Laymaineyinngey

Laymaineyinngey

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Laymaineyinngey, Middle School, .

Operating as usual

Photos from Laymaineyinngey's post 14/09/2022

Photos from Laymaineyinngey's post

Photos from Laymaineyinngey's post 08/10/2021

🔊 အသိပေး အကြောင်းကြားခြင်း📢
ယခုအခါ လွန်ခဲ့သော (၄)လက အပိတ်ခံထားရသောအကောင့်အဟောင်းမှာပြန်လည်အသုံးပြု၍ရရှိသွားခဲ့ပါပြီ။
အကောင့်အဟောင်းမှာ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သောကြောင့် အရေးကြီးမှတ်တမ်းများရှိ​ခြင်း၊ ဓမ္မမိတ်ဆွေဟောင်းများ များစွာရှိနေခြင်းတို့ကြောင့် အကောင့်အဟောင်းမှတဆင့် ကျောင်းလုပ်ဆောင်ချက်များကို ဆက်လက်ဖော်ပြမှာဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေများအနေနဲ့ အကောင့်အဟောင်း၊ Page၊ Channelများတွင်
ပြန်လည်ချိတ်ဆက်ပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Photos from Laymaineyinngey's post 08/10/2021

🌹 မအင်ကြင်းခိုင်၏ စေတနာ🌹
မြိတ်မြို့၊ထားဝယ်စုရပ်နေ မအင်ကြင်းခိုင်က စာရေးသူရဲ့ အကောင့်အဟောင်းကို ပြန်လည်ဆယ်ပေးခဲ့ပါတယ်။အခုတော့ ပြန်လည်အသုံးပြုလို့ရ သွားပါပြီ။
အခုလို နည်းပညာအကူအညီကို အရေးတကြီးလိုအပ်နေတဲ့အချိန်မှာ စေတနာဖြူစင်စွာနဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ မအင်ကြင်းခိုင်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွင်စွာဖြင့် တိုင်းပြည် လူမျိုး ဘာသာ သာသနာအကျိုးကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်သော သမီးကောင်းရတနာလေး ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Photos from Laymaineyinngey's post 07/10/2021

💝 ကြည်ညိုမိတဲ့စိတ်ထား💝
ပြင်ပကမ္ဘာကြီးက တုန်လှုပ်နေပေမယ့် တပည့်လေးတွေက ကုသိုလ်ကောင်းမှုမှာပျော်မွေ့နေကြတဲ့အတွက် သူတို့ရဲ့စိတ်ထားလေးတွေကို ဆရာသမားတစ်ပါးအနေနဲ့ကြည်ညိုလေးစားမိပါတယ်။
ကလေးသဘာဝ မြူးတူးပျော်ပါးကာနေချင်ကြပေမယ့် အများနဲ့မတူ တမူထူးကာ ကုသိုလ်ကောင်းမှုကိုရှာမှီးနိုင်ကြတဲ့အတွက်လည်း ပိုပြီးလေးစားကြည်ညိုမိပါတယ်။
နှစ်ကာလကြာရှည်စွာ ကုသိုလ်ကောင်းမှုတွေကိုရှာမှီးနိုင်ကြပါစေလို့ တောင်းတလျက်.....🎇🎇🎇

Photos from Laymaineyinngey's post 06/10/2021

🎂 ဒေါ်လှလှမူ၏ မွေးနေ့အလှူ🎂
မြိတ်မြို့၊ စျေးတန်းရပ်၊ပုလဲလမ်းနေ ဦးထွန်းလွင်+ဒေါ်လှလှမူ၊ သား- Dr.ခန့်ရဲလင်း၊မောင်သူရိန်ထွန်း၊သမီး-စိမ့်သဥ္ဇာလှိုင်မိသားစုတို့က ဒေါ်လှလှမူ၏ (၅၆)နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဘုရားအမှူးရှိသော သံဃာတော်တို့အား နိဗ္ဗာန်ရည်မှန်းကာ တစ်နေ့တာဆွမ်းအလှူကို လှူဒါန်းခဲ့ကြပါတယ်။
မွေးနေ့ရှင်ဖြစ်သော ဒေါ်လှလှမူသည် ယနေ့ကျရောက်သော မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် လေးစားမြတ်နိုး တန်ဖိုးထားရသော မိသားစု ဆွေမျိုးသားချင်း သူငယ်ချင်းများနဲ့အတူ ချမ်းမြေ့ပျော်ရွှင်သော ဘဝကိုရရှိပိုင်ဆိုင်လျက် မိမိရည်မှန်းအပ်သော ဆုထူးဆုမြတ်များလည်း တလုံးတဝ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇

Photos from Laymaineyinngey's post 05/10/2021

🎍 တော်သလင်းလကွယ်🎍
🌹 ဥပုသ်နေ့🌹
ဒီကနေ့ကျရောက်တဲ့ ဥပုသ်နေ့လေးမှာ သီလယူ၊ ပရိတ် ပဋ္ဌာန်းရွက်ဖတ်ပူဇော်၊ တရားနာ တရားထိုင်ကြကာ ကုသိုလ်ကောင်းမှုအစုစုကို ရှာမှီးအားထုတ်ခဲ့ကြပါတယ်။
ဓမ္မမိတ်ဆွေ သူတော်စင်တွေလည်း ကုသိုလ်ကောင်းမှုအစုစုကို ရှာမှီးအားထုတ်နိုင်ကြကာ မိမိတို့ရည်မှန်းအပ်သော ဆုထူးဆုမြတ်များ အလျင်အမြန် ပြီးပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

05/10/2021

💐မသူဇာဝင်း၏မြတ်ဒါန💐
ရန်ကုန်မြို့နေ ဒေါ် နီနီနှင့်သမီးဖြစ်သူ မသူဇာဝင်းတို့က KBZ Payမှတဆင့် အလှူငွေ (၅)သောင်းကျပ်ကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ပါတယ်။
ဤကောင်းမှုကံ စေတနာတို့ကြောင့် ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန် ဝဋ်ဘဝတိုတိုဖြစ် လျင်မြန်စောစွာ
ရောက်နိုင်ကြပါစေ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Photos from Laymaineyinngey's post 05/10/2021

💐 ပစ္စည်းလေးဖြာ ဒါယကာ ချမ်းသာကိုယ်စိတ်မြဲပါစေ။💐

Photos from Laymaineyinngey's post 04/10/2021

💐 ထူးထူးတိုးကုမ္ပဏီ💐
🌹 မိသားစုများ၏ မြတ်ဒါန🌹
မြိတ်မြို့၊ ထူးထူးတိုးကုမ္ပဏီ မိသားစုမှ ဆန် ဆီ ငရုတ် ကြက်သွန်စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 03/10/2021

🌹 ဦးကျော်စွာဝေ+ဒေါ်စီစီမြင့်🌹
🍁 မိသားစုတို့၏ မြတ်ဒါန🍁
မြိတ်မြို့၊ ကန်ဖျားရပ်၊ သိန်းညီနောင်လမ်းနေ ဦးကျော်စွာဝေ+ဒေါ်စီစီမြင့်မိသားစုတို့က မားမား ခေါက်ဆွဲ (၆) ပါကင်နှင့် ငါးစည် (၅)ပါကင်တို့ကို နိဗ္ဗာန်ရည်မှန်းကာ လာရောက်လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

02/10/2021

😔 သာသနာပြုရာဝယ်😔

😔 သာသနာပြုရာဝယ်😔
(လုံးဝမရေးချင်ပါ....ဒါပေမယ့်...) ဒီကနေ့ တပည့်မ သီလရှင်လေးနှစ်ပါးရဲ့ ခမည်းတော် တစ်ဦးနဲ့ မယ်တော်တစ်ဦးတို့ရောက်လာကြတယ်။
သူတို့သမီးလေးတွေကို အိမ်မှာအလုပ်ခိုင်းမလို့၊ သတိရလို့စတဲ့အကြောင်းပြချက်တွေနဲ့ လာခေါ်တယ်။တပည့်မလေးတွေရဲ့ ခမည်းတော် မယ်တော်တွေက တစ်ချိန်က စာရေးသူကူညီစောင့်​ရှောက်ပေးခဲ့ဖူးတဲ့သူတွေပါ။ အခုချိန်ထိလည်း သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေးကိစ္စအဝဝကို ပင်ပန်းခံပြီးပြုလုပ်ပေးနေဆဲပါ။
ကိုယ်ကူညီစောင့်ရှောက်ခဲ့ဖူးတဲ့
သူတွေဖြစ်လို့ နားလည်လက်ခံမယ်ထင်ခဲ့တဲ့အတွက် ကလေးတွေဖက်က မေတ္တာရပ်ခံပြီး ပြန်မခေါ်ဖို့နဲ့ သူတို့ဘဝလေးတွေ ပျက်စီးမသွားဖို့ ပြောပြပေမယ့် လုံးဝလက်မခံပဲ ရိုင်းပြစော်ကားစွာပြောဆိုလာတာကြောင့် တပည့်မလေးတွေကို သနားဂရုဏာသက်မိပေမယ့် ပြန်ခိုင်းခဲ့ရပါတယ်။
တပည့်လေးတွေရဲ့ဘဝမှာ ဒီလိုအဖြစ်ဆိုးတွေကနေ လွှတ်ကင်းနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။🍁🍁🍁🍁🍁🍁🍁

Photos from Laymaineyinngey's post 02/10/2021

🌹 ဦးဝင်းနိုင် ဒေါ်သင်းသင်းဆွေ🌹
💐 မိသားစုတို့၏ မြတ်ဒါန💐
မြိတ်မြို့၊ ထားဝယ်စုရပ်၊ဂုဏ်ရုံလမ်းနေ ဦးဝင်းနိုင်( ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ)+ဒေါ်သင်းသင်းဆွေ မိသားစုတို့က ဟင်းရွက်သစ်သီး (၂)အိတ်တို့ကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး ကပ်ရောဂါဘေးအသီးသီးမှ လွှတ်မြောက်ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 02/10/2021

🌹ဆရာဇွဲသန့်၏ မြတ်ဒါန🌹
မြိတ်မြို့နယ်၊ကုန်းမြင့်သာယာရွာနေ ဆရာဇွဲသန့်က ကျောင်းအတွက် အုန်းသီးတစ်အိတ်ကို လာရောက်လှူဒါန်းခဲ့ပါတယ်။
ဆရာတို့မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုးဆထက်တပိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Photos from Laymaineyinngey's post 02/10/2021

🍚 ဆွမ်းခံထွက်ပြီ🍲
ဒီကနေ့မှာတော့ ရှည်လျားလှတဲ့ Covidရောဂါနဲ့ ကြီးမြင့်လှတဲ့ကုန်စျေးနှုန်းတွေကြောင့် တပည့်လေးတွေမှာပစ္စည်းလေးပါးရှားပါးမှုဖြစ်လာမှာစိုးတာကြောင့် မြိတ်မြို့၊ဝန်ထမ်းရပ်ကွက်ကို ဆွမ်းခံပြန်ထွက်ခဲ့ပါပြီ။
ဒကာ/ဒကါမတွေက သူတို့မှာ စားဝတ်နေရေးကြပ်တည်းနေကြပေမယ့် စာရေးသူတို့ ဆွမ်းခံသံဃာတွေကိုမြင်ရတော့ အားရဝမ်းသာစွာနဲ့ ဆွမ်းလောင်းလှူကြပါတယ်။ နောက်ရက်တွေမှာ ဆွမ်းများများပြင်ဆင်ထားပါ့မယ်ဘုရားလို့လည်းလျှောက်ထားလိုက်ကြသေးတယ်။
သြော်...ဒကာ/ဒကါမတွေက စာရေးသူတို့ ရဟန်းသံဃာတွေအပေါ်မှာ တာဝန်ကျေပွန်ကြပေစွလို့ စိတ်ထဲမှာဝမ်းသာပီတိဖြစ်မိတယ်။ သာသနာအတွက် စိတ်အားတွေလည်းထက်သန်လာမိတယ်။
ဆွမ်းဒကာ/ဆွမ်းအစ်မများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
💐💐💐💐💐💐💐💐💐💐💐💐💐

Photos from Laymaineyinngey's post 28/09/2021

💐 တော်သလင်းလဆုတ်(၈)ရက်💐
🍁 ဥပုသ်နေ့🍁
ဒီကနေ့ကျရောက်တဲ့ ဥပုသ်နေ့လေးမှာ သီလယူ၊ ပရိတ် ပဋ္ဌာန်းရွက်ဖတ်ပူဇော်၊ တရားနာ တရားထိုင်ကြကာ ကုသိုလ်ကောင်းမှုအစုစုကို ရှာမှီးအားထုတ်ခဲ့ကြပါတယ်။
ဓမ္မမိတ်ဆွေ သူတော်စင်တွေလည်း ကုသိုလ်ကောင်းမှုအစုစုကို ရှာမှီးအားထုတ်နိုင်ကြကာ မိမိတို့ရည်မှန်းအပ်သော ဆုထူးဆုမြတ်များ အလျင်အမြန် ပြီးပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

Photos from Laymaineyinngey's post 28/09/2021

🎍 ကျောင်းဒကာမိသားစု၏🎍
🌹 သိန်း(၅၀၀)ကျော်တန် မြေအလှူတော်🌹
မြိတ်-လေးမိုင်ယဥ်ငေးရိပ်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရဲ့ ကျောင်းဒကာ/ဒကါမတွေဖြစ်ကြတဲ့ ဦးဝင်းလွင်+ဒေါ်ဝါဝါမျိုး၊ သား-မောင်ခိုင်မြဲမောင်၊ သမီး- မနွေးနေချိုခိုင် မိသားစုတို့က စာရေးသူ၏သာသနာပြုလုပ်ငန်းများ အားသွန်ခွန်စိုက် ပြုလုပ်နိုင်ရန်စိတ်ရည်သန်၍ မျက်နှာဝ (၅၀) ပေ၊ အလျား (၂၀၀)ပေ၊(ကာလတန်ဖိုး သိန်း(၅၀၀) ကျော်တန်)မြေကို ထပ်မံတိုးချဲ့ကာ နိဗ္ဗာန်ရည်မှန်းကာ လှူဒါန်းခဲ့ကြပါတယ်။
ကျောင်းဒကာ/မ မိသားစုတို့သည် ယနေ့မှစ၍ နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့ရည်မှန်းအပ်,တောင့်တအပ်သော ဆုထူးဆုမြတ်များလည်းလျင်မြန်စွာ ပြည့်စုံကြပြီးလျှင်အဆုံးဘဝနောင်ကာလ၌ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စောစွာ ရနိုင်ရောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 28/09/2021

🌹 ဦးခင်ဇော်အေး+ ဒေါ်လဲ့လဲ့ဖြိုး🌹
🎍 မိသားစု၏ မြတ်ဒါန🎍
မြိတ်မြို့၊ဝန်ထမ်းရပ်နေ ဦးခင်ဇော်အေး+ ဒေါ်လဲ့လဲ့ဖြိုးတို့မိသားစုတို့က မုန့်လုံးရေပေါ်များကို နိဗ္ဗာန်ရည်မှန်းလှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး မကောင်းသောဘေးရန်အသီးသီးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။ သာသနာအကျိုး ဆထက်တပိုးညသယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 27/09/2021

🌹ခမည်းတော်+မယ်တော်များ၏🌹
🍁မြတ်ဒါန🍁
တနင်္သာရီ မြို့နယ်၊ ဇဝဲအုပ်စု၊ ဖားနီကျေးရွာနေ ခမည်းတော်၊မယ်တော်များက မိမိတို့၏သားသမီးများနှင့်လာရောက်တွေ့ဆုံကာ မိမိတို့မိသားစုများ စုပေါင်းလှူဒါန်းထားသော ဟင်းသီးဟင်းရွက်များကို ကျောင်းရှိ ရဟန်းသံဃာတော်များအတွက် နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 26/09/2021

🌹 ဦးလင်းအောင်+ဒေါ်မာမာသဲ🌹
🍁မိသားစုနှင့် ဓမ္မမိတ်ဆွေများ၏
မြတ်ဒါန🍁
တနင်္သာရီ မြို့နယ်၊ ဇဝဲအုပ်စု၊ ဖားနီကျေးရွာနေ ရှင်ဆေကိန္ဒ၊ရှင်ဝါသဝတို့ရဲ့ ခမည်းတော်၊မယ်တော်များဖြစ်ကြတဲ့
ဦးလင်းအောင်+ဒေါ်မာမာသဲတို့က မိမိတို့မိသားစုနှင့် ဓမ္မမိတ်ဆွေများ စုပေါင်းလှူဒါန်းထားသော ဟင်းသီးဟင်းရွက်များကို ကျောင်းရှိ ရဟန်းသံဃာတော်များအတွက် နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 25/09/2021

❗အကြံဉာဏ် တောင်းခံပါ၏❓
အကောင့်အဟောင်းလေး အပိတ်ခံထားရတာ (၄)လရှိပြီ။ အခုထိပြန်ဖွင့်လို့မရဘူး။ အရေးကြီးတဲ့ မှတ်တမ်းတွေရှိနေတဲ့အတွက် ပြန်ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဓမ္မမိတ်ဆွေများအနေနဲ့ အကြံဉာဏ် ပေးစေလိုပါတယ်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

Photos from Laymaineyinngey's post 24/09/2021

💐 ဦးနေဝင်း(မြိတ်) စိန်မျှား💐
🌹 မိသားစုတို့၏ အလှူတော်🌹
၇- လပိုင်းနှင့် ၈-လပိုင်းအတွက် လှူဒါန်းခဲ့ကြတဲ့ စိန်မျှားမိသားစုများနဲ့ ဓမ္မမိတ်ဆွေများ၏ အလှူတော်မှာ-
၁။ ဦးနေဝင်း(မြိတ်) စိန်မျှားမိသားစု-
(၄ သိန်း ၆ သောင်း)ကျပ်။
၂။ ဦးမျိုးမြင့်+ဒေါ်မြင့်မြင့်သိန်း (ပဲခူး)စိန်မျှားမိသားစု-
(၂ သိန်း) ကျပ်။
၃။ ကိုသိန်းယူ+မစန်းသီ မိသားစု - (၁ သောင်း) ကျပ်။
၄။ ကိုစိုးငယ်+မစန်းအေး မိသားစု- (၉ ထောင်) ကျပ်။
စုစုပေါင်းအလှူတော်ငွေမှာ- (၆ သိန်း ၇ သောင်း ၉ ထောင်)ကျပ် ဖြစ်ပါတယ်။ 💵
အလှူ့ရှင်မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စွာ တိုင်းပြည် လူမျိုး ဘာသာသာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

Photos from Laymaineyinngey's post 24/09/2021

💐 ကျောင်းဒကာမိသားစု၏💐
🌹 မြတ်ဒါန🌹
မြိတ်မြို့၊ ရှမ်းချောင်းရပ်နေ ကျောင်းဒကာ/မတွေဖြစ်တဲ့ ဦးဝင်းလွင်+ ဒေါ်ဝါဝါမျိုး မိသားစုတို့က ကျောင်းအတွက် ငါးများနှင့်အာလူးစသော ဟင်းသီးဟင်းရွက်များကို နိဗ္ဗာန်ရည်မှန်း လာရောက်လှူဒါန်းခဲ့ကြပါတယ်။
ကျောင်းဒကာ/မမိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက် နိုင်ကြပါစေ။ ကပ်ဘေးအသီးသီးမှလည်း လွှတ်မြောက်ချမ်းသာကြပါစေ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 22/09/2021

🌺 ကျောင်းဒကာမိသားစု၏🌺
🎍 မြတ်ဒါန🎍
မြိတ်မြို့၊ ရှမ်းချောင်းရပ်နေ ကျောင်းဒကာ/မတွေဖြစ်တဲ့ ဦးဝင်းလွင်+ ဒေါ်ဝါဝါမျိုး မိသားစုတို့က ကျောင်းအတွက်ကြက်ဥများနှင့် စာရေးသူအတွက် ဆေးဝါးများကို နိဗ္ဗာန်ရည်မှန်း လာရောက်လှူဒါန်းခဲ့ကြပါတယ်။
ကျောင်းဒကာ/မမိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက် နိုင်ကြပါစေ။ ကပ်ဘေးအသီးသီးမှလည်း လွှတ်မြောက်ချမ်းသာကြပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

Photos from Laymaineyinngey's post 20/09/2021

🌹 ဦးသူရ၏ မြတ်ဒါန🌹
မြိတ်မြို့၊ စျေးတန်းရပ်နေ ဦးသူရက ခြောက်ပြည်ဝင် ဆန်(၇၀)အိတ်တို့ကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
💐💐💐💐💐💐💐💐💐💐💐💐💐

Photos from Laymaineyinngey's post 19/09/2021

🌹 ဦးဇော်လွင် မိသားစု၏🌹
🌸 မြတ်ဒါန🌸
မြိတ်မြို့၊ဝန်ထမ်းရပ်နေ ဦးဇော်လွင် မိသားစုတို့က ငါးများကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
မိသားစုဝင်များအားလုံး
Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 18/09/2021

🌹 ဦးဝင်းလွင်+ဒေါ်ဝါဝါမျိုး 🌹
💦 မိသားစုတို့၏ရည်စူးအလှူ💦
လွန်ခဲ့သော (၁၀)လခန့် ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့သော မိခင်ကြီးဖြစ်သူ ဒေါ်ရှုစူအားရည်စူးကာ ကျောင်းဒကာ/ဒကါမများဖြစ်ကြသော ဦးဝင်းလွင်+ဒေါ်ဝါဝါမျိုး
မိသားစုတို့က ကြာဇံဟင်း၊ ကြက်ကြော်နှင့် မုန့်များကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။
မိခင်ကြီးဒေါ်ရှုစူသည် ဤကောင်းမှု၏ အဖို့ဘာဂကို ရောက်ဌာနဘုံဘဝမှနေ၍ သာဓုခေါ်ဆိုနိုင်ပြီးလျှင်
တဆင့်ထက်တဆင့် မြင့်သထက်မြင့်သော ဘုံဘဝဌာနတို့သို့ ရောက်ရှိစံမြန်းနိုင်ပါစေသတည်း။🌺🌺🌺

Photos from Laymaineyinngey's post 18/09/2021

🌹 သာသနာ့ဖခင် ကျေးဇူးရှင်🌹
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
စိတ်ထားက ရိုးရှင်းတယ်။ အပြောက ပြတ်သားတယ်။ အပြောထက်အလုပ်ကို ပိုဦးစားပေးတယ်။
ဂိုဏ်းဂဏစွဲမရှိ။ပုဂ္ဂိုလ်စွဲမရှိ။ သူ့တပည့် ငါ့တပည့်ရယ်လို့မရှိ။ အများကောင်းမယ်။ အများစိတ်ချမ်းသာမယ်ဆိုရင် ဘာမဆိုမားမားမတ်မတ် ရပ်တည်ကာ သာသနာ့တံတိုင်းကြီးသဖွယ် ဦးဆောင်ဦးရွက်ပြုတတ်တဲ့ တနင်္သါရီမြို့ရဲ့ သာသနာ့ဖခင် ကျေးဇူးရှင် ချောင်းကြီးဆရာတော်ဘုရားကြီး။
အခုတော့ ကိုဗစ်ဒဏ်ကြောင့် ဘုရားအရိယာသူတော်စင်တို့ မလွန်ဆန်နိုင်တဲ့ မရဏလမ်းကို စံမြန်းသွားရပြီတဲ့။
တပည့်တော်များ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်ဘုရား။ ဘဝသံသရာအဆက်ဆက်မှာ ဆရာတော်ဘုရားလို သူတော်ကောင်းပုဂ္ဂိလ်မျိုးများနဲ့သာ နှစ်ကာလကြာရှည်စွာ တွေ့ကြုံရပါလို၏လို့ ဆုတောင်းလိုက်ပါတယ် သာသနာ့ဖခင် ကျေးဇူးရှင် ဆရာတော်အရှင်သူမြတ်ကြီးဘုရား။
💐💐💐💐💐💐💐💐💐💐💐💐💐

Photos from Laymaineyinngey's post 17/09/2021

🌺 ဦးသန်းဇော်+ဒေါ်သူဇာ🌺
💻 (ဖိုးဇော်- ကွန်ပျူတာ)🖥
🎂 မိသားစုတို့၏မွေးနေ့အလှူ🎂
မြိတ်မြို့၊ ကန်ခေါင်းရပ်နေ ဦးသန်းဇော်+ဒေါ်သူဇာ (ဖိုးဇော်- ကွန်ပျူတာ) မိသားစုတို့က ဒေါ်သူဇာ၏ ၃၉-နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား နိဗ္ဗာန်ရည်မှန်းလျက် အရုဏ်ဆွမ်းအဖြစ် မြိတ်- ကိုက်ကြေးကိုက်နှင့်ဟင်းသီးဟင်းရွက်များကို လှူဒါန်းခဲ့ကြပါတယ်။
မွေးနေ့ရှင်ဖြစ်သူ ဒေါ်သူဇာနှင့်တကွ မိသားစုဝင်များအားလုံးတို့သည် ယနေ့မှစ၍ နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းသောမိသားစုဘဝလေးကို ရရှိ ပိုင်ဆိုင်နိုင်ကြလျက် မိမိတို့ရည်မှန်းအပ်သော ဆုထူးဆုမြတ်များ ပြည့်စုံကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။
💐💐💐💐💐💐💐💐💐💐💐💐💐

Photos from Laymaineyinngey's post 15/09/2021

🌹 ကိုနေမျိုးနိုင်နှင့် 🌹
🌺 သူငယ်ချင်းများ၏ မြတ်ဒါန🌺
မြိတ်မြို့နေ- ကိုနေမျိုးနိုင်နှင့် သူငယ်ချင်းများစုပေါင်းကာ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို နိဗ္ဗာန်ရည်မှန်းကာ လာရောက်လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 15/09/2021

🌹 ကိုဇော်ဝင်း+မစုလွင်🌹
🌸 မိသားစုတို့၏ မြတ်ဒါန🌸
မြိတ်မြို့၊ ရှမ်းချောင်းရပ်၊ ဓနိရည်ချိုလမ်း​နေ ကိုဇော်ဝင်း+မစုလွင် မိသားစုတို့လှူဒါန်းသော အုန်းသီးများကို ကိုဖိုးဇော်၊ကိုမျိုးမင်းတို့က အလှူ့ရှင်များကိုယ်စား လာရောက်လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 14/09/2021

😄 ဘယ်သူတွေ ဘာဖြစ်ဖြစ်....
သူတို့က အရောင်းအဝယ်မပျက်ဘူး။☺

Photos from Laymaineyinngey's post 14/09/2021

💁🏻‍♂️ ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင်💁🏻
ဒီကနေ့မနက်မှာ မြိတ်မြို့၊ခရူတောရပ်၊ကလေးဆေးရုံကြီးမှ ဦးထွန်းဝေ၊မစုမြတ်နိုး၊မစုမြတ်နိုးအေးတို့နှင့် ရှမ်းချောင်းရပ်ကွက်လူကြီးများရောက်ရှိလာကြပြီးကိုဗစ်ရောဂါစစ်ဆေးပေးကြတယ်။တစ်ကျောင်းလုံး ရောဂါကင်းစင်ကြပါတယ်။
လာရောက်စစ်ဆေးပေးကြတဲ့ ဒကာ/မများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကပ်ဘေးအသီးသီးကိုကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍

Photos from Laymaineyinngey's post 13/09/2021

🌺 မဝသုန်ဖြိုး၏ မြတ်ဒါန🌺
မြိတ်မြို့၊ တက္ကသိုလ်ရပ်၊မြရိပ်ညို(၃)လမ်းနေ မဝသုန်ဖြိုးမှ ယနေ့ နေ့ဆွမ်းအတွက် နို့စိမ်း (၅)ဗူးနှင့်ဝါးပလုတ်များကို နိဗ္ဗာန်ရည်မှန်း လာရောက် လှူဒါန်းခဲ့ပါတယ်။
ဤကောင်းမှုကံစေတနာတို့ကြောင့် ကပ်ဘေးအသီးသီးမှ လွှတ်မြောက်ကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Photos from Laymaineyinngey's post 11/09/2021

🌹မသူဇာဝင်း၏မြတ်ဒါန🌹
ရန်ကုန်မြို့နေ ဒေါ် နီနီနှင့်သမီးဖြစ်သူ မသူဇာဝင်းတို့က Wave Payမှတဆင့် အလှူငွေ (၅)သောင်းကျပ်ကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ပါတယ်။
အလှူ့ရှင်များအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🍁🍁🍁

Photos from Laymaineyinngey's post 10/09/2021

🌹 ဦးလင်းအောင်+ဒေါ်မာမာသဲ🌹
🍁မိသားစုနှင့် ဓမ္မမိတ်ဆွေများ၏
မြတ်ဒါန🍁
တနင်္သာရီ မြို့နယ်၊ ဇဝဲအုပ်စု၊ ဖားနီကျေးရွာနေ ရှင်ဆေကိန္ဒ၊ရှင်ဝါသဝတို့ရဲ့ ခမည်းတော်၊မယ်တော်များဖြစ်ကြတဲ့
ဦးလင်းအောင်+ဒေါ်မာမာသဲတို့က မိမိတို့မိသားစုနှင့် ဓမ္မမိတ်ဆွေများ စုပေါင်းလှူဒါန်းထားသော ဟင်းသီးဟင်းရွက်များကို ကျောင်းရှိ ရဟန်းသံဃာတော်များအတွက် နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 09/09/2021

💥 လောကဓံ တိုက်ပွဲ💥
အနာဂတ်မျိုးဆက်သစ် တပည့်လေးတွေအတွက် လောကဓံတိုက်ပွဲပေါင်းများစွာကို (၁၀) နှစ်ကျော် ရင်ဆိုင်ခဲ့ပြီးပြီ။ ဘယ်သူတွေနောက်ကြောင်းပြန်လှည့်လှည့် ကိုယ့်အတွက်ကတော့ လုံးဝအလျှော့မပေးချင်တာ ကိုယ့်ဗီဇ ကိုယ့်ဝါသနာ။
တပည့်လေးတွေကို ဆွမ်းခံကာ ကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးခဲ့ပြီးပြီ။
ဆိုးရွားလှတဲ့ Covidကပ်ရောဂါဘေးကြီးဖြစ်တော့လည်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးပြီ။
ကပ်ရောဂါကမပြီးသေးဘူး။ အခုတစ်ခါ နိုင်ငံရေး, စစ်ရေးတဲ့။ ဒီတစ်ခါလာတဲ့ လောကဓံက အတော်ကြီးကို လှုပ်ခတ်လာတယ်။ သာသနာတော်ကြီးလည်း အင်အားဆုတ်ယုတ်လာတော့မယ်။ ဒါပေမယ့်စိတ်မလျှော့ပါဘူး။
လောကဓံ ရိုက်ချက်တွေကြမ်းတိုင်း ရှင်ရဟန်းတွေ လူထွက်ကြကြေးဆိုရင် သာသနာမှာ ဘယ်သူမှကျန်မှာမဟုတ်။ ရှိသမျှအင်အားနဲ့ တတ်နိုင်သမျှ ခုခံတွန်းလှန်နေမှာဖြစ်တယ်။
လာစမ်းပါ လောကဓံ။
လာခဲ့စမ်းပါ လောကဓံ။
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

Photos from Laymaineyinngey's post 09/09/2021

🌹 သူငယ်ချင်းတစ်စု၏ မြတ်ဒါန🌹
မြိတ်မြို့နေ-
၁။ ကိုထက်လင်းကျော်+မအေမီအောင်
-တစ်သောင်းကျပ်။
၂။ကိုမင်းကိုကို+မသဲမာစိုး
-တစ်သောင်းကျပ်။
၃။ကိုစိုးမင်းအောင်+မခင်ပပ
-နှစ်ထောင်ကျပ်။
၄။မဟေမာန်ဦး -ငါးထောင်ကျပ်။
၅။မဇင်မာလွင် -သုံးထောင်ကျပ်။
၆။မခင်စစ်မှုံ -ငါးထောင်ကျပ်။
စုစုပေါင်း-သုံးသောင်းငါးထောင်ကျပ်ကို မအေမီအောင်၏Wave Payမှ တဆင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး Covid-19ကပ်ရောဂါဘေးကြီးမှ လွှတ်မြောက်ချမ်းသာကြပြီးလျှင် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🌺🌺🌺🌺🌺🌺🌺

Photos from Laymaineyinngey's post 08/09/2021

🌹 မဇင်မာသန်း မိသားစု၏ မြတ်ဒါန🌹
မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးနေ မဇင်မာသန်း(ရွှေဇီးကွက်လက်ဖက် ရည်ဆိုင်)မိသားစုက ဖရဲသီးများကို နိဗ္ဗာန်ရည်မှန်းကာ လာရောက်လှူဒါန်းခဲ့ပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး ကပ်ဘေးအသီးသီးမှလွှတ်မြောက်ချမ်းသာကြပြီးလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

Photos from Laymaineyinngey's post 06/09/2021

🌺 ကိုထွန်းလင်း မိသားစု၏ မြတ်ဒါန🌺
မြိတ်မြို့၊ ကန်ဖျားရပ်၊ မေတ္တာရေစင်လမ်းနေ ကိုထွန်းလင်းတို့မိသားစုက ကျောင်းအတွက်လိုအပ်နေတဲ့ ငါးမ်ားကို နိဗ္ဗာန်ရည်မှန်းကာ လာရောက်လှူဒါန်းခဲ့ပါတယ်။
အလှူ့ရှင်မိသားစုများအားလုံး ကပ်ဘေးအသီးသီးမှလွှတ်မြောက်ချမ်းသာကြပြီလျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း တောင်းပေးလိုက်ပါတယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

Photos from Laymaineyinngey's post 06/09/2021

🌹 မဝသုန်ဖြိုး၏ မြတ်ဒါန🌹
မြိတ်မြို့၊ တက္ကသိုလ်ရပ်၊မြရိပ်ညို(၃)လမ်းနေ မဝသုန်ဖြိုးမှ ယနေ့ နေ့ဆွမ်းအတွက် ဖရဲသီး၊ ကြက်ဥနှင့် ငါးပိကြော်များကို နိဗ္ဗာန်ရည်မှန်း လာရောက် လှူဒါန်းခဲ့ပါတယ်။
ဤကောင်းမှုကံစေတနာတို့ကြောင့် ကပ်ဘေးအသီးသီးမှ လွှတ်မြောက်ကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စွာဖြင့် သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Videos (show all)

😔 သာသနာပြုရာဝယ်😔
🌺 အတိတ်ရဲ့အရိပ် 🌺

Website