Pan Wuttyee Zaw Chinn

Pan Wuttyee Zaw Chinn

แชร์

သင်ကြားရေး video လေးတွေ လေ့လာနိုင်ပါတယ်
09761677602 viber

เปิดเหมือนปกติ

Photos from Pan Wuttyee Zaw Chinn's post 12/03/2025

အိမ်မှာကံ့ကော်တွေ တအားပွင့်

Photos from ManiSandar TeachingAids's post 12/03/2025

KG သင်ရိုးသစ် သင်ရမယ်ဆို မပါမဖြစ် ခေါင်းစဉ် ၁၅ခု ရှိပါတယ်

ဒီခေါင်းစဉ် ၁၅ခု က ဘာတွေလဲ
ကလေးတွေက ဘာတွေ သင်ရမှာလဲ
ဖတ်စာအုပ်မရှိတဲ့ kg အတွက် ဘယ်လိုသင်ခန်းစာတွေ သင်ရမလဲ

ဒါတွေအတွက် ခေါင်းစဉ် ၁၅ခု သင်ကြားရေးကတ် ရပါမယ်
စာမျက်နှာ ၃၀
A4size ကျောကပ် ၁၅ရွက်တွဲ
ကတ်လောင်းထားပြီး

၂၀၀၀၀ ကျပ်ပါရှင်

Kgသင်မယ်ဆို ဝယ်ထားတော့နော်09761677602 Viber cb

Photos from Pan Wuttyee Zaw Chinn's post 12/03/2025

Grade1 မြန်မာစာ အု အူ အူး

11/03/2025

တစ်ခါပဲ ဝယ်ပါ အမြဲကြည့်ပါ
သင်ရိုးကုန် Telegram video class
09761677602 Viber

Photos from Pan Wuttyee Zaw Chinn's post 11/03/2025

KG အက္ခရာသင်ကြားရန် အစဉ်

Photos from Pan Wuttyee Zaw Chinn's post 11/03/2025

ကလေးလေးတွေကို ရွတ်ပြဖို့အတွက် Nursery Rhymes

Photos from Pan Wuttyee Zaw Chinn's post 11/03/2025

Grade 2 ကလေးတွေကနေ စသင်ရတဲ့ စာလုံးဆင့် ပါဌ်ဆင့်တို့အတွက် စာလုံးဆင့်ဖတ်နည်း အလင်္ကာ

Photos from Pan Wuttyee Zaw Chinn's post 10/03/2025

လက်ကြိုက်မယ် လက်မကြိုက်ဘူး ဆိုတာနဲ့

ကျွန်မကလေးလေးကို ချီထားတတ်လား
ကလေးက လက်ကြိုက်နေပြီလား
ချီမထားနဲ့နော် လက်ကြိုက်သွားမယ်
စတဲ့ စကားတွေ အများကြီး ကျွန်မကြားဖူးပါတယ်
ဒီအထိအဆင်ပြေပါတယ်
ကလေးကတော့ နင်တို့အဲလိုချီလို့ ဘယ်လိုဖြစ်သွားမယ် ဘယ်ညာဖြစ်သွားမယ်
မိဘကို ဒုက္ခပေးလိမ့်မယ်ဆိုတာမျိုးကျ သည်းခံနိုင်တဲ့ အနေအထားမဟုတ်ပါဘူး
ကျွန်မသားလေးက ၂လတောင် မပြည့်သေးတဲ့ ကလေးလေးပါ
အဲ့ကလေးလေးက မိခင်ဗိုက်ထဲမှာနေခဲ့ရသလို နွေးနွေးထွေးထွေးနေချင်ပါတယ်
လုံခြုံတယ်လို့ ခံစားရတဲ့ အခြေအနေလေးကို သဘောကျပါတယ်
အဲ့ဒီတော့ သားက ချီစေချင်တဲ့အရိပ်အယောင်ရှိတိုင်း သားအိပ်ချင်နေတယ်ဆိုတဲ့အခါတိုင်း ကျွန်မချီထားပါတယ်
ကျွန်မတင်မကပါဘူး
အမျိုးသားရော အဖေရော အမေရော ညီမရော အကုန်လုံးချီထားတတ်ပါတယ်
လက်ကြိုက်လည်း ကြိုက်ပါစေ
ဘယ်အချိန်ထိ ချီထားနိုင်မှာမို့လဲ အချီခံမှာမို့လဲ
ကျွန်မတို့တစ်အိမ်လုံးက ချီထားမှာပါ
ဒါက ကျွန်မတို့မိသားစုက အချိန်ပေးနိုင်လို့ ကျွန်မတို့ရွေးချယ်တဲ့ အခြေအနေဖြစ်ပါတယ်
ဒါပေမဲ့ အလုပ်တွေနဲ့ မေမေတွေဖေဖေတွေလည်းရှိကြမှာပါ
သူတို့မှာလည်း ချီချင်ပေမဲ့ ကလေးလေး လက်ကြိုက်လို့ မဖြစ်တာလည်း ရှိမှာပါ
ကျွန်မတို့လည်း သူများမိသားစု ကလေးချီတာမချီတာကို ဘာဝေဖန်မှုမှ မလုပ်ပါဘူး
မိသားစုတိုင်းမှာ သူ့ရွေးချယ်မှုနဲ့ သူတို့အဆင်ပြေသလို ဖြတ်သန်းကြတဲ့အခြေအနေဆိုတာရှိပါတယ်
တစ်စုံတစ်ယောက်ကို မထိခိုက်သရွေ့ အဲဒါဟာ ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး
ကိုယ့်ကလေး ကိုယ် ချီတာ မချီတာ ဘယ်သူမှ လာထိန်းပေးရတာလည်းမဟုတ်လို့ ဘယ်သူမှပြောစရာမလိုပါဘူး
အမေတွေကို ဝေဖန်ကြတာမှာ အားနာလို့ ပြန်မပြောဖြစ်ကြတာပဲ ရှိပါလိမ့်မယ်
ဘယ်သူကမှ မှန်လို့ ပြောခံငြိမ်ခံနေကြတယ်မရှိပါဘူး
သူများကိစ္စ နေရာတကာပါကြတာ ကိုယ့်ကိုယ်ကိုယ် smart ဖြစ်တယ်ထင်နေကြရင်လည်း သဘောပါပဲ

10/03/2025

ကလေးများအတွက် Fine Motor Skill အဓိကနှင့် လိုအပ်ချက်များ

ကျွန်မက စာမသင်ခင် ဒါတွေသင်ပါဆိုပြီး Fine motor skills သင်ခန်းစာတွေ pageမှာတင်ပေးလေ့ရှိပါတယ်။ အဲဒီpostတွေရဲ့ တချို့ comment တွေမှာ ဘာလို့အဲဒါသင်ရမလဲ ? သင်တော့ဘာဖြစ်လဲ? မသင်တော့ ဘာဖြစ်လဲ? ဆိုတာမျိုးတွေ တွေ့ရပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အရေးကြီးတဲ့ fine motor skills အကြောင်း တင်ပေးလိုက်ပါတယ်ရှင်

Fine Motor Skills ဆိုတာဘာလဲ?

Fine Motor Skills (သေးငယ်တဲ့လက်လေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည်များ) ဆိုသည်မှာ လက်သေးသေးလေးတွေ သန်မာဖွံ့ဖြိုးမှု ၊ လက်ချောင်းတွေရဲ့ လှုပ်ရှားနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အခြေခံပြုသော ကျွမ်းကျင်မှုများကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ လက်နှင့် လက်ချောင်းလှုပ်ရှားမှုများပေါ်မှာ အခြေခံထားတဲ့ စွမ်းရည်များ ကို အဓိကပြောချင်တာဖြစ်ပါတယ်။
လက်နဲ့လက်ချောင်းတွေ သန်မာအောင် အရင်လေ့ကျင့်မှသာ စာရေးစွမ်းရည်အတွက် အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။

Fine Motor Skills တွေက ဘာလို့ ကလေးတွေအတွက် အရေးကြီးလဲ?

1. စာရေးခြင်း၊ ပုံဆွဲခြင်း

• Fine Motor Skills က စာရေးတဲ့လက်ရေးပုံစံ တည်ဆောက်ရန်၊ ပုံဆွဲရန် အတွက် လက်ချောင်းတွေ အဆင်သင့်ဖြစ်လာဖို့ အထောက်အကူပြုပါတယ်။

• ကလေးတွေရဲ့ လက်ရေးလေးတွေ သေသပ်သန့်ရှင်းပြီး စနစ်တကျရေးတတ်ဖို့ အတွေ့အကြုံရလာစေပါတယ်။

2. တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အထောက်အကူပြုခြင်း

• ကိုယ်တိုင် အဝတ်အစားဝတ်ခြင်း၊ ဖိနပ်စီးခြင်း၊ ထမင်းစားခြင်း၊ ရေချိုးသန့်စင်ခြင်း စတဲ့ တစ်ကိုယ်ရည် လုပ်ငန်းတွေမှာFine Motor Skills က လိုအပ်ပါတယ်။

• လက်ဆေးတာ၊ ရေချိုးတာ၊ သွားတိုက်တာ စတဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုစနစ်ကျလာစေပါတယ်။

3. အနာဂတ်လုပ်ဆောင်ချက်များအတွက် အခြေခံလေ့ကျင့်မှုပေးခြင်း

• Fine Motor Skills က ကလေးအတွက် လက်ချောင်းတွေသန်မာဖို့၊ စာရေးတဲ့အချိန်အတွက်ထောက်ပံ့မှု ပေးသလို အခြားပညာရေးဆိုင်ရာ အရည်အချင်းများမှာပါ အရေးကြီးပါတယ်။

• ဥပမာ - ပုံစံတွေ မျဉ်းတွေ ရေးဆွဲခြင်း၊ ကြယ်သီးတပ်ခြင်း လက်လှုပ်ရှားမှုလုပ်ငန်းစဉ်များမှာ အသုံးဝင်ပါတယ်။

4. စိတ်ခံစားမှု နှင့် ယုံကြည်စိတ်ချမှု တိုးတက်စေခြင်း

• Fine Motor Skills ကို ရင်းနှီးလာတဲ့အခါ ကိုယ်တိုင်ကျွမ်းကျင်လုပ်ကိုင်လာနိုင်မှုအပေါ်ကလေးတွေက မိမိကိုယ်ကို ယုံကြည်မှုနဲ့ သင်ယူမှု ပိုမိုတိုးတက်စေပါတယ်။

• ကလေးတွေရဲ့ စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှု တွင် လည်း ထောက်ပံ့နိုင်ပါတယ်။

Fine Motor Skills တိုးတက်စေဖို့ လေ့ကျင့်ခန်းများ

1. ပုံဆွဲကစားခြင်း

• ပုံသဏ္ဌာန်တွေ မျဉ်းတွေနဲ့ ခဲတံဆွဲလေ့ကျင့်တာကို လေ့ကျင့်နိုင်ပါတယ်။

2. အရောင်ခြယ်ခြင်း

• ကလေးတွေအတွက် အရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း က လက်ချောင်းတွေနဲ့ စာရွက်မျက်နှာပြင်ထိတွေ့မှုတွေကနေ အထိအတွေ့ခံစားမှုကိုတိုးတက်စေပါတယ်။

3. ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ လက်ရာဖန်တီးပြုလုပ်ခြင်း

• ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ ပလတ်စတစ်ကြိုးစသည်ဖြင့် လက်ကို ထိန်းရင်း ပြုလုပ်နိုင်သည့် လုပ်ငန်းတွေနဲ့ ကစားနိုင်ပါတယ်။

4. ကတ်ကြေးညှပ်ကစားခြင်း

စက္ကူပေါ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး/ မျဉ်းအမျိုးမျိုး ရေးဆွဲပြီး ကတ်ကြေးညှပ်ကစားလို့ ရပါတယ်

5. အရုပ်စက္ကူခေါက်ကစားခြင်း

Origami လို့ သိကြတဲ့ စက္ကူခေါက်ပုံစံလေးတွေကလည်း တစ်ဆင့် နှစ်ဆင့်ကနေ ကလေးတွေအတွက် နှစ်သက်သဘောကျစရာမို့ ကစားပေးလို့ရပါတယ်

ဒီလောက်ဆို Fine Motor Skills ဘာလို့ အရေးကြီးတာလဲ ? ဘာလို့သင်ပေးရမလဲ? ဆိုတဲ့ မေးခွန်းတွေကို ဖြေပြီးဖြစ်မယ်ထင်ပါတယ်။ မသင်ရင် ဘာဖြစ်မလဲ စာပဲရေးခိုင်းရင် ဘာဖြစ်မလဲဆိုရင်တော့ ကျွန်မတို့ငယ်ငယ်က ဒါမျိုးမသင်ခဲ့ရဖူးလို့ အခုလို တစ်ကိုယ်ရည် အသိသညာတွေမှာ အားနည်းခဲ့ရတယ်မလား။ စာ ပြီး စာ ၊ စာ စာ စာ ကနေတော့ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးမှုတွေ ရမလာနိုင်တာ ကျိန်းသေပါ။
ကလေးတွေရဲ့ သွက်လက်စွာ စွမ်းဆောင်မှုအတွက် အရေးကြီးပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပညာရေးစွမ်းရည်များ တိုးတက်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်တာမလို့ စာရေးမသင်ခင် Fine motor skills ကိုသင်ပါ။
ပျော်ရွှင်စွာနဲ့ လေ့ကျင့်ခန်းများပြုလုပ်ခြင်းက Fine Motor Skills ဖွံ့ဖြိုးမှုကို ထိရောက်စွာအထောက်အကူပေးပါလိမ့်မယ်။

ပန်းဝတ်ရည်ဇော်ချင်း

(လွတ်လပ်စွာမျှဝေနိုင်ပါတယ်။ မည်သည့်နေရာတွင်မဆို ပုံဖြုတ်စာဖြုတ်၍ ပြန်လည်ကူးယူတင်ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။)

Photos from Pan Wuttyee Zaw Chinn's post 10/03/2025

ကလေးတို့အတွက် Alphabet tracing

Photos from ManiSandar TeachingAids's post 10/03/2025

KG သူငယ်တန်း စာသင်ရင် ဝယ်ကို ဝယ်သင့်တဲ့

KG အစုံလိုက် ရနိုင်တဲ့ သင်ထောက်ကူလေးတွေပါရှင်
စာအရေးသင် workbook 5အုပ်တွဲ ၂၅၀၀၀ကျပ်
ဆေးရောင်ခြယ် worksheet ၁၅၀၀၀ ကျပ်
ကခဝေါဟာရကဗျာကတ် ၂၀၀၀၀ ကျပ်
ABC ဝေါဟာရ ကဗျာကတ် ၂၀၀၀၀ ကျပ်
၁၂၃123 ကတ် ၁၂၀၀၀ ကျပ်
သင်ရိုးတေးကဗျာကတ် ၄၀၀၀၀ ကျပ်
သင်ရိုး ပုံပြင် အတွဲ ၁ 23000 ကျပ်
သင်ရိုး ပုံပြင် အတွဲ ၂ 23000 ကျပ်
သင်ရိုးခေါင်းစဥ် သင်ကြားရေးကတ် ၂၀၀၀၀ ကျပ်

မိမိနှစ်သက်ရာလေး ရွေးယူလို့ရသလို အကုန်လုံးယူလည်း လျှော့စျေး ရပါတယ်ရှင်

KG စနစ်သစ် သင်ထောက်ကူများဖြစ်ပါတယ်ရှင့်
09761677602 Viber /chatbox ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်

Photos from Pan Wuttyee Zaw Chinn's post 09/03/2025

လူပုံရေးဆွဲနည်း အဆင့်ဆင့်

Photos from Pan Wuttyee Zaw Chinn's post 09/03/2025

သူငယ်တန်းသင်ရိုးသစ် KG မှာ သင်ရမဲ့ အက္ခရာကိန်းဂဏန်းများ

Kg သင်ရိုးသစ်မှာ လပိုင်းအလိုက် သင်ကြားရမဲ့ သင်ကြားရေးမာတိကာတွေရှိပါတယ်။
အဲ့ထဲကမှ အက္ခရာကိန်းဂဏန်း သင်ကြားရမဲ့ အစဉ်လေး ပြောပြပေးပါမယ်
မြန်မာစာ အင်္ဂလိပ်စာ သင်္ချာဆိုပြီး ဘာသာရပ်အနေနဲ့ မဟုတ်ဘဲ KG နယ်ပယ်တွေနဲ့ပဲ ချိတ်ဆက်သင်ကြားရတာဖြစ်ပါတယ်

စာစမရေးခင်မှာ မျဉ်းကွေး မျဉ်းဖြောင့်တွေ ဦးစွာ လေ့ကျင့်ရပါတယ်
ပြီးရင်တော့ အက္ခရာတွေကို မျဉ်းကွေးချည်း မျဉ်းဖြောင့်ချည်း စသဖြင့် တူရာအတိုင်း သွားရပါတယ်

မြန်မာစာမှာဆို
ဝ ဂ ပ င
ထ တ က ဘ
သ လ ယ ဟ
စ ခ ဓ ဆ
မ ဖ ဗ ရ န
ဇ ဒ အ ည
ဆိုပြီး အက္ခရာတွေကို ဒီအစဉ်တိုင်းသင်ရပါတယ်
ပြီးတော့မှ က ခ ဂ င ဆိုပြီး ပြန်သင်ပါတယ်
ဃ စျ ဋ ဌ ဍ ဎ ဏ ဠ (၈)လုံးကို အမည်နဲ့ အသံနဲ့သင်ပါတယ်

အင်္ဂလိပ်စာမှာဆို
A E F H I
K L M N T
V W X Y Z
O C Q S B D
G J P R U
ဆိုပြီး သင်ပါတယ်။ ပြီးမှ အစဉ်လိုက်ပြန်ရေးပါတယ်။
Capital lettersတွေပဲ သင်ပါတယ်
Small letters မပါပါဘူး

သင်္ချာမှာဆို
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ဆိုပြီး သင်ပါတယ်
1 2 3 4 5 6 7 8 9 10 သင်ပါတယ်

ဒါတွေကို သင်တဲ့အခါ လေထဲမှာရေးခြင်း၊ သဲထဲရေးခြင်း၊ ကျောပေါ်ရေးခြင်၊ အစက်ချထပ်ရေးခြင်း၊ လက်ရေးလှမျဉ်းထဲ ရေးခြင်းဆိုပြီး အဆင့်ဆင့်သင်နိုင်ပါတယ်

ပန်းဝတ်ရည်ဇော်ချင်း

(လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ credit မပေးဘဲ စာသားများကို ကူးယူခြင်း ခွင့်မပြုပါရှင့်)

09/03/2025

သင်ထောက်ကူ ပုံလေးတွေ ဆွဲကြမယ်

Photos from Pan Wuttyee Zaw Chinn's post 09/03/2025

တိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကို လေ့လာကြမယ်

Photos from ManiSandar TeachingAids's post 09/03/2025

ပထမတန်း Grade1 မြန်မာစာ သင်ကြားရေးကတ်
သင်ခန်းစာ အစအဆုံး ၅၈မျက်နှာ

၂၁၀၀၀ ကျပ်

ကလေးလေးတွေအတွက် ပထမတန်း မြန်မာစာကို စနစ်တကျ ပျော်ပျော်ရွှင်ရွှင် သင်ကြားဖို့ ဒီကတ်လေးတွေ သုံးလို့ရပါတယ်

ပြဌာန်းကို မှီငြမ်းပြီး စာဖတ်ကျွမ်းကျင်စေဖို့ ထုတ်ဝေထားတာ ဖြစ်ပါတယ်ရှင့်

09971494905 or page chatbox မှ မှာယူနိုင်ပါတယ်ရှင့်
မြို့ပေါင်း ၅၀ကျော် အိမ်ရောက်ငွေချေ ရပါတယ်ရှင့်

Photos from ManiSandar TeachingAids's post 09/03/2025

မျှော်နေကြတဲ့ ဒုတိယတန်း မြန်မာစာ သင်ကြားရေးကတ် ရပါပြီရှင့်

၃၃ကတ်တွဲ ၆၆မျက်နှာပါဝင်ပါတယ်
A4size ကတ်လောင်းပြီးဖြစ်ပါတယ်ရှင့်
ရေစိုခံ ကြာရှည် အသုံးပြုနိုင်ပါတယ်ရှင်

အသတ် ဝေါဟာရ စာလုံး ဝါကျ အစုံ ပါဝင်ပါတယ်

၂၇၀၀၀ ကျပ်ပါရှင့်

09761677602 viber ကနေ မှာယူနိုင်ပါတယ်ရှင့်

Photos from Pan Wuttyee Zaw Chinn's post 08/03/2025

G4/5 ကလေးတို့အတွက် Grammar ပုံစံများ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Rangsit?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Rangsit
12150

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00