Panna Online Education Center

Panna Online Education Center

Engineering ဘာသာရပ်များနှင့် တက္ကသိုလ် ဝင်?

Operating as usual

02/08/2022

#တက္ကသိုလ်ဝင်တန်း (သင်ရိုးဟောင်း) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သင်ယူနိုင်ရန်အတွက် ရူပဗေဒ နှင့် သင်္ချာ ဘာသာရပ်တွေကို 𝐎𝐧𝐥𝐢𝐧𝐞 မှ သော်၎င်း၊ အင်တာနက် connection အဆင်မပြေသူများအတွက် သင်ခန်းစာ Memory Sticks များကို မှာယူ၍ သော်၎င်း မိမိနေအိမ်တွင်အေးချမ်းစွာ သင်ယူနိုင်ပါပြီ။

အင်တာနက် 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 အခက်အခဲရှိသူများအတွက် အထူးအစီအစဉ်
*******************************************************

📦 အမြန်ချောပို့ လက်ခံရယူနိုင်သော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ Panna Online Education Center မှ Online တွင် သင်ကြားပို့ချထားသော သင်ရိုးကုန် အဖြေစုံ Video များ၊ သင်ခန်းစာ မှတ်စုများကို မှာယူနိုင်ပါသည်။

Video သင်ခန်းစာများနှင့် သင်ခန်းစာမှတ်စုများကို မှာယူလိုပါက Panna Online Education Center ၏ Messenger သို့ စာတိုပေးပို့ စုံစမ်းနိုင်ပါသည်။

#𝓞𝓷𝓵𝓲𝓷𝓮 မှ သင်ယူလိုသူများ အတွက်

************************************
👨‍ Online မှ မည်သို့ သင်ကြားပေးမှာပါလဲ။

သင်ကြားပေးသော ဆရာနှင့် ကျောင်းသား၊ကျောင်းသူ များသာ ပါဝင်သော Facebook Private Group မှတဆင့် သင်ကြားပေးမှာဖြစ်ပါတယ်။ သင်ခန်းစာများကို Digital White Board တွင် Digital Pen ဖြင့် ရေးသားသင်ကြားပြီး Video အနေဖြင့် ရိုက်ကူး၍ သင်ကြားပေးမှာ ဖြစ်ပါတယ်။ Lecture Notes များကို ပြုစုထားရှိပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📱 Online မှ သင်ခန်းစာများကို တက်ရောက်သင်ယူရန် ဘာတွေလိုအပ်ပါသလဲ။

Facebook account တစ်ခုရှိရမည်ဖြစ်ပြီး၊ Smart Phone or Computer တစ်လုံးရှိဖို့ လိုအပ်ပါတယ်။ သင်ခန်းစာများသည် Video ဖြင့် သင်ကြားပေးမည် ဖြစ်သောကြောင့် မိမိနေထိုင်ရာဒေသ၏ Internet connection speed ကောင်းမွန်ရန်လိုအပ်ပါတယ်။ နမူနာ သင်ခန်းစာ Video ကို Page ၏ Group တွင် လေ့လာနိုင်ပါတယ်။

👨‍ သင်ကြားမည့် ဆရာ အကြောင်း ဘယ်လိုသိနိုင်ပါမည်လဲ။

ရူပဗေဒ နှင့် သင်္ချာဘာသာရပ် တို့ကို သင်ကြားပေးမည့် ဆရာမှာ ဦးကျော်မြတ်သူ M.Sc.(Electrical), National University of Singapore. B.E(Electronics), Mandalay Institute of Technology ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း နှင့် နည်းပညာ ဆိုင်ရာ သင်တန်းများ သင်ကြားပို့ခြင်းဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံ နှစ် ၂၀ ကျော် ရှိသူဖြစ်ပါတယ်။

🏃‍♀‍🏃‍ သင်တန်းတက်ရောက်ရန် ဘာတွေလုပ်ဆောင်ပေးရပါမည်လဲ။

သင်တန်းတက်ရောက်လိုပါက Panna Online Education Center ၏ Messenger မှ
၁) ကျောင်းသား၊ ကျောင်းသူ နာမည်
၂) ဆက်သွယ်ရန်ဖုန်းနံပါတ်ကို သင်ခန်းစာ သင်ယူမည့် Facebook account ကို အသုံးပြု၍ စာတို ပေးပို့ရမှာ ဖြစ်ပါတယ်။

***** မိမိအနားတွင် ၂၄ နာရီလုံး ဆရာတစ်ယောက် အနားမှာ သင်ကြားပေးနေသကဲ့သို့ အချိန်နာရီမရွေး သင်ယူနိုင်သော၊ သင်ခန်းစာများကို နားလည်အောင်သင်ပေးထားသော သင်တန်းဖြစ်ပါသည်။

04/01/2021

ယခုဆိုလျှင် 2020 ခုနှစ်ကို ကုန်ဆုံး၍ 2021 ခုနှစ် နှစ်သစ်သို့ရောက်ရှိပါပြီ။ Panna Online Education Center မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် Grade 11 ရူပဗေဒ နှင့် သင်္ချာဘာသာရပ်တို့ကို 2020 ဧပြီလဆန်းမှ စတင်၍ သင်ကြားပေးလျှက်ရှိရာ ယ္ခုဆိုလျှင် ရူပဗေဒ ဘာသာရပ်မှ Chapter 9 ( Capacitance ) အခန်းအထိ နှင့် သင်္ချာ ဘာသာရပ်မှ Chapter 8 ( Circles) အခန်းအထိတို့ကို ပြီးဆုံးအောင် သင်ကြားပေးပြီးဖြစ်ပါတယ်။

သင်ခန်းစာများကို Video သင်ခန်းစာများ အဖြစ်သင်ကြားပေးပြီး ၊ သင်ခန်းစာ အခန်းငယ် တစ်ခု ပြီးဆုံးတိုင်း သင်ခန်းစာ မှတ်စု (Lecture Notes) ကို PDF အနေဖြင့် ပြင်ဆင်ပေးထားပါတယ်။

Video ဖြင့် သင်ကြားတယ်ဆိုရာမှာ Live လွှင့် ပြီး သင်ကြားတယ်ဟု တစ်ချို့ မေးမြန်းလာသူများ အထင်မှတ်မှားပြီး တစ်နေ့ ဘယ်နှစ်နာရီ သင်ပါသလဲ လို့ မေးမြန်းမှုများ ရှိနေကြပါတယ်။ အမှန်မှာ သင်ခန်းစာ တစ်ခုခြင်းစီကို Digital White Board မှာ Digital Pen နဲ့ ရေးသားပြီး၊ သင်ကြားမှုကို Video အနေဖြင့် ဖမ်းယူထားတာ ဖြစ်သောကြောင့် ယခုမှ စတင်တက်ရောက် သင်ကြားလိုသော ကျောင်းသူကျောင်းသားများလည်း သင်ခန်းစာအစမှ စတင်သင်ကြားလေ့လာနိုင်ပါတယ်။ တစ်ချို့သော ကျောင်းသားကျောင်းသူများသည် ဆရာက တစ်ကြိမ်တစ်ခါသင်ကြားပေးရုံမျှဖြင့် နားလည်မှတ်မိနိုင်စွမ်းမရှိကြပေ။ ထိုအခါ ဆရာက နောက်တစ်ခါလောက် ထပ်ရှင်းပြပေးရင် ကောင်းမှာပဲ စတဲ့ အတွေးမျိုးရှိတတ်ကြပါတယ်။ ထိုသို့သော ကျောင်းသားကျောင်းသူများအနေနဲ့လည်း ဆရာသင်ကြားပေးထားသော video သင်ခန်းစာများကို အဖန်ဖန် အထပ်ထပ် မိမိနားလည်သည့်တိုင်အောင် လေ့လာသင်ယူနိုင်ပါတယ်။

သင်ခန်းစာများသည် HD quality ဖြစ်လို့ မိမိတို့ Smart Phone နှင့် TV ချိတ်ဆက်ပြီး ကြည့်လျှင်လည်း ကြည်လင်သော မြင်ကွင်းကျယ် အနေဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ မှတ်စုများ ၊ ပုစ္ဆာတွက်များ ၊ မေးခွန်းဟောင်များပါ မကျန် PDF အနေဖြင့် ပြုလုပ်ပေးထားသောကြောင့် သွားလေရာ စာအုပ်တွေ တစ်ပုံတစ်ပင် အလေးခံ သယ်ယူသွားစရာမလိုပဲ မိမိတို့ Phone သို့မဟုတ် Tablet ထဲကို Download လုပ်ပြီး အချိန်မရွေး ၊ နေရာမရွေး သင်ခန်းစာများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းတွေပိတ်ထားသော်လည်း ကျောင်းသား ကျောင်းသူတို့အနေဖြင့် တန်ဖိုးရှိသောအချိန်တွင် မိမိမလွဲမသွေသင်ကြားတက်ရောက်ရမယ့် သင်ခန်းစာများကို သက်တောင့်သက်သာ သင်ယူလေ့လာနိုင်တဲ့အတွက် ကျောင်းတွေပြန်ဖွင့်လို့ သူများတွေ သင်ခန်းစာအစမှ စ၍သင်ယူ‌နေချိန်မှာ ကိုယ်က သင်ခန်းစာအားလုံးသင်ကြားလေ့လာပြီးလို့ Revision ပြန်လေ့လာတဲ့ အခြေအနေကို‌ရရှိနိုင်ပြီဖြစ်ပါတယ်။

ယခုကဲ့သို့အကျိုးများလှသော သင်ကြား‌လေ့လာမှုကို လက်မလွတ်စေဖို့ Panna Online Education Center မှာ အမြန်ဆုံးတက်ရောက်သင်ယူလိုက်ကြပါ။

01/01/2021

၂၀၂၁ နှစ်သစ်မှာ ရောဂါဘယတွေ ကင်းစင်ပြီး ကျန်းမာ၊ ချမ်းသာ သုခတွေပြည့်စုံ ပျော်ရွှင်ကြပါစေ။

25/11/2020

Introduction to RF and Microwave Communications သင်ခန်းစာထဲကနေ knowledge sharing အနေနဲ့ ပြုလုပ်ပေးထားတဲ့ VSWR ဆိုတဲ့ သင်ခန်းစာလေးကို မျှဝေပေးလိုက်ပါတယ်။

01/11/2020

Introduction to RF and Microwave Communications Course ကို online က နေသင်ကြားဖို့ Chapter တစ်ခုခြင်း တစ်ခုခြင်း အချန်ရသလောက်လေး ဖန်တီးနေတာ Chapter 2 Antenna Theory ဆိုတဲ့ သင်ခန်းစာလေး ကို ပြီးမြောက်ခဲ့ပါပြီ။

Antenna ရဲ့ Properties တွေထဲက အရေးပါတဲ့ Polarization ဆိုတဲ့ သင်ခန်းစာလေးကို Knowledge sharing ပြုလုပ်တဲ့အနေနဲ့ မျှဝေလိုက်ပါတယ်။

ဤ သင်ခန်းစာများကို RF and Microwave Engineering , Wireless Communications , Satellite Communications ၊ Telecommunications အစရှိတဲ့ နယ်ပါယ်တွေမှာ အလုပ်လုပ်ကိုနေသူတွေ၊ အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေ၊ Electronics ၊ Electrical ၊ Information Technology ဘာသာရပ်များနဲ့ ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရရှိပြီးသူတွေ ၊ Communications Engineering ဘာသာရပ်တွေကို လေ့လာသင်ယူနေသူတွေ အတွက် ရည်ရွယ်ထားပါတယ်။

01/11/2020

Introduction To RF and Microwave Communications ဆိုတဲ့ Chapter 10 ခုလောက်ပါတဲ့ Course လေးတစ်ခုကို Online ပေါ်ကနေ သင်ပေးဖို့ ပြုလုပ်နေတာ အချိန်သိပ်မပေးနိုင်လို့ Chapter တစ်ခုခြင်း ဖြည်းဖြည်းခြင်းပြုလုပ်နေရတာ မနေ့ကမှ General Radio Principles and Theory ဆိုတဲ့ Chapter 1 ကို လက်စသတ်နိုင်ခဲ့တယ်။

အဲဒီ Chapter 1 ထဲက Line of Sight နဲ့ ပါတ်သက်တဲ့ သင်ခန်းစာ Video လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Chapter 2 Antenna Theory အခန်းပြီးရင်လည်း ဆက်လက် မျှဝေပေးသွာပါမည်။

Introduction To RF and Microwave Communications course ကို BE , B.Tech မှ Electronics , Information Technology ဘာသာရပ်တက်ရောက်နေသူများ၊ ဒီပလိုမာ သို့မဟုတ် ဘွဲ့ရပြီးသူများ ၊ Telecom , Sat Com လုပ်ငန်းခွင် ဝင်ရောက်နေသူများအတွက် ရည်ဇူးပြီး ပြုလုပ်ထားပါတယ်။

14/08/2020

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်း အတော်များများဟာ သင်ခန်းစာတွေကို ဘယ်လောက်နားလည်သလဲ၊ ဘယ်လိုနားလည်သလဲ ဆိုထာထက် ဘယ်လောက်မှတ်မိသလဲဆိုတဲ့ မှတ်ဉာဏ်အားကောင်းမှုကို အခြေခံမေးတာများပါတယ်။ သင်ခန်းစာတွေကို မှတ်မိဖို့အတွက် ဝီရိယအားကောင်းကောင်းနဲ့ ကျက်မှတ်ရ၊ လေ့ကျင့်ရပါတယ်။ ဘာသာရပ်အသီးသီးမှာ အမှတ်ကောင်းဖို့အတွက် အချိန်တိုင်းဟာ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတွေအတွက် တန်ဖိုးရှိလှပါတယ်။ သင်ခန်းစာတွေကို အဖန်ဖန်လေ့ကျင့် ကျက်မှတ်နိုင်လေ၊ လေ့ကျင့်တွက်ချက်နိုင်လေ အမှတ်ကောင်း ရဖို့ရာ သေချာလှပါတယ်။

ဒါကြောင့်လည်း ကျောင်းသား၊ကျောင်းသူတွေအတွက် သင်ခန်းစာတွေကို သေချာနားလည်ဖို့ထက် မှတ်မိအောင် ကျက်မှတ်လေ့ကျင့်ဖို့ ပိုမိုအားစိုက်ရပါတော့တယ်။ အချိန်တိုတိုအတွင်းမှာ အခေါက်ရေများများ သင်ခန်းစာတွေကို လေ့ကျင့်ကျက်မှတ်ဖို့အတွက် စာမေးပွဲမှာ မေးမြန်းလေ့ရှိတဲ့ Definitions တွေ၊ ပုံသေနည်းတွေ၊ ပုစ္ဆာတွက်တွေကို ပဲ အဓိကထား ကျက်မှတ်လေ့ကျင့်ရပါတော့တယ်။ စာမေးပွဲမှာ မေးလေ့မေးထမရှိတဲ့ တစ်ချို့သော သင်ခန်းစာတွေကဆိုရင် မသင်တော့တာ၊ မလေ့လာတော့တာကို တွေ့ရပါတယ်။

တစ်ချို့သော Theorem တွေကနားလည်ဖို့ ခက်ခဲသလို စာတွေဖတ်ပြီး သင်ယူရတဲ့အတွက် ပျင်းစရာလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့် ဒီနေ့နည်းပညာခေတ်မှာ Animation လေးတွေနဲ့ သင်ကြားပေးတဲ့စနစ်ကို ကျင့်သုံးလာကြပါတယ်။ Animation လေးတွေကို ကိုယ်တိုင်မဖန်တီးနိုင်သေးလို့ internet ထဲကနေပဲ သင့်တော်ရာယူသုံးပြီး တတ်နိုင်သမျှ ကြိုးစားပြီး ပေါင်းစပ်ပြီး သင်ခန်းစာတွေကို နားလည်အောင် သင်ကြားပေးထားပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

မှတ်ချက်။ ။ Animation မူလဖန်တီးသူများကို Credit ပေးပါတယ်။
Physics

04/07/2020

# Memorizing Vs Understanding
# သညာ နှင့် ပညာ

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ကျွန်တော်တို့လူသားတွေဟာ မိခင်ဝမ်းမှ ထွက်သည့် အချိန်က စလို့ သင်ယူခြင်းကို ပြုလုပ်လာတယ်လို့ ဆိုပါတယ်။ အသံတွေကို မှတ်သားတယ်။ လှုပ်ရှားမှုတွေကို လေ့လာတယ်။ စသည်ဖြင့် ကလေးငယ်တစ်ယောက်ဟာ အိပ်ချိန်မှ နိုးထသည်နှင့် သင်ယူလေ့လာတယ်လို့ ဆိုကြပါတယ်။

သင်ယူလေ့လာကြရာမှာ ဦးနှောက်မှာ မှတ်မိအောင် လုပ်ဆောင်သလို၊ နားလည်အောင်လည်း လုပ်ဆောင်ကြရပါတယ်။ ဒါကြောင့်လည်း ပညာသင်တဲ့အခါမှာ ဦးနှောက်မှာ စွဲထင်အောင် ကျက်မှတ်ရသလို နားလည်အောင်လည်း လုပ်ဆောင်ရပါတယ်။ အာရှဖက်မှာ မှတ်မိအောင် ကျက်မှတ်ပြီး နားလည်အောင်လုပ်တဲ့ နည်းလမ်းကို ပိုကျင့်သုံးပြီး၊ ဥရောပဖက်မှာတော့ နားလည်အောင် ပြုလုပ်ရင်း မှတ်မိစေတဲ့နည်းကို ကျင့်သုံးကြတယ် ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပညာသင်ကြရာမှာ ကျက်မှတ်ခြင်းနည်းလမ်းတစ်ခုတည်းကို သုံးလို့ မရပါဘူး။ နားလည်အောင် ကြိုးစာကြရပါမယ်၊ စဉ်းစားတွေးတော့ရပါမယ်။

အလွတ်ကျက်ပညာရေးကိုသာ ကျင့်သုံးပြီး နားလည်အောင်မကြိုးစား စာမေးပွဲအောင်ရေးဆိုတဲ့ ရည်မှန်းချက်တစ်ခုသာ ရှိမယ်ဆိုရင် လူ့ဘဝရှင်သန်နေထိုင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေကြရမှာ မလွဲပါဘူး။ ပညာသင်ရာမှာ နားလည်အောင် စဉ်းစားရပါမယ်။ ဆရာသင်ပြတဲ့ နည်းလမ်းတင်မဟုတ်ပဲ တစ်ခြားသောနည်းလမ်းနဲ့ ပုစ္ဆာတွေ ဘယ်လိုဖြေရှင်းနိုင်မလဲ စဉ်းစားရပါမယ်။ မိမိတို့ ဦးနှောက်ဖွံဖြိုးအောင် ကျောင်းသားအချင်းချင်းသော်၎င်း ဆရာနဲ့သော်၎င်း မေးခွန်းတွေမေးမြန်းရင်း ပြဿနာတွေကို ဖြေရှင်းနိုင်အောင် သင်ယူရပါမယ်။

ကျက်မှတ်ခြင်းနည်းနဲ့ ဘွဲ့တွေရလာသူတွေဟာ အလုပ်ခွင်ဝင်ရောက်တဲ့အခါ၊ ပြဿနာကို ဖြေးရှင်းတဲ့အခါ Rational thinking. မရှိသူတွေ၊ Critical Thinking မရှိသူတွေဖြစ်လာနိုင်ပါတယ်။ တီထွင်ဖန်တီး ဆန်းသစ်မှုတွေ အပြိုအဆိုင်ဖြစ်နေ့တဲ့ ယနေ့ခေတ်ကာလမှာ ပညာရေးဟာ တီထွင်ကြံဆမှုတွေ၊ အများနဲ့ ပူပေါင်းဆောင်ရွက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ အလေ့အထတွေ၊ မေးခွန်းမေးမြန်းပြီး ဖြန့်ကျက်စဉ်းစားနိုင်မှု စတဲ့ အလေ့အထတွေ ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးစနစ်တွေ ဖြစ်ဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့် ဆိုသော် ပညာသင်ယူခြင်းအလုပ်ဟာ ဘယ်တော့ရပ်တံ့သွားမည့် ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် သင်ယူရာမှာ ကျက်မှတ်ရုံသာမက စဉ်းစားတွေးတော ကြံစည်ပြီး နားလည်အောင်လည်း လေ့ကျင့် သင်ယူရင်းဖြင့် တီထွင်ကြံဆ နိုင်သူတွေ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သူတွေဖြစ်အောင် ကြိုးစားကြရပါမယ်။

18/06/2020

# 𝐏𝐚𝐧𝐧𝐚 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫 တွင် သင်ယူနိုင်ပြီဖြစ်သော #တက္ကသိုလ်ဝင်တန်း သင်ခန်းစာများ
****************************************************

#သင်္ချာ ဘာသာရပ်အတွက်
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟏 : 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟐 : 𝐑𝐞𝐦𝐚𝐢𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐅𝐚𝐜𝐭𝐨𝐫 𝐓𝐡𝐞𝐨𝐫𝐞𝐦
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟑: 𝐓𝐡𝐞 𝐁𝐢𝐧𝐨𝐦𝐢𝐚𝐥 𝐓𝐡𝐞𝐨𝐫𝐞𝐦
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟒: 𝐈𝐧𝐞𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟓: 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟔: 𝐌𝐚𝐭𝐫𝐢𝐜𝐞𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟕: 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐏𝐫𝐨𝐛𝐚𝐛𝐢𝐥𝐢𝐭𝐲
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟖: 𝐂𝐢𝐫𝐜𝐥𝐞𝐬

#ရူပဗေဒ ဘာသာရပ်အတွက်
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟏: 𝐖𝐨𝐫𝐤 𝐃𝐨𝐧𝐞 𝐚𝐧𝐝 𝐏𝐨𝐰𝐞𝐫
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟐: 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟑: 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 𝐨𝐟 𝐇𝐞𝐚𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟒: 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐫𝐢𝐧𝐠𝐬 , 𝐑𝐞𝐬𝐨𝐧𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐀𝐢𝐫 𝐂𝐨𝐥𝐮𝐦𝐧
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟓: 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐋𝐢𝐠𝐡𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟔 : 𝐑𝐞𝐟𝐫𝐚𝐜𝐭𝐢𝐨𝐧 , 𝐃𝐢𝐟𝐟𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐟 𝐋𝐢𝐠𝐡𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟕: 𝐓𝐡𝐞 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐅𝐢𝐞𝐥𝐝
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟖: 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥

Online တွင် Private Group မှ သော်လည်းကောင်း၊ သင်ခန်းစာ Video နှင့် PDF မှတ်စုများပါရှိသော DVD သို့မဟုတ် Memory Stick မှာယူ၍သော်လည်းကောင်း မိမိတို့အိမ်တွင် အေးချမ်းစွာ သင်ယူနိုင်ပါပြီ။

28/05/2020

၂၀၂၀-၂၁ ပညာသင်နှစ်မှာ #တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မိမိတို့ အိမ်မှာ သင်ယူနိုင်ရန်အတွက် ရူပဗေဒ နှင့် သင်္ချာ ဘာသာရပ်တွေကို 𝐎𝐧𝐥𝐢𝐧𝐞 မှ သော်၎င်း၊ အင်တာနက် connection အဆင်မပြေသူများအတွက် သင်ခန်းစာ 𝑽𝒊𝒅𝒆𝒐 𝑫𝑽𝑫 များကို မှာယူ၍ သော်၎င်း အေးချမ်းစွာ သင်ယူနိုင်ပါပြီ။

အင်တာနက် 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 အခက်အခဲရှိသူများအတွက် အထူးအစီအစဉ်
*******************************************************

📦မြန်မာ့ ပို့ဆောင်ဆက်သွယ်ရေး၏ အမြန်ချောပို့ လက်ခံရယူနိုင်သော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ Panna Online Education Center မှ Online တွင် သင်ကြားပို့ချနေသော သင်ခန်းစာ Video များ၊ သင်ခန်းစာ မှတ်စုများကို Chapter တစ်ခုခြင်း မှာယူနိုင်ပါသည်။

လက်ရှိမှာယူနိုင်သော Video သင်ခန်းစာများမှာ 💽💽💽

#သင်္ချာ ဘာသာရပ်အတွက်
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟏 : 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟐 : 𝐑𝐞𝐦𝐚𝐢𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐅𝐚𝐜𝐭𝐨𝐫 𝐓𝐡𝐞𝐨𝐫𝐞𝐦
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟑: 𝐓𝐡𝐞 𝐁𝐢𝐧𝐨𝐦𝐢𝐚𝐥 𝐓𝐡𝐞𝐨𝐫𝐞𝐦
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟒: 𝐈𝐧𝐞𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟓: 𝐒𝐞𝐪𝐮𝐞𝐧𝐜𝐞𝐬 𝐚𝐧𝐝 𝐒𝐞𝐫𝐢𝐞𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟔: 𝐌𝐚𝐭𝐫𝐢𝐜𝐞𝐬
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟕: 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐏𝐫𝐨𝐛𝐚𝐛𝐢𝐥𝐢𝐭𝐲
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟖: 𝐂𝐢𝐫𝐜𝐥𝐞𝐬

#ရူပဗေဒ ဘာသာရပ်အတွက်
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟏: 𝐖𝐨𝐫𝐤 𝐃𝐨𝐧𝐞 𝐚𝐧𝐝 𝐏𝐨𝐰𝐞𝐫
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟐: 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟑: 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 𝐨𝐟 𝐇𝐞𝐚𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟒: 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐫𝐢𝐧𝐠𝐬 , 𝐑𝐞𝐬𝐨𝐧𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐀𝐢𝐫 𝐂𝐨𝐥𝐮𝐦𝐧
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟓: 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐋𝐢𝐠𝐡𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟔 : 𝐑𝐞𝐟𝐫𝐚𝐜𝐭𝐢𝐨𝐧 , 𝐃𝐢𝐟𝐟𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐟 𝐋𝐢𝐠𝐡𝐭
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟕: 𝐓𝐡𝐞 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐅𝐢𝐞𝐥𝐝
𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟖: 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥

Video သင်ခန်းစာများနှင့် PDF သင်ခန်းစာမှတ်စုများကို မှာယူလိုပါက Panna Online Education Center ၏ Messenger သို့ စာတိုပေးပို့ စုံစမ်းနိုင်ပါသည်။

#𝓞𝓷𝓵𝓲𝓷𝓮 မှ သင်ယူလိုသူများ အတွက်

************************************
👨‍ Online မှ မည်သို့ သင်ကြားပေးမှာပါလဲ။

သင်ကြားပေးသော ဆရာနှင့် ကျောင်းသား၊ကျောင်းသူ များသာ ပါဝင်သော Facebook Private Group မှတဆင့် သင်ကြားပေးမှာဖြစ်ပါတယ်။ သင်ခန်းစာများကို Digital White Board တွင် Digital Pen ဖြင့် ရေးသားသင်ကြားပြီး Video အနေဖြင့် ရိုက်ကူး၍ သင်ကြားပေးမှာ ဖြစ်ပါတယ်။ Lecture Notes များကို PDF ဖြင့်ပြုစုထားရှိပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📱 Online မှ သင်ခန်းစာများကို တက်ရောက်သင်ယူရန် ဘာတွေလိုအပ်ပါသလဲ။

Facebook account တစ်ခုရှိရမည်ဖြစ်ပြီး၊ Smart Phone or Computer တစ်လုံးရှိဖို့ လိုအပ်ပါတယ်။ သင်ခန်းစာများသည် Video ဖြင့် သင်ကြားပေးမည် ဖြစ်သောကြောင့် မိမိနေထိုင်ရာဒေသ၏ Internet connection speed ကောင်းမွန်ရန်လိုအပ်ပါတယ်။ နမူနာ သင်ခန်းစာ Video ကို Page ၏ Group တွင် လေ့လာနိုင်ပါတယ်။

👨‍ သင်ကြားမည့် ဆရာ အကြောင်း ဘယ်လိုသိနိုင်ပါမည်လဲ။

ရူပဗေဒ နှင့် သင်္ချာဘာသာရပ် တို့ကို သင်ကြားပေးမည့် ဆရာမှာ ဦးကျော်မြတ်သူ M.Sc.(Electrical), National University of Singapore. B.E(Electronics), Mandalay Institute of Technology ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း နှင့် နည်းပညာ ဆိုင်ရာ သင်တန်းများ သင်ကြားပို့ခြင်းဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံ နှစ် ၂၀ ကျော် ရှိသူဖြစ်ပါတယ်။

🏃‍♀‍🏃‍ သင်တန်းတက်ရောက်ရန် ဘာတွေလုပ်ဆောင်ပေးရပါမည်လဲ။

သင်တန်းတက်ရောက်လိုပါက Panna Online Education Center ၏ Messenger မှ
၁) ကျောင်းသား၊ ကျောင်းသူ နာမည်
၂) ဆက်သွယ်ရန်ဖုန်းနံပါတ်ကို သင်ခန်းစာ သင်ယူမည့် Facebook account ကို အသုံးပြု၍ စာတို ပေးပို့ရမှာ ဖြစ်ပါတယ်။

***** မိမိအနားတွင် ၂၄ နာရီလုံး ဆရာတစ်ယောက် အနားမှာ သင်ကြားပေးနေသကဲ့သို့ အချိန်နာရီမရွေး သင်ယူနိုင်သော၊ သင်ခန်းစာများကို နားလည်အောင်သင်ပေးထားသော သင်တန်းဖြစ်ပါသည်။

20/05/2020

နိုင်ငံအသီးသီးမှာ ကူးစက်ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ အတွက် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကူးစက်ရောဂါဟာ ဘယ်အချိန်မှ အပြီးသတ် ထိန်းချုပ်နိုင်မယ်ဆိုတာဟာလည်း ပြောရခက်တဲ့ အခြေအနေဖြစ်တာကြောင့် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သည့် အချိန် ၊ ဒါမှ မဟုတ် ကာကွယ်ဆေးတွေ့ရှိတဲ့ အချိန်မှ ကျောင်းတွေဖွင့်မယ်ဆိုတာဟာလည်း လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။

ရောဂါကူးစက်မှုကို ကာကွယ်သည့်အနေနဲ့ ကလေးတွေကို Mask တပ်ခြင်း၊ စာသင်ကျောင်းတွေမှာ Social Distancing ပြုလုပ်ရမယ် ဆိုရင်လည်း လိုက်နာဖို့ အတော်ပြင်ဆင်ကြရပါလိမ့်မယ်။ နာရီပေါင်းများစွာ ကလေးတွေ Mask ကို ဝတ်ဆင်ထားဖို့ဆိုတာဟာလည်း စဉ်းစားရမည့် ကိစ္စတစ်ခုပါပဲ။

ဒါကြောင့် နိုင်ငံပေါင်းများစွာမှာ Online ပေါ်မှ သင်ကြားခြင်းတွေ၊ ရေဒီယို ၊ TV အစ ရှိသည့် နည်းပညာကို အသုံးချသည့် Technology Based Learning ကို အသုံးပြုလာနေရပါတယ်။ တစ်ချို့ခေတ်မီတိုးတက်ပြီး နည်းပညာ အဆင့်မြင့်တဲ့နိုင်ငံများမှာ အခုလို ကူးစက်ရောဂါမဖြစ်ခင် အချိန်ကတည်းက Class room learning နှင့်အပြိုင် Online Learning ကိုလည်း စတင်ထားပြီးဖြစ်လို့ အခက်အခဲသိပ်မရှိလှပါဘူး။

မြန်မာနိုင်ငံမှတော့ မိဘရော၊ ကျောင်းသား ကျောင်းသူပါ စာသင်ခန်းတွင်း သင်ကြားရေးနဲ့ အသားကျလာတာဖြစ်လို့ အခုလို Online ပေါ်က သင်ကြားရေးစနစ်ကို အသုံးပြုရာမှာ စိန်ခေါ်မှု တစ်ခုလိုဖြစ်နေကြပါတယ်။ ဒီနေ့ခေတ် ကမ္ဘာမှာ စိန်ခေါ်မှုတွေများလွန်းလို့ အပြောင်းအလဲကို လိုက်လျောညီစွာ ပြုလုပ်ရင်း ရှင်သန်ကြရပါတယ်။

Learning at home ပဲဆိုဆို ၊ Technology based learning ပဲပြောပြော၊ Online Education ကို အသုံးပြုမည် ဆိုလျှင် ၊ ယခင်က ထားရှိခဲ့တဲ့ အမူအကျင့်‌ဟောင်း ၊ စိတ်ဓါတ်ဟောင်းတွေကို ပါ ပြုပြင်ပြောင်းလဲ ကြရတော့မှာဖြစ်ပါတယ်။ စာသင်ခန်းတွင် သင်ကြားရေးမှာ မိမိတို့ ပါတ်ဝန်းကျင်မှာ ကျောင်းသား၊ ကျောင်းသူအများ၊ ဆရာ၊ ဆရာမများနဲ့ အများအားကိုယူ၊ တစ်ပါးသူ တွန်းအားကို ယူပြီး အပြိုင်အဆိုင် စာတွေလေ့လာ သင်ယူရတဲ့ အခြေအနေတစ်ရပ်မှ မိမိတို့ ရှေ့မှာ Computer Screen သို့မဟုတ် Phone Screen ကိုသာ ကြည့်ပြီး မိမိကိုယ်တိုင် လေ့လာသင်ယူရတဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ပါးတွန်းအား၊ စေ့ဆော်အားကိုယူတဲ့ အလေ့အကျင့်ကနေ မိမိကိုယ်တိုင်ရဲ့ သင်ယူလိုစိတ်ကို မွေးမြူကြရပါတော့မယ်။ မိမိကိုယ်တိုင် တစ်ဦးတည်း သင်ယူလေ့လာတတ်တဲ့ Self Study ပုံစံမျိုးကို ပြောင်းလဲယူရပါလိမ့်မည်။

နောက်ဆုံး အနှစ်ချုပ်ရမည် ဆိုလျှင်တော့ ဆန္ဒ ၊ ဝီရိယ ကို အသုံးပြုရင်ဖြင့် မည်သည့် အခက်အခဲကို မဆို ကျော်ဖြတ်ဖို့ နည်းလမ်းတွေရရှိပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများ အားလုံး ပညာရေး ခရီးဖြောင့်ဖြူးကြပါစေ။

02/05/2020

Panna Online Education Center မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် Physics နှင့် Mathematics ဘာသာရပ် ၂ ခုကို စတင်သင်ကြားပေးနေပါပြီ။ သင်ခန်းစာတွေကို Facebook Private Group မှာ သင်ခန်းစာ Video များကို အဖန်ဖန် အထပ်ထပ် အချိန်မရွေး သင်ယူနိုင်ပါတယ်။

Video သင်ခန်းစာများတွင် သင်ကြားပေးခဲ့သော သင်ခန်းစာများ၊ ကိုယ်တိုင်လေ့ကျင့်ရမည့် လေ့ကျင့်ခန်းသင်ခန်းစာများ၊ မေးခွန်းဟောင်းများ၊ ဉာဏ်စမ်းပုစ္ဆာများကို PDF အနေဖြင့် ပြုစုပေးထားသောကြောင့် မိမိတို့ ဖုန်း သို့မဟုတ် ကွန်ပြူတာသို့ Download ရယူ၍လည်း ပြန်လည် လေ့လာကျက်မှတ်နိုင်ပါတယ်။

Facebook Group ထဲမှာ သင်ကြားရေးအတွက် Units ဆိုတဲ့ Features လေးကို အသုံးပြုထားတဲ့ အတွက် သင်ခန်းစာတွေကို စုစုစည်းစည်းနဲ့ လေ့လာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ မည်ကဲ့သို့ လေ့လာသင်ယူနိုင်တယ်ဆိုတာကို အောက်ပါ Video လေးမှာ ကြည့်ရှုနိုင်ပါတယ်။

သင်ကြားရေးနှင့် ပါတ်သက်၍ သိလိုတာများကို Page messenger မှ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။ မှတ်ချက်များ၊ အကြံပြုမှု များကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

29/04/2020

ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် စာသင်ခန်းတံခါးတွေ ခေတ္တပိတ်ထားရပါတယ်။ Panna Online Education Center မှ နည်းပညာ အကူအညီနဲ့ စာသင်ခန်းတံခါးတွေ ဖွင့်ထားပေးပြီး ဖြစ်ပါတယ်။ ဆန္ဒ ဓိပတိ ၊ ဝီရိယ ဓိပတိ လက်ကိုင်ထားပြီး ဝင်ရောက်ဖို့ကတော့ သင်ယူလိုသူရဲ့ ရွေးချယ်မှုပါပဲ။

26/04/2020

Corona Virus ကာကွယ်ဆေးကို နိုင်ငံတော်တော်များများက ဆေးဝါသုတေသန ကုမ္ပဏီပေါင်းများစွာမှာ စမ်းသပ်ထုတ်လုပ်နေကြတာကို သတင်များမှတဆင့် ဖတ်ရှုရပါတယ်။ လူသားတို့၏ စွမ်းဆောင်ရည်မြင့်မားမှု၊ သိပ္ပံပညာ ထွန်းကားမှုတို့ကြောင့် မကြာမီကာလမှာ Corona Virus ကို ကာကွယ်နိုင်မည့် ဆေးဝါးဖော်ထုတ်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။

ဒါပေမယ့် စမ်းသပ်စဲကာလဖြစ်တာကြောင့် ဘယ်အချိန်မှာ ကာကွယ်ဆေးဖြန့်ချီနိုင်မယ်ဆိုတာတော့ အားလုံးမျှော်လင့်တောင့်တနေတဲ့ သတင်းစကားပဲဖြစ်ပါတယ်။ ဒီကြောင့် အများပြည်သူထံသို့ ကာကွယ်ဆေး မရောက်မီကာလမှာတော့ Mask ဖြင့်ကာကွယ်ခြင်း၊ Face shield ဖြင့်ကာကွယ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးထိတွေ့ခြင်းတွေကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကူးစက်မှု မပျံ့ပွားအောင် ထိမ်းချုပ်နေထိုင် ကြရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်မှာလည်း မကြာမီ ကာလတစ်ခုမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီး ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျောင်းတွေမှာ ကလေးတွေကို ၃ ပေခွာ၊ ၆ပေခွာပြီး စာသင်ဖို့ လွယ်ကူပါ့မလား ဆိုတာတော့ စိုးရိမ်မိပါတယ်။ အခုလို မိသားစုတွေ Home Stay ကာလမှာ မိမိတို့ကလေးတွေကို ကျန်းမာရေး အသိ၊ သတိ ရှိဖို့ သင်ကြားပေးသင့်ပါတယ်။

အခုလို Covid ကာလ၊နောင် Covid အလွန်ကာလမှာ နိုင်ငံတိုင်းမှာ ကလေးတွေရဲ့ ပညာရေး မရပ်တံ့သွားစေဖို့ Online သင်ကြားရေးစနစ်များကို ကျင့်သုံးကြရမှာဖြစ်ပါတယ်။ Online မှ သင်ကြားရေးအတွက် Computer၊ Smart Phone အစရှိတဲ့ နည်းပညာပစ္စည်းတွေ၊ သင်ကြားရေးအထောက်အကူအဖြစ် Microsoft words, Adobe PDF နှင့် အခြားသော Softwareများ၊ Mobile Applications များ၊ Wifi , 4G အစရှိတဲ့ ဆက်သွယ်ရေးကွန်ယက်များ အကူအညီကို ရယူ အသုံးပြုလာရပြီဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ်ကာလ ပညာရေးမှာ နည်းပညာ အသုံးပြုမှု အခန်းကဏ္ဍ တွင်ကျယ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် မိဘများ အနေနှင့် ကလေးတွေကို နည်းပညာဆိုင်ရာ ဗဟုသုတတွေ၊ သင်ကြားမှုတွေ ပြုလုပ်ပေးဖို့ မဖြစ်မနေ လိုအပ်လာမှာ ဖြစ်ပါတော့တယ်။

Photo Credit: (Students in Wuhan) Internet.

23/04/2020

သင်ခန်းစာ မှတ်စုများ ၊ ပုစ္ဆာတွက်များ ၊ မေးခွန်းဟောင်များပါ မကျန် PDF အနေဖြင့် ပြုလုပ်ပေးထားသောကြောင့် သွားလေရာ စာအုပ်တွေ တစ်ပုံတစ်ပင် အလေးခံ သယ်ယူသွားစရာမလိုပဲ မိမိတို့ Phone သို့မဟုတ် Tablet ထဲကို Download လုပ်ပြီး အချိန်မရွေး ၊ နေရာမရွေး သင်ခန်းစာများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

23/04/2020

Panna Online Education Center မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် Grade 11 ရူပဗေဒ နှင့် သင်္ချာဘာသာရပ်တို့ကို ဧပြီလဆန်းမှ စတင်၍ သင်ကြားပေးလျှက်ရှိပါတယ်။ ယ္ခုဆိုလျှင် ရူပဗေဒ ဘာသာရပ်မှ Chapter 1 ( Work Done and Power ) အခန်းကို ပြီးဆုံးသည်အထိ သင်ကြားပေးပြီးဖြစ်ပါတယ်။ သင်္ချာ ဘာသာရပ်မှ Chapter 1 ( Functions) အခန်း၏ article 1.5 ( Some Properties of Composition of Functions ) အခန်းပြီးဆုံးအောင် သင်ကြားပေးပြီးဖြစ်ပါတယ်။

သင်ခန်းစာများကို Video သင်ခန်းစာများ အဖြစ်သင်ကြားပေးပြီး ၊ သင်ခန်းစာ အခန်းငယ် တစ်ခု ပြီးဆုံးတိုင်း သင်ခန်းစာ မှတ်စု (Lecture Notes) ကို PDF အနေဖြင့် ပြင်ဆင်ပေးထားပါတယ်။

Video ဖြင့် သင်ကြားတယ်ဆိုရာမှာ Live လွှင့် ပြီး သင်ကြားတယ်ဟု တစ်ချို့ မေးမြန်းလာသူများ အထင်မှတ်မှားပြီး တစ်နေ့ ဘယ်နှစ်နာရီ သင်ပါသလဲ လို့ မေးမြန်းမှုများ ရှိနေကြပါတယ်။ အမှန်မှာ သင်ခန်းစာ တစ်ခုခြင်းစီကို Digital White Board မှာ Digital Pen နဲ့ ရေးသားပြီး၊ သင်ကြားမှုကို Video အနေဖြင့် ဖမ်းယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ စပြီး သင်တန်းကို တက်ရောက်ရောက် သင်ခန်းစာ အစပိုင်းမှ စပြီး သင်ယူနိုင်ပါတယ်။ အချိန်အကန့်အသတ် မရှိပဲ သင်ယူသူ၏ ဉာဏ်ရည်ဉာဏ်သွေး၊ အချိန်ပေးနိုင်မှု အပေါ်မူတည်ပြီး သင်ခန်းစာများကို အဖန်ဖန် အထပ်ထပ် ၊ မရပ်မနား လည်း သင်ယူနိုင်ပါတယ်။

သင်ခန်းစာများသည် HD quality ဖြစ်လို့ မိမိတို့ Smart Phone နှင့် TV ချိတ်ဆက်ပြီး ကြည့်လျှင်လည်း ကြည်လင်သော မြင်ကွင်းကျယ် အနေဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ( နမူနာ video ပြထားပါတယ်။)

သင်ခန်းစာ မှတ်စုများ ၊ ပုစ္ဆာတွက်များ ၊ မေးခွန်းဟောင်များပါ မကျန် PDF အနေဖြင့် ပြုလုပ်ပေးထားသောကြောင့် သွားလေရာ စာအုပ်တွေ တစ်ပုံတစ်ပင် အလေးခံ သယ်ယူသွားစရာမလိုပဲ မိမိတို့ Phone သို့မဟုတ် Tablet ထဲကို Download လုပ်ပြီး အချိန်မရွေး ၊ နေရာမရွေး သင်ခန်းစာများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းတွေ ပိတ်ပိတ်ဖွင့်ဖွင့်၊ မိမိရဲ့ အားလပ်ချိန်တိုင်းမှာ ၊ စာသင်ယူလိုစိတ်ဖြစ်ပေါ်တဲ့ အချိန်တိုင်းမှာ သင်ယူနိုင်မယ့် အစီအစဉ်တစ်ခုဖြစ်လို့ သက်တောင့်သက်သာ ရှိမယ့် သင်ကြားမှုမျိုးဖြစ်တဲ့ အတွက် အကျိုးများမယ်လို့ အာမခံပါတယ်။

18/04/2020

ပညာ Online Education Center မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ပြီး ရူပဗေဒ နှင့် သင်္ချာဘာသာရပ် နှစ်ခုကို ၂၀၂၀ ဧပြီလဆန်း ပိုင်းမှ စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက် ၂ ရပ်ရှိပါတယ်။ ပထမ ရည်ရွယ်ချက်ကတော့ ကူးစက်ရောဂါကြောင့် ကျောင်းတွေ ၊ ကျူရှင်တွေ ရပ်နားထားရတဲ့ အချိန်မှာ စာဆက်မပြတ်သွားပဲ အခုလို Online ပေါ်ကနေ သင်ယူသွားနိုင်အောင် ရည်ရွယ်ထားပါတယ်။

ဒုတိယ ရည်ရွယ်ချက်ကတော့ ကမ္ဘာမှာ နည်းပညာကို ပညာရေးနယ်ပယ်မှာ အသုံးချလာကြပါပြီ။ မြန်မာနိုင်ငံမှာလည်း နည်းပညာကဏ္ဍ စတင်ဖွံ့ဖြိုးစ ပြုနေပြီမို့ ပညာရေးမှာ နည်းပညာအသုံးပြု သင်ကြားပို့ချတဲ့ ပုံစံမျိုးကို စတင်လုပ်ကိုင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကနဦး အနေနဲ့ ဘာသာရပ် ၂ခု စတင်သင်ကြားရခြင်းဖြစ်ပါတယ်။

အခုလက်ရှိသင်ကြားနေတဲ့ စနစ်ကတော့ Audiovisual Teaching ဆိုတဲ့ သင်ကြားတဲ့ စနစ်ကို အခြေပြုထားပါတယ်။ Audiovisual teaching ပုံစံမှာ ဆရာရဲ့ သင်ခန်းစာကို ရှင်းပြတဲ့ အသံအပြင် သင်ခန်းစာနဲ့ ဆက်စပ်တဲ့ ရုပ်ပုံသေ၊ ရုပ်ပုံရှုင် (animation) များကိုပါ ထဲ့သွင်းပြီး သင်ယူသူတွေ စိတ်ဝင်စားမှုကို မြှင့်တင်နိုင်အောင်၊ သင်ခန်းစာ ကို နားလည်လွယ်အောင် အသုံးပြုကြပါတယ်။

ဒီလိုသင်ကြားဖို့ သင်ခန်းစာတစ်ခု ပြင်ဆင်ရတာ အချိန်အတော်ပေးရပါတယ်။ ပထမဦးစွာ ကျောင်းသင်ရိုးညွှန်းတမ်း ကို အခြေပြုပြီး သင်ခန်းစာတွေ၊ ပုစ္ဆာတွေ၊ မေးခွန်းဟောင်းတွေ ကို ကွန်ပြူတာဖြင့် စာစီစာရိုက် လုပ်ငန်းတွေ လုပ်ဆောင် ရပါတယ်။ သီအိုရီတွေကို အရင်ပြင်ဆင်ပြီး၊ သက်ဆိုင်ရာ Examples ပုစ္ဆာတွေ၊ Exercise ပုစ္ဆာတွေ စုစည်းရပါတယ်။ သက်ဆိုင်ရာ သင်ခန်းစာနှင့် သက်ဆိုင်မည့် ကောင်းနိုးရာရာ ရုပ်ပုံတွေ၊ animation တွေ အင်တာနက်မှာ ရှာဖွေရပါတယ်။ ကျောင်းသင်ခန်းစာ ပြင်ပ ဗဟုသုတ ရစေရန် နိုင်ငံတကာမှာ သင်ကြားပုံနည်းစနစ်တွေ YouTube မှာ လေ့လာကြည့်ရှုရပါတယ်။ ဒါတွေပြင်ဆင်ပြီးတော့မှ Video သင်ခန်းစာများကို ဖန်တီးရပါတယ်။

အခုလို ဖန်တီးထားမှု ၊ အားစိုက်မှု ကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အကျိုးတရား တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပထမ ခြေလှမ်းအနေနဲ့ Facebook ရဲ့ Social Learning platform ကို အသုံးပြုထားပါတယ်။ ရေရှည်အတွက် ကိုယ်ပိုင် သင်ကြားရေး Platform တစ်ခု တည်ဆောက်နိုင်ရန်လည်း ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်။

17/04/2020

၁၃၈၂ မြန်မာနှစ်သစ်မှာ မိတ်​ဆွေများ၊ မြန်မာပြည်သူ ပြည်သား အားလုံး ​​ရောဂါဘယကင်း​ဝေးပြီး၊ စိတ်ချမ်းသာ ​ပျော်ရွှင်၍ စီးပွားဥစ္စာ ဒီ​ရေအလား တိုးပွားကြပါ​စေ။

14/04/2020

ဤ သင်ခန်းစာသည် တက္ကသိုလ်ဝင်တန်း (Grade 11) Mathematics ဘာသာရပ်ကို သင်ကြားထားသည့် နမူနာ video သင်ခန်းစာဖြစ်ပါသည်။ သင်ခန်းစာများကို Digital format ကူးပြောင်းရခြင်း၊ video lesson ဖြစ်ဖန်တီးရခြင်းတို့ကြောင့် တစ်လကို Chapter ၂ ခု နှုန်းလောက် ဖြစ်နိုင်အောင် ကြိုးစားသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

13/04/2020

၂၁ ရာစု တွင် Online မှ ပညာသင်ယူခြင်းသည် ပညာရေးအတွက် မရှိမဖြစ်လိုအပ်သော လိုအပ်ချက် ဖြစ်လာနေပေသည်။ နည်းပညာများ တိုးတက်ပြောင်းလဲ တိုးတက်လာသည် နှင့်အတူ နည်းပညာအကူအညီဖြင့် နယ်ပယ်အသီးသီးတွင် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လို့ လာနေပေသည်။ Smart phone နည်းပညာ၊ ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာသည်နှင့် အမျှ ပညာရေးနယ်ပယ်သည်လည်း စာသင်ခန်းတွင်း သင်ကြားရေးမှ Online Education သို့မဟုတ် E-learning စနစ်ကိုပါ တွဲဖက်၍ ကမ္ဘာနိုင်ငံအသီးသီးတွင် ကျင့်သုံးလာနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း စာသင်ခန်းတွင်း သင်ကြားရေးအပြင် အင်တာနက်ပေါ်မှ စာသင်ကြားရေး စနစ်သည်လည်း ခေတ်စနစ် လိုအပ်ချက်အရ မရှိမဖြစ်လိုအပ် လျှက်ရှိပေသည်။ နည်းပညာအကူအညီရယူ၍ အင်တာနက်ပေါ်မှ သင်ကြားခြင်းတွင် အားသာချက်များစွာ ရှိနေပေသည်။ သင်ခန်းစာများသည် Digital နည်းပညာကြောင့် ရုပ်ပုံများ၊ လှုပ်ရှားမှု ပုံများ၊ Video များ ဖန်တီးနိုင်ဖော်ပြနိုင်သောကြောင့် ကျောင်းသား၊ကျောင်းသူများ၏ စိတ်ဝင်စားမှုကို ပိုမိုဆွဲဆောင်လာနိုင်ပေသည်။ သင်ခန်းစာများကို ပိုမိုနားလည်လာနိုင်ပေသည်။

ဆရာနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်း၍ စာသင်ခန်းတွင်းကဲ့သို့ Video conferencing သင်ကြားခြင်းမျိုးရှိသကဲ့သို့ ၊ သင်ခန်းစာများကို Video ဖြင့်ကြိုတင် ရိုက်ကူးပြင်ဆင်၍ Video ကို ကြည့်ရှု သင်ကြားသော စနစ်မျိုးလည်းရှိပေသည်။ Video ကို ကြည့်ရှုသင်ယူနိုင်သော သင်ခန်းစာများကို အချိန်မရွေး အဖန်ဖန် ပြန်လည် သင်ယူနိုင်သောကြောင့် သင်ယူသူတို့အတွက် မိမိတို့ နားလည်နိုင်စွမ်း ဉာဏ်ရည်အသွေးပေါ် မူတည်၍ ထပ်ခါထပ်ခါ လေ့လာသင်ယူနိုင်ပေသည်။ ဆရာကို တိုက်ရိုက်မေးမြန်းရန် ရှက်ကြောက်တတ်သော ကျောင်းသား၊ကျောင်းသူ များအတွက် စာဖြင့်တဆင့် မေးမြန်းနိုင်သောကြောင့်လည်း အကျိုးများလှပေသည်။

Online ပေါ်မှ သင်ယူခြင်းတွင် အများနှင့် သင်ယူစရာမလိုပဲ တစ်ဦးတည်း စိတ်ငြိမ်စွာ သင်ယူနိုင်ခြင်း၊ စာသင်ခန်းရှိရာ သို့ သွားရောက်ရန် မဖြစ်နိုင်သည့် အခြေအနေများ ကြုံတွေ့လာလျှင်လည်း အင်တာနက် ဆက်သွယ်ရေး ရရှိနိုင်သော နေရာဒေသမရွေးမှ သင်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာ ရှိပေသည်။ထို့ကြောင့် internet ၊ smart phone ၊ 4G ၊ 5G ၊ Mobile Apps စသည့်နည်းပညာတို့၏ ပံ့ပိုးမှုတို့ဖြင့် E-learning သို့မဟုတ် Online Education သည် ၂၁ ရာစုတွင် ပိုမိုတွင်ကျယ်လာမည်မှာ မလွဲဧကန် ဖြစ်ပေသည်။

12/04/2020

မြန်မာ့ ရိုးရာအတာသင်္ကြန် အကြို​နေ့မှာ မိတ်​ဆွေများ အားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများ အာလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး၊ ကူးဆက်​ရောဂါကြီး အမြန်ဆုံး ချုပ်ငြိမ်း၍ လွတ်လွပ်​ပျော်ရွှင်​သော ​နေ့ရက်​တွေ ပိုင်ဆိုင်နိုင်ကြပါ​စေလို့ ဆု​တောင်း​မေတ္တာ ပို့သပါတယ်။

Photos from Panna Online Education Center's post 10/04/2020

Panna Online Education Center မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade 11 ကျောင်းသား၊ ကျောင်းသူများ အတွက် ရူပဗေဒ နှင့် သင်္ချာ ဘာသာရပ် ၂ခု ကို စတင် သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

သင်ခန်းစာများကို Facebook's Social Learning Private Group မှ သင်ကြားပေးတာ ဖြစ်ပါတယ်။ Group ကို သင်ကြားပေးသော ဆရာ နှင့် တက်ရောက်ရန် စာရင်းပေးသွင်းပြီး ဖြစ်သော ကျောင်းသား၊ ကျောင်းသူများသာ ဝင်ရောက်ခွင့်ပြုပါတယ်။

သင်ခန်းစာများကို Facebook မှ သင်ကြားရေးအတွက် ထဲ့သွင်းပေးထားသော Units အောက်တွင် သင်ကြားပေးသည့်အတွက် သင်ခန်းစာများကို Chapter by Chapter အခန်းလိုက်စုစည်းထားရှိထားမှာ ဖြစ်ပါတယ်။(ပုံတွင်ကြည့်နိုင်ပါသည်။) မိမိသင်ကြားလိုသော သင်ခန်းစာ (Chapter) ပါဝင်သည့် Unit အောက်တွင် သက်ဆိုင်ရာ အခန်း၏ ခေါင်းစဉ်ခွဲများကို အပေါ်မှ အောက်သို့ ခေါင်းစဉ်အလိုက် စီစဉ်ပေးထားပါတယ်။ Video သင်ခန်းစာများ ပြီးဆုံးလျှင် PDF ဖြင့် သင်ခန်းစာအားလုံးကို စုစည်းပေးထားပါတယ်။မိမိကိုယ်တိုင်လေ့ကျင့်ရန် မေးခွန်းများကို သင်ခန်းစာပြီးဆုံးတိုင်းတင်ပေးသွားပြီး၊ ကျောင်းသားကျောင်းသူများ သင်ခန်းစာလေ့လာမှုကြာချိန်ကို ခန့်မှန်းပြီး မေးခွန်းနှင့် အဖြေကို တွဲလျှက် ပြန်တင်ပေးသွားမှာ ဖြစ်ပါတယ်။

နားမလည့်သည့် သင်ခန်းစာများ၊ မေးခွန်းများကို သက်ဆိုင်ရာ ခေါင်းစဉ်အောက်တွင် Comment မှသော်၎င်း၊ Messenger မှ သော်၎င်း စာဖြင့်သို့မဟုတ် ဓါတ်ပုံဖြင့်‌မေးမြန်းနိုင်ပါသည်။ ဆရာမှ မေးခွန်း အတိမ်အနက်ပေါ် မူတည်၍ စာဖြင့်သော်၎င်း၊ Video ဖြင့်သော်၎င်း ပြန်လည်ရှင်းပြပေးပါမည်။

09/04/2020

ကျောင်းတွေ၊ ကျူရှင်တွေ ပိတ်ထားရတဲ့ ကာလမှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အတန်းတစ်ခု ဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာဆက်မပြတ်သွားအောင် Panna Online Education Center မှ #တက္ကသိုလ်ဝင်တန်း ဘာသာရပ်တွေကို Online မှ တဆင့် သင်ကြားပေးနေပါပြီ။

📓 ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းရဲ့ မည်သည့်ဘာသာရပ်တွေကို သင်ကြားပေးနေပါသလဲ။
Grade 11 Physics နှင့် Grade 11 Mathematics ဘာသာရပ်နှစ်ခုကို စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

👨‍ Online မှ မည်သို့ သင်ကြားပေးမှာပါလဲ။
သင်ကြားပေးသော ဆရာနှင့် ကျောင်းသား၊ကျောင်းသူ များသာ ပါဝင်သော Facebook Private Group မှတဆင့် သင်ကြားပေးမှာဖြစ်ပါတယ်။ သင်ခန်းစာများကို Digital White Board တွင် Digital Pen ဖြင့် ရေးသားသင်ကြားပြီး Video အနေဖြင့် ရိုက်ကူး၍ သင်ကြားပေးမှာ ဖြစ်ပါတယ်။ Lecture Notes များကို PDF ဖြင့်ပြုစုထားရှိပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📱 Online မှ သင်ခန်းစာများကို တက်ရောက်သင်ယူရန် ဘာတွေလိုအပ်ပါသလဲ။
Facebook account တစ်ခုရှိရမည်ဖြစ်ပြီး၊ Smart Phone or Computer တစ်လုံးရှိဖို့ လိုအပ်ပါတယ်။ သင်ခန်းစာများသည် Video ဖြင့် သင်ကြားပေးမည် ဖြစ်သောကြောင့် မိမိနေထိုင်ရာဒေသ၏ Internet connection speed ကောင်းမွန်ရန်လိုအပ်ပါတယ်။ နမူနာ သင်ခန်းစာ Video ကို တင်ထားပေးပါတယ်။ ကြည်လင်ပြတ်သားမှု အခြေအနေကို ကြည့်ရှုနိုင်ပါတယ်။

🤔 Online မှာ သင်ယူရတာ ဘာတွေ အားသာချက်ရှိနိုင် သလဲ။
Live Video ဖြင့် သင်ကြားမှုမျိုး မဟုတ်တဲ့ အတွက် အချိန်အကန့်သတ် မရှိပဲ၊ သင်ခန်းစာ Video များကို အချိန်မရွေး၊ အဖန်ဖန် အထပ်ထပ် ကြည့်ရှုသင်ယူနိုင်ပါတယ်။ သင်ခန်းစာ မှတ်စုများကို PDF အနေနှင့် ပြုစုပေးထားသောကြောင့် Smart phone ၊ Tablet ၊ Computer မှ Download လုပ်ပြီး လေးလံတဲ့ စာအုပ်တွေ သယ်စရာမလိုပဲ သင်ခန်းစာများကို နေရာမရွေး သင်ယူနိုင်မှာ ဖြစ်ပါတယ်။ သင်ကြားရာတွင် Digital နည်းပညာ ဖြင့် ဓါတ်ပုံများ၊ Animation များပါ ထည့်သွင်းထားသောကြောင့် နားလည်မှု လွယ်ကူ စေနိုင်ပါတယ်။ မိမိ တစ်ယောက်တည်း စိတ်ငြိမ်စွာ သင်ယူနိုင်ပါတယ်။

🙋‍ ဆရာနှင့် မေးခွန်းအမေး အဖြေ မည်သို့ လုပ်ဆောင်နိုင်ပါသလဲ။
နားမလည်သည့် သင်ခန်းစာများ၊ မေးခွန်များမေးမြန်း လိုပါက သင်ခန်းစာ Video တစ်ခုတိုင်းကို Comment မှသော်၎င်း၊ Messenger မှသော်၎င်း ၊စာဖြင့် သို့မဟုတ် ဓါတ်ပုံဖြင့်မေးမြန်းနိုင်ပါတယ်။ ဆရာမှ စာဖြင့်သော်၎င်း၊ Video ဖြင့်သော်၎င်း ပြန်လည်ရှင်းပြပေးမှာ ဖြစ်ပါတယ်။

👨‍ သင်ကြားမည့် ဆရာ အကြောင်း ဘယ်လိုသိနိုင်ပါမည်လဲ။
ရူပဗေဒ နှင့် သင်္ချာဘာသာရပ် တို့ကို သင်ကြားပေးမည့် ဆရာမှာ ဦးကျော်မြတ်သူ M.Sc.(Electrical), National University of Singapore. B.E(Electronics), Mandalay Institute of Technology ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း နှင့် နည်းပညာ ဆိုင်ရာ သင်တန်းများ သင်ကြားပို့ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံ နှစ် ၂၀ ကျော် ရှိသူဖြစ်ပါတယ်။

🏃‍♀‍🏃‍ သင်တန်းတက်ရောက်ရန် ဘာတွေလုပ်ဆောင်ပေးရပါမည်လဲ။
သင်တန်းတက်ရောက်လိုပါက Panna Online Education Center ၏ Messenger မှ
၁) ကျောင်းသားနာမည်
၂) ဆက်သွယ်ရန်ဖုန်းနံပါတ်
၃) နေရပ်မြို့ ၊ရွာ လိပ်စာကို သင်ခန်းစာ သင်ယူမည့် Facebook account ကို အသုံးပြု၍ စာတို ပေးပို့ရမှာ ဖြစ်ပါတယ်။

💸 သင်တန်းကြေး ဘယ်လောက်သွင်းရပါမည်လဲ။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်ကုန်ဆုံးသည်ထိ နောက်ထပ်ပေးသွင်းစရာမလိုပဲ ဘာသာရပ်တစ်ခုကို ၆၀,၀၀၀ ကျပ် ( School holiday 20% discounted price) ဖြင့်သင်ကြားပေးမည် ဖြစ်ပါတယ်။ Physics နှင့် Mathematics ၂ ဘာသာတက်ရောက်ပါက ၂၀,၀၀၀ ကျပ် Additional Discount ရမည်ဖြစ်ပြီး ၂ ဘာသာ ၁သိန်းကျပ်သာ ကျမည်ဖြစ်ပါတယ်။

မိဘအရိပ်အောက်တွင် ဘေးရန်ကင်းကွာ Online မှာ သင်ယူလိုက်ပါ။

Want your school to be the top-listed School/college?

Telephone

Website