဲ့ပေမယ့် ဖြေမယ့်ရက်မှ နေမကောင်းဖြစ်သွားခဲ့တဲ့အဖြစ်တွေ.....
အပိုင်း (2)ဆက်ရန် 💪💪💪
1.ကိုယ့်တန်ဖိုးကို သူများသိဖို့လိုတယ် 👍👍💪
🤔 ဒါဟာ ကြွားခြင်းမဟုတ်
ကျွန်မဟာ ငယ်ငယ်တည်းက အရမ်းရိုးသားပါတယ် သူတစ်ပါးကိုမနှိမ်ခဲ့ဖူးပါဘူး အားလုံးဟာ လူတွေပဲမို့လို့ ချမ်းသာတဲ့သူလဲလူပဲ ဆင်းရဲတဲ့သူလဲလူပဲ အဲလိုပါပဲ ပညာတတ်တဲ့သူလဲလူ
ပညာမတတ်တဲ့သူလဲလူပဲဆိုပြီး အားလုံးကို အဆင့်အတန်းမခွဲခြားပဲ ဆက်ဆံနေခဲ့တာပါ ကျွန်မရဲ့ခံယူချက်ကလဲ ဆင်းရဲ ချမ်းသာ ပညာတတ်ဆိုတာက ဘဝပေးကုသိုလ်ကံအကျိုးပေးကြောင့် ဖြစ်လာကြတာဆိုပြီး ကိုယ့်ထက်ဆင်းရဲ ပြီး ပညာမတတ်တဲ့သူကိုတွေ့ခဲ့ရင်လဲ ကိုယ်ချင်းစာစိတ်နဲ့ သူတို့ရဲ့အားနည်းချက်ကို မနှိမ်ပဲ ရင်းရင်းနှီးနှီးဆက်ဆံတတ်တာ ကျွန်မရဲ့ စိတ်ပါ......
ဒါပေမယ့်လေ တွေ့ကြုံလာခဲ့တဲ့လူတွေအချို့ကြောင့် ကျွန်မရဲ့ခံယူချက်က မမှန်ပါလားဆိုတာ တဖြည်းဖြည်းသိလာခဲ့တယ်
🥴ကျွန်မအတွေ့အကြုံပေါ့နော် ကျွန်မက ဆယ်တန်းတောင်မအောင်တဲ့ ကောင်မလေးတစ်ယောက်ကို တရင်းတနှီး ညီမလေးလို ခေါ်ပြောဆက်ဆံပေမယ့် သူဘက်ကကျတော့ မခေါ်ချင်သလိုလို မပြောချင်သလိုလို ဆက်ဆံတာ ခံရပါတယ် ပြီးတော့ ကျွန်မက အင်ဂျင်နီယာဘွဲ့ရဆိုတာသိတော့ ဒီနိုင်ငံကပညာကသုံးစားလို့မရဘူးတွေရော ပညာတတ်တာက ဘာမှမထူးဘူးတွေရော စုံနေတာပါပဲ......အဲမှာ ကျွန်မသိလိုက်ပြီ အဆင့်အတန်းမတူညီပဲ စကားပြောဆိုလို့မရဘူးဆိုတာကိုလေ
တကယ်တော့ စကားတောင်စမပြောပဲ ကိုယ့်ဟန်နဲ့ကိုယ်နေရမှာ
အချို့နေရာတွေက သူ့နေရာနဲ့သူနေတတ်ရမယ်ဆိုတာသိရမယ်ပေါ့နော်
😫နောက်အတွေ့အကြုံကတော့ အကိုကြီးတစ်ယောက်ပေါ့နော် သူက ရိုးရိုးမေဂျာနဲ့တောင် စာမေးပွဲကျလိုက် ပြန်တက်လိုက်နဲ့ အခုတော့ ဘွဲ့ရသွားပြီလား မသိပါဘူး
ကျွန်မက ဘွဲ့့ရခါစ အလုပ်ရှာနေတဲ့အချိန်မှာ သူနဲ့စကားပြောနေရင်းနဲ့ သူက ဘာပြောလဲဆိုတော့ အခုချိန်မှာ အင်ဂျင်နီယာတွေက ချီးပေါသေးပေါ ပေါနေပြီတဲ့ အလုပ်ရှာဖို့ခက်တယ်တဲ့
ကျွန်မ တော်တော်စိတ်ဆိုးသွားတယ် သူကိုယ်တိုင်ကျတော့ ရိုးရိုးဘွဲ့ရလေ သူ့တောင် အင်ဂျင်နီယာဘွဲ့ရမို့လို့လား ကိုယ့်ဘွဲ့ထက်မြင့်တဲ့ဘွဲ့ကို အထင်မကြီးချင်နေပါ မစော်ကားနဲ့လေ ဆိုတာပေါ့
အချို့လူတွေကလေ ကိုယ့်ထက်ပညာအရာပဲဖြစ်ဖြစ် ဥစ္စာအရာပဲဖြစ်ဖြစ်မြင့်နေရင် အဲဒီလူတွေကို စောင်းမြောင်းပြောမယ် ပုတ်ချမယ်ဆိုတာက များတယ် ကိုယ်ကများ နှိမ့်ချပြီး သူတို့နဲ့ သွားမဆက်ဆံမိစေနဲ့ ပြောခံလိုက်ရမယ်ဆိုတာ သိသွားခဲ့တာပေါ့
😖နောက်အတွေ့အကြုံတခုကတော့ ကျွန်မယောက်ခထီးမှာ ခကျွန်မအပါအဝင် ချွေးမသုံးယောက်ရှိတယ်ပေါ့နော် ကျွန်မနှိမ်ချင်တဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး အဲထဲမှာ သားကြီးကယူတဲ့ ကျွန်မက အင်ဂျင်နီယာဘွဲ့ရပါ သားလတ်က ယူတဲ့မိန်းကလေးက ဆယ်တန်းမအောင်ပါဘူး သားအငယ်ဆုံးယူတာက ရိုးရိုးမေဂျာဘွဲ့ရပါ.......အဲထဲမှာလေ ယောက်ခထီးရဲ့ပြောတာခံရဆုံးက ကျွန်မပါ အသိတတ်ဆုံးကလဲ ကျွန်မပါ ကျန်တဲ့နှစ်ယောက်ကိုဆို ယောက်ခထီးက ပြောကိုမပြောရဲတာပါ မဂ်လာဆောင်ကအစ ယောက်ခထီးက ဆောင်ပေးရတာပါ ကျွန်မတုန်းကဆို ဘာမှလက်မဖွဲ့တဲ့အပြင် မဂ်လာအစအဆုံး ကျွန်မတို့စုထားသမျှအကုန်ခံ အရှုံးခံပြီး သူ့သဘောသူ့စိတ်ကြိုက် လုပ်ခဲ့ရတာပါ
သူတို့အဝတ်အစားကအစ ချုပ်ပေးခဲ့တဲ့ ချွေးမတစ်ယောက်ပါ
အခြားချွေးမနှစ်ယောက်ကတော့ သူတို့ကိုတောင်အကျီချုပ်ပေးဖို့နေနေသာ မဂ်လာတောင် ပြန်ဆောင်ပေးရမှာပါ.....
ဒါတောင် အခုထိကျွန်မကိုဆို အကောင်းမပြောပါဘူး ကျွန်မတို့မှာယူပြီးသွားလဲ ယောက်ခမတွေအတွက် လစဉ် ခြောက်နှစ်ကျော်အထိထောက်ပံ့ပေးခဲ့တဲ့သူတွေပါ...........
🥹🥹🥹တကယ်တော့ အဲဒီအမှားတွေက ကျွန်မအမှားတွေပါ....
ကျွန်မကိုယ်ချင်းစာတတ်တယ် သူများအတွက်အရမ်းတွေးတတ်တယ် စကားပြောရင်လဲ နှိမ်ချပြီးပြောတတ်တဲ့အတွက်ကြောင့် ကျွန်မနဲ့တွေ့တဲ့သူတိုင်းက ကျွန်မအပေါ်ကိုဆို ပြောရဲဆိုရဲတယ်
တန်ဖိုးမထားဘူး လူဘုံအလယ်မှာ ယောက်ခမက ငါ့လက်ပဲလက်ဖွဲ့နိုင်မယ်လို့ ပြောရဲတာ ချွေးမသုံးယောက်ထဲမှာ ကျွန်မပဲရှိမယ်လေ ၊👉👉👉ဒါဟာ ကျွန်မ ညံ့လို့ပေါ့ ကျွန်မ ကိုယ့်တန်ဖိုးနဲ့ကိုယ်
မနေတတ်ခဲ့လို့ ကျွန်မ အရမ်းကို သဘောကောင်းခဲ့လို့ပဲလေ........
ကျွန်မလူတိုင်းကို တရင်းတနှီး မနှိမ်ပဲ ပြောဆိုဆက်ဆံခဲ့လို့ အခုလိုကျွန်မ အနှိမ်ခံခဲ့ရတာပါ.......
ကိုယ်တန်ဖိုးနဲ့ကို နေတတ်ထိုင်တတ်ခဲ့ရင် အခုလိုပြောခံခဲ့ရမှာမဟုတ်ပါဘူး ပြောလဲပြောရဲကြမှာမဟုတ်ပါဘူး........
ကျွန်မရဲ့အရမ်းဖော်ရွေပြီး နားလည်ပေး သဘောကောင်းပေးခဲ့လို့ အနင်းခံခဲ့ရတာပါ.......
အဲတာကြောင့် စာလေးတစ်ပုဒ်ဖတ်ဖူးတယ် လူသတ်ထားတဲ့သူကိုမေးတယ် ဘာလို့ဒီလူတွေသတ်လိုက်တာလဲဆိုတော့ သူတို့က ခွင့်ပြုလို့တဲ့လေ............
ကျွန်မလဲ လူတိုင်းကို တန်းတူဆက်ဆံပြီး အရမ်းသဘောကောင်းခြင်းဟာ အချို့လူတွေရဲ့ အနင်းခံအနှိမ်ခံပြီး ကိုယ့်ကို ပြောရဲစော်ကားရဲဖို့ လမ်းဖွင့်ပေးတဲ့ တံတားများလားလို့ ကြာလာလေ တွေးမိလာလေ ဖြစ်လာတယ်.......
တခါတလေ ရိုးသားရမှာ ကြောက်လာတယ် သဘောကောင်းရမှာကြောက်လာတယ် သူတပါးအတွက်ချည်း တွေးတတ်တဲ့စိတ်ကြီးကိုလဲ မုန်းလာမိတယ်...........
လူတွေအကြောင်းကို လူတွေကပဲ သင်ပေးသွားတာပါ.......
နောက်ထပ်အတွေ့အကြုံတွေလဲ အများကြီးမှအများကြီးပါ
ပြောချင်တာက ကိုယ့်ဘက်က မနှိမ်ပဲနဲ့ တရင်းတနှီးဆက်ဆံပေမယ့် အဆင့်အတန်းချင်းမတူညီတဲ့အခါ ဘယ်လိုမှ ပြောဆိုဆက်ဆံလို့မရပါဘူးဆိုတာပါပဲ .............
ဒီနေရာမှာ အဆင့်အတန်းဆိုတာလဲ ရှင်းပြချင်ပါတယ်
အဆင့်အတန်းဆိုတာ ငွေကြေးပြည့်စုံတာကို ဆိုလိုတာမဟုတ်ပါဘူး တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ်ချင်းစာစိတ်လေးနဲ့ ရိုသေလေးစားစွာ ပြောဆိုခြင်းကို ဆိုလိုတာပါ
သူနှိမ်ကိုယ်နှိမ်ပြောတာတွေ သူကြွားကိုယ်ကြွား ပြောတာတွေ စကားနိုင်လုနေကြတာတွေ တစ်ဘက်သားကို ကဲ့ရဲ့ပြောဆိုနေကြတာတွေဟာ အဆင့်အတန်းမရှိတဲ့ပြောဆိုခြင်းတွေပါ ......
အဲဒါကြောင့် ကျွန်မအတွေ့အကြုံအရပေါ့နော် အရမ်းမရိုးသားပါနဲ့ ကိုယ်တန်ဖိုးကိုယ်ဟန်လေးနဲ့ နေတတ်ထိုင်တတ်ပါနော်
တခါတလေ ကိုယ့်ရိုးသားဖြူစင်မှုက သူများတွေရဲ့နှိမ်ဖို့ ဖြစ်လာတတ်လို့ပါ .........
အဲလိုပြောလို့ အရမ်းကြီးမာနကြီးပြီးတော့ ဘဝင်မြင့်ခိုင်းပြီး သူတစ်ပါးကိုနှိမ်ခိုင်းနေတာ မဟုတ်ပါဘူးနော်.......
ကိုယ်တန်ဖိုး ကိုယ့်အနေအထားလေးက မနေတတ်မထိုင်တတ်တဲ့အခါ သူများတွေအတွက် နှိမ်လို့ရပါတယ်ကွာတို့ ပြောလို့ရပါတယ်ကွာလို့ ဖြစ်တတ်လို့ပါ...........
တခါတလေ ကိုယ့်ဂုဏ်ကို ဖော်ပြီးလဲ နေသင့်ဖို့လိုအပ်ပါကြောင်း
😀😀😀 I am Engineer 😀😜😜😜
🥀တစ်ခါတလေ🥀
👉ဘဝမှာ တစ်ခါတလေ မျှော်လင့်ရတာ အရမ်းပင်ပန်းတယ်
👉ဘဝမှာ တစ်ခါတလေ အားတင်းနေရတာ အရမ်းပင်ပန်းတယ်
👉ဘဝမှာ တစ်ခါတလေ စောင့်နေရတာ အရမ်းပင်ပန်းတယ်
👉ဘဝမှာ တစ်ခါတလေ ကြိုးစားနေရတာ အရမ်းပင်ပန်းတယ်
👉ဘဝမှာ တစ်ခါတလေ ပြုံးပြရတာ အရမ်းပင်ပန်းတယ်
👉ဘဝမှာ တစ်ခါတလေ လစ်လှူရှုရတာ အရမ်းပင်ပန်းတယ်
တကယ်တော့ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခု ဖြစ်လာဖို့အတွက် မဖြစ်ချင်တဲ့အရာများစွာအတွက် အားတင်းကျော်ဖြတ်နေကြရတာပါ 🥹🥹🥹💪💪💪
ဘာလို့အဲလိုလုပ်ရတာလဲ🤔🤔🥀🥀🥀🙈🙉🙊
👉သူတစ်ပါးရဲ့မျှော်လင့်ချက်တို့ အိပ်မက်တို့ကို အလွယ်တကူ ဘာလို့ ရိုက်ချိုးရက်နိုင်ကြတာလဲ
👉သူတစ်ပါးရဲ့ ကတိစကားတွေကို အလွယ်တကူ အမူမဲ့အမှတ်မဲ့ ဘာလို့ မေ့နိုင်ရက်ကြတာလဲ
👉 သူတစ်ပါးရဲ့ စောင့်မျှော်နေရတာကို သိသိရက်နဲ့
ကိုယ်ချင်းမစာ ဘာလို့ လစ်လှူရှုရက်ရတာလဲ
👉 သူတစ်ပါးကို ဘာလို့ မလေးမစားဆက်ဆံနိုင်ကြတာလဲ
👉ဒီကာလ ဒီအချိန်အခါမှာ ဘာလို့များ အခွင့်ကောင်းယူပြီး နှိမ်ချ ဆက်ဆံကြတာလဲ
👉အဲလိုမျိုးတွေ လုပ်ကြတော့ရော ဘာတွေပြန်ရမှာလဲ ဝဋ်ပြန်လည်မှာ မကြောက်ကြဘူးလား
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ 🙏🙏🙏
သူ့ဘက် # ကိုယ့်ဘက်
🌼ကိုယ့်ဘက်ကသာ လေးစားတန်ဖိုးထားနေပေမယ့် သူ့ဘက်မှာတော့ ကိုယ့်ကို နှိမ်လိုက်တာဆိုတာ ရစရာမရှိဘူး............
🌼ကိုယ့်ဘက်ကသာ အမှတ်တရလက်ဆောင်တွေပေးခဲ့ပေမယ့် သူ့ဘက်မှာတော့ အဲဒီလက်ဆောင်ကို တန်ဖိုးဖြတ်ပြီး ကဲ့ရဲ့နေတာ ရစရာမရှိဘူး.......
🌼ကိုယ့်ဘက်ကသာ သူ့အတွက်ဆိုပြီး တွေးပေးတတ်ခဲ့ပေမယ့် သူ့ဘက်ကတော့ ကိုယ့်ကို စိတ်ထဲတောင် မရှိတာမှ ရစရာမရှိဘူး.....
👉တစ်ခါတစ်လေ ဘဝကြီးက ကိုယ်တွေးထားသလို မဟုတ်ဘူး
ကိုယ်ထင်ထားသလိုလဲ မရိုးရှင်းသလို ကိုယ်ပေးဆပ်ခဲ့သလိုလဲ ပြန်မရတတ်ဘူး.......
👉အဲဒီအရာကို လက်ခံတတ်ဖို့ပဲ လိုတယ်......
👉အဲဒါကြောင့် ဘယ့်အရာကိုမှ မျှော်လင့်ချက်ထားပြီး မပေးမိပါစေနဲ့.......
👉တစ်ခါတစ်လေမှာ ပေးတဲ့လက်က ဖြူစင်ပေမယ့် ယူတဲ့လက်က ဖြူစင်ချင်မှ ဖြူစင်တာ...........ထပ်တူကျနိုင်ဖို့က မလွယ်ကူဘူးလေ...........
👉သူ့ဒုက္ခရောက်ခဲ့စဉ်မှာ ကိုယ် ကူညီခဲ့ပေမယ့် ကိုယ်ဒုက္ခရောက်ခဲ့ရင် ကူညီချင်မှ ကူညီမှာလေ.............
👉အဲဒါကြောင့် ဒုက္ခမရောက်အောင်လဲ ကိုယ့်ဘာသာကို ကြိုးစားပြီးနေပါ.....ကိုယ်ကူညီနိုင်သလောက်ပဲ ကူညီပါ........လူတိုင်းက ကိုယ့်လို မဟုတ်တဲ့အတွက်ကြောင့် မျှော်လင့်ချက်နဲ့တော့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဘယ်သူ့ကိုမှ မကူညီပါနဲ့...........
👉အချို့အရာတွေက ကိုယ်ထင်ထားတာနဲ့လွဲတတ်လို့ပါ 😌😌
⭐တစ်ယောက်သောသူအကြောင်း
🥹အချို့ဘဝလေးတွေက အိပ်မက်မက်မယ်ကြံရုံလေး ရှိသေးတယ် အဖြိုခံလိုက်ရသလိုမျိုး....
🥹အချို့ဘဝလေးတွေက ဂျီကျမယ်ကြံခါရှိသေးတယ် သန်မာ လိုက်ရသလိုမျိုး.....
🥹အချို့ဘဝလေးတွေက အရွက်လေးထွက်ရုံရှိသေးတယ် အပင်လိုက်ဆွဲနုတ်ခံလိုက်ရသလိုမျိုး.....
🥹အချို့ဘဝလေးတွေက နာကျင်မှုကိုမျိုသိပ်ရင်း အခက်အခဲတွေကြားထဲမှာ အသက်ရှင်ဖို့အတွက်လေးပဲ အားတင်းရုန်းကန်နေကြရသလိုမျိုး.....
🥹အချို့ဘဝတွေက တမင်သက်သက် ပေးဆပ်ဖို့ ဝဋ်ကြွေးဆပ်ဖို့အတွက်ပဲ လူဖြစ်လာရသလိုပဲ သူတို့ဘဝကြီးက ဘာမှမျှော်လင့်တောင့်တစရာ နတ္တိ......
🙏အဲဒီလိုလူမျိုးတွေမှာ ကိုယ်ချင်းစာစိတ်ရှိကြတယ် စွန့်လွှတ်ရဲကြတယ်.... သူတပါးအတွက် တွေးပေးတတ်ကြတယ်
😌သူတို့မှာ ပြိုင်ဘက်မရှိဘူး လောဘမရှိဘူး မနာလိုစိတ်မရှိဘူး..............................
အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်
ပေါက်ကွဲသွားတဲ့အခါ
ဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့
စကားတွေနဲ့
အပြစ်တွေ တင်တတ်ကြတယ် ။
အမြဲတမ်း နားလည်ပေးနေတဲ့လူတစ်ယောက်က
နားလည်မပေးတော့တဲ့အခါ
ဒီလောက်လေးတောင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့
စကားတွေနဲ့
စကားနာထိုးတတ်ကြတယ် ။
ဘယ်အရာမဆို
အတိုင်းအတာ ဆိုတာရှိတယ်ဆိုတာမှန်း
လူတိုင်းက နားမလည်တတ်ကြဘူး
သူတို့မှ မနာကျင်ဖူးရင်
သူတို့မှ မနစ်နာဖူးရင်
သူတို့ ဖြစ်တာမှ မဟုတ်ရင်
ဒဏ်ရာဆိုတာကို
သူ့တို့က ဟာသလို့ပဲ ထင်ကြတာ ။
အိုဗားမား မိန်းမရဲ့ အဖြေကို အရမ်းကြိုက်တယ်။
ယောက်ျားကထားခဲ့လို့ဖြစ်စေ
ချစ်သူကထားခဲ့လို့ဖြစ်စေ
အငယ်အနှောင်းယူသွားလို့ဖြစ်စေ
စွန့်ပစ်ခဲ့ရင် မိန်းမတချို့ဘဝပျက်မတတ်
ဖြစ်တတ်ကြပါတယ်..
အမှန်က ပျော်ရမှာပါ....
လက်ခုပ်တီးပြီးကို
ကျေနပ်ဝမ်းမြောက်စွာပျော်ရမှာပါ....
ကိုယ်ငယ်ရွယ်ကျန်းမာတုန်း
သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ
သိလိုက်ရတဲ့အတွက်
က်ိုယ့်တန်ဖိုးနားမလည်တဲ့လူရဲ့ဘေးနား
အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက်
နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို
လွတ်လပ်စွာ တည်ဆောက်ရခြင်းက
ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင်
ဒီမိန်းမဟာ ပျော်သင့်ပါတယ်....
တခါကဘုရင်ကြီးတစ်ပါးမှာ သမီး(၃)ယောက်ရှိသတဲ့။
ဘုရင်ကြီးက သမီးတော်တို့ဒီလို
နေနေရတာ ဘာကြောင့်လဲလို့
မေးတဲ့အခါ သမီးအကြီး(၂)ယောက်က
"ခမည်းတော် ကျေးဇူးကြောင့်...."
လို့ အမြဲလျှောက်ပြီး
အငယ်ဆုံးသမီးတော်ကတော့
"သမီးတော်ရဲ့ဘုန်းကံကြောင့်" လို့လျှောက်သတဲ့။
တိုတိုပြောရရင်
ဘုရင်ကြီးကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့
ပေးစားလွှတ်လိုက်တယ်။
တောစပ်မှာ ထင်းခုတ်ဖို့သွားတော့
ချောင်းတစ်ခုအကူးမှာ သူဆင်းရဲ
ထင်းခုတ်သမားဟာ စိန်တွေတွေ့တော့
သူ့မိန်းမ အတွက်ဆော့ကစား ရအောင်
ယူလာရာကမင်းသမီးကနေရာလိုက်ပြခိုင်းပြီး ခမည်းတော်ထံအပ်တော့ ခမည်းတော့်
ဘဏ္ဍာဆိုရင်မီးသွေးတုန်းပဲဖြစ်နေလို့
သမီးတော့်ဥစ္စာ ဆိုမှ စိန်ပြန်ဖြစ်သတဲ့.....
နောက်တစ်ခုက
အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့
သူ့ဇနီး စားသောက်ဆိုင်တစ်ခုမှာ
သွားစားကြတော့ သူ့ဇနီးကို
စားသောက်ဆိုင်ပိုင်ရှင်က
စကားပြောချင်လို့အိုဘားမားဆီမှာ
ခွင့်တောင်းတယ်။
ဆိုင်ပိုင်ရှင်ဖြစ်သူနဲ့စကားသွားပြောပြီး
ပြန်လာတဲ့ဇနီးကို အိုဘားမားကြီးက မေးတော့ ကျမကိုသူကျောင်းတုန်းက
ကြိုက်ခဲ့ဖူးတယ်လို့ မီရှဲကပြောပြပါတယ်။
"တကယ်လို့သာမင်းတို့ ရခဲ့ကြရင် အခုနေမင်းဟာဒီစားသောက်ဆိုင်ကြီး
ပိုင်နေရောပေါ့နော်" ဆိုတော့..
မဟုတ်ဖူး ကျမနဲ့သာသူရခဲ့ရင်
"သူဟာ အမေရိကန်သမ္မတ ဖြစ်နေပြီလေ..."
လို့ပြုံးပြုံးကြီးပြောချပေးလိုက်ပါသတဲ့
ကဲ...ဒီတော့ ပြောချင်တာက
မိန်းမတိုင်းမှာ သူ့ဘုန်းသူကံဆိုတာရှိတယ်...
ယောက်ကျားတစ်ယောက်
ဘုန်းကံနိမ့်လာပြီဆိုရင်....
မိန်းမတစ်ယောက်ရဲ့
ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်.....
အကြောင်းအမျိုးမျိုးပေါ်လာပြီး
အဲ့ဒီယောက်ကျားဟာ ဘုန်းကံရှိတဲ့
မိန်းမနားမှာမနေနိုင်ပဲ
စွန့်ပြေးချင်စိတ်ပေါက်လာလိမ့်မယ်...
ဘဝမှာ ဒီမိန်းမကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလိုစည်းစိမ်နဲ့ အဆင်တပြေ နေရမယ့်ကံပါလာတယ်
ဆိုတာ သူတို့မသိကြဘဲ သူတို့တော်လို့တတ်လွန်လွန်းလို့
ချည်းထင်တတ်ကြတယ်....
အားပေးချင်တာက သတ္တိရှိကြပါ...
ရဲရဲသာလုပ်ပြပါ။
မတွန့်ပါနဲ့မကြောက်ပါနဲ့ ဝမ်းမနည်းပါနဲ့
ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေးအချိန်တခုသာပေး စောင့်ကြည့်နေလိုက်ပါ...
လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်းကျေနပ်ဝမ်းသာရမဲ့ အဖြေတစ်ခုရမှာပါ....
သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော မိန်းမပျိုတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ ဖခင် က ပေးစားသည့် ယောက်ျားကိုယူ၍ လိုက်ခဲ့စဉ်တောလမ်းတစ်နေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများခူးစားနေရာ မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင်ကိုယ်တိုင် ခူးစားဟု ဆိုလေသည်။ သို့နှင့် ကိုယ်တိုင်တက်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက်ခြေတွင် ဆူးများဖြင့်ကာရံ၍ ထွက်ပြေးတော့သည်ဟူဧ။်။
မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထိုမိန်းမပျိုကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့လေသည်။ ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာအရောက်တွင် မိဖုရားကြီးက ဣန္ဒြေမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီးမေးလျှင် ဤသို့ဖြေဧ။်။
"ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျှင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤလူညံ့မဆောင်နိုင်ရှာ ဟုတွေးမိ၍ရယ်မိကြောင်းပါ ဘုရား"
မင်းကြီးက မယုံကြည်၍ ဘုရားလောင်း
မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်းဧ။်။
"ဤမိန်းမမြတ်ကို ယောက်ျားက စွန့်ပစ်သွားသည်ဟူသော စကားကို သားတော်ယုံကြည်ပါသည်။ ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့် အတူဆက်ဆံ၍မနေနိုင်ကြောင်းပါ ဘုရား" တည်းဟူဧ။်။
ထို့နည်းတူစွာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်းသိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကိုနားမလည်သောကြောင့် စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတို့ကို ဖြစ်စေလျက် မိန်းကလေးဘက်က စွန့်ခွာသွားအောင်လည်းကောင်း မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံနိမ့်ပါးမှုအတိုင်း ဘဝကို ရွေးခြယ်ကြရ၏။
သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိတို့၏တန်ဖိုးကို ကောင်းစွာသိရှိနားလည်ပြီ တန်ဖိုးထားတတ်သူနှင့်သာလျှင် ကောင်းစွာထိုက်တန်ပါပေ၏။
တကယ်တော့ မိမိကို စွန့်ပစ်သွားသူသည် မိမိ၏ဘုန်းကံအရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ်စိုးစဉ်းမျှ မရှိသင့်။ သာလွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား....
ဒါကြောင့် ကိုယ့်ကိုစွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေနေသလို
ကျန်ခဲ့တဲ့မိန်းမတွေကို ပြောချင်တာက သတ္တိရှိပါ...
ဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါ...
သူများအားမကိုးပါနဲ့ ...တစ်နေ့ ကိုယ့်ဘုန်းကိုယ့်ကံနဲ့တန်တဲ့လူနဲ့ကြုံလာခဲ့ရင် ကိုယ့်အခြေအနေတင့်တယ်လှပနေရမယ်လို့ ခံယူထားပါ...
ပြီးတော့ သိပ်လှအောင် နေပါ ။😃😃😃😃😄😄
`တစ်ယောက်တည်းအဆင်ပြေဖို့ ကြိုးစားနေတယ်။
ချပြမှ သိမယ့်တန်ဖိုးတွေကိုလဲ
မြင်ပါစေလို့ မမျော်လင့်တော့ဘူး
ရှင်းပြမှ သဘောပေါက်မယ့် နားလည်မှုတွေကိုလဲ
ရေရှည်တည်မြဲဖို့ မကြိုးစားတော့ဘူး
ကိုယ့်ဘက်ကဘဲ တွယ်ကပ်နေရပြီး
အတင်းတောင်းဆိုမှ ရမယ့် ချစ်ခြင်းမေတ္တာမျိုးကိုလဲ
လိုချင်စိတ်တွေ မထားတော့ဘူး
ဆုပ်ကိုင်ထားရတာ ပင်ပန်းမှန်းသိလာတဲ့အခါ
အလိုလို လွှတ်ချတတ်လာဦးမှာပဲမို့လား
ဘဝက
ပျော်ရွှင်စရာဇာတ်ဝင်ခန်းတွေချည်း
သီးသန့်ရှိနေတာမဟုတ်ပေမယ့်
ကိုယ့်နဲ့ပတ်သတ်တဲ့သူတိုင်းကိုတော့
ပျော်စရာတွေပဲ ဖန်တီးပေးခဲ့တာပါ
ဒါကြောင့်လဲ
ကိုယ်ပေးတဲ့ ဒဏ်ရာနဲ့
ကိုယ်ကြောင့်ဖြစ်တဲ့ နာကျင်မှု
ဘယ်သူ့မှာမှ မကျန်ခဲ့ဖူးလို့
ဘယ်လိုဆက်ဆံရေးမျိုးကိုပဲ ပြန်ကြည့်ကြည့်
ကိုယ့်ဘက်က အမြဲလိပ်ပြာလုံရတယ်
ဒါပေမယ့်
ကိုယ့်ပေါ် ဒဏ်ရာပေးခဲ့တဲ့သူတွေနဲ့
လမ်းကြုံလို့မဟုတ်ဘဲ
တစ်ကူးတက လာထိုးသွားတဲ့
နောက်ကျောက ဓားရာတွေကိုတော့
စိတ်ထဲကဘဲ မှတ်ထားလိုက်ပါတယ်
တကယ်တော့ ဒါက
ပြန်လက်စားချေဖို့အတွက် မဟုတ်ပါဘူး
နောက်တစ်ခါ လုံးဝပြန်မပတ်သတ်မိစေဖို့အတွက်ပါ
ထုက်မပြောတာပဲရှိတာ
ဘယ်သူက ကိုယ့်ပေါ်ကောင်းတယ်
မကောင်းဘူးဆိုတာ အကုန်သိတယ်
တစ်ချို့အရာတွေကို ခွင့်လွှတ်လိုက်တယ်
တစ်ချို့အရာတွေကို မေ့ပစ်လိုက်တယ်
တစ်ချို့နေရာတွေမှာ မနာကျင်သလိုလိုနဲ့
ဟန်ဆောင် ပြုံးထားလိုက်တယ်
ဘဝမှာ
ဘာမှမဖြစ်သလို ရှင်သန်လိုက်ခြင်းကလဲ
နေတတ်ခြင်းတစ်မျိုးပဲမဟုတ်လား
အမှန်တွေကို နားလည်ခဲ့ရသလို
အမှားတွေဆီကလဲ သင်ယူခဲ့ပြီးပြီ
အမုန်းတွေကြောင့် လောင်ခဲ့ရသလို
အချစ်တွေကြောင့်လဲ ပူခဲ့ရဖူးပြီ
မျော်လင့်ချက်တွေ များလို့
နာကျင်ပြိုလဲခဲ့ရဖူးသလို
လူတွေအကြောင်းလဲ လူတွေဆီကဘဲ
သိသင့်သလောက် သိခဲ့ရပြီးပါပြီ
ဘာမှထပ်မဖြစ်ချင်တော့သလို
ဘာမှ မလိုချင်တော့ဘူး
ပြီးတော့ နောက်ထပ်လဲ မပတ်သတ်ချင်တော့ဘူး
သံယောဇဉ်အသစ်တွေကို
အတတ်နိုင်ဆုံး ရှောင်မယ်
တစ်ယောက်တည်းဖြစ်နေလဲ
ပျော်ရမယ့်ဘာသာရပ်မျိုးကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ယူမယ်
ချောက်ကမ်းပါးအမြင့်ကြီးတွေကို မြင်တိုင်းလဲ
မကြာခင် ပြုက်ကျသွားတော့မှာပါလားလို့ဘဲ
ထင်နေမိတယ်
တစ်ချို့တိမ်တွေက
မျက်ကွယ်မှာဘဲ ပြိုတတ်တဲ့အကြောင်းကို
ကောင်းကင်ကြီးမသိတာတော့ ရင်နာတယ်
ဘဝမှာ
မယ်မယ်ရရ မပိုင်ဆိုင်ခဲ့ဖူးတဲ့အတွေကို
ဘယ်တော့များ ဆုံးရှုံးသွားလေမလဲလို့
ကြိုမတွေးထားချင်တော့ဘူး
ဒီနေ့မှာပဲ ရှင်သန်မယ်
မျော်လင့်စိတ်တွေ လျော့ချမယ်
ကိုယ်ခေါ်ရင်
ပျော်နေမယ့်သူတချို့လောက်နဲ့ပဲ ပတ်သတ်မယ်
ကိုယ်ဆက်ရင်
ဝမ်းပန်းတသာကိုင်မယ့်ဖုန်းမျိုးကိုဘဲ ဆက်မယ်
ကိုယ်ရေးရင် ချက်ချင်းပြန်မယ့်စာမျိုးကိုဘဲ ပို့မယ်
မနေချင်တဲ့သူတွေကို
သူရော ကိုယ်ရော အပင်ပန်းခံပြီး
ဆွဲမထားသင့်ဘူးမို့လား
နောက်ဆုံးတော့
တိမ်တွေကို အကြောင်းမဲ့ ငေးကြည့်နေတတ်တဲ့
သွေးအေးအေးနဲ့ ကောင်မလေးတစ်ယောက်ပါ
ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို
အတိတ်မှာပဲ ထားခဲ့ပါကွာလို့
ကိုယ့်ကိုယ်ကို ပြောပြပြီးတော့
ဘဝမှာ
အနားမှာဘယ်သူ့မှ မရှိလဲ
ကိုယ်တစ်ယောက်တည်း
အဆင်ပြေအောင်နေတတ်ဖို့ ကြိုးစားနေပါတယ် …။