28/04/2025
#ထိုင်ဝမ် 🇹🇼 ကို နေစားစရိတ်ငြိမ်း လာလို့ရမယ့် SEASAT Youth Camp and Conference 2025
ဇူလိုင်လ ၁၄-၁၇ ထိုင်ဝမ်မှာ TAEF အဖွဲ့အစည်းကနေ Southeast Asia- South Asia- Taiwan Youth Camp (SEASAT 2025) ကျင်းပသွားမှာဖြစ်ပြီး အရှေ့တောင်အာရှ ၊ တောင်အာရှတို့မှ လူငယ် အယောက်၅၀ အား ထိုင်ဝမ်ကိုလာရောက်ပြီး နေစားစာရိတ်ငြိမ်း Conference ကိုလာတက်ဖို့ ဖိတ်ခေါ်နေပါတယ် ။ လျှောက်လွှာနဲ့တကွ တင်ပေးရမှာဖြစ်ပြီး အကိုအောင်ကနေလည်း လျှောက်လွှာတင်ရမယ့်နေရာကို အောက်မှာချပေးလိုက်ပါတယ်နော် ။
အဖွဲ့အစည်းကနေ နေစရိတ် ၊ စားသောက်သွားလာစရိတ်တို့အားလုံး (လေယာဥ်ဖိုးမှလွဲ၍) ကို ထောက်ပံံ့ပေးမှာဖြစ်သောကြောင့် အချိန်ရှိတုန်း လျှောက်တင်ကြဖို့လည်းအားပေးလိုက်ပါတယ် ။
ဖောင်ပိတ်ချိန် ။ ။ April 30th, 2025 23:59 ထိ
ဖောင်တင်ရန်နေရာ ။ ။ https://www.taef.org/event/1398?fbclid=IwY2xjawJ8G9FleHRuA2FlbQIxMABicmlkETF3aXN5ZVVOSnVDaEtqcGlDAR5Q15RwRkKoHa8oOo5S_4pvngiyphSL33e7nU2q_BvlEBBgl_tRdKKyJ_6HlA_aem_E2bTbYXQ2PTv-PBU1lg-8Q
****************************
မေးခွန်းများရှိပါက ဆက်သွယ်ရန်
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
အကိုအောင်
၂၈/၀၄/၂၀၂၅
17/04/2025
🌼 နှစ်သစ်ဆုတောင်း မင်္ဂလာ 🌼
၇ရက်သားသမီးများရဲ့ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိတ်မကောင်းစရာတွေအားလုံး ရေစီးနဲ့အတူ မျောပါသွားပြီး နှစ်သစ်မှာတော့ ကြည်လင်တဲ့စေတနာတွေ၊ ကောင်းမွန်တဲ့ကံတွေနဲ့ ပြည့်နှက်နေပါစေ။
အောင်မြင်ဖို့ အတွက်ကြိုးစားတဲ့ခါ ဂုဏ်ယူစရာ၊ မိသားစုအသိုင်းအဝိုင်းမှာ ချစ်ခင်ရေးတွေ တိုးပွားပါစေ။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ဘဝရဲ့ အစိတ်အပိုင်းတိုင်းမှာ တိုးတက်ကောင်းမွန်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုရာပညာရေးနှင့် ဘဝပန်းတိုင်ကိုယ်စီတို့ကို လှမ်းဆွတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Wishing everyone a joyful, peaceful, and meaningful start to the new year. May this year bring you strength, happiness, and the courage to chase your dreams. Let's welcome the new year with gratitude and hope, and may you achieve all your goals and reach new heights of greatness!
祝大家在新的一年中充滿喜悅、平安與意義。願這一年帶給你力量、快樂,與追夢的勇氣。讓我們以感恩與希望迎接新年,實現所有目標,邁向更高的成就!祝福大家新年快樂!
- အကိုအောင်
၁၇/၀၄/၂၀၂၅
25/03/2025
ဒီနေ့က Taiwan EduLab by Aung (ခ) အကိုအောင် ရဲ့ ၃ နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ် ….
၂၀၂၂ ကတည်းကစပြီး မြန်မာကနေထိုင်ဝမ်ကိုလာပြီး ပညာဆည်းပူးချင်ကြသူ ၊ အလုပ်လုပ်ချင်ကြသူ ၊ နေထိုင်ချင်ကြသူတို့ကို ကူညီပေးခဲ့တာလည်း ထောင်ဂဏန်း ၊ သောင်းဂဏန်းရှိပေမယ့် လူတယောက်ချင်းစီရဲ့ လိုအပ်ချက် နဲ့ တောင်းဆိုချက်တို့ကို ကြည့်ပြီး လိုရာပန်းတိုင်ကိုယ်စီတို့ကို ရောက်အောင် တတ်နိုင်သမျှ ကူညီပေးခဲ့ပါတယ်လို့ထင်မိပါတယ် …
ကျွန်တော်ရဲ့ဘဝမှာ အအောင်မြင်ဆုံးကိုရောက်အောင်တွန်းပို့ပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါကြောင်း … ဒီထပ်မကလည်းဆက်ကြိုးစားပါမယ် 🙏🏼🙏🏼🙏🏼
Thank you for your support for the past 3 years…
- အကိုအောင်
၂၅/၀၃/၂၀၂၅
17/03/2025
၃လပိုင်းအတွက် သတင်းကောင်းလေးတွေချည်းပဲ 🎉
ဒီလ #ထိုင်ဝမ် Language School ကျောင်းဝင်ခွင့် ၁၀၀ % နဲ့အတူ ဗီဇာတင်လျှောက်ပြီး အောင်မြင်နှုန်းက လည်း ၁၀၀ % ရရှိခဲ့ပါတယ် ။ အခုလျှောက်ခဲ့တဲ့ ၉ ယောက်ကလည်း မနေ့ကပဲအကုန်ရောက်ရှိလာနိုင်ခဲ့ပါပြီ ။ 🥰
အခုလိုမျိုးဖြစ်အောင်ကြိုးစားပေးခဲ့တဲ့ ကျောင်းသူကျောင်းသားတဦးချင်းစီတိုင်းကိုလည်းကို #အကိုအောင် ကနေ ကျေးဇူးအများကြီးတင်မိရပါတယ် ။
အကိုအောင်မှတဆင့် 2025 June, September and December Intake တို့ အတွက် Taichung မြို့မှာရှိတဲ့ ကျောင်းတွေကို ကျောင်းသားတွေဒီထက်မက ဆက်ပြီးလာလို့ရအောင် ဆွေးနွေးနေလျက်ရှိပါတယ် ။ နောက်နောက်အသုတ်တွေကိုလည်း အခုလိုမျိုး ၁၀၀% အပြည့်နဲ့ လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
2025 June, September, December အတွက် Language School လျှောက်ထားချင်တယ် ၊ Huayu Enrichment Scholarship အတွက်ကျောင်းလျှောက်ချင်တယ်ဆိုရင်တော့ Page ၊ Messenger ကိုလာပြီးတော့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
Taiwan Scholarship , ICDF Scholarship, University Scholarship တို့ကိုလည်း Guidance ပေးနေလျက်ပါ...
🇹🇼 ထိုင်ဝမ်ကိုပညာသင်ဆုနဲ့လာချင်တယ်ဆိုပြီးစောင့်မျှော်ကြတဲ့
https://www.facebook.com/photo.php?fbid=566513466115228&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် 🇹🇼 မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ နေ့တိုင်းဝင်ကြည့်သင့်တဲ့ Website သုံးခု
https://www.facebook.com/photo.php?fbid=557357793697462&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်မှာ တက္ကသိုလ် ၊ Language School တို့ကိုတက်ဖို့ ၁၂ တန်းပြီးထားရမလား??
https://www.facebook.com/photo.php?fbid=557950756971499&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် မှာ ကျောင်း ၂ နှစ်တက်ပြီး
U.S., Australia မှာဆက်တက်လို့ရမယ့် Dual-Degree Education 🇺🇸🇦🇺
https://facebook.com/photo.php?fbid=586582724108302&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~~
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
06/03/2025
ကျောင်း နဲ့ ဗီဇာလျှောက်တဲ့သူများကို အသိပေးတာပါ …
ဒီနေ့ကစပြီး MOFA ရုံးကြိုမကြေငြာထားပဲရုတ်တရက်ပိတ်သွားတာပါ။ ဘယ်နေ့ပြန်ဖွင့်မယ်မသိပါ။
အခုလောလောဆယ်တော့ MOFA နဲ့ပတ်သက်တာတွေ လုပ်မရတော့ပါ။ ရုံးပြန်ဖွင့်အောင်စောင့်ရပါလိမ့်မယ်ခင်ဗျ ။
အကျိုးအကြောင်းတခုခုပေါ်လာတယ်ဆိုရင်လည်းအချိန်နဲ့အမျှတင်ပေးပါမယ် … ။
အကိုအောင်
၀၆/၀၃/၂၀၂၅
02/03/2025
🇹🇼 ထိုင်ဝမ် ရဲ့ နံပါတ် (၁) တက္ကသိုလ်ကနေတဆင့် တခြားနိုင်ငံတွေကလည်းပညာဆက်ဆည်းပူးပြီးတက်လို့ရမယ့် Dual-Degree Education အသစ်များ (၁+၁) နဲ့ (၃+၂)
Bachelor ၊ Master ၊ Ph.D. အတွက် အကုန်လုံးရှိပြီး ၊ ထိုင်ဝမ်နဲ့ နိုင်ငံခြားတို့က ကျောင်းရဲ့ ဘွဲ့တခုချင်းစီကိုလည်းရမှာပါ ။
အားလုံးက #ထိုင်ဝမ် ရဲ့ ၂+၂ Program ကိုသိကြပေမယ့် အခုဒီကခါ အကိုအောင်ကနေ အားလုံးကိုမျှဝေချင်တာလေးကတော့
ထိုင်ဝမ်မှာ စစချင်းတက်ပြီးတော့ နောက် ၁-၃နှစ်ပြီး တခြားနိုင်ငံမှာ ကျောင်းသွားတက်ပြီး ဘွဲ့ ၂ခုရ ၊ ပြီးတော့ အဲ့မှာပဲဆက်ပြီးနေထိုင်လို့ရတဲ့ Program ဖြစ်တဲ့လမ်းကြောင်းပဲဖြစ်ပါတယ် ။
ထိုင်ဝမ်မှာတက်မယ့်ကျောင်းကလည်း အခုလက်ရှိ National Taiwan University ကိုကျော်ပြီးတော့ နံပါတ် (1) နေရာကို ရထားတဲ့ National Cheng Kung University ဖြစ်ပါတယ်။ (Taiwan News, 2025), ပြီးတော့သူတို့ဖက်ကနေသွားလို့ရတဲ့ နိုင်ငံ ၇ နိုင်ငံရှိတာမို့ ကိုယ်တက်ချင်တဲ့ မေဂျာနဲ့အတူတူ ၊ သွားတက်ချင်တဲ့နေရာတွေကိုလည်း တပါတည်းသိအောင်ရေးပေးထားပါတယ် ။
အခုသွားလို့ရတာတွေကတော့ ယူကေ ၊ ကနေဒါ ၊ အမေရိက ၊ ပြင်သစ် ၊ သြဇီ ၊ ဂျပန် နဲ့ ဆွီဒင် စသည်တို့ရှိပြီးတော့ တက္ကသိုလ်တွေကလည်း တကယ် အစုံသုပ်ပဲ ။
United Kingdom 🇬🇧
* University of Sheffield (College of Management, Dual Master 1+1)
* University of Lancaster (College of Management, Dual Master 1+1)
* University of Leeds (Department of Transportation & Communication Management Science, Dual Master 1+1)
* University of Essex (Institute of International Business, Dual Master 2+1)
Canada 🇨🇦
* University of Victoria (College of Management, Dual Bachelor 2+2)
United States 🇺🇸
* Southern Illinois University (College of Management, Dual Master 1+1)
* University of California San Diego (Department of Civil Engineering, BS-MS 3+2)
* University of Illinois Urbana-Champaign (Department of Civil Engineering, BS-MS)
* Case Western Reserve University (University-wide Dual-Degree Program)
* Temple University (University-wide Dual-Degree Program)
France 🇫🇷
* IPAG Business School (College of Management, Dual Master 1+1)
* ESC Rennes School of Business (College of Management, Dual Master 1+1)
* Ecole de Management de Normandie (College of Management, Dual Master 1+1)
Australia 🇦🇺
* The University of Queensland (College of Management, Dual Master 1+1)
* Swinburne University of Technology (College of Engineering, Dual Ph.D.)
Japan 🇯🇵
* Niigata University (University-wide Dual-Degree Program)
Sweden 🇸🇪
* KTH Royal Institute of Technology (University-wide Dual-Degree Program)
စုစုပေါင်း ကျောင်း (၁၇) ကျောင်းကနေ Business and Innovation, Business Analytics, Engineering စသည်တို့ကိုတက်လို့ရတာပဲဖြစ်ပါတယ် ။
✅Scholarship Available! ကျောင်းလျှောက်ချိန်မှာလည်း ပညာသင်ဆုရှိတာမို့ ကြိုးစားလျှောက်ကြည့်ဖို့ကို အားပေးလိုက်ပါတယ် ။ (need better score for scholarship)
ကျောင်းတင်မကပဲ Taiwan Scholarship နဲ့အတူတူပူးတွဲလျှောက်လို့ရတာမို့ ၊ အချိန်ရှိတုန်းလျှောက်ကြဖို့အားပေးလိုက်ပါတယ် ။
~~~~~~~~~~~~~~~~~~~~
ကျောင်းတက်ဖို့ဘာတွေလိုအပ်လဲဆိုတာ ကိုယ်တက်မယ့် ဘာသာရပ်ပေါ်မှာမူတည်တာကို ကျောင်းကို ဆက်သွယ်သည်ဖြစ်စေ ၊ အကိုအောင်နဲ့ ဆွေးနွေးချင်သည်ဖြစ်စေ ၊ အချိန်မရွေးလုပ်ဆောင်နိုင်ပါတယ် ၊ အဓိကက ကျောင်းဖောင်ပိတ်ရက်ကို တချက်ဂရုပြုဖို့လိုအပ်ပါတယ်နော် …
https://oia.ncku.edu.tw/p/404-1032-229873.php?Lang=en
Admission Deadline:
March 16th 2025
~~~~~~~~~~~~~~~~~~~~~
၄-၅ နှစ်အတွင်း ဘွဲ့ ၂ခုရယူချင်သည့် ညီ လေး၊ ညီမ လေးများ၊ ထိုင်ဝမ်မှာတက်ပြီးတော့ တခြားနိုင်ငံတို့ကိုပြောင်းချင်ကြတဲ့သူတွေဆိုရင်တော့ အသေးစိတ်ကို chatbox တွင် မေးမြန်းနိုင်ပါတယ်။
အကယ်၍ ကျောင်းကိစ္စနဲ့ ပတ်သတ်ပြီးဆွေးနွေးချင်တာပဲဖြစ်ဖြစ် ၊ ကျောင်းလျှောက်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်သိချင်ရင် အကိုအောင်နဲ့ အတူတူ အချိန်တချိန်ယူပြီးလည်း ဆွေးနွေးပေးနေတာမို့ အားလုံးတို့လည်း လိုရာပညာရေးပန်းတိုင်တို့ကိုရောက်အောင်လည်း လုပ်နိုင်ပါပြီ .. အခုလုပ်ရမှာကတော့ "သွားမယ်" ဆိုတဲ့ ဆုံးဖြတ်ချက်တခုပဲ ...
ပညာသင်ဆုလျှောက်ဖို့က ဒီလင့်ခ်နော် (အကိုအောင်ဆီ Link လာမတောင်းပါနဲ့တော့ ဟဟ)
https://www.roc-taiwan.org/mm_mm/post/3860.html
~~~~~~~~~~~~~~~~~~~~~~
🇹🇼ထိုင်ဝမ်ကိုပညာသင်ဆုနဲ့လာချင်တယ်ဆိုပြီးစောင့်မျှော်ကြတဲ့
https://www.facebook.com/photo.php?fbid=566513466115228&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼ထိုင်ဝမ် မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ နေ့တိုင်းဝင်ကြည့်သင့်တဲ့ Website သုံးခု
https://www.facebook.com/photo.php?fbid=557357793697462&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼ထိုင်ဝမ်မှာ တက္ကသိုလ် ၊ Language School တို့ကိုတက်ဖို့ ၁၂ တန်းပြီးထားရမလား??
https://www.facebook.com/photo.php?fbid=557950756971499&set=pb.100082697384079.-2207520000&type=3
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
-အကိုအောင်
၀၃ / ၀၂ / ၂၀၂၅
25/02/2025
အကိုအောင်ရေ ၊ #ထိုင်ဝမ် 🇹🇼 အိမ်မက်ကိုအကောင်ကထည်ဖော်ချင်လို့ ငွေဘယ်လောက်လောက်ကုန်နိုင်မလဲဗျ ? ဆိုပြီးတော့ လာလာမေးနေကြတဲ့သူတွေအတွက် .....
ဒီနေ့မနက် ဖုန်းဖွင့်ဖွင့်ချင်းမှာ Group တခုကလေ Post လေးတခုတွေ့ခဲ့တာပေါ့လေ ...
ထိုင်ဝမ်ကို ဘယ် Agent နဲ့ လာခဲ့တာလဲ???
ကျွန်တော့်ကို သူငယ်ချင်းတွေ တော်တော်များများလာမေးကျတယ်ဗျ
ထိုင်ဝမ်ကို ဘယ် Agent နဲ့လာခဲ့တာလည်း
ကောင်းတာလေးရှိရင်ညွှန်းပါအုန်း
အဲ့လိုအမြဲလာမေးကျတယ်ဗျ ။ မူရင်းကို လင့်ခ်ချပေးထားပါတယ် ။
https://www.facebook.com/photo/?fbid=2388555891477167&set=a.175506372782141
~~~~~~~~
အခုလက်ရှိအခြားသူတို့ပြောကြားချက်အရ ထိုင်ဝမ်ကိုလာဖို့ ၁၀၀၀ လောက်ကုန်တယ်လို့ပြောကြတယ် ... အဲ့ထဲမှာ ကျောင်းလျှောက်တာတို့ ၊ ဗီဇာအတွက်ပြင်ဆင်တာတို့ ၊ နောက်ဆုံး ထိုင်ဝမ်ထိ အစစအရာရာမှန်သမျှတို့ကိုလုပ်ပေးတာပေါ့လေ ....
ဒါပေမယ့် ...
စာထဲက အကိုပြောသလိုမျိုး ... ကိုယ်ကသူတို့သွားတဲ့လမ်းကြောင်းမသွားချင်ဘူးဆိုရင်ရော ?
ကိုယ်က စရိတ်အများကြီးမကုန်နိုင်ဘူးဆိုရင်ရော? တချို့ကကျ ကျောင်းမလျှောက်တက်လို့ ကျောင်းခေါ်စာ သို့မဟုတ် ပညာသင်ဆု လျှောက်ပေးတာတို့ကို စီစဥ်ပေးတဲ့သူကိုပဲ လိုချင်ကြရင်ရော အစရှိသည်ပေါ့လေ ....
✅ အကိုအောင် နဲ့ ကျောင်းအတူတူ ၊ ပညာသင်ဆုအတူတူလျှောက်မယ်ဆိုရင် တတ်နိုင်သမျှ ထိုင်ဝမ်အိမ်မက်ကို ဈေးအသက်သာဆုံးဖြစ်အောင် ၊ လျှောက်ပေးတဲ့သူလည်း ဗိုက်ပြည့်အောင် ကျောင်းဖောင်မပိတ်ခင်ဆက်သွယ်လိုက်ကြနော် ....
အကိုအောင်နဲ့ အတူတူ လျှောက်လို့ရတာတွေထဲမှာ
၀+၄ ၊ ၁+၄ ၊ ၂+၄ ၊ ၃+၄ ၊ Bachelor ၊ Master ၊ Ph.D. ၊ Language School သာမကပဲ
Taiwan Scholarship , ICDF Scholarship, University Scholarship တို့ကိုလည်း Guidance ပေးနေလျက်ပါ...
🇹🇼 ထိုင်ဝမ်ကိုပညာသင်ဆုနဲ့လာချင်တယ်ဆိုပြီးစောင့်မျှော်ကြတဲ့
https://www.facebook.com/photo.php?fbid=566513466115228&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် 🇹🇼 မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ နေ့တိုင်းဝင်ကြည့်သင့်တဲ့ Website သုံးခု
https://www.facebook.com/photo.php?fbid=557357793697462&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်မှာ တက္ကသိုလ် ၊ Language School တို့ကိုတက်ဖို့ ၁၂ တန်းပြီးထားရမလား??
https://www.facebook.com/photo.php?fbid=557950756971499&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် မှာ ကျောင်း ၂ နှစ်တက်ပြီး
U.S., Australia မှာဆက်တက်လို့ရမယ့် Dual-Degree Education 🇺🇸🇦🇺
https://facebook.com/photo.php?fbid=586582724108302&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~~
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
16/02/2025
🇹🇼 ထိုင်ဝမ်အစိုးရကနေ တလကို သိန်း၄၀ ထိ ထောက်ပံ့ပေးမယ့် Taiwan Scholarship 2025 လျှောက်လို့ရပြီနော် ...
***************************************
ကဲ ... ၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်လျှောက်နေကြတဲ့သူတွေအတွက်
✅ကျောင်းစရိတ်အတွက် တနှစ်ကို TWD 80000 နဲ့
✅ လစဥ်ထောက်ပံ့ကြေး တလကို TWD 15000-20000 ကြားပေးတာမို့ ပေးထားတဲ့အခွင့်အရေးကို လက်မလွှတ်ကြဖို့ အကိုအောင်ကနေ တိုက်တွန်းပေးလိုက်ပါတယ် ...
လိုအပ်မှာကတော့
၂၀၂၅/၀၃/၃၁ (၃လပိုင်း ၃၁ရက်နေ့) မတိုင်ခင်
ရန်ကုန်မှာရှိတဲ့ ထိုင်ဝမ်-မြန်မာရုံး (TECO Myanmar) ကို
1️⃣ လျှောက်လွှာ
2️⃣ ထိုင်ဝမ်ပညာသင်ဆုသဘောတူညီချက်
3️⃣ နိုင်ငံကူးလက်မှတ် မိတ္တူ
4️⃣ လျှောက်ထားသူ၏ အမြင့်ဆုံးဘွဲ့မိတ္တူနှင့် သက်ဆိုင်ရာ ပညာရေးဆိုင်ရာစာရွက်စာတမ်းမိတ္တူ
4️⃣ ထိုင်ဝမ်ရှိ တက္ကသိုလ်လျှောက်လွှာ ၊ လျှောက်ထားကြောင်း အထောက်အထား
5️⃣ ဘာသာစကားကျွမ်းကျင်မှုလက်မှတ်မိတ္တူ (IELTS , TOEIC , TOEFL စသည်တို့သာလက်ခံ)
6️⃣ ကိုယ်တက်ခဲ့တဲ့ ကျောင်းက ဆရာဆရာမများတို့ရဲ့ ထောက်ခံစာ ၂ စောင်
Fall Intake ဆိုတော့ Taiwan Scholarship သာမက ICDF Scholarship ကိုပါကြိုးစားနိုင်ကြပါတယ် ။ ပညာသင်ဆုနဲ့ဆိုရင်အစစအရာရာအဆင်ပြေသွားတာပါပေါ့ ...
အကယ်၍ ကျောင်းကိစ္စနဲ့ ပတ်သတ်ပြီးဆွေးနွေးချင်တာပဲဖြစ်ဖြစ် ၊ ကျောင်းလျှောက်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်သိချင်ရင် အကိုအောင်နဲ့ အတူတူ အချိန်တချိန်ယူပြီးလည်း ဆွေးနွေးပေးနေတာမို့ အားလုံးတို့လည်း လိုရာပညာရေးပန်းတိုင်တို့ကိုရောက်အောင်လည်း လုပ်နိုင်ပါပြီ .. အခုလုပ်ရမှာကတော့ "သွားမယ်" ဆိုတဲ့ ဆုံးဖြတ်ချက်တခုပဲ ...
ပညာသင်ဆုလျှောက်ဖို့က ဒီလင့်ခ်နော် (အကိုအောင်ဆီ Link လာမတောင်းပါနဲ့တော့ ဟဟ)
https://www.roc-taiwan.org/mm_mm/post/3860.html
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်ကိုပညာသင်ဆုနဲ့လာချင်တယ်ဆိုပြီးစောင့်မျှော်ကြတဲ့
https://www.facebook.com/photo.php?fbid=566513466115228&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် 🇹🇼 မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ နေ့တိုင်းဝင်ကြည့်သင့်တဲ့ Website သုံးခု
https://www.facebook.com/photo.php?fbid=557357793697462&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်မှာ တက္ကသိုလ် ၊ Language School တို့ကိုတက်ဖို့ ၁၂ တန်းပြီးထားရမလား??
https://www.facebook.com/photo.php?fbid=557950756971499&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် မှာ ကျောင်း ၂ နှစ်တက်ပြီး
U.S., Australia မှာဆက်တက်လို့ရမယ့် Dual-Degree Education 🇺🇸🇦🇺
https://facebook.com/photo.php?fbid=586582724108302&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~~
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
08/02/2025
အားလုံးတို့ …. ၂၀၂၅ ပညာသင်နှစ်အတွက်
#ကျောင်းလျှောက်ချိန် ပြန်ရောက်ပြီနော် ..........
ဘယ်ကျောင်းကို တက်ဖို့စဉ်းစားထားကြလဲ?
အောက်မှာကတော့အကိုအောင်ကနေ အားလုံးအတွက် ဘယ်လမှာဘာတွေလုပ်လို့ရတာကို ၊ ဘယ်ချိန်ကျောင်းလျှောက် ၊ ကျောင်းခေါ်စာရပြီး ဗီဇာလျှောက် အစရှိသည်တို့ကို သိအောင်ရေးပေးထားပါတယ်နော် ။
#ထိုင်ဝမ်ပညာရေး လမ်းကြောင်းလေးတွေကိုသေချာမသိသေးဘူးဆိုရင် 👇🏻👇🏻👇🏻
https://www.facebook.com/share/Kq2ot8seZtce4BSz/?mibextid=WC7FNe
31/01/2025
ထိုင်ဝမ် 🇹🇼 ကို တက္ကသိုလ်နဲ့ အမြန်ဆုံးလာချင်ကြတဲ့သူတွေအားလုံးကို
#အကိုအောင် ကနေ တက္ကသိုလ်ကျောင်းလျှောက်ချိန်တို့ကိုတင်ပေးထားပါတယ်နော်....
အောက်ကကျောင်းတွေအကုန်လုံးက ပညာသင်ဆုတွေလည်းပေးကြတာမို့ ၊ Fall Intake ဆိုတော့ Taiwan Scholarship သာမက ICDF Scholarship ကိုပါကြိုးစားနိုင်ကြပါတယ် ။ ပညာသင်ဆုနဲ့ဆိုရင်အစစအရာရာအဆင်ပြေသွားတာပါပေါ့ ...
အကယ်၍ ကျောင်းကိစ္စနဲ့ ပတ်သတ်ပြီးဆွေးနွေးချင်တာပဲဖြစ်ဖြစ် ၊ ကျောင်းလျှောက်ချင်တာပဲဖြစ်ဖြစ် အသေးစိတ်သိချင်ရင် အကိုအောင်နဲ့ အတူတူ အချိန်တချိန်ယူပြီးလည်း ဆွေးနွေးပေးနေတာမို့ အားလုံးတို့လည်း လိုရာပညာရေးပန်းတိုင်တို့ကိုရောက်အောင်လည်း လုပ်နိုင်ပါပြီ .. အခုလုပ်ရမှာကတော့ "သွားမယ်" ဆိုတဲ့ ဆုံးဖြတ်ချက်တခုပဲ ...
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်ကိုပညာသင်ဆုနဲ့လာချင်တယ်ဆိုပြီးစောင့်မျှော်ကြတဲ့
https://www.facebook.com/photo.php?fbid=566513466115228&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် 🇹🇼 မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ နေ့တိုင်းဝင်ကြည့်သင့်တဲ့ Website သုံးခု
https://www.facebook.com/photo.php?fbid=557357793697462&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
🇹🇼 ထိုင်ဝမ်မှာ တက္ကသိုလ် ၊ Language School တို့ကိုတက်ဖို့ ၁၂ တန်းပြီးထားရမလား??
https://www.facebook.com/photo.php?fbid=557950756971499&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~
ထိုင်ဝမ် မှာ ကျောင်း ၂ နှစ်တက်ပြီး
U.S., Australia မှာဆက်တက်လို့ရမယ့် Dual-Degree Education 🇺🇸🇦🇺
https://facebook.com/photo.php?fbid=586582724108302&set=pb.100082697384079.-2207520000&type=3
~~~~~~~~~~~~~~~
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
24/01/2025
၂၀၂၅ ခုနှစ်ကစပြီး ထိုင်ဝမ် 🇹🇼 မှာအလုပ်လုပ်သူများ တိုးသွားတဲ့အခြေခံလစာ
(၂၈၅၉၀ ထိုင်ပိ နဲ့ ၁၉၀ ထိုင်ပိ)
တက္ကသိုလ်မှာ ၊ ကျောင်းတက်ပြီး လုပ်နေတဲ့ အချိန်ပိုင်းများ (打工薪資)
#ထိုင်ဝမ်မှာအလုပ်လုပ်ရင်တနာရီအခြေခံလုပ်အားခံဘယ်လောက်ရလဲ
🟥 ထိုင်ဝမ်မှာ ကျောင်းသွားတက်ပြီးအလုပ်သွားလုပ်တော့မယ့် ညီညီမငယ်တို့တချို့က ကျွန်တော့်ကိုတခါတလေမေးပါတယ်။
“အခုလက်ရှိထိုင်ဝမ်မှာပေးတဲ့ အခြေခံလစာဆိုရင် တစ်လ ဘယ်လောက် စုမိနိုင်မလဲအကို?"
🟥 နောက်တစ်ခုက အချို့ထိုင်ဝမ်မှာအလုပ်ကြော်ငြာစာတွေမှာလည်းတွေ့ရတတ်ပါတယ်။
ထိုင်ဝမ်အခြေခံလစာ ၊ မြန်မာငွေ ကျပ် ၃၀သိန်း၊ သိန်း၄၀ ရရှိမယ်ဆိုပြီးတော့ စသည်ဖြင့် မြင်တွေ့နေရပါတယ်။
ဒီနေရာမှာထိုင်ဝမ်မသွားခင် အခြေခံလစာဆိုတာနဲ့ တစ်လ ဘယ်လောက်စုနိုင်မလဲဆိုတာကို လေ့လာကြည့်ကြပါမယ်နော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🟥 အခြေခံလစာကိုတရုတ်လိုဆို 基本薪資 လို့ ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထင်မိတာက အခြေခံလစာဆိုတာ ကိုယ်ရမယ့် လခလို့ ထင်မှတ်တာပါ။ ဥပမာအားဖြင့်ပြောရမယ်ဆို
မြန်မာနိုင်ငံမှာတော့ တစ်လ (၅)သိန်း လခရတဲ့လူဟာ လကုန်လို့ လခထုတ်ရင် လက်ထဲကို (၅) သိန်း တိတိ ရောက်ရှိပါတယ်။ ဒါပေမယ့်ထိုင်ဝမ်မှာကတော့ အခြေခံလစာထဲကမှ
(၁) ကျန်းမာရေးအာမခံ၊
(၂) အလုပ်အာမခံ
(၃) ဝင်ငွေခွန် စသည်တို့ကိုနှုတ်ယူပါတယ်။ ထိုအခွန်တွေ နှုတ်ယူပြီးတဲ့ ပမာဏကိုမှ မိမိရဲ့ ဘဏ်ထဲ သို့မဟုတ် ငွေသားဖြင့်(လက်ထဲ)ကို ထည့်ပေးတာဖြစ်ပါတယ်။
~~~~~~~~~~~~~~~~
ပြောချင်တဲ့ သဘောကတော့ မိမိရရှိမယ့် အခြေခံလစာဟာ ပမာဏအားလုံး မိမိလက်ထဲကို ရောက်ရှိမှာ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
🟥 အခြေခံလစာဟာ အမျိုးအမျိုးကနေ စတင်နိုင်ပါတယ်။
ကိုယ့်ရဲ့ပညာ၊ ကိုယ်လုပ်မယ့် အလုပ်နဲ့လိုက်ပြီး အနည်းနဲ့အများရနိုင်ပါတယ်။ သေချာတာကတော့ ဘယ်အလုပ်ရှင်ကမဆို အလုပ်လုပ်သူတိုင်းကို ၂၀၂၅ ခုနှစ်ကစပြီး အချိန်ပိုင်းကို တနာရီ ထိုင်ပိ ၁၉၀ နဲ့ အချိန်ပြည့်အလုပ်ကို အနည်းဆုံး တလ ၂၈၅၉၀ ထိုင်ပိ ကို မဖြစ်မနေပေးရမှာပါ ။ ဒီထက်ပိုနည်းပြီးပေးတယ်ဆိုရင် ရဲ တို့ကိုတိုင်ပြီးတော့ ကိုယ်ကနေ နစ်နာကြေးတောင်းဆိုနိုင်ပါတယ် (ကိုယ့်ဖက်က Work Permit / ARC / တရားဝင်အလုပ်လုပ်တဲ့ချိန်အောက်တွင် ) ။
~~~~~~~~~~~~
🟥 အခု ထိုင်ဝမ်ကိုရောက်နေတဲ့ကျောင်းသူကျောင်းသားတွေဟာ ARC + Work Permit ရှိခဲ့ရင် တပါတ်ကို နာရီ ၂၀ ၊ ကျောင်းပိတ်ကာလတွေဆို တပါတ် နာရီ ၄၀ လုပ်ကိုင်နိုင်တာမို့ ကျွန်တော်တို့ ၁၅၂၀၀~၃၀၄၀၀ ထိုင်ပိကြားရမှာပါ ၊ အဲ့ထဲကိုမှ ကျန်းမာရေးခွန်နဲ့ အလုပ်သမားခွန်တို့ပါနှုတ်လိုက်ရင် ၁၃၀၀၀ ကနေ ၂၇၀၀၀ ကြားရှိပါတယ် ။ ထိုင်ဝမ်မှာက ကုန်စျေးနှုန်းကလည်း စျေးကြီးပါတယ်။ အထက်ပါ ကုန်ကျစရိတ်များအပြင်၊ အခြားအသုံးစရိတ်၊ လည်ပတ်စရိတ်၊ ကျန်းမာရေးစရိတ်၊ အဝတ်အစားဝယ်စရိတ်နဲ့ အခြားမမြင်နိုင်တဲ့ ကုန်ကျစရိတ်တို့လည်း ရှိနိုင်ပါသေးတယ်။
ကျနော်တို့ ၁ပါတ် နာရီ ၂၀ လုပ်ပြီးရနိုင်တဲ့ လခကို တွက်ကြည့်ကြရအောင်ပါ
မိမိလက်ထဲရောက်မယ့်လခ = (၁၉၀ ထိုင်ပိ x နာရီ ၂၀ x ၄ ပါတ်) - ၁၅ ရာခိုင်နှုန်းအခွန် = ၁၂၉၂၀ ထိုင်ပိ
အိမ်လခ = - ၄၀၀၀
စားစရိတ် = -၅၀၀၀
ဖုန်းခ = - ၅၀၀
သွားလာစရိတ် = - ၁၂၀၀
တခြားသုံးဆောင်စရိတ် = - ၁၀၀၀
_____________________________________________
မိမိ တကယ်ရရှိမယ့် ဝင်ငွေ = ၁၂၀၀-၁၅၀၀
ဒါဆိုကြည့်လို့ရတာက ကျောင်းတက်ချိန် (၈လလုံး) တလကို ၁၅၀၀ လောက်ပိုပြီးတော့
ကျောင်းပိတ်ရက် (၄လစာ) လုပ်မယ်ဆို ၁၅၀၀+၁၃၀၀၀ =တလကို ၁၈၀၀၀ ထိုင်ပိစုလို့ရမှာပါ
အဲ့တာကြောင့် ထိုင်ဝမ်မှာ အလုပ်လုပ်ပြီး ငွေအများကြီးရမရဆိုတာ တချက်ပြန်စဥ်းစားပေးစေချင်သလိုတချိန်တည်းမှာလည်း တရားဥပဒေတို့နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို (လုံးဝ) လုံးဝမလုပ်ကြဖို့ရယ် ၊ သူများကနေ ကိုယ်ကိုလစာနှိမ်ပြီးပေးခဲ့သည်ရှိသော် ၊ ကိုယ်လခရဲ့ တစိတ်တပိုင်းအားပေးနေရရင် ရဲကိုချက်ချင်းတိုင်ကြားနိုင်ပါတယ် ။
အားလုံးအဆင်ပြေကြပါစေ။
Facebook: fb.me/taiwanedulab
Messenger: m.me/taiwanedulab
Your adventure awaits…
©StudyinTaiwanbyAung
©TaiwanEduLab
-အကိုအောင်
၂၄ / ၀၁ / ၂၀၂၅
17/01/2025
#轉發
ထိုင်ဝမ် 🇹🇼 မှာအခုကျောင်းတက်နေပြီး
အလုပ်ရှာဖို့ကြိုးစားနေကြတဲ့သူတွေအတွက်
2025 College Job Fairs for Overseas Chinese and Foreign Students ပွဲရှိပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
✅ အင်ဂျင်နီယာနည်းပညာ၊ ✅ ဇီဝနည်းပညာနှင့် ဆေးဘက်ဆိုင်ရာ၊ ✅ စက်မှုအင်ဂျင်နီယာ၊ ✅ ကြော်ငြာမီဒီယာ၊ ✅ ဝန်ဆောင်မှုပိုင်း အစရှိသည့် လုပ်ငန်းအမျိုးအစားများနှင့် ပတ်သက်သော ကုမ္ပဏီ ၃၀ ကျော်နှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်များနှင့် လေ့ကျင့်ခွင့် အခွင့်အလမ်း ၁၀၀ ကျော်ကို ရှာဖွေနိုင်တာမို့သွားပြီးကြည့်ကြဖို့ အားပေးလိုက်ပါတယ်နော် ။
Registration for the "2025 Overseas Students Campus Job Fair" is now open! Take the opportunity to meet face-to-face with over 30 companies from industries such as technology, biotechnology, mechanical engineering, advertising media, and retail services. Explore more than 100 job positions and internship opportunities.
🧙♂Seats are limited, register now! Don't miss this rare opportunity!
Limited spots available and sign up now! Don't miss out on this rare opportunity!
🎈Tainan (ထိုင်နန်မြို့)
Date: Friday, February 14, 2025 (Fri.)
Venue: National Tainan University Sports Room
Office of Physical Education, National University of Tainan
Time: 13:30-16:30
Further Information & Sign Up
✅https://www.accupass.com/event/2408220234131040493810
🎈Taipei (ထိုင်ပေမြို့)
Date: Friday, February 21, 2025 (Fri.)
Venue: GIS MOTC Convention Center - 5F Auditorium, GIS MOTC Convention Center
Time: 14:00-17:00
Further Information & Sign Up
✅ https://www.accupass.com/event/2408220206351588155456