
အင်းလေ ဘီလူးသံပရာသီးကိုက်တဲ့မျက်နှာဘေးလေးတွေနဲ့ ဖတ်ကြည့်တော့ တကယ်လည်း အသံထွက်ရ လွယ်တာကိုး.. 😊😊
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Nyi Russian language Class, Education Website, Moscow.
Operating as usual
အင်းလေ ဘီလူးသံပရာသီးကိုက်တဲ့မျက်နှာဘေးလေးတွေနဲ့ ဖတ်ကြည့်တော့ တကယ်လည်း အသံထွက်ရ လွယ်တာကိုး.. 😊😊
မစိုးရိမ်ပါနဲ့ ..ရှေ့လျောက် များများ စား များများ အိပ်ရမှာပါ 😊😊.. ၉ နှစ်အရွယ် ကလေးသင်တန်းသားက စပြီး အသက် ၄၀ ကျော်အရွယ်သင်တန်းသားတွေထိ စားဝင် အိပ်ပျော်နေကြတာ နဲတဲ့ ကုသိုလ်လား
မနက်ပိုင်း သင်တန်းလေးတဖြတ်အားတုန်း.. ရုရှားကျောင်းသားကလည်းဖျားနတော့ ေကျာင်းလည်းမသွားဖြစ်တာနဲ့ နောက်အပတ် ဖြေရမယ့် Elementary level A1 ပထမအကြိမ်စာမေးပွဲရယ်.. B2 level ပထမအကြိမ်စမ်းစစ်စာမေးပွဲအတွက်မေးခွန်း ထုတ်ပီး ညောင်းလာတော့ အဆောင်နောက်တောထဲ နှင်းလေးတွေအရည်မပျော်ခင်တဖြတ် အလည်သွားကြည်တာ
နေရာနဲ့ပတ်သတ်ပီး အသုံးအနှုံးလေးတွေ ပြောပြပေးသွားပါမယ်
Там - there ( ဟိုမှာ)
Тут - here ( ဒီမှာ)
Где-то (где-нибудь)- somewhere ( တနေနေရာမှာ)
Нигде- nowhere ( ဘယ်နေရာမှာမှ)
Везде- everywhere (နေရာတိုင်းမှာ)
ခုလို စိတ်ချမ်းသာတယ်ဆိုတာ ကြားရတော့ ဆရာလည်း စိတ်ချမ်းသာမိပါတယ် ..😊😊😊 အာ့မို့ပြောပါတယ် ပျော်ချင်ရင် ဒီကိုလာ ဆိုတာ..
အနည်းငယ် ( a little bit ) ကို အဓိပ္ပါယ်တူ.. စာလုံး မတူတဲ့ ( синоним ) ပုံစံများကတော့
Немного (ညီ မနောဂါ) − နဲနဲ
Немножко ( ညီ မနောရှကာ) − နဲနဲ
Чуть- чуть( ချုသ် ချုသ်) − နဲနဲ
Чуток ( ချုသ်သော့ခ်) − နဲနဲ
Капельку ( ကာပျဲလ်ကူ) − နဲနဲ
Dr.Nyi Russian Language Class အနည်းငယ် ( a little bit ) ကို အဓိပ္ပါယ်တူ.. စာလုံး မတူတဲ့ ( синоним ) ပုံစံများကတော့ Немного (ညီ မနောဂါ) − နဲနဲ Немножко ( ညီ မနောရှကာ) ...
သွားကြစို့ ကို ရုရှားလို့ ပြောလို့ရနိုင်မယ့် အဓိပ္ပါယ်တူ စာကြောင်းမတူတဲ့ ( синоним) ပုံစံများကတော့
Давай пойдём- let’s go
Пошли- let’s go
Погнали - let’s go
ကိစ္စလေးတစ်ခုရှိလို့ သွားရင်း လာရင်း နဲ့ Moscow city ဘက်ရောက်တုန်း ည အလှ ကို ပုံရိုကိရင်း
По пути − on the way
Вчера я видел его по пути домой.
မနေ့က ငါ သူ့ကို အိမ်အပြန် လမ်းမှာ တွေ့ခဲ့တယ်..
По пути на работу - အလုပ်ကိုသွားတဲ့ လမ်းမှာ
По крайней мере- at least ( အနဲဆုံးတော့)
По крайней мере, вы должны читать 5 книг в день.
အနဲဆုံးတော့ မင်း တရက်ကို စာအုပ် ၅ အုပ်ဖတ်ရမယ်..
အဓိပ္ပါယ်တူပီး စာကြောင်းမတူတာလေး တစ်ခုကိုပြောပြပေးပါမယ်..
Я не знаю - ငါ မသိဘူး
ဒါကို စကားပြောမှာ နောက်တစ်နည်းအနေနဲ့ ပြောလို့ရသေးတာက
Мне не известно
ငါမသိဘူး
Я не в курсе - ငါမသိဘူး
Я думаю - ငါထင်တယ်
နောက်တနည်းအနေနဲ့
Мне кажется- ငါထင်တယ်
လို့ ပြောလို့ရနိုင်ပါတယ်..
မိမိတို့ အားတဲ့အချိန်မှာ အလုပ်သင့်ဆုံးအရာတစ်ခုကတော့ ဘာသာစကား အသစ်တစ်ခုကို လေ့လာခြင်းပါဘဲ.. ဘာသာစကားအသစ်တစ်ခုကို တတ်မြောက်သွားတာဟာ သင့်အတွက် နောက်ထပ် တခါးတချပ် ပွင့်သွားတာပါဘဲ .. အခွင့်အလမ်းတစ်ခု ထပ်ပီး တိုးလာတာပါဘဲ..
ဒီနေ့ကတော့ Basic level A2 တန်းခွဲ ပြန်လည်စတင်မယ့်နေဖြစ်ပါတယ်..
ဟုတ်တယ် ရင်ထဲမှာ တနှုံ့နှုံ့နဲ့ 😗😗
Elementary level A1 (5-6 months) ရေးဖြေ, နှုတ်ဖြေ ဖြေဆိုအောင်မြင်ပြီးသူများအား သင်တန်းမှ အသိအမှတ်ပြု Certification များဂုဏ်ယူစွာဖြင့် ထုတ်ပေးလိုက်ပါပြီ.. သင်တန်းစဖွင့်ထဲက ယခုအချိန်အထိ တက်ရောက်ခဲ့သော သင်တန်းသား အရေအတွက် ၃၀၀ ခန့်ထဲမှ အောင်မြင်ပီးဆုံးပီး certificate ရရှိခဲ့သော သင်တန်းသားအရည်အတွက်မှာ ၄၃ ယောက်သာလျှင်ရှိခဲ့ပါတယ်..စာရွကိလေးတရွက်ဆိုပေမယ့် မိမိတို့ သင်တန်းမှာ ပီးဆုံးအောင်အဆုံးထိ တက်ရောက်နိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလှတဲ့ စိန်ခေါ်မှူတစ်ခုဖြစ်ခဲ့ပြီး ၅−၆ လအတွင်းမှာ ပင်ပမ်းစွာ, ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသော မိမိသင်တန်းသားများအတွက် ရှေ့ဆက်လျာက်ရမယ့် နောက်ထပ် လှေကားထစ် ခြေလှမ်းအသစ်တစ်ခုဖြစ်ခဲ့ပါပြီ.. ယခုတန်းခွဲ စစဖွင့်ခြင်းမှာ သင်တန်းသားအရည်အတွက် 10 ေယာက်ရှိခဲ့ပြီး အခြေနေအကြောင်းအမျိုးမျိုးကြောင့် လက်လျော့ခဲရတဲ့သူများအကြား အဆုံးထိ မဆုတ်မနှစ် ဇွဲဖြင့် ကြိုးစားခဲ့ရတဲ့တွက်လည်း ထပ်ဆင့်ဂုဏ်ယူမိပါတယ်..
ဒီနေ့ကတော့ မိမိသင်တန်းမှာ elementary level A1 final test ရုရှားဘာသာစကားတတ်မြောက်မှု စမ်းစစ် ရေးဖြေပီးလို့ ရုရှား လူမျိုး Native speaker ဖြင့် တစ်ဦးချင်းဗိုက်ဗာဝင်နေကြသော သင်တန်းများဖြစ်ပြီး ရုရှားနှင့် အပြန်အလှန်ပြောဆို ဖြေကြားတာလည်း အားရကျေနပ်မိပါတယ်.
မိမိသင်တန်းမှ လက်ရှိတက်ရောက်နေဆဲ သင်တန်းသူ တစ်ယောက် ဘဲလာရုစ်နိုင်ငံ , မင့်စ် မြို့ကို အလည်ရောက်လာပီး ဆရာ့အတွက် ဆိုပီး မြန်မာအစားအစားစာ ပါဆယ်အထုတ်လိုက်ကြီးကို ဘဲလာရုစ် နိုင်ငံကနေ ရုရှားနိုင်ငံ , မော်စကိုထိ တကူးတက လူကြုံနဲ့ပို့ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျ..
ဒီနေ့ကတော့ ပေးသည် ( дать) ဆိုတဲ့ глагол ( verb) ရဲ့ရှေ့မှာ prefix ခံအမျိုးမျိုးခံထားလိုက်ရင် ပြောင်းလည်းသွားတဲ့ အဓိပ္ပါယ်များကို ပြောပြပေးသွားပါမယ်..
Дать- ပေးသည်
Раздать- ခွဲဝေပေးသည်, ဖြန့်ခွဲပေးသည်
Передать- တဆင့်ပေးသည်
Отдать - ပြန်ပေးသည်
ဥပမာ−я могу раздать вам ваши книги.
ငါမင်းတို့ကို မင်းတိုရဲ့စာအုပ်တွေခွဲဝေပေးပါမယ်..
−Дайте пожалуйста мою книгу
ကျေးဇူးပြု၍ ငါ့ရဲ့စာအုပ်ကိုပေးပါ
Девушка, передайте пожалуйста мою книгу
မိန်းကလေး ငါ့စာအုပ်လေး ကို ကျေးဇူးပြူ၍ပေးပေးပါ( တဆင့်ခံ၍)
Я отдал вашу книгу.
ငါမင်းရဲ့စာအုပ်ကို ပြန်ပေးလိုက်ပီနော်..
Dr.Nyi Russian Language Class ဒီနေ့ကတော့ ပေးသည် ( дать) ဆိုတဲ့ глагол ( verb) ရဲ့ရှေ့မှာ prefix ခံအမျိုးမျိုးခံထားလိုက်ရင် ပြောင်းလည်းသွားတဲ့ အဓိပ္ပါယ.....
သင်တန်းက ဆင်သရဲလား , ဆင်ဘီလူးလား တို့ကတော့ ခုထိ မိုက်တွင်းနက်လို့ကောင်းတုန်းလား?
ဟုတ်တယ် ခုရက်ပိုင်း အိမ်စာ သိပ်မပေးရတော့ လူက ချူချာ ချင်သလိုပါ ဖြစ်နေတယ်..
#домашнеезадание
ဖိုင်နယိ စာတမ်း ရေးဖို့ စူပါဗိုက်ဆာ က စရေးခိုင်းတာ ၄ လလောက်ရှိနေပြီ.. ပျင်းနေတာရော.. မအားတာရော.. သင်တန်းဘက်ကိုအချိန်ပေးနေတာရောကြောင့် မတို့မထိရသေးတာ..နယူးရီးယားပီးထဲ က ဒီနေ့တော့ မိမိရဲ့ ရုရှား ကျောင်းသားက လည်း လပ် လုပ်ရမှာမို့ သူ့ကိုလည်း ခိုင်းရင်း ဆရာမခိုင်းထားတဲ့ စာတမ်းစရေးလိုက်တာ .. အလုပ်တစ်ခုက စမလုပ်သေးရင်သာ ပျင်းနေတာနဲ့တော်ရုံမလုပိဖြစ်တာ..စိတ်လေးထည့်ပီး လုပ်လိုက်မယ်လို့ စလိုက်တာနဲ့ မနားတော့ဘူး ဆက်တိုက် စာတမ်းစပီးရေးလိုက်တာ ဘာလိုလိုနဲ့ စာမျက်နှာ ၅၀ လောက်တော့ လောလောဆယ် အကြမ်းထည်လေးရေးပီးသွားတယ်.. ဒါကြောင့် အလုပ်တစ်ခုကို မလုပ်ဘဲနေတာထက် လုပ်ကြည့်မယ်ဆိုပြီး ခုဘဲ ထပီး ကောက်လုပ်လိုက်ပါ.. အလုပ်ထဲစိတ်ပါပြီး ဆက်တိုက်လုပိချင်လာပါလိမ့်မယ်.. according to my experience!!!
မင်းနာမယ်ကိုဘယ်လိုခေါ်သလည်း?
Как вас зовут?
ကို နောက်တနည်းအနေနဲ့ ဘယ်လို ပြောလို့ရသေးလည်းဆိုတော့
Как я могу обращаться к вам?
ခင်ဗျားကို ဘယ်လိုခေါ်လို့ ရနိုင်မလည်း ?
ဒီနေ့ကတော့ မကြာခင်ရုရှားကိုလာတော့ မယ့် သင်တန်းရဲ့ နောက်ထပ်ကလေးသင်တန်းသား အသစ်နှစ်ယောက်ရဲ့ ပထမဆုံးလက်ချာစတဲ့နေ့.. အစကတော့ လက်ရှိသင်လက်စ ပထမ ကလေးသင်တန်းသားပီးရင် နောက်ထပ် ကလေးသင်တန်းသားလက်မခံတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဉာဏ်အရမ်းကောင်းပီး စာအရမ်းတော်တဲ့ နောက်ထပ် ကလေးလေးတွေဖြစ်တာကြောင့်လး လက်ခံဖြစ်ခဲ့တယ်.. စာသင်ေတာ့လည်း ဒီကလေးလေးတွေက စာသင်ရလွယ်ကူပြီး ထင်ထားတာထက်ပိုပြီး သင်လွယ်တတ်လွယ်တာကြောင့် တကယ့်ကို ပီတိဖြစ်ရတဲ့နေ့ပါဘဲ..
ဒီတခေါက်တော့ စားသောက်ဆိုင် မှာထိုင်တဲ့ခါ ပြောလေ့ပြောထရှိတဲ့ mini dialogue လေးတစ်ခု တင်ပေးပါမယ်
−Извините! Принесите , пожалуйста, счёт.
စိတ်မရှိပါနဲ့.. ကျေးဇူးပြုပီး bill ယူလာပေးပါ.
−Посчитайте нас, пожалуйста!
ဘေလ် ကိုကျေးဇူးပြုပီး ခွဲပီးတွက်ပေးပါနော်
−оплата картой
ကဒ်နဲ့ရှင်းမှာနော်
− оплата будет наличными
ငွေသားနဲ့ရှင်းမှာပါ
−Я заплачу
ငါရှင်းလိုက်ပါမယ်
−Я угощаю
ငါ ကျွေးပါမယ်
-Сдачи не надо!
ပြန်အမ်းစရာမလိုဘူးနော်
Basic level A2 တန်း ခုလာမယ့် တနင်္လာနေ့အမှီတက်ရောက်နိုင်ဖို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော်
အထက်လမ်းနဲ့ဘဲ လုပ်လုပ်, အောက်လမ်းဘဲလုပ်လုပ်, တဲရော့ဘဲမေးမေး −ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်.. အိမ်စာပေးစရာရှိတာပေး, စာမေးစရာရှိတာတော့မေးရာမှာဘဲ ..
ဒီလို အိမ်စာမထပ် ပျင်းထူ အတန်းခနခနလစ် တဲ့သင်တန်းသားတွေကို ဒီလို မျိုးမှမသင်ရင် .. 🤔🤔
ခု အချိန်ဇယားကတော့ လက်ရှိ သင်တန်းမှာ သင်ကြားပေးနေသော level အလိုက် compound class နှင့် level အလိုက် one to one class များဖြစ်ပါတယ်.. အစိမ်းရောင်ချယ်ထားသော အချိန်များက မိမိတို့ သင်တန်းမှာ one to one တက်ရောက်ချင်သော သူများအတွက် ကျန်ရှိနေသေးသော အချိန်အကွက်များဖြစ်ပါတယ်.. ရုရှားစံတော်ချိန်, မြနိမာစံတော်ချိန်နှစ်ခုနဲ့ ယှဉ်ပီး ပြသပေးထားပါတယ်.. မိမိိတို့အတွက် အဆင်အပြေနိုင်ဆုံး သက်တောင့်သက်သာအရှိနိုင်ဆုံး အချိန်များ လက်ဦးရရှိစေရန် အမြန်ဆုံး စာရင်းပေးသွင်းအပ်နှံမှသာ လိုချင်သော အချိန် ကျန်ရှိမည် ဖြစ်ပါကြောင်းလေးစားစွာ အသိပေး လိုကိရပါတယ်
မြန်မာက တပည့်တွေ ပို့ပေး တဲ့ ရုပ်သေး လဘက်ရည် .. နဂိုထဲက ပေါ့စိမ့်ကြိုက်တဲ့သူမို့ ခုပေါ့စိမ့်အရသာလေးက သောက်ဖူးသမျှ tea mix တွေထဲမှာ တော်တော်လေး အဆင်ပြေတယ်.. ကျေးဇူးပါ..
ဆရာ: : သင်တန်းသားတွေဘာလို့ အိမ်စာတွေမ ထပ်ကြတာလည်း? အ်ပ်စာထပ်တာ ဘာလို့နောက်ကျတာလည်း?
ခင်ထိတ်ထားစံ : :
ဒီနေ့ကတော့ စာကြောင်းမတူ..အဓိပ္ပါယ်တူ စာလုံးအချို့ကို ပြောပြပေးသွားပါမယ်
Не раз - много раз ( အကြိမ်ရေများစွာ)
Ни разу- Никогда ( တချိန်တခါမှ , ဘယ်တော့မှ)
Не один - много ( များစွာ)
Ни один - Никто ( ဘယ်သူမှ)
Dr.Nyi Russian Language Class ဒီနေ့ကတော့ စာကြောင်းမတူ..အဓိပ္ပါယ်တူ စာလုံးအချို့ကို ပြောပြပေးသွားပါမယ် Не раз - много раз ( အကြိမ်ရေများစွာ) Ни разу- ...
ဟုတ်တယ် ပြန်တွေးတိုင်း မဆူလိုက်ရလေခြင်းဆိုပီး နောင်တရတယ်
အသဲသာကွဲတာ ထမင်းကျတော့အစားမပျက်..ဘား အသွားမပျက်.. စာကျမကြည့်ဘူး 😏😏
ဟုတ်တယ် အိမ်စာမှ အချိန်မှီမထပ်ရင်တော့ ဘယ်လောက်လှလှ ပျင်းထူမဘဲဖြစ်လာမှာ
Been away for so long
Посетители нашей информационной платформы всегда остаются в ходе последних событий
Institute of international education of Moscow State University of Food Production. MSUFP is one of
Социально - образовательный проект PEACE
Of the life that's inside her
Hello, my name is Dya and I'm gonna be your English teacher. Интересный, полезный, а главное бесплатный контент, который выведет твой English на новый level.
Если вы психолог или коуч, то на этой странице вы найдете материалы, которые помогут вам в продвижении ваших продуктов и услуг
Интенсивы для руководителей по стратегии и маркетингу