New Road ကျောင်းပြင်ဆင်စါးရိတ်ထည့်ဝင်ကြသည့် အလှူရှင်များကို အမည်အတိုကောက်နှင့် အလှူရှင်လက်မှတ်များပို့နေပါပြီ
AKK IGCSE school
IGCSE exams preparation for Myanmar students
New Road Learning Centre ကျောင်းဆောင်များပြင်ရန် အလှူငွေ စါရင်းအချုပ်
ကျောင်းဆောင်ပြင်ရန် အလှူငွေထည့်ဝင်ကြသော ပြည်တွင်းပြည်ပမှ အလှူရှင်များအားလုံးအား အထူးကျေးဇူးတင်ပါသည်ခင်ဗျာ။
ယနေ့ ထိုင်းဘတ် ၂၀ ၀၀၀ ထပ်မံပို့ပေးပါသည်။ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ
မေ (၃) ရက် ၂၀၂၄ အထိကျောင်းဆောင်ပြင်ရန်အလှူကို ပါဝင်နိုင်ပါသည်ခင်ဗျာ။ June လဆန်း ကျောင်းဖွင့်အမှီ ပြင်ဆင်နိုင်ရန်လိုပါသည်။ ကျွန်တော်လှူထားသည်ကို တင်ပေးလိုက်ပါသည်။ တစ်ခါမှမတင်ဘူးပါ။ အလှူရှင်တိုင်းကို ကျွန်တော့်အတိုင်း ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးပို့ပေးပါမည်။ ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။
အလှူရှင်များသို့ -
ကျောင်းဆောင်ပြင်ဘို့ အလှူငွေထည့်တဲ့အခါ အပြည့်အဝအကျိုးရစေဘို့အတွက် ‘ဒီလိုလှူဒါန်းလိုက်ရတဲ့အ တွက် ကျောင်းသူကျောင်းသားလေးတွေရဲ့ ပညာရေးချောမွေ့အဆင်ပြေပါစေ၊ ပညာများတတ်မြောက်ကြပါ စေ’ ဆိုပြီး အာရုံပြုပေးလိုက်ရတယ်။
လှူတဲ့ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အကြောင်းမဟုတ်ပါ။ ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လေးလောက်ဘဲ ကုသိုလ်ရတာတို့၊ ညောင်စေ့လေးလောက်လှူပြီး ညောင်ပင်ကြီးလောက်ကုသိုလ် ရတာတို့ ဆိုတာ လှူတဲ့သူရဲ့ စိတ်စေတနာအပေါ်မူတည်ပါတယ်။
စိတ်စေတနာဆိုတဲ့စကားမှာ စိတ်က အာရုံလေးညွှတ်ပေးလိုက်ဘို့ လိုအပ်တယ်။ စေတနာမေတ္တာရှေ့ထားပြီး အာရုံလေးပြုပြီး လှူလိုက်တယ်ဆိုရင် အဘိဓမ္မာသဘောတရားအရ အကျိုးပေးမြန်ဆန်တယ်။ နောင်ကိုယ်မှာ ဘဲဖြစ်ဖြစ် ကိုယ့်သားသမီးမှာဘဲဖြစ်ဖြစ် ပညာရေးနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေကြုံလာတယ်ဆိုရင် ပြုခဲ့တဲ့ ကုသိုလ်ကို ပြန်လည်သတိရပြီးပွါးများပေးရင် ကိုယ့်အခက်အခဲတွေလဲ အလိုအလျှောက်အကူအညီ ပေးသူတွေပေါ်ပေါက်လာပြီး ပြေလည်သွားတတ်တယ်။ လက်တွေ့တွေများပါတယ်။
U Aung Kyaw Khaing (21/04/24)
🤣🤣🤣
AKK English School မှ Cambridge CAE ဝင်ရောက်ဖြေဆိုသူ - ၄ ဦး
အောင်မြင်သူ ၂ ဦး (Tr.Myo &Tr.Alice) Congratulations!
B2 First (FCE)
ဦးရေပြည့်နေသော်လည်း အရည်အချင်းမှီသူများကို တန်းစီထားပါသည်ခင်ဗျာ
AKK English School
ပညာဒါနသင်တန်း
B2 First (FCE) သင်တန်းသားများခေါ်ယူခြင်း
(မြန်မာနိုင်ငံမှ CDM English ဆရာများအတွက်သာ)
1.ရည်ရွယ်ချက်
၁။မြန်မာနိုင်ငံတွင် qualified English teachers များ တိုးပွါးများပြားစေရန်။
၂။မြန်မာနိုင်ငံတွင်းမှ B2 First (FCE) (Cambridge) သင်တန်းများသို့ အရည်အချင်းပြည့်မှီသော်လည်း တက်ရောက်ရန် မတတ်နိုင်သူများကို အကူအညီ ပေးရန်။
2.ဆရာများ
ကျွန်တော်နှင့် CAE (Cambridge) အောင်မြင်ပြီးသော ကျွန်တော်၏ကျောင်းမှ ဆရာများ တွဲဖက်သင်ကြားပါမည်။
3.သင်ကြားမည့် Platform
Online သင်ကြားရေးစနစ်ဖြစ်ပါသည်။ Google Meet ကိုအသုံးပြုပြီးသင်ကြားပါ မည်။ သင်ခန်းစါတိုင်းကို Recording လုပ်ထားပြီး ကျောင်းသားများမှ တောင်းယူနိုင် ပါသည်။
4.ခေါ်ယူမည့်သင်တန်းသားဦးရေ - (၈) ဦး
(ရွေးချယ်ခံထားရပြီးသူ (၇) ဦးရှိနှင့်ပြီးဖြစ်ပါသည်။ လူသစ် (၈) ဦးထပ်မံခေါ်ယူပါ သည်။ သင်တန်းတွင် စုစုပေါင်း (၁၅) ဦး အထိရှိပါမည်။)
4.Requirements – B1 Preliminary (PET) အောင်မြင်ပြီးသူဖြစ်ရပါမည်။
B1 Preliminary for Schools (PET) မဟုတ်ပါ။ ဤ qualification ရှိပြီးသူများသည် B2 First for Schools (FCE) ဆက်လက်တက်ရမည်ဖြစ်ပါသည်။
(သို့မဟုတ်)
English ကို intermediate level အပြည့်ရှိပြီး English စါသင်ကြားရေးတွင် အတွေ့အ ကြုံ ရင့်ကျက်ပြီးသူများ ဖြစ်ရပါမည်။
*မှတ်ချက်။ ။ သင်တန်းတက်နေစဉ်ကာလအတွင်း English intermediate level အပြည့်မရှိကြောင်းတွေ့ရလျှင် သင်တန်းသားစါရင်းမှ ချက်ခြင်းရပ်ဆိုင်းခြင်းခံရပါ မည်။
5.လျှောက်လွှာစတင်လက်ခံခြင်း - Sunday the 24th of March 2024
6.လျှောက်လွှာပိတ်ရက် - မရှိ (လူပြည့်သွားပြီးမှ လက်ခံရရှိသည့်လျှောက်လွှာများ ကို တန်းစီဇယားဖြင့် သိမ်းဆည်းထားပါမည်။ လစ်လပ်သွားခြင်းရှိလျှင် ထည့်သွင်း ပေးပါမည်။)
7.သင်တန်းစတင်မည့်ရက် - Friday 5 April 2024
8.သင်တန်းကာလ - အောက်တိုဘာလ ၂၀၂၄ B2 First (FCE) စါမေးပွဲကျင်းပသည့် ရက်အထိ အကြမ်းဖျင်းအားဖြင့် (၆) လ ကျော်ကြာပါမည်။
9.Timetable – 7 pm to 8:30 pm (Myanmar Standard Time)
Monday, Wednesday, Friday ( 3 days a week)
10.သင်တန်းကြေး - မည်သည့်အကြောင်းပြချက်နှင့်မှ သင်တန်းကြေးကောက်ခံ မည်မဟုတ်ပါ။
11.လျှောက်ထားရမည့် မေးလ် - [email protected]
12.လျှောက်ထားသူ၏မေးလ် - gmail အသစ်ဖွင့်ရပါမည်။
လျှောက်ထားသူ၏ နာမည်အပြည့် [email protected] နှင့်လျှောက်ရ ပါမည်။ ဉပမာ။ ။လျှောက်ထားသူသည် အောင်ကျော်ခိုင်ဖြစ်လျှင် --------------- [email protected] ဟူသော မေးလ်အသစ်ဖွင့်ပြီးလျှောက် ရပါမည်။ နာမည်တူရှိနေ၍ မေးလ်ဖွင့်မရလျှင် နာမည်နောက်မှ 123…စသည်ဖြင့် ဂဏန်းများထည့်ပြီးဖွင့်ပါ။ ဉပမာ။ ။ သန်းထွန်း နာမည်တူနေ၍ မေးလ်ဖွင့်မရဖြစ် နေလျှင် [email protected] …စသည်ဖြင့်ဖွင့်ပါ။
13.လျှောက်လွှာကို မေးလ်တွင် body of the email တွင် ရိုက်ထည့်ပါ။ attachment နှင့် လုံးဝ မပို့ပါနှင့်။
14.ပညာအရည်အချင်း အထောက်အထားကို အချိန်မရွေးတောင်းယူကြည့်ရှုပါမည်။
15.လျှောက်လွှာကို တိကျမှန်ကန်စွာဖြည့်ပါ။ နောင်တွင်ကွဲလွဲချက်တွေ့ရှိပါက တွေ့ ရှိသည်နှင့် ကျောင်းသားစါရင်းမှပယ်ဖျက်ခြင်းခံရပါမည်။
16.တစ်ပတ်တွင် (၃) ချိန်၊ လေးပတ်တွင် (၁၂) ချိန်သင်တန်းရှိပါသည်။ မည်သည့် (၄) ပတ် ဆက်တိုက် အတွင်းတွင်မဆို ကျောင်းခေါ်ချိန် (၃) ချိန် မည်သည့်အကြောင်းဖြင့် ပျက်သည်ဖြစ်စေ ကျောင်းသားစါရင်းမှ ပယ်ဖျက်ခြင်းခံရပါမည်။ အကြမ်းဖျင်းအား ဖြင့် တစ်လလျှင် (၃) ချိန်ပျက်လျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ခြင်းခံရပါမည်။
(ကျန်းမာရေးမကောင်းသူများ လျှောက်ထားခြင်း မပြုပါနှင့်။)
17.စါသင်ခန်းကို (၁၅) မိနစ်ကြိုတင်ဖွင့်မည်ဖြစ်ပါသည်။ ကျောင်းနောက်ကျခြင်း များနေလျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ပါမည်။
18.တစ်ခန်းထဲတွင် Wifi တစ်ခုအား Share ပြီးသုံးခြင်းမပြုရပါ။ သင်ကြားရေးကို ထိခိုက်စေပါသည်။
19.စါသင်နေချိန်တွင် ဖုန်းပြောခြင်း၊ အစါစါးခြင်း၊ ကလေးထိန်းခြင်း၊ အစရှိသည့် စါသင်ခန်းနှင့်မဆိုင်သည့် ကိစ္စရပ်များ မပြုလုပ်ရပါ။
20.အခါအားလျှော်စွာပေးသည့် အိမ်စါများကို ကျေပွန်စွာလုပ်ဆောင်နိုင်ရပါမည်။
21.အခါအားလျှော်စွာ စစ်ဆေးသည့် tutorial များကို ဖြေဆိုရပါမည်။
22.Cambridge မှ စစ်သည့် B2 First (FCE) ၏ အနီးကပ်ဆုံးစါမေးပွဲကို ဖြေဆိုပါ မည်ဟု အာမခံရပါမည်။ October 2024 တွင် စါမေးပွဲရှိကြောင်း သိထားရပါသည်။
23.ကျောင်းမှအခါအားလျှော်စွာချမှတ်သည့်စည်းကမ်းများကိုလိုက်နာရပါမည်။
24.လက်ခံသူများကို Welcome email ပြန်ကြားပါမည်။ လျှောက်လွှာတွင်မပြည့် စုံလျှင် / မှားယွင်းထည့်သွင်းထားလျှင် လက်ခံမည်မဟုတ်ပါ။
25. Google Classroom မှ invitation email နှင့်ဖိတ်ပါမည်။ ဖိတ်သည်ကို လက်ခံ Accept လုပ်လိုက်လျှင် classroom ထဲသို့ ရောက်လာပါမည်။ email နေ့ တိုင်းစစ်ပါ။
26.ပထမဆုံးရက် အတန်းမတက်လျှင် စါရင်းမှပယ်ဖျက်ပါမည်။
27.စါသင်ခန်းတွင် Screen ဖွင့်ထားရပါမည်။ အမည်အရင်းအတိုင်း Screen name ပေးရပါမည်။
28.ကျောင်းဝင်ခွင့်ပုံစံ
(၁)အမည် (မြန်မာလို) (ဦး/ဒေါ် မထည့်ပါနှင့်) ...............
(၂)အမည် (အဂ်လိပ်လို) (ဦး/ဒေါ် မထည့်ပါနှင့်) .............
(၃)ကျား/မ ...........................................
(၄)အသက် (date of birth မထည့်ပါနှင့်) .......................
(၅)(၁၀) တန်းအောင်မြင်ခဲ့သော ခုနှစ် ....................
(၆)ရရှိခဲ့ပြီးသည့် ပညာအရည်အချင်းများ ....................
(၇) English စါကို အမြင့်ဆုံးမည်သည့်အတန်းထိသင်ခဲ့သည် ..............
(၈)ဆရာလုပ်သက် ................
(၉)မည်သည့်နေ့ရက်တွင် CDM စတင်လုပ်ခဲ့သည် (အကြမ်းဖျင်း) ..............
(၁၀)ဤသင်တန်းကို တက်ရောက်လိုသည့် ရည်ရွယ်ချက် (အတိုချုပ်) ....................
(၁၁) B2 First (FCE) အောင်မြင်ပြီးလျှင် AKK English School တွင် ဆရာလျှောက်ထားလိုခြင်း ရှိ/မရှိ ...........................
(၁၁)မည်သည့်မြို့မှ ကျောင်းတက်မည် (မြစ်ကြီးနား/စစ်ကိုင်း/etc.) ..........
(၁၂)အထက်အပိုဒ်များ နံပါတ် 1 to 27 အထိသေချာဖတ်ရှုပြီးမပြီး ............
(၁၃)ကျောင်းမှ အခါအားလျှော်စွာချမှတ်သော စည်းမျည်းများကို လိုက်နာပါမည်/ မလိုက်နာနိုင်ပါ .............................
(၁၄)မိမိအမြဲသုံးနေကျ gmail …………………….
(၁၅)Facebook name and link .......................
(၁၆)လျှောက်ထားသည့်နေ့စွဲ .............................
U Aung Kyaw Khaing M.A.(EFL)., LL.B., Advocateship., Dip in English (IFL)., Certificate in English Language Teaching to Adults (CELTA) (Cambridge, UK)(2001)
24/03/24
AKK English School
A course on Advanced Vocabulary and Sentence Structures
ပညာဒါနသင်တန်း
( မြန်မာနိုင်ငံမှ CDM များအတွက်)
1.ရည်ရွယ်ချက်
မြန်မာနိုင်ငံပြင်ပသို့ထွက်ခွါပြီး Further studies လုပ်လိုသူများ၊ Organizations / Companies များတွင် အလုပ်လုပ်လိုသူများ၊ IELTS & ESOL Exams (Cambridge KET, PET, FCE, CAE, CPE) ဖြေဆိုလိုသူများအတွက် တိုက်ရိုက်အကျိုးပြု မည့် သင်တန်းဖြစ်ပါသည်။
2.ဆရာများ
ကျွန်တော်နှင့် ကျွန်တော်၏ကျောင်းမှ CAE (Cambridge) အောင်မြင်ပြီးသော ဆရာများမှ တွဲဖက်သင်ကြားပါမည်။
3.သင်ကြားမည့် Platform
Online သင်ကြားရေးစနစ်ဖြစ်ပါသည်။ Google Meet ကိုအသုံးပြုပြီးသင်ကြားပါ မည်။ သင်ခန်းစါတိုင်းကို Recording လုပ်ထားပြီး ကျောင်းသားများမှ တောင်းယူနိုင် ပါသည်။
4.ဖွင့်လှစ်မည့်သင်တန်း - A course on Advanced Vocabulary and Sentence Structures (Vocabulary and writing)
သင်တန်းသားများ စတင်လက်ခံမည့်ရက် - Monday 22nd of March, 2024
သင်တန်းဖွင့်လှစ်မည့်ရက် - Wednesday 3rd April 2024
သင်တန်းပြီးဆုံးရက် - last week of September 2024 (6-month course)
Timetable - 7:00 pm to 8:30 pm / 8:45 pm; (Myanmar time)
Every Monday, Wednesday, Friday
Requirements: English Level: pre-intermediate
ရှင်းလင်းချက်။ ။ English pre-intermediate level မရှိသေးလျှင် မဖြစ်နိုင်ပါ။ Verb to do; Verb to be; Verb to have; Modal verbs များ၏ Sentence structures များကို မှားယွင်းသုံးလျှင်၊ Present tenses; Past tenses; Future tenses များ၏ pre-intermediate level အသုံးများကို မှားယွင်းသုံးလျှင် သင်တန်းသားစါရင်းမှ ချက်ခြင်း ပယ်ဖျက်ပါမည်။
5.သင်တန်းကြေး - မည်သည့်အကြောင်းပြချက်နှင့်မှ သင်တန်းကြေးကောက်ခံ မည်မဟုတ်ပါ။
6.လက်ခံမည့်သင်တန်းသားဦးရေ - (၃၀) ဦးရာလူစနစ်ဖြစ်ပါသည်။
7.လက်ခံစါရင်းပိတ်ခြင်း - မရှိ (၃၀ ဦးထက်ကျော်လွန်ပါက တန်းစီဇယားတွင် ထည့် သွင်းထားပါမည်။ ထွက်သွားသူ၏ နေရာတွင် ထည့်သွင်းပေးပါမည်။)
8.1.လျှောက်ထားရမည့် မေးလ် - [email protected]
*8.2လျှောက်ထားသူ၏ မေးလ် - မေးလ်အသစ်ဖွင့်ရပါမည်။
full [email protected] နှင့်လျှောက်ရ ပါမည်။ ဉပမာ။ ။လျှောက်ထားသူသည် အောင်ကျော်ခိုင်ဖြစ်လျှင် --------------- [email protected] ဟူသော မေးလ်အသစ်ဖွင့်ပြီးလျှောက် ရပါမည်။ နာမည်တူရှိနေ၍ မေးလ်ဖွင့်မရလျှင် နာမည်နောက်မှ 123…စသည်ဖြင့် ဂဏန်းများထည့်ပြီးဖွင့်ပါ။ ဉပမာ။ ။ သန်းထွန်း နာမည်တူနေ၍ မေးလ်ဖွင့်မရဖြစ် နေလျှင် [email protected] …စသည်ဖြင့်ဖွင့်ပါ။
8.3.လျှောက်လွှာကို မေးလ်တွင် body of the email တွင် ရိုက်ထည့်ပါ။ attachment နှင့် လုံးဝ မပို့ပါနှင့်။ Subject တွင် Vocabulary and Structure ဟု ထည့်ရိုက်ပါ။
9.အထက်ပါ အပိုဒ် 8 ကိုနားမလည်လျှင် [email protected] သို့ မေး ပါ။
10.1.အစအဆုံးသေချာဖတ်ပြီးမှလျှောက်ပါ။
10.2.လျှောက်လွှာကို တိကျမှန်ကန်စွာဖြည့်ပါ။ နောင်တွင်ကွဲလွဲချက်တွေ့ရှိပါက တွေ့ ရှိသည်နှင့် ကျောင်းသားစါရင်းမှပယ်ဖျက်ခြင်းခံရပါမည်။
10.3.ကျောင်းပျက်ရမည်ဆိုလျှင် ကြိုတင်၍ ခွင့်တိုင်ပါ၊ (သို့) ပျက်သည့်ရက်၏ နောက်ရက်တွင် ခွင့်တိုင်ပါ။ တစ်လလျှင် (၅) ရက်အထိ ခွင့်ပေးပါမည်။
10.4.ခွင့်တိုင်ခြင်းကို Google classroom ၏ stream တွင် ခွင့်တိုင်ရပါမည်။
10.5 စည်းကမ်းတကျ ခွင့်မတိုင်လျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ပါမည်။
10.6.စါသင်ခန်းကို (၁၅) မိနစ်ကြိုတင်ဖွင့်မည်ဖြစ်ပါသည်။ ကျောင်းနောက်ကျခြင်း များနေလျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ပါမည်။ (၁) ကြိမ်သတိပေးပါမည်။
10.7.တစ်ခန်းထဲတွင် Wifi တစ်ခုအား Share ပြီးသုံးခြင်းမပြုရပါ။ သင်ကြားရေးကို ထိခိုက်စေပါသည်။
10.8.စါသင်နေချိန်တွင် ဖုန်းပြောခြင်း၊ အစါစါးခြင်း၊ ကလေးထိန်းခြင်း၊ အစရှိသည့် စါသင်ခန်းနှင့်မဆိုင်သည့် ကိစ္စရပ်များ မပြုလုပ်ရပါ။ အရည်သောက်နိုင်ပါသည်။
10.9.အခါအားလျှော်စွာပေးသည့် အိမ်စါများကို ကျေပွန်စွာလုပ်ဆောင်နိုင်ရပါမည်။
10.10.အခါအားလျှော်စွာ စစ်ဆေးသည့်စါမေးပွဲများကို ဖြေဆိုရပါမည်။
10.11.ကျောင်းမှအခါအားလျှော်စွာချမှတ်သည့်စည်းကမ်းများကိုလိုက်နာရပါမည်။
11.လက်ခံသူများကို Welcome email ပြန်ကြားပါမည်။
12.လျှောက်လွှာတွင် မှားယွင်းထည့်သွင်းလျှင်၊ မပြည့်စုံလျှင် အကြောင်းပြန်ကြား ခြင်းမပြုပါ။ လက်ခံမည်မဟုတ်ပါ။ Facebook messenger မှ လာ၍ မမေးပါနှင့်။
13. Google Classroom မှ invitation email နှင့်ဖိတ်ပါမည်။ ဖိတ်သည်ကို လက်ခံ Accept လုပ်လိုက်လျှင် classroom ထဲသို့ ရောက်လာပါမည်။
14.လျှောက်ထားပြီးလျှင် မေးလ်နေ့တိုင်းစစ်ပါ။
15.ပထမဆုံးရက် အတန်းမတက်လျှင် စါရင်းမှပယ်ဖျက်ပါမည်။
16.ကျောင်းဝင်ခွင့်ပုံစံ
(၁)အမည် (မြန်မာလို) (ဦး/ဒေါ် /မောင်/မ မထည့်ပါနှင့်) ...............
(၂)အမည် (အဂ်လိပ်လို) (ဦး/ဒေါ် /မောင်/မ မထည့်ပါနှင့်) .............
(၃)ခေါ်စေလိုသည့်အမည် (ရှိလျှင်) ………...........
(၄)ကျား/မ ...........................................
(၅)အသက် (date of birth မထည့်ပါနှင့်) .......................
(၆)(၁၀) တန်းအောင်မြင်ခဲ့သော ခုနှစ် ....................
(၇) အမြင့်ဆုံးရခဲ့သည့်ပညာအရည်အချင်း ..............
(၈)သင်ယူခဲ့သည့် ဘာသာရပ် ................
(၉)မည်သည့် လ၊ နှစ်တွင် CDM လုပ်ခဲ့သည် .....................
(၁၀)CDM မလုပ်ခင်က မည်သည့်အလုပ်ကို လုပ်သည် (ဉပမာ - ကျောင်းသား) .....
(၁၁)ဖြေဆိုအောင်မြင်ခဲ့ဖူးသည့် Cambridge စါမေးပွဲများ (ရှိလျှင်) လ နှင့် ခုနှစ် နှင့်တကွ ဖေါ်ပြပါ ..........
(၁၂)မည်သည့်မြို့မှ ကျောင်းတက်မည် (မော်လမြိုင်/ မြစ်ကြီးနား etc.) ..........
(၁၃)ဤသင်တန်းတက်ရသည့် ရည်ရွယ်ချက် (အတိုချုပ်) .........................
(၁၄)စည်းကမ်းချက်များကိုဖတ်ရှုသိရှိပြီးလိုက်နာပါမည်/မလိုက်နာနိုင်ပါ ............
(၁၅)မိမိအမြဲသုံးနေကျ gmail …………………….
(၁၆)မြန်မာဖုန်းနံပါတ် .......................
(၁၇)Facebook account link and name ……………………..
(၁၈)လျှောက်ထားသည့်နေ့စွဲ .............................
17.AKK English School မှ ဆရာများလျှောက်ထားရန်မလိုပါ။ သင်တန်းသားစါရင်းတွင် ထည့်သွင်းပြီးဖြစ်ပါသည်။ မိမိတို့သင်ကြားနေရသည့် အတန်းအချိန်များနှင့် လွတ်သည့်အချိန်တိုင်း ဝင်ရောက် တက်ရပါမည်။Continuing Professional Development (CPD) အမြဲလုပ်ရပါမည်။
U Aung Kyaw Khaing M.A.(EFL)., LL.B., Advocateship., Dip in English (IFL)., Certificate in English Language Teaching to Adults (CELTA) (Cambridge, UK)(2001)
22/03/24
Advanced Vocab သင်တန်း လျှောက်သည့် မိမိမေးလ်၏ Format အမှားများနေကြပါသည်။ ပြန်လျှောက်ကြပါ။
AKK English School
A course on Advanced Vocabulary and Sentence Structures
ပညာဒါနသင်တန်း
(ထိုင်းနိုင်ငံတွင်ရောက်နေသော မြန်မာ CDM များအတွက်)
1.ရည်ရွယ်ချက်
ထိုင်းနိုင်ငံတွင် (သို့) ထိုင်းနိုင်ငံပြင်ပသို့ထွက်ခွါပြီး Further studies လုပ်လိုသူများ၊ Organizations / Companies များတွင် အလုပ်လုပ်လိုသူများ၊ IELTS & ESOL Exams (Cambridge KET, PET, FCE, CAE, CPE) ဖြေဆိုလိုသူများအတွက် တိုက်ရိုက်အကျိုးပြု မည့် သင်တန်းဖြစ်ပါသည်။
2.ဆရာများ
ကျွန်တော်နှင့် ကျွန်တော်၏ကျောင်းမှ CAE (Cambridge) အောင်မြင်ပြီးသော ဆရာများမှ တွဲဖက်သင်ကြားပါမည်။
3.သင်ကြားမည့် Platform
Online သင်ကြားရေးစနစ်ဖြစ်ပါသည်။ Google Meet ကိုအသုံးပြုပြီးသင်ကြားပါ မည်။ သင်ခန်းစါတိုင်းကို Recording လုပ်ထားပြီး ကျောင်းသားများမှ တောင်းယူနိုင် ပါသည်။
4.ဖွင့်လှစ်မည့်သင်တန်း - A course on Advanced Vocabulary and Sentence Structures (Vocabulary and writing)
သင်တန်းသားများ စတင်လက်ခံမည့်ရက် - Monday 18th of March, 2024
သင်တန်းဖွင့်လှစ်မည့်ရက် - Monday 1st April 2024
သင်တန်းပြီးဆုံးရက် - last week of September 2024 (6-month course)
Timetable - 7:30 pm to 9:00 pm / 9:15 pm; (Thai time)
Every Tuesday, Thursday and Saturday
Requirements: English Level: pre-intermediate
ရှင်းလင်းချက်။ ။ English pre-intermediate level မရှိသေးလျှင် မဖြစ်နိုင်ပါ။ Verb to do; Verb to be; Verb to have; Modal verbs များ၏ Sentence structures များကို မှားယွင်းသုံးလျှင်၊ Present tenses; Past tenses; Future tenses များ၏ pre-intermediate level အသုံးများကို မှားယွင်းသုံးလျှင် သင်တန်းသားစါရင်းမှ ချက်ခြင်း ပယ်ဖျက်ပါမည်။
5.သင်တန်းကြေး - မည်သည့်အကြောင်းပြချက်နှင့်မှ သင်တန်းကြေးကောက်ခံ မည်မဟုတ်ပါ။
6.လက်ခံမည့်သင်တန်းသားဦးရေ - (၃၀) ဦးရာလူစနစ်ဖြစ်ပါသည်။
7.လက်ခံစါရင်းပိတ်ခြင်း - မရှိ (၃၀ ဦးထက်ကျော်လွန်ပါက တန်းစီဇယားတွင် ထည့် သွင်းထားပါမည်။ ထွက်သွားသူ၏ နေရာတွင် ထည့်သွင်းပေးပါမည်။)
8.1.လျှောက်ထားရမည့် မေးလ် - [email protected]
*8.2လျှောက်ထားသူ၏ မေးလ် - full [email protected] နှင့်လျှောက်ရ ပါမည်။ ဉပမာ။ ။လျှောက်ထားသူသည် အောင်ကျော်ခိုင်ဖြစ်လျှင် --------------- [email protected] ဟူသော မေးလ်အသစ်ဖွင့်ပြီးလျှောက် ရပါမည်။ နာမည်တူရှိနေ၍ မေးလ်ဖွင့်မရလျှင် နာမည်နောက်မှ 123…စသည်ဖြင့် ဂဏန်းများထည့်ပြီးဖွင့်ပါ။ ဉပမာ။ ။ သန်းထွန်း နာမည်တူနေ၍ မေးလ်ဖွင့်မရဖြစ် နေလျှင် [email protected] …စသည်ဖြင့်ဖွင့်ပါ။
8.3.လျှောက်လွှာကို မေးလ်တွင် body of the email တွင် ရိုက်ထည့်ပါ။ attachment နှင့် လုံးဝ မပို့ပါနှင့်။ Subject တွင် Vocabulary and Structure ဟု ထည့်ရိုက်ပါ။
9.အထက်ပါ အပိုဒ် 8 ကိုနားမလည်လျှင် [email protected] သို့ မေး ပါ။ ဖုံးနံပါတ်ထည့်ပေးပါ။ ဖုံးခေါ်ပြီး ရှင်းပြပါမည်။
10.1.အစအဆုံးသေချာဖတ်ပြီးမှလျှောက်ပါ။
10.2.လျှောက်လွှာကို တိကျမှန်ကန်စွာဖြည့်ပါ။ နောင်တွင်ကွဲလွဲချက်တွေ့ရှိပါက တွေ့ ရှိသည်နှင့် ကျောင်းသားစါရင်းမှပယ်ဖျက်ခြင်းခံရပါမည်။
10.3.ကျောင်းပျက်ရမည်ဆိုလျှင် ကြိုတင်၍ ခွင့်တိုင်ပါ၊ (သို့) ပျက်သည့်ရက်၏ နောက်ရက်တွင် ခွင့်တိုင်ပါ။ တစ်လလျှင် (၅) ရက်အထိ ခွင့်ပေးပါမည်။
10.4.ခွင့်တိုင်ခြင်းကို Google classroom ၏ stream တွင် ခွင့်တိုင်ရပါမည်။
10.5 စည်းကမ်းတကျ ခွင့်မတိုင်လျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ပါမည်။
10.6.စါသင်ခန်းကို (၁၅) မိနစ်ကြိုတင်ဖွင့်မည်ဖြစ်ပါသည်။ ကျောင်းနောက်ကျခြင်း များနေလျှင် ကျောင်းသားစါရင်းမှ ပယ်ဖျက်ပါမည်။ (၁) ကြိမ်သတိပေးပါမည်။
10.7.တစ်ခန်းထဲတွင် Wifi တစ်ခုအား Share ပြီးသုံးခြင်းမပြုရပါ။ သင်ကြားရေးကို ထိခိုက်စေပါသည်။
10.8.စါသင်နေချိန်တွင် ဖုန်းပြောခြင်း၊ အစါစါးခြင်း၊ ကလေးထိန်းခြင်း၊ အစရှိသည့် စါသင်ခန်းနှင့်မဆိုင်သည့် ကိစ္စရပ်များ မပြုလုပ်ရပါ။ အရည်သောက်နိုင်ပါသည်။
10.9.အခါအားလျှော်စွာပေးသည့် အိမ်စါများကို ကျေပွန်စွာလုပ်ဆောင်နိုင်ရပါမည်။
10.10.အခါအားလျှော်စွာ စစ်ဆေးသည့်စါမေးပွဲများကို ဖြေဆိုရပါမည်။
10.11.ကျောင်းမှအခါအားလျှော်စွာချမှတ်သည့်စည်းကမ်းများကိုလိုက်နာရပါမည်။
11.လက်ခံသူများကို Welcome email ပြန်ကြားပါမည်။
12.လျှောက်လွှာတွင် မှားယွင်းထည့်သွင်းလျှင်၊ မပြည့်စုံလျှင် အကြောင်းပြန်ကြား ခြင်းမပြုပါ။ လက်ခံမည်မဟုတ်ပါ။ Facebook messenger မှ လာ၍ မမေးပါနှင့်။
13. Google Classroom မှ invitation email နှင့်ဖိတ်ပါမည်။ ဖိတ်သည်ကို လက်ခံ Accept လုပ်လိုက်လျှင် classroom ထဲသို့ ရောက်လာပါမည်။
14.လျှောက်ထားပြီးလျှင် မေးလ်နေ့တိုင်းစစ်ပါ။
15.ပထမဆုံးရက် အတန်းမတက်လျှင် စါရင်းမှပယ်ဖျက်ပါမည်။
16.ကျောင်းဝင်ခွင့်ပုံစံ
(၁)အမည် (မြန်မာလို) (ဦး/ဒေါ် /မောင်/မ မထည့်ပါနှင့်) ...............
(၂)အမည် (အဂ်လိပ်လို) (ဦး/ဒေါ် /မောင်/မ မထည့်ပါနှင့်) .............
(၃)ခေါ်စေလိုသည့်အမည် (ရှိလျှင်) ………...........
(၄)ကျား/မ ...........................................
(၅)အသက် (date of birth မထည့်ပါနှင့်) .......................
(၆)(၁၀) တန်းအောင်မြင်ခဲ့သော ခုနှစ် ....................
(၇) အမြင့်ဆုံးရခဲ့သည့်ပညာအရည်အချင်း ..............
(၈)သင်ယူခဲ့သည့် ဘာသာရပ် ................
(၉)မည်သည့် လ၊ နှစ်တွင် CDM လုပ်ခဲ့သည် .....................
(၁၀)CDM မလုပ်ခင်က မည်သည့်အလုပ်ကို လုပ်သည် (ဉပမာ - ကျောင်းသား) .....
(၁၁)ဖြေဆိုအောင်မြင်ခဲ့ဖူးသည့် Cambridge စါမေးပွဲများ (ရှိလျှင်) လ နှင့် ခုနှစ် နှင့်တကွ ဖေါ်ပြပါ ..........
(၁၂)မည်သည့်မြို့မှ ကျောင်းတက်မည် (မဲဆောက်/ဘန်ကောက်/etc.) ..........
(၁၃)စည်းကမ်းချက်များကိုဖတ်ရှုသိရှိပြီးလိုက်နာပါမည်/မလိုက်နာနိုင်ပါ ............
(၁၄)မိမိအမြဲသုံးနေကျ gmail …………………….
(၁၅)ထိုင်းဖုန်းနံပါတ် (လက်တွေ့ခေါ်ကြည့်ပါမည်) .......................
(၁၆)Facebook account link and name ……………………..
(၁၇)လျှောက်ထားသည့်နေ့စွဲ .............................
17.AKK English School မှ ဆရာများလျှောက်ထားရန်မလိုပါ။ သင်တန်းသားစါရင်းတွင် ထည့်သွင်းပြီးဖြစ်ပါသည်။ မိမိတို့သင်ကြားနေရသည့် အတန်းအချိန်များနှင့် လွတ်သည့်အချိန်တိုင်း ဝင်ရောက် တက်ရပါမည်။Continuing Professional Development (CPD) အမြဲလုပ်ရပါမည်။
U Aung Kyaw Khaing M.A.(EFL)., LL.B., Advocateship., Dip in English (IFL)., Certificate in English Language Teaching to Adults (CELTA) (Cambridge, UK)(2001)
18/03/24
AKK English School မှ Cambridge University Exams များဖြစ်သော
Starter, Mover, Flyer, KET, PET သင်တန်းသားများဖိတ်ခေါ်ခြင်း
၁။ရည်ရွယ်ချက် - ကျောင်းသားငယ်များ Cambridge English ကိုရရှိစေရန်။
၂။ဆရာများ - Cambridge English စါမေးပွဲများကို လက်တွေ့အောင်မြင်ပြီးသော ဆရာများမှ သင် ကြားပါမည်။ သင်ကြားသောသင်တန်းထက် အဆင့်မြင့် သော စါမေးပွဲကို အောင်မြင်ထားသည့် ဆရာများမှ သင်ကြားပါမည်။
၃။သင်ကြားမည့် Platform - Online သင်ကြားရေးစနစ်ဖြစ်ပါသည်။ Google Meet ကိုအသုံးပြုပြီးသင်ကြားပါမည်။ သင်ခန်းစါတိုင်းကို Recording လုပ်ထားပြီးကျောင်း သားများမှ တောင်းယူနိုင်ပါသည်။
၄။ကျောင်းသားဦးရေ - Section တစ်ခုလျှင် (၁၂) ဦးအထိသာလက်ခံပါမည်။
၅။ဖွင့်လှစ်မည့်အတန်းများ - Timetable/ Requirements/ Tuition Fees
1.Pre A1 Starters – Wednesday 03/01/24တွင်စတင်ဖွင့်လှစ်ပါမည်
Timetable – Monday, Wednesday, Friday – 5 pm to 6 pm
Age Requirement – အသက် ၇ - ၈ နှစ်
လစဉ်ကြေး - တစ်လ ကျပ် ၂၀ ၀၀၀
2.A1 Movers – Monday 03/01/24 တွင်စတင်ဖွင့်လှစ်ပါမည်။
Timetable – Monday, Wednesday, Friday – 5 to 6:15 pm
Age - အသက် ၉ / ၁၀/ ၁၁ နှစ်
လစဉ်ကြေး - တစ်လ ကျပ် ၂၅ ၀၀၀
3.A2 Flyers – Monday 03/01/24 တွင် စတင်ဖွင့်လှစ်ပါမည်။
Timetable – Monday, Wednesday, Friday – 5 to 6:30 pm
Age - ၁၂ နှစ် နှင့် အထက်
လစဉ်ကြေး - တစ်လ ကျပ် ၃၀ ၀၀၀
4.KET - Monday 03/01/24 တွင် စတင်ဖွင့်လှစ်ပါမည်။
Timetable – Monday, Wednesday, Friday – 5 to 6:30 pm
Age - ၁၃ နှစ်နှင့် အထက်
လစဉ်ကြေး - တစ်လ ကျပ် ၃၀ ၀၀၀
5.PET – Monday 03/01/24 တွင် စတင်ဖွင့်လှစ်ပါမည်။
Timetable – Monday, Wednesday, Friday – 5 to 6:30 pm
Age – ၁၄ နှစ်နှင့် အထက်
လစဉ်ကြေး - တစ်လ ကျပ် ၃၅ ၀၀၀
၆။လက်ခံခြင်း/စါရင်းပိတ်ခြင်း - 20/12/2023 မှ စတင်၍ လျှောက်ထားနိုင်ပြီး
Monday 01/01/2024 ကိုနောက်ဆုံးထား၍ လျှောက်ထားရပါမည်။
၇။မိမိကျောင်းတွင် လက်ရှိတက်နေသော Starter; Mover; Flyer; KET ကျောင်းသား များသည် မိမိကျောင်း၏ ယ္ခုပြုလုပ်နေဆဲဖြစ်သော အတန်းတင်စါမေး ပွဲကို အောင်မြင်လျှင် နောက်တစ်ဆင့်ကို တက်ရောက်ခွင့် လျှောက်ထားနိုင်ပါသည်။ December 2023 လမကုန်မီ Results များထွက်မည်ဖြစ်၍ လျှောက်ထားရန် အချိန်မှီပါသည်။
၈။လျှောက်ထားရမည့်မေးလ် - [email protected]
၉။လျှောက်လွှာရရှိကြောင်းကို (၂၄) နာရီအတွင်း အကြောင်းပြန်ကြားပါမည်။
၁၀။လျှောက်လွှာတွင် မည်သည့်ဘဏ်သို့ ကျောင်းလခပေးသွင်းပါမည် ဆိုသည်ကို ဖေါ်ပြရပါမည်။ KBZ / AYA / CB ဘဏ် တစ်ခုခု ကိုသာ လက်ခံပါမည်။
၁၁။ကျောင်းလခသွင်းပြီးလျှင် သွင်းထားသည့် ငွေသွင်းပြေစါ အထောက်အထားကို [email protected] သို့ပြန်ပို့ရပါမည်။ (ဘဏ်တွင်ငွေသွင်းသည့်အ ခါ မှတ်ချက်တွင် ကျောင်းသားနာမည်နှင့် အတန်းထည့်ရေးရန်လိုပါသည်။)
၁၂။ကျောင်းလခလက်ခံရရှိပြီးသည်နှင့် ကျောင်းသား၏ gmail မှ classroom သို့ဖိတ် ပါမည်။ invitation ကို accept လုပ်ရန်လိုပါသည်။
၁၃။သင်တန်းကာလ - အကြမ်းဖျင်းအားဖြင့် (၆) လဖြစ်ပါသည်။
၁၄။ကျောင်းဝင်ခွင့်ပုံစံ (မိဘ၏ gmail နှင့်လျှောက်ရပါမည်)
(၁)အမည် (မြန်မာလို) (မောင်/မ မထည့်ပါနှင့်) ...............
(၂)အမည် (အဂ်လိပ်လို) (မောင်/မ မထည့်ပါနှင့်) .............
(၃)အဂ်လိပ်အမည် (ရှိလျှင်) ..........................................
(၄)ကျား/မ ...........................................
(၅)ဖခင်အမည် ........................................
(၆)ယ္ခုတက်နေသောအတန်း (KG/Grade 1/ Grade 2 etc.) …….
(၇)တက်လိုသော Cambridge English သင်တန်း (Starter/Mover/Flyer/KET/PET) ……….
(၈)အသက် .......................
(၉)မည်သည့်မြို့မှ ကျောင်းတက်မည် ...................................
(၁၀)မိမိတက်ရောက်မည့်နေရာတွင် internet stable ဖြစ်ပါသည် / မဖြစ်ပါ .......
(internet stable ဖြစ်ပါသည်ဟု လျှောက်ထားပြီး နောင်တွင် အတန်းခန်းအတွင်း ၀င်လိုက်ထွက်လိုက်လုပ်ခြင်း၊ Screen ဖွင့်ထားရမည်ကို ပိတ်ထားခြင်းတို့ ပြုလုပ် လျှင် လုပ်သည့်အချိန်တွင် တစ်ကြိမ်သတိပေးပြီး၊ ဆက်လုပ်ဖြစ်နေလျှင် ကျောင်း စါရင်းမှ ပယ်ဖျက်ခြင်းခံရပါမည်။ internet unstable ဖြစ်၍ပါဟူသော အကြောင်း ပြချက်ကိုလက်ခံမည်မဟုတ်ပါ။ stable internet မရှိမဖြစ်လိုအပ်ပါသည်။ သင် ကြားရေးထိရောက်စေရန် သတ်မှတ်ခြင်းဖြစ်ပါသည်။)
(၁၁)ကျောင်းလခပေးသွင်းမည့်ဘဏ် KBZ/AYA/CB …………………………….
(၁၂)အခါအားလျှော်စွာ ကျောင်းမှချမှတ်သောစည်းကမ်းများ၊ သင်ကြားနေသောဆ ရာ များမှ ချမှတ်သောစည်းကမ်းများကို လိုက်နာပါမည်/ မလိုက်နာပါ .................
(၁၃)မိဘ၏ gmail …………………….. (gmail သာလက်ခံပါသည်)
(၁၄)ကျောင်းသား၏ gmail ……………. (gmail သာလက်ခံပါသည်)
(၁၅)လျှောက်ထားသည့်နေ့စွဲ .............................
U Aung Kyaw Khaing M.A.(EFL)., LL.B., Advocateship., Dip in English (IFL)., Certificate in English Language Teaching to Adults (CELTA) (Cambridge, UK)(2001)
19 December 2023
AKK IGCSE School (December 2022)
U Aung Kyaw Khaing Principal
M.A.(EFL), LL.B., Advocateship, Dip in English (IFL)., Certificate in English Language Teaching to Adults (CELTA) (2001), Cambridge, UK.
Dr. Zaw L. Htike Consultant
MEng (Aerospace Engineering, Bristol), MSc (Aerospace Dynamics, Cranfield) Ph.D.(Autonomous Vehicle Engineering, Cranfield); UK
ကျောင်း၏လက်စွဲဆောင်ပုဒ် - ‘I G C S E is the future of Myanmar Education.’
IGCSE နှင့် Pre-IGCSE 3rd Batch ကျောင်းသားများ ခေါ်ယူခြင်း
AKK IGCSE School မှ Sunday 1st January 2023 တွင် စတင်မည့် IGCSE and Pre-IGCSE သင်တန်းများကို အောက်ပါအချက်များနှင့် အညီဖိတ်ခေါ်အပ်ပါသည်။ (Sunday 1st January ညနေ (၄) နာရီတွင် ကျောင်းသားသစ်များကြိုဆိုပွဲကျင်းပပြီး နောက်တစ်နေ့ တွင်အတန်းများအားလုံး စ တင်သင်ကြားပါမည်။)
ဤ Batch 3 သည် January 2023 တွင်စတင်ပြီး May/June 2024 တွင်ပြီးဆုံးမည့် ၁၇/၁၈ လ အချိန် ယူရမည့် သင်တန်းဖြစ်ပါသည်။
Teachers - တက္ကသိုလ်၊ ကောလိပ်များမှ ဆရာဆရာမများ - အနဲဆုံး မဟာဘွဲ့ရရှိထားသူများ မှသင်ကြားပါမည်။
မည်သည့်စါမေးပွဲအတွက်သင်ကြားမည် - Pearson Edexcel (UK)
မည်သည့်အတန်းများကိုသင်ကြားမည် - (1) IGCSE
(2) Pre-IGCSE
(ကျောင်းဝင်ခွင့်လျှောက်လွှာ - နောက်ဆုံးစါမျက်နှာတွင် ပါရှိပါသည်။)
မည်သူများကိုလက်ခံသည်
၁။မြန်မာနိုင်ငံအတွင်းတွင် နေထိုင်နေသော ကျောင်းသားများဖြစ်ရမည်။
၂။IGCSE သင်တန်းအတွက် မြန်မာနိုင်ငံမှကျောင်းတစ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်းတက်နေ သောကျောင်းသား (သို့) တက္ကသိုလ်ဝင်တန်းတက်ရမည့်ကျောင်းသား (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်တက်ရောက်လိုသော ကျောင်း သားများ လျှောက်ထားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်းဆိုသည်မှာ Matriculation class ကိုဆိုလို ပါသည်။
၃။Pre-IGCSE သင်တန်းအတွက် ကျောင်းတစ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောက် တစ်တန်း နိမ့်သော အတန်းတွင်တက်ရောက်နေသောကျောင်းသား (သို့) တက္ကသိုလ်ဝင်တန်းအောက် တစ် တန်းနိမ့်သောအတန်းကို တက်ရောက်ရန် အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်။
၄။ထိုအတန်းများထက် ငယ်နေလျှင် မလျှောက်ရန်အကြံပြုပါသည်။ ဘာသာရပ်အားလုံးကို English ဘာသာနှင့်သင်ရသည်ဖြစ်၍ ကျောင်းသားသည် Subject matter နှင့် Language matter နှစ်ခုလုံးအတွက် တစ်ပြိုင်နက်တည်းကြိုးစါးရ၍ အခက်အခဲရှိပါသည်။
၅။ကျောင်းနှင့်ဘာသာရပ်ဆိုင်ရာဆရာဆရာမများမှ အခါအားလျှော်စွာချမှတ်ထားသော ကျောင်း စည်းကမ်းများ၊ အတန်းခန်းစည်းကမ်းများကို ကျောင်းသားနှင့်မိဘများမှ လိုက်နာနိုင်ရပါမည်။ ကျောင်းသားများ၏အောင်မြင်ရေးသည် မိဘများ၏ပူးပေါင်းပါဝင်ကူညီမှု ရှိမှဖြစ်နိုင်ပါသည်။
ကျောင်းလခ
၆။သတ်မှတ်ထားသောကျောင်းလခကို သတ်မှတ်ထားသောအချိန်အတွင်းပေးသွင်းနိုင်သူများ ဖြစ်ရ ပါမည်။ လစဉ် အဂ်လိပ်လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ပေးသွင်းရပါမည်။
၇။အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလခပေးသွင်းရန်နောက်ကျမည်ဆိုလျှင် မိဘ/အုပ်ထိမ်းသူ မှ ကျောင်းကို ([email protected] ) သို့မေးလ်ပို့၍ အကြောင်းကြားရပါမည်။ ဤမေးလ် သည် ကျောင်းတည်ထောင်သူနှင့်မိဘများ၊ ကျောင်းတည်ထောင်သူနှင့် ကျောင်းသားများ တိုက်ရိုက် ဆက်သွယ်သည့်မေးလ်ဖြစ်ပါသည်။အခြားတိုက်ရိုက်ပြောလိုသည်များကိုလည်း ပြောပြနိုင်ပါသည်။
၈။ကျောင်းလခပေးသွင်းသည့်အခါ Notes တွင်ကျောင်းသားနာမည်၊ အတန်းနှင့် Batch ကို ထည့်ပေးရပါမည်။ ဉပမာ။ ။ ယ္ခု Batch အတွက်: Mg Mg Pre B3 / Mya Mya IG B3/ etc. ထို Note ပါသည့် ငွေသွင်းဖြတ်ပိုင်းကို [email protected] သို့ ပြန်လည်ပေးပို့ရပါမည်။
၉။ကျောင်းလခကိုမည်သည့် account သို့ထည့်ပေးပါဆိုသည့်ပန်ကြားချက်ကိုလကုန်ခါနီးတွင် သို့မဟုတ်လဆန်း (၁) ရက်နေ့ထက်နောက်မကျဘဲ မိဘများထံမေးလ်နှင့်အကြောင်းကြားပါမည်။ မြေပြင်အခြေအနေအရ Bank အပြောင်းအလဲများနှင့်ငွေလက်ခံရပါသည်။
၁၀။ကျောင်းလခပေးရန်ပျက်ကွက်လျှင် ကျောင်းမှဆက်သွယ်၍ သတိပေးပါမည်။ အကြောင်းမပြန် ကြားလျှင်ကျောင်းစါရင်းမှ ပယ်ဖျက်ခြင်းခံရပါမည်။
၁၁။ကျောင်းလခမှာ IGCSE ၆ ဘာသာအတွက်တစ်လ ကျပ် ၃ သိန်း လစဉ်ပေးသွင်းရန် နှင့် Pre- IGCSE အတွက် တစ်လ ကျပ် ၂ သိန်း လစဉ်ပေးသွင်းရန်ဖြစ်ပါသည်။ မည်သည့်အတန်းအတွက်မှ ကျောင်းဝင်ကြေးမရှိပါ။
၁၂။ယ္ခုသတ်မှတ်သောကျောင်းလခသည် ဤ Batch ပြီးဆုံးသည်အထိ အပြောင်းအလဲမရှိပါ။
၁၃။ကျောင်းလခသွင်းထားပြီးလျှင် လမကုန်မီ မည်သည့်အကြောင်းကြောင့်နှုတ်ထွက်သည်ဖြစ်စေ၊ ကျောင်းမှ စည်းကမ်းဖေါက်ဖျက်မှုဖြင့် ကျောင်းထုတ်ခံရသည်ဖြစ်စေ၊ ပေးသွင်းထားသည် ကျောင်း လခအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
သင်ကြားနည်း
၁၄။online teaching ဖြစ်ပါသည်။ Google Meet နှင့်သင်ကြားပါသည်။ သင်ကြားပေးသည့်ဘာသာ ရပ်တိုင်းနှင့်အချိန်တိုင်းအတွက် Recording လုပ်ပါသည်။ ကျောင်းသားများ သင်ခန်းစါများကို ပြန်၍ နားထောင်လိုလျှင် [email protected] သို့ တိုက်ရိုက်တောင်းယူနိုင်ပါသည်။ Google မှ recording process လုပ်ပြီးသည်နှင့် ချက်ခြင်းပြန်လည်ပေးပို့ပါသည်။
၁၅။ကျောင်းသားသည် Computer desktop / laptop/tablet တစ်ခုခုနှင့်သင်တန်း တက်ရပါမည်။ Phone နှင့် လုံးဝမဖြစ်နိုင်ပါ။
၁၆။ ကျောင်းသား ၂ ဦး/အများသည် အခန်းတစ်ခန်းထဲတွင်စုပေါင်းပြီး wifi / data သုံး၍ ကျောင်းတက်ခြင်းကိုလက်မခံပါ။ ဆရာနှင့်ကျောင်းသားအပြန်အလှန် စကားပြော သည့်အခါ ပြော၍မရပါ။ သင်ကြားရေးကို ကြီးမားစွာအနှောက်အယှက်ဖြစ်စေပါ သည်။ (အတွေ့အကြုံအရ သတ်မှတ်ခြင်းဖြစ်ပါသည်။)
မည်သို့လျှောက်ထားမည်
၁၇။ကျောင်းသား၏မိဘ/အုပ်ထိန်းသူသည် မိမိ၏ gmail နှင့် မိမိ၏သားသမီး/ မိမိအုပ်ထိန်းထားသူ အတွက် [email protected] သို့မေးလ်ပို့၍ လျှောက်လွှာပုံစံကို ပြည့်စုံစွာဖြည့်ပြီး လျှောက်ထားရပါမည်။ မိဘ/အုပ်ထိန်းသူ၏ မေးလ်နှင့်သာလျှောက်ထားရပါမည်။
၁၈။ကျောင်းသားသည် ကျောင်းမှသတ်မှတ်ထားသည့် ပုံစံအတိုင်း gmail အသစ်ဖွင့်ရပါမည်။ IGCSE ကျောင်းသားအတွက် ကျောင်းသားနာမည်အပြည့်အစုံ +အစက်+[email protected] ဖြစ်ပါသည်။ ဉပမာ။ ။Tun Myint Soe = [email protected] ဖြစ်ပါသည်။ Pre-IGCSE ကျောင်းသားတွင် ကျောင်းသားနာမည်အပြည့်အစုံ +အစက်+[email protected] ဖြစ်ပြီး ဉပမာ။ ။Than Than Nway = [email protected] ဖြစ်ပါသည်။ (*မေးလ်ဖွင့်ပြီးလျှင် မိဘနှင့်ကျောင်းသား မေးလ်အပြန်အလှန်ပို့၍ စမ်းသပ်ကြည့်ပါ။)
၁၉။ဤ Post အား Facebook ပေါ်တွင်ဖတ်ပြီးသည်နှင့် ကျောင်းဝင်ခွင့်လျှောက်လွှာများအား စ တင်ပေးပို့နိုင်ပြီဖြစ်ပါသည်။
၂၀။ကျောင်းသားအားလက်ခံကြောင်း လျှောက်လွှာရရှိပြီး ၂၄ နာရီအတွင်းပြန်ကြားပါမည်။ ပြန် လည်အကြောင်းကြားခြင်းနှင့်အတူ January 2023 လအတွက်ငွေသွင်းရမည့် bank account လည်းပေးပါမည်။ ငွေသွင်းပြီးလျှင်လည်း ငွေသွင်းဖြတ်ပိုင်းကို Note (အပိုဒ် ၈ ကြည့်ပါ) နှင့်တကွ [email protected] သို့ပြန်လည်ပေးပို့ရပါမည်။ ထိုအခါလက်ခံရရှိကြောင်း မေးလ်ပြန် လည်ပို့ပါမည်။ ကျောင်းအပ်ခြင်းကိစ္စပြီးစီးပါပြီ။
၂၁။ကျောင်းလျှောက်လွှာတွင်ပါဝင်သော ကျောင်းသား၏ gmail ကို classroom မှဖိတ်ပါမည်။ မိမိ ၏ gmail ကိုကျောင်းသားမှ စစ်ဆေးပေးရန်လိုပါသည်။ classroom invitation ကိုကျောင်း သားမှ လက်ခံပေးရပါမည်။ December 30 နှင့် 31 ရက်နေ့များတွင် classroom invitation လုပ် ပါမည်။
၂၂။ကျောင်းသားသစ်များကြိုဆိုပွဲကို Sunday January (၁) ရက်နေ့ ညနေ ၄ နာရီတွင် ကျင်းပပါမည်။ မိဘ/ အုပ်ထိန်းသူများနှင့် ကျောင်းသားများအားလုံး တက်ရောက်ပြီး မေးလိုသည်တို့ကိုလည်းမေးမြန်းနိုင် ပါသည်။ ဆရာအားလုံးလည်းတက်ရောက်ပါမည်။ (နောက်နေ့မှစ၍ အတန်းများပုံမှန်တက်ရပါ တော့မည်)။ ကျောင်းသား၏မေးလ်နှင့်ကြိုဆိုပွဲကိုဖိတ် ပါမည်။ မိဘနှင့်ကျောင်းသား အတူတကွတက်ရောက်စေလိုပါသည်။
စါသင်ခန်းစည်းမျည်းများ
၂၃။ကျောင်းသားတိုင်းသည် အသစ်ဖွင့်ထားသောမေးလ်အတိုင်း စါသင်ခန်းအတွင်းဝင်ရပါမည်။ Screen name ကိုမပြောင်းရပါ။ ဤမေးလ်အတိုင်းမဟုတ်လျှင် ဘာသာရပ်ဆိုင်ရာဆရာမှ စါသင်ခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ပါ။ မိမိ၏မေးလ်မဟုတ် လျှင်၊ မိမိ၏ device မဟုတ်လျှင် စါသင်ခန်းအတွင်းဝင်ခွင့်ပြုမည်မဟုတ်ပါ။
၂၄။စါသင်ချိန်မစမီ အနဲဆုံး (၁၅) မိနစ်စေါ၍ စါသင်ခန်းများကို ဖွင့်ထားပါမည်။ ကျောင်းသားသည် စါသင်ခန်းကိုနောက်ကျမှဝင်လာခြင်း၊ စေါ၍ထွက်သွားခြင်းတို့ကို မပြုလုပ်ရပါ။ internet လိုင်းအ ခက်အခဲကြောင့်ဖြစ်စေ၊ လျှပ်စစ်မီးအခက်အခဲကြောင့်ဖြစ်စေ၊ အချိန်မီစါသင်ခန်းအတွင်း မရောက် နိုင်ခြင်း၊ စေါ၍ထွက်သွားရခြင်းတို့ဖြစ်လျှင် ဘာသာရပ်ဆိုင်ရာဆရာကိုဖြစ်စေ၊ akkigcse.2022@ gmail.com သို့ဖြစ်စေ၊ အစောဆုံးအဆင်ပြေသည့်အချိန်တွင် အသိပေး အကြောင်းကြားရပါမည်။
၂၅။စါသင်နေချိန်အတွင်း Camera ကိုအမြဲဖွင့်ထားရပါမည်။လိုင်းမကောင်း၍ တခါတရံ Camera ပိတ်သွားခြင်းကို ခွင့်ပြုပါသည်။ စါသင်ကြားနေသောဆရာမှ ကျောင်းသား၏မျက်နှာကိုမြင်ရစေရန် camera ကိုချိန်ပေးထားရပါမည်။သင်ကြားရေးကိုအနှောက်အယှက်ဖြစ်စေမည့် background ထားခြင်း၊ အလင်းရောင်ကို နောက်ခံထား၍ မိမ်မျက်နှာကိုမမြင်ရစေရန် လုပ်ဆောင်ထားခြင်းတို့ကို ခွင့်မပြုပါ။
၂၆။အင်တာနက်လိုင်းကောင်းမွန်သောနေရာဒေသများတွင် နေထိုင်သူများဖြစ်ရပါ မည်။ ကျောင်းအပ်ပြီးမှ လိုင်းမကောင်းဖြစ်လျှင် အကျိုးအကြောင်းပြောပြီးနှုတ် ထွက်လွှာတင်နိုင်ပါသည်။ နောင်လိုင်များပြန်ကောင်းလာလျှင်ပြန်လည်ဆက်သွယ် တက်ရောက်နိုင်ပါသည်။ ဤကိစ္စရပ်အတွက် [email protected] သို့တိုက်ရိုက်မေးလ်ပို့ရပါမည်။ (မည်သည့်အကြောင်းကြောင့် ကျောင်းပျက်သည် ဖြစ်စေ ကျောင်းပျက်လျှင် ကျောင်းသား၏အောင်မြင်ရေးကို တိုက်ရိုက်ထိခိုက်ပါ သည်။ International Qualifications အတွက် စါမေးပွဲများသည် (၁) မှတ်လို နေလျှင်ပင် အအောင်မပေးပါ။)
၂၇။အကြောင်းတစ်စုံတစ်ခုကြောင့် ကျောင်းပျက်လျှင် classroom stream တွင် လည်းဝင်ရောက်၍ခွင့်တိုင်နိုင်ပါသည်။ ကြိုတင်တိုင်ကြားနိုင်လျှင်အကောင်းဆုံးဖြစ်ပါသည်။ ကြိုတင်တိုင်ကြားရန်အခွင့်အရေးမပေးလျှင် အနီးကပ်ဆုံးအခွင့်အရေးရသောအ ချိန်တွင်တိုင်ကြားရပါမည်။ ကျောင်းတစ်ရက်ပျက်လျှင် တစ်ရက်ခွင့်တိုင်ရပါမည်။
စါမေးပွဲများဖြေဆိုခြင်း
၂၈။ဘာသာရပ်ဆိုင်ရာဆရာများမှ အခါအားလျှော်စွာစစ်ဆေးပေးသော စါမေးပွဲ များကို မပျက်မကွက် ဖြေဆိုရပါမည်။ အိမ်စါများကိုမပျက်မကွက်လုပ်ရပါမည်။ စါမေးပွဲဝင်မဖြေလျှင်၊ အိမ်စါမလုပ်လျှင် ကျောင်းမှထုတ်သည်အထိ အရေးယူခြင်း ခံရနိုင်ပါသည်။မိဘကို (၃) ကြိမ်အကြောင်းကြားသတိပေးပါမည်။
၂၉။အထက်အပိုဒ်ပါစါမေးပွဲများမှ ရလာဒ်များကို ကျောင်းမှထိမ်းသိမ်းထား မည်ဖြစ်ပြီး ဤအမှတ်များအပေါ်တွင်အခြေခံ၍ IGCSE စါမေးပွဲကို မည်သည့်လတွင်ဖြေဆိုသင့်ကြောင်း (လို အပ်လာလျှင်) ကျောင်းမှ မိဘများနှင့်တိုက်ရိုက် ဆွေးနွေးပါမည်။
၃၀။IGCSE စါမေးပွဲသည်နှစ်စဉ် (၆) လတစ်ကြိမ်ရှိပါသည်။ December/January တွင်တစ်ကြိမ်၊ May/June တွင် တစ်ကြိမ်ဖြစ်ပါသည်။ May/June စါမေးပွဲတွင်သာ ဘာသာရပ်အားလုံးကို စစ် ဆေးပါသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းနှင့် ချိန်ကိုက်ထားခြင်းဖြစ်ပါသည်။
၃၁။Pre-IGCSE သည် Edexcel မှကျင်းပပေးသောစါမေးပွဲမရှိပါ။ သင် ကြားနေသောဆရာများ၏ အကဲဖြတ်မှု (teacher-assessment) နှင့် ကျောင်း တွင်းစါမေးပွဲရလာဒ်များကိုအခြေခံပြီး IGCSE အတန်းသို့တင်ပေးရန်ဖြစ်ပါသည်။
ဘာသာရပ်များသတ်မှတ်ချက်
၃၂။ကျောင်းသားတစ်ဦးသည် အနဲဆုံး (၆) ဘာသာယူရပါမည်။ Edexcel မှ သတ်မှတ်ချက်ဖြစ်ပါ သည်။ (၆) ဘာသာထက်ပို၍ယူရန် မြန်မာနိုင်ငံတွင် စေါလွန်းနေပါသေးသည်။
၃၃။အောက်ပါဘာသာရပ်များကို IGCSE အတွက်ကျောင်းမှသင်ပေးပါမည်။ ဤစါရင်းတွင်မပါသည် တို့ကို သီးခြားထပ်မံပြီးမေးမြန်းရန် မလိုပါ။ မည်သည့်ဘာသာရပ်များကို သင်ကြားပေးနိုင်သည်ကို အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ အောက်ပါ (၉) ဘာသာအနက်၊ (၆) ဘာသာကိုရွေးချယ်ပါ၊ လေ့လာပြီးဆုံးဖြတ်ရွေးချယ်ပါ။ ဝေခွဲမရဖြစ်၍ တိုင်ပင်လိုလျှင် [email protected] သို့ မေးလ်ပို့ပါ။ သီးခြားတွေ့ဆုံ၍ အကြံပေးပါမည်။
*ကျောင်းဝင်ခွင့်လျှောက်လွှာတင်ပြီးသော်လည်း ဘာသာရပ်ပြောင်းလိုလျှင် လျှောက်လွှာအသစ်ထပ် တင်ပါ။ ပြောင်းပေးပါမည်။ သို့သော် ကျောင်းစတက်ပြီးဆိုသည်နှင့် subject ပြောင်းမပေးတော့ပါ။
ဘာသာရပ်များရွေးချယ်ခြင်း
(၁)English - IGCSE တွင်မဖြေမနေရ ဘာသာရပ်များဖြစ်ပါသည်။
(၂)Maths B – IGCSE တွင် မဖြေမနေရ ဘာသာရပ်ဖြစ်ပါသည်။
(၃)Further Pure Maths - သချ်ာဘာသာရပ်တွင် ထူးချွန်လာသူများ၊ နောင်တွင် Engineering ကို တက်ရောက်လိုသူများ၊ AS နှင့် A2 (A-Levels) တွင် Pure Maths ကိုဆက်လက်ယူရန် ရည်မှန်း ထားသူများနှင့် သင့်တော်ပါသည်။
(၄)Biology – Human biology; Marine biology; Anatomy; Physiology; Medical doctor; Pharmacy; etc. အစရှိသည်တို့တွင်စိတ်ပါဝင်စါးသူများယူသင့်ပါသည်။
(၅)Chemistry – medical fields / engineering fields များအတွက် အရေးပါပါသည်။
(၆)Computer Science – computer science ကို အထူးပြုလိုက်စါးလိုလျှင် ယ္ခုအချိန်မှစ၍ အခြေခံမှစ၍ လေ့လာသင့်သောဘာသာရပ်ဖြစ်ပါသည်။
(၇)Information and Communication Technology (ICT) – computer science နှင့်အတူ တွဲဖက်လေ့လာသင့်သောဘာသာရပ်ဖြစ်ပါသည်။
(၈)Physics – Science ကိုဆက်လက်ယူမည့်သူများ မဖြစ်မနေယူရမည့်ဘာသာရပ်ဖြစ်ပါသည်။
(၉)Accounting - နောင်တွင် စီးပွါးရေး/အုပ်ချုပ်ရေးနှင့်ဆိုင်သောဘာသာရပ်များကို တက်ရောက် သင်ကြားလိုလျှင် ယူသင့်ပါသည်။ (ဉပမာ။ ။Business Law; Financial markets; Auditing; Management accounting; Taxation; Microeconomics; Banking and investment; Corporate finance; MBA; MPA; MBF; etc.) ကိုယ်ပိုင်စီးပွါးရေးလုပ်လိုလျှင်လည်း အထူးသင့် တော်ပါသည်။
*English; Maths B (မယူမနေရဘာသာများ)
*ကျန်သည့် (၄) ဘာသာကို (၇) ဘာသာထဲမှရွေးပါ။
၃၄။အောက်ပါဘာသာရပ်များကို Pre-IGCSE အတွက် ကျောင်းမှသင်ပေးပါမည်။ Pre-IGCSE ကျောင်းသားများသည်လည်း (၆) ဘာသာယူရပါမည်။ ဘာသာရပ်ရွေး ချယ်ရန်မရှိပါ။
(1)Computing
(2)Digital Literacy
(3)English as a Second Language
(4)ICT Staters
(5)Mathematics
(6)Science (Physics + Chemistry + Biology)
၃၅။ကျောင်းသားများသင်ယူသည့်ဘာသာရပ်တိုင်းအတွက်ကျောင်းမှ Soft Copy (.pdf) file ပေးပါမည်။ လေ့ကျင့်ခန်းများ၊ မေးခွန်းဟောင်းများလည်းထို့အတူဖြစ် ပါသည်။
၃၆။ကျောင်းသားများ Soft Copy နှင့်အားမရ၍ဖြစ်စေ၊ သင်ကြားနေသောဆရာမှ စါအုပ်ကိုင်ခိုင်းလျှင်ဖြစ်စေ ပေးထားသော Soft Copy မှ မိမိဘာသာ Printer နှင့် ထုတ်ယူရပါမည်။ အိမ်တွင် Printer မရှိလျှင် ဆရာများမှ Copier များနှင့်ဆက် သွယ်ပေးပါမည်။ မိမိအိမ်အရောက် ပို့ပေးပါလိမ့်မည်။ စါအုပ်ဖိုးနှင့်ပို့ခ စသည်တို့ကို ကျောင်းသားများမှ မိမိဘာသာကျခံရပါမည်။
Exam Centre ရွေးချယ်ခြင်း နှင့် စါမေးပွဲကြေးသွင်းခြင်း
၃၇။IGCSE ဖြေဆိုရန်အတွက် စါမေးပွဲကြေးသွင်းခြင်း၊ Exam Centre ရွေးချယ် ခြင်းများသည် ကျောင်းသားနှင့်မိဘ/အုပ်ထိမ်းသူများ၏ တာဝန်သာဖြစ်ပါသည်။
လုံခြုံရေးစည်းမျဉ်းများ
၃၈။ဆရာများသည် လုံခြုံရေးအရ မိမိတို့မျက်နှာကိုပြမည်မဟုတ်ပါ။ နာမည်အရင်း များကိုလည်းပြောမည်မဟုတ်ပါ။ ဆရာများ၏အကြောင်းများကိုမေးမြန်းစူးစမ်း ခြင်းလုံးဝမပြုလုပ်ရပါ။ ဆရာများကို Screen Name များဖြင့်သာ ပြောဆိုဆက်ဆံ ရပါမည်။ဤစည်းကမ်းကိုချိုးဖေါက်လျှင် ကျောင်းစါရင်းမှ ချက်ခြင်းဖယ်ရှားခြင်းခံ ရပါမည်။
၃၉။ဆရာများအနေနှင့်လည်း ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာအချက်အ လက်များမေးမြန်းခြင်းပြုမည်မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရသီးခြားဆက်သွယ်ခြင်း များပြုလုပ်မည်မဟုတ်ပါ။ ဤသို့မေးမြန်းပြောဆိုဆက်သွယ်ခံရလျှင် ကျောင်းသား မှဖြစ်စေ၊ မိဘ/အုပ်ထိမ်းသူမှဖြစ်စေ [email protected] သို့ ချက်ခြင်းအကြောင်းကြားရပါမည်။ သက်ဆိုင်ရာဆရာကို တာဝန်မှချက်ခြင်းရပ်စဲပါ မည်။
၄၀။ကျောင်းသားနှင့်မိဘများ၏ကိုယ်ရေးအချက်အလက်များကို ကျောင်းမှသာ သိမ်းဆည်းထားမည်ဖြစ်ပါသည်။ မည်သူ့ထံကိုမှမပေါက်ကြားရန်တာဝန်ယူပါသည်။ ဆရာများကို ကျောင်းသားနာမည်၊ မေးလ်နှင့် ယူမည့်ဘာသာရပ်များကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။
အပြန်အလှန်ဆက်ဆံရေး
၄၁။ကျောင်းသားနှင့်မိဘ/အုပ်ထိမ်းသူ/အိမ်သားများသည် ကျောင်းမှတာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာဆရာများနှင့် ယဉ်ကျေးစွာပြောဆိုဆက်ဆံရပါမည်။ ကိုယ်၊ နှုတ်၊ အမူအရာ တစ်စုံတစ်ရာဖြင့် ရိုင်းစိုင်းစွာဆက်ဆံလျှင်ကျောင်းသားအား ကျောင်းမှ အပြီးထုတ်ပယ်ပါမည်။ ထိုလအတွက်သွင်းထားပြီးသည့်ကျောင်းလခကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
၄၂။ကျောင်းမှတာဝန်အရှိဆုံးဖြစ်သူကျွန်တော်နှင့် အခြားတာဝန်ရှိသူများ ဆရာဆရာမများမှလည်း မိဘအုပ်ထိန်းသူများ၊ ကျောင်းသားများကို ယဉ်ကျေးစွာဆက်ဆံ ပြောဆိုပြုမူရန် တာဝန်ယူပါသည်။ တစ်စုံတစ်ဦး၏ဆက်ဆံရေးကိုမနှစ်သက်လျှင် ကျောင်းသားမှဖြစ်စေ၊ မိဘအုပ်ထိန်းသူမှဖြစ်စေ ကျွန်တော့်ထံသို့မေးလ်ပို့၍ တိုက် ရိုက်အကြောင်းကြားနိုင်ပါသည်။ [email protected] ဖြစ်ပါသည်။
အထွေထွေ
၄၃။အခြေအနေအချိန်အခါအရ အထက်ပါစည်းကမ်းချက်များကိုကျောင်းမှ ပြင် ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ထပ်မံတိုးခြင်းတို့ ပြုလုပ်ရန်လိုအပ်လာလျှင် ပြင်ဆင်၊ ဖျက်သိမ်း၊ တိုးချဲ့ခြင်းတို့ပြုလုပ်သည်ကို ကျောင်းသားနှင့်မိဘ/အုပ်ထိမ်းသူများမှ လက်ခံလိုက်နာနိုင်ရပါမည်။
၄၄။IGCSE နှင့် Pre-IGCSE လျှောက်လွှာများကို [email protected] သို့တိုက်ရိုက်ပေးပို့ရပါမည်။
၄၅။IGCSE အတွက် ကျောင်းသားလက်ခံခြင်းကို လျှောက်လွှာလက်ခံသည့်အဖွဲ့မှ စီစစ်ပြီး လျှောက်လွှာတွင်ပြည်စုံသည့်ကျောင်းသားများကို လက်ခံကြောင်း မေးလ်ပြန်ကြားပါမည်။၂၄ နာရီအတွင်း လက်ခံသည့်ပြန် ကြားစါမရရှိလျှင် မိမိ၏လျှောက်လွှာကိုပြန်စစ်ပါ။ မပြည့်စုံ၍ ဖြစ်ပါလိမ့်မည်။
၄၆။ Pre-IGCSE ကျောင်းသားလက်ခံခြင်းအတွက်လည်း အထက်ပါအပိုဒ် ၄၅။ တွင်ပါဝင်သည့် အတိုင်းဖြစ်ပါသည်။
၄၇။ကျောင်းသားများအတွက် အခက်အခဲတစ်စုံတစ်ရာရှိလျှင် [email protected] သို့တိုက်ရိုက်အကြောင်းကြားနိုင်ပါသည်။ကျောင်းသားများပညာတတ်မြောက်ရေးသည် ကျွန်တော်တို့ကျောင်း၏အဓိကမူဝါဒဖြစ်ပါသည်။
လျှောက်လွှာပိတ်ရက်
၄၈။IGCSE and Pre-IGCSE ကျောင်းဝင်ခွင့်လျှောက်လွှာများကို 28 December 2022 တွင် ပိတ်ပါမည်။လျှောက်လွှာကို [email protected] သို့ပို့ပေးပါ။
ဦးအောင်ကျော်ခိုင် (4th of December 2022)
ကျောင်းဝင်ခွင့်ပုံစံ - gmail နှင့်သာလျှောက်ရပါမည်။
Gmail တွင် Compose ကိုနှိပ်ပါ။ အောက်ပါအတိုင်းစတင်ဖြည့်ပါ။
Address: [email protected]
Subject: IGCSE / Pre-IGCSE (လျှောက်ထားမည့်အတန်းကို ရွေးချယ်ပြီးထည့်ပါ)
(body of the mail တွင်ပုံမှန်ရိုက်သွားပါ။ attachment နှင့်မပို့ပါနှင့်။ စါကြောင်းများမချဲပါနှင့်)
၁။အမည် (မြန်မာလို) (မောင်/မ မထည့်ပါနှင့်) ......
၂။အမည် (အဂ်လိပ်လို) (မောင်/မ မထည့်ပါနှင့်) .....
၃။ကျား/မ ...............
၄။မွေးသက္ကရာဇ် (ကျောင်းစါရင်းအရဖြစ်ရပါမည်) / အသက် .....
၅။မှတ်ပုံတင်နံပါတ်(လျှောက်ထားဆဲဆိုလျှင် ထိုအတိုင်းရေးပါ) ……
၆။မည်သည့်အတန်းကိုအောင်မြင်ခဲ့သည် .......
၇။မည်သည့်ကျောင်းမှအောင်မြင်ခဲ့သည် .......
၈။မည်သည့် မြို့မှအောင်မြင်ခဲ့သည် .............
၉။မည်သည့်အတန်းကို ယ္ခုတက်ရောက်နေသည် ....
၁၀။မည်သည့်ကျောင်းတွင်ယ္ခုတက်ရောက်နေသည် (မြို့နာမည်နှင့်ပြည့်စုံစွာ ထည့်ပါ) ............................
၁၁။ယ္ခုအတန်းကို မည်သည့်မြို့မှ တက်ရောက်မည် ............................................
၁၂။ယ္ခုတက်ရောက်သင်ကြားလိုသောအတန်း (Pre-IGCSE/IGCSE) ….............................
၁၃။ယ္ခင်က International Exams များဖြေဆိုခဲ့ဘူးခြင်း ရှိ/မရှိ (ရှိလျှင်ပြည့်စုံစွာထည့်ပါ၊ Exam Centre ကိုလည်းထည့်ပါ) ...................................................
၁၄။IGCSE တွင်သင်ယူလိုသောဘာသာရပ်များ(Pre – IGCSE တွင်ရွေးချယ်စရာမရှိပါ)
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၁၅။ကျောင်းသား Facebook Account ၏ link ……
၁၆။ဖခင်အမည်.....
၁၇။ဖခင်အလုပ်အကိုင် ....
၁၈။မိခင်အမည် .....
၁၉။မိခင်အလုပ်အကိုင်(မရှိလျှင်မှီခိုဟုရေးပါ) .....................................
၂၀။မိဘ/အုပ်ထိမ်းသူအားဆက်သွယ်ရမည့် မေးလ်(ကိုယ်ပိုင် gmail သာဖြစ်ရပါမည်။ အဖွဲ့အစည်းမေးလ်များလုံးဝလက်မခံပါ) ....................................................................
၂၁။ကျောင်းသား၏မေးလ် (full [email protected]) (အပိုဒ် ၁၈ ကိုပြန်ကြည့်ပါ။)
၂၂။ကျောင်းသားနှင့်မိဘများသည် ကျောင်း၏အထက်ပါကြေငြာချက်တွင်ပါဝင်သော စည်းကမ်းချက်အားလုံးအား သေချာဖတ်ရှုပြီးပြီဖြစ်ပြီးလိုက်နာရန် ဝန်ခံကတိ ပြုပါသည်။ (ဤဝန်ခံချက်အား မည်သူမျှ အဂ်လိပ်လို မိမိဘာသာ ဘာသာပြန်ပြီးမ ရေးရပါ။ ဤအတိုင်းသာကူးရေးရပါမည်။)
၂၃။ကျောင်းဝင်ခွင့်လျှောက်ထားသောနေ့စွဲ ............................