New Next International College

New Next International College

Share

Be Your New Next

Operating as usual

02/02/2025

ထိုင်းနိုင်ငံရောက် မြန်မာလူငယ်တစ်ယောက်အနေနဲ့

အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရသေးတာပဲဖြစ်ဖြစ်❗

ပညာရေးလမ်းကြောင်းပြန်ဆက်ပြီး ဘွဲ့တစ်ခု လိုချင်တာပဲဖြစ်ဖြစ်❗

👉New Next မှာ အခွင့်အလမ်းတစ်ခုရှိပါတယ်။

ဒါကတော့ UK ဘွဲ့ကို ပြည်ပမှာ နေထိုင်ရင်း ရယူနိုင်ဖို့အတွက်၊

New Next ရဲ့ UK Pathway တန်းခွဲတွေကို Online ကနေ တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

1️⃣𝐁𝐀 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐄 𝐏𝐚𝐭𝐡𝐰𝐚𝐲)

စီးပွားရေးကို စိတ်ဝင်စားသူတွေအတွက် New Next မှာ ABE Pathway ရှိပါတယ်။

ABE Pathway မှာဆိုရင် First Year, Second Year, Final Year အဆင့်ဆင့် တက်ရောက်ရမှာဖြစ်ပြီး၊

- Business Environment
- Finance
- Entrepreneurship
- Project Management

စတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို အဓိကလေ့လာရမှာပါ။

ပြီးဆုံးရင်တော့ UK နိုင်ငံ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗛𝗲𝗿𝘁𝗳𝗼𝗿𝗱𝘀𝗵𝗶𝗿𝗲 မှ ပေးအပ်မယ့်

🎓𝐁𝐀 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧, 𝐔𝐊 စီးပွားရေးဘွဲ့ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

2️⃣𝐁𝐬𝐜 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦𝐬

နည်းပညာနဲ့ Computing ပိုင်းကို စိတ်ဝင်စားသူတွေအတွက် NCC Pathway ရှိပါတယ်။

NCC Pathway မှာဆိုရင် First Year, Second Year, Final Year အဆင့်ဆင့် တက်ရောက်ရမှာဖြစ်ပြီး၊

- Software Engineering
- Databases
- Computing
- Web Development စတဲ့ နည်းပညာနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို အဓိက လေ့လာရမှာပါ။

ပြီးဆုံးရင်တော့ UK နိုင်ငံ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗟𝗮𝗻𝗰𝗮𝘀𝗵𝗶𝗿𝗲 (𝗨𝗖𝗹𝗮𝗻) မှ ပေးအပ်မယ့်

🎓𝐁𝐬𝐜 (𝐇𝐨𝐧𝐬) 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦𝐬, 𝐔𝐊 နည်းပညာဘွဲ့ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

✅ယခု Pathway (၂) ခုလုံးကို New Next မှာ Online ကနေ တက်ရောက်နိုင်အောင် စီစဉ်ပေးထားတဲ့အတွက်

ထိုင်းနိုင်ငံမှာ နေထိုင်ရင်း UK ဘွဲ့တစ်ခုကို ရယူနိုင်မယ့် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

💻Online ကနေ တက်ရောက်ပေမယ့်လည်း

✔️ကျောင်းရဲ့ Project တွေမှာ ပါဝင်နိုင်အောင်၊
✔️Lecturers တွေနဲ့ အပြန်အလှန် ဆွေးနွေးမေးမြန်းနိုင်အောင်
✔️ကျောင်းသားအချင်းချင်း Community ထဲမှာ ချိတ်ဆက်နိုင်‌အောင်
✔️အချိန်မရွေး Recording ပြန်ကြည့်ပြီး လေ့လာနိုင်အောင်

အစဉ်တစိုက် လုပ်ဆောင်ပေးသွားမှာ ဖြစ်လို့
စာမလိုက်နိုင်မှာ၊
မထိရောက်မှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။

Online Class တွေအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်
👉m.me/newnextuniversity မှာ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

New Next International College
Be Your New Next


31/01/2025

စီမံခန့်ခွဲမှု ဒီပလိုမာကို ဒီ (၅) ချက်ကြောင့် လေ့လာကြပါတယ်။

💡(1) Framework

ကိုယ့်မှာ အတွေ့အကြုံမရှိရင်တောင် မန်နေဂျာအများစု နှစ်နဲ့ချီလေ့လာရတဲ့

စာရင်းဇယားတွက်ချက်မှု၊ ဈေးကွက်သုတေသနလုပ်ခြင်း၊ Project Management ပိုင်းတွေကို လက်တွေ့ အသုံးချနိုင်တဲ့အဆင့်ထိ နားလည်သွားနိုင်တယ်။

💡(2) Basics

HR, Marketing, Finance စသဖြင့် ဘယ်နယ်ပယ်ကို အထူးပြုလေ့လာရမလဲ မသေချာသေးရင်၊ ဘာသာရပ်စုံစုံလင်လင်နဲ့ Business Management ကို လေ့လာတာက ကိုယ့်အတွက် အခြေခံပိုင်စေတယ်။

💡(3) Startup

ဈေးကွက်စိန်ခေါ်မှုတွေကြားမှာ ရှင်သန်ဖို့ အဓိကလိုအပ်တဲ့ Economics, Business Environment တို့လို ဘာသာရပ်တွေကို လေ့လာရမှာဖြစ်လို့၊ ကိုယ်ပိုင်လုပ်ငန်း Startup တစ်ခု စတင်လည်ပတ်ဖို့ Skillsets တွေ ဖြည့်ပေးနိုင်တယ်။

💡(4) Credibility

Diploma (သို့) ဒီဂရီတစ်ခု ပိုင်ဆိုင်ထားခြင်းက အလုပ်လျှောက်ရာမှာ ဖြစ်ဖြစ်၊ ကိုယ့်ဝန်ထမ်းတွေကို အုပ်ချုပ်ရာမှာဖြစ်ဖြစ် ကိုယ့်ရဲ့ ကျွမ်းကျင်မှု Credibility ကို ဖော်ပြရာရောက်တယ်။

💡(5) Networking

စီးပွားရေးကို စိတ်ဝင်စားပြီး၊ ကိုယ်နဲ့ အလုပ်ခွင်တန်ဖိုးထားမှုချင်း တူညီတဲ့ စွန့်ဦးတီထွင်တွေ၊ မန်နေဂျာတွေ၊ ပညာရှင်တွေနဲ့ ချိတ်ဆက် Networking လုပ်ခွင့်ရမှာဖြစ်ပါတယ်။

စီမံခန့်ခွဲမှုကို ဘာသာရပ်စုံစုံလင်လင်နဲ့ Diploma Level အထိ လေ့လာလိုသူတွေအတွက်လည်း New Next မှာ Diploma in Business & Management (DBM) Program ကို မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။

👉အသေးစိတ်ကိုတော့ Comment က Link မှာ ဝင်ကြည့်နိုင်ပါတယ်။

New Next International College
Be Your New Next

24/01/2025

ကိုယ်က စီမံခန့်ခွဲမှုပညာကို စလေ့လာချင်တယ်။

ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ မအားမလပ်ဖြစ်နေတယ်။

အလုပ်အတွက် တကယ်လိုအပ်မယ့် ပညာရပ်တွေကိုပဲ

အချိန်တိုအတွင်း လေ့လာပြီး ပြန်အသုံးချဖို့ စဉ်းစားထားတယ်။

🇬🇧ဒါဆိုရင် UK နိုင်ငံ၊
City of Oxford College မှ တိုက်ရိုက် ချီးမြှင့်မယ့်

New Next ရဲ့ Diploma in Business & Management (DBM) Program ရှိပါတယ်။

🎓DBM Program ရဲ့ အားသာချက်ကတော့

- စီမံခန့်ခွဲမှု ဘာသာ(၆) ခုလုံးကို Diploma တစ်ခုတည်းမှာ လေ့လာရမယ်။

- သင်တန်းချိန်အနေနဲ့ကလည်း Weekends ညနေပိုင်းတွေဖြစ်လို့၊

အလုပ်တစ်ဖက်နဲ့ တက်ရောက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

✅စာချည်းပဲ လေ့လာရမှာ မဟုတ်ဘဲ Group Discussion, Presentation တွေလုပ်ရမယ်။

✅စာမေးပွဲဖြေစရာမလိုဘဲ Assignment စနစ်ဖြစ်တဲ့အတွက် Working Professionals တွေအတွက် အဆင်ပြေတယ်။

🎯စီမံခန့်ခွဲမှုပညာရပ် (၆)ခုလုံးကို Diploma တစ်ခုတည်းမှာ လေ့လာရမှာဖြစ်လို့၊

✔️အတန်းချိန်တွေမှန်မယ်။
✔️စာလည်း ပုံမှန်လုပ်မယ်။
✔️Group Project တွေ၊
✔️Assignment တွေလည်း
သေချာလိုက်လုပ်မယ်ဆိုရင်

နောက်ပိုင်း ဘာသာရပ်တစ်ခုချင်း အထူးပြုလေ့လာတဲ့အခါ (သို့)

MBA ဆက်တက်တဲ့အခါတွေမှာ အခြေခံအုတ်မြစ်ကောင်းတစ်ခု ရသွားစေနိုင်ပါတယ်။

မကြာခင်စတင်မယ့် New Next ရဲ့ DBM Program အကြောင်းကို
အသေးစိတ်သိလိုတယ်ဆိုရင်

👉 m.me/newnextuniversity မှာ DBM လို့ ပေးပို့ပြီး စုံစမ်းနိုင်ပြီဖြစ်ပါတယ်။

New Next International College
Be Your New Next

Photos from New Next International College's post 22/01/2025

အလုပ်အကိုင်တိုးတက်ဖို့ စီမံခန့်ခွဲမှုပညာရပ် (၆) ခုကို Diploma တစ်ခုတည်းမှာ လေ့လာပါ။

🎓“Diploma in Business & Management (DBM)”
🇬🇧Awarded by City of Oxford College, UK

ကိုယ်က အလုပ်ခွင်အတွက် စီမံခန့်ခွဲမှုကိုလည်း စလေ့လာချင်တယ်။ ဒါပေမယ့် အတွေ့အကြုံလည်း အများကြီးမရှိဘူး။

စီမံခန့်ခွဲမှုပညာရပ်အခွဲတွေဖြစ်တဲ့ HR, Accounting စတာတွေကိုလည်း တစ်ခုချင်း ခွဲမလေ့လာချင်ဘူး။

Program တစ်ခုတည်းမှာ အခြေခံပိုင်အောင် ပေါင်းလေ့လာပြီး၊ အချိန်တိုအတွင်း အလုပ်ခွင်မှာ ပြန်အသုံးချတတ်ချင်တယ်။

👉ဒါဆိုရင် New Next ရဲ့ “Diploma in Business & Management” (DBM) Program က သင့်အတွက် ဖြစ်နိုင်ပါတယ်။

✍️DBM ဆိုတာဘာလဲ?

Diploma in Business & Management ကတော့ UK နိုင်ငံရှိ Oxford မြို့အခြေစိုက် City of Oxford College မှ တိုက်ရိုက်ပေးအပ်မယ့် UK Diploma Program ဖြစ်ပါတယ်။

အချိန် (၃) လပေးရုံနဲ့ စီမံခန့်ခွဲမှုပညာရပ် (၆)ခု ကို Diploma တစ်ခုတည်းမှာ လေ့လာနိုင်မှာဖြစ်ပါတယ်။

✍️တခြား Single Subject Diploma တွေနဲ့ ဘာကွာသလဲ?

Single Subject Diploma ကတော့ ဘာသာရပ်တစ်ခုတည်းကို သီးသန့် လေ့လာရခြင်း ဖြစ်ပါတယ်။

ယခု DBM Program မှာတော့ Modules (၆) ခု ပါဝင်ပါတယ်။ DBM ကို တက်ရောက်ရုံနဲ့ Marketing, Accounting, Economics, HR, Business Environment နှင့် Organizational Behavior အစရှိတဲ့ ဘာသာရပ်တွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် DBM ပြီးဆုံးတဲ့အခါ MBA ကို ဆက်တက်ချင်ရင် ဖြစ်စေ၊ ဘာသာရပ်တစ်ခုချင်း အထူးပြုလေ့လာချင်ရင်ဖြစ်စေ အခြေခံပိုင်သွားစေမှာဖြစ်ပါတယ်။

❗Professional QCF Level 3 ရှိတဲ့ Diploma ဖြစ်တာကြောင့် လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ Working professional များအတွက် ရည်ရွယ်ပါတယ်။

✍️DBM ကို ဘယ်သူတွေတက်ရောက်သင့်လဲ?

-Module (၆)ခု ပါသဖြင့် ဘာသာရပ်စုံစုံလင်လင် လေ့လာလိုသူများ

-Middle Level Management တွင် ဝင်ရောက်လုပ်ကိုင်နေသူများ

-MBA ကို ဆက်လက်တက်လှမ်းမည့်သူများ

- အလုပ်ခွင်မှာ နောက်တစ်ဆင့်တက်လှမ်းလိုတဲ့ Working Professionals များ

- Business Management ကို စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များ

- စီမံခန့်ခွဲမှုကိုလေ့လာလိုတဲ့ အင်ဂျင်နီယာများ၊ ဆရာဝန်များနှင့် အခြားနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ

✍️သင်ကြားရမည့် ဘာသာရပ်(6)ခု

1. Business Environment
2. Organizational Behavior
3. Marketing
4. Accounting
5. Human Resource Management
6. Economics

✍️Why New Next?

- မန္တလေးမြို့မှာ DBM Program ကိုပထမဦးဆုံးစတင်ခဲ့ပြီး City of Oxford College မှ DBM Program ကိုပို့ချခွင့်ရထားသည့် မန္တလေးမြို့မှ တစ်ခုတည်းသော Center ဖြစ်ခြင်း။

- အတွေ့အကြုံရှိ Lecturer များဖြင့် သင်ကြားပေးခြင်း။

- Assignment စနစ်ဖြစ်သည့်အတွက် စာမေးပွဲဖြေစရာမလိုဘဲ အလုပ်ခွင်ဝင်နေသည့် Working Professionals များနှင့် အထူးသင့်တော်ခြင်း။

- Group Discussion နှင့် Group Presentation များလုပ်ရခြင်း။

- သင်တန်းသားပေါင်း ၃၆၀ ကျော်ကို မွေးထုတ်ပေးပြီး ဖြစ်ခြင်း။

- ပြီးဆုံးသွားတဲ့ သင်တန်းသားတွေအနေနဲ့ဆိုရင်လည်း Middle Level နှင့် Top Level Management တွေမှာ အလုပ်လုပ်ကိုင်နေကြခြင်း။

✍️တန်းခွဲအသစ် စတင်မည့်ရက်

စတင်မည့်ရက် - 8th March, 2025
Every Saturday & Sunday (3:00 PM to 5:30 PM)
Duration - 3 Months

✍️သင်ကြားမည့်ပုံစံ

Online/Offline နှစ်မျိုးစလုံး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🔷 သင်တန်းကြေးကတော့ 420,000 MMK ဖြစ်ပါတယ်။

📌သင်တန်းပြီးဆုံးတဲ့အခါ Attendance 90% ပြည့်မှီပြီး Group Project များ complete ဖြစ်ပါက New Next ရဲ့ Certificate in Business & Management ကိုရရှိမှာဖြစ်ပြီး၊

City of Oxford College (UK) ကပေးအပ်တဲ့ Diploma ဘွဲ့ကို ရယူချင်တယ်ဆိုရင် Enrollment Fee $250 ပေးသွင်းပြီး Assignment တင်နိုင်မှာ ဖြစ်ပါတယ်။

✍️City of Oxford College အကြောင်း

City of Oxford College သည် နှစ်ပေါင်း ၅၉ နှစ်ရှိ UK ရှိ Oxford မြို့ အခြေစိုက် College တစ်ခုဖြစ်သည်။ New Next ၏ Learning partner အနေဖြင့် 2016 မှာစတင်ခဲ့သည်။ New Next သည် City of Oxford College မှ Diploma in Business Management (DBM) Program ကို တရားဝင်ပို့ချခွင့်ရထားသော မန္တလေးမြို့မှ တစ်ခုတည်းသော Center ဖြစ်ပါသည်။

City of Oxford College အနေဖြင့်ရရှိထားသော ဆုများမှာ

-Association of Colleges Beacon Awards for effective use of technology,
practical approach to teaching and learning and for staff development

-Apprenticeships for England Bronze Award

-TES FE Awards - Outstanding use of technology (highly commended)
=============================

✍️"ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။"

၁။ ကိုယ့်ဘဝတိုးတက်ရေးအတွက် တစ်ပတ်၂ရက်အချိန်ပေးနိုင်သလား?

၂။ တိုးတက်ပြောင်းလဲလာမယ့် အနာဂတ်တွေအတွက် အဆင်သင့်ဖြစ်နေဖို့ အကောင်းဆုံးပြင်ဆင်လိုသလား?

Yes ဆိုရင်တော့ m.me/newnextuniversity မှာ DBM လို့ပို့ထားပေးပါ။

Admin team ကနေ ပြန်လည်ဆက်သွယ်ပေးပါမယ်။

New Next International College
Unit 10, block 5, Mingalar Mandalay Business Park, Mandalay.
09788889170

New Next International College
Be Your New Next

20/01/2025

UK နိုင်ငံဆိုတာ ပညာရေးအဆင့်အတန်း မြင့်မားပြီး၊

နိုင်ငံတကာကျောင်းသားတွေအတွက် အခွင့်အလမ်းများတဲ့ နိုင်ငံတစ်ခုပါ။

✅ဒါကြောင့် ကိုယ့်အနေနဲ့ကသာ UK Degree ဖြစ်တဲ့ NCC/ABE ကို အောင်မြင်ထားမယ်ဆိုရင်

UK မှာ အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်လို့ရမယ့်လမ်းစဉ်ရှိပါတယ်။

💡၁။ ပညာရေးအဆင့် (Education Phase)

NCC/ABE (Fast-Track Degree) တွေကို UK တက္ကသိုလ်ပညာရေးနဲ့ ညီမျှတယ်လို့ UK Universities အများစုက အသိအမှတ်ပြုပါတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ NCC/ABE ကိုအောင်မြင်ပြီးရင် UK တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ် (Top-up) ကို တိုက်ရိုက်တက်ရောက်လို့ရတယ်။

✅Student Visa နဲ့ UK မှာ ပညာသင်ကြားနိုင်ပြီး
တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက်မှာ Graduate Route Visa (၂နှစ်) ထပ်မံရရှိနိုင်ပါတယ်။

💡၂။ အလုပ်အကိုင်အဆင့် (Employment Phase)

Graduate Visa နဲ့ဆိုရင် UK မှာ (၂) ထပ်မံနေထိုင်ပြီး အလုပ်ရှာခွင့်ရှိပါတယ်။

တကယ်လို့ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အလုပ်ရှင်ထံမှ အလုပ်ကမ်းလှမ်းမှု (Job Offer) ရပြီဆိုရင်တော့

✅Skilled Worker Visa (၅နှစ်) ထပ်လျှောက်လို့ရပြီဖြစ်ပါတယ်။

💡၃။ PR အဆင့် (Permanent Residency Phase)

UK မှာနေထိုင်တာ ၅နှစ်ပြည့်ပြီးပြီဆိုရင်တော့
Life in the UK test ဖြေဆိုအောင်မြင်ပြီး၊
စဉ်ဆက်မပြတ်နေထိုင်မှု သက်သေပြနိုင်တယ်ဆိုရင်

✅UK PR ဖြစ်တဲ့ ILR (Indefinite Leave to Remain) လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

ဒီ Plan အတိုင်းသွားမယ်ဆိုရင် UK မှာ အခြေချနေထိုင်ချင်တဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

New Next International College
Be Your New Next

18/01/2025

“လူငယ်များအတွက် Marketing ကို အလုပ်ခွင်မှာ လေ့လာနိုင်မယ့် အလုပ်သင်အခွင့်အလမ်းကောင်း”

ကိုယ့်အနေနဲ့ Marketing လုပ်ချင်တယ်၊ ဒါပေမယ့် ဘယ်ကစရမှန်း မသိဘူး❗

သင်တန်းတွေပဲ လိုက်တက်နေမယ့်အစား၊ လက်တွေ့လုပ်တတ်ချင်တယ်❗

လုပ်ငန်းခွင်မှာ တကယ် Run နေတဲ့ Campaign တွေကိုလည်း မျက်မြင်ကိုယ်တွေ့ လေ့လာချင်တယ်❗

👉ဒါဆိုရင် New Next မှာ လက်လွတ်မခံသင့်တဲ့ Opportunity တစ်ခုရှိပါတယ်။

ဒါကတော့ Marketing Intern အဖြစ် New Next International College မှာ လုပ်ကိုင်နိုင်မယ့် အခွင့်အရေးပါ။

✨Why New Next?

- Industry Expert တွေရဲ့ လမ်းပြမှုအောက်မှာ လက်တွေ့သင်ယူခွင့်ရမယ်။

- ကိုယ်စိတ်ဝင်စားတဲ့ Marketing Field ကို ရွေးချယ်လေ့လာခွင့်ရမယ်။

- Campaign တွေကို A to Z အထိ အသေးစိတ်လုပ်ဆောင်နေပုံတွေ သိခွင့်ရမယ်။

- Digital Marketing Tools တွေကို လက်တွေ့အသုံးချခွင့်ရမယ်။

✨ဘယ်သူတွေ လျှောက်ထားသင့်လဲ?

✓ သင်က အသက် ၂၁ နှစ်အောက်ဖြစ်တယ်၊

✓ မန္တလေးမြို့မှာလည်း နေထိုင်တယ်

✓ Marketing & Education ပိုင်းကို Passionate ဖြစ်ပြီး

✓ ဘာမှမသိရင်တောင် သင်ယူလိုစိတ် အပြည့်ရှိတယ်။

ဒါဆိုရင် New Next မှာ Marketing Intern အဖြစ် အခုပဲလျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🌟 လက်ရှိလျှောက်ထားနိုင်မယ့် Positions တွေကတော့

1️⃣ Video Shooting/Editing Intern

- Content တွေကို Viral ဖြစ်အောင် Edit နိုင်ရမယ်။
- CapCut Pro လို Tool တွေ ကျွမ်းကျင်ရင် ပိုကောင်းပါတယ်။
- Creative Mindset ရှိရပါမယ်။

2️⃣ Content Creator/Copywriter Intern

- Viral Content တွေရေးနိုင်ရမယ်။
- Trend ဖြစ်နေတဲ့ Content တွေကို Research လုပ်နိုင်ရမယ်။
- တီထွင်ဖန်တီးနိုင်စွမ်း ရှိရမယ်။

3️⃣ Graphic/Photo Intern

- Eye-catching ဖြစ်တဲ့ Design တွေ ဖန်တီးနိုင်ရမယ်
- Canva/Photoshop တစ်ခုခုတတ်ရင် အဆင်ပြေပါတယ်။
- Visual Aesthetic Sense ကောင်းရပါမယ်

💫 New Next မှာ ရမယ့် Benefits တွေကတော့

- Real Industry Experience
- Skill Development Program
- Supportive Working Environment
- Professional Network Building
- Career Growth Opportunities

📌 သင်တန်းတက်ရုံနဲ့ မရနိုင်တဲ့ လက်တွေ့အတွေ့အကြုံတွေကို New Next ကနေ အစအဆုံးသင်ပြပေးမှာဖြစ်ပါတယ်။

⚡️ လျှောက်ထားဖို့ လိုအပ်တာက
ကိုယ့်ရဲ့ CV ကို [email protected] ကို ပို့ပေးရုံပါပဲ။

⏰ Deadline: Limited Slots သာရှိတာမို့ မြန်မြန်လျှောက်ထားစေလိုပါတယ်။

New Next International College
Be Your New Next

Photos from New Next International College's post 17/01/2025

New Next Graduation Ceremony 2025🎓✨

New Next International College မှ ပညာသင်နှစ်တစ်ခုပြီးဆုံး၍ အောင်မြင်မှုမှတ်တိုင်တစ်ခု ရရှိပြီးကြသော၊

Master, Bachelor, Diploma နှင့် Certificate သင်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

📌Graduation Ceremony အသေးစိတ်

🗓️Date: 16-February-2025
🕋Venue: Mingalar Mandalay Hotel
⏰Time: 1:00 PM to 4:00 PM

✨မိမိတို့ရဲ့ အနာဂတ်ခရီးလမ်းအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့၊ ယခုဘွဲ့နှင်းသဘင်အခမ်းအနားကို ပါဝင်တက်ရောက်ကြဖို့အတွက် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

New Next International College
Be Your New Next

15/01/2025

ပညာရပ်တစ်ခု လေ့လာတဲ့အခါမှာ
စိတ်ဝင်စားမှုက အရေးကြီးဆုံးပါ။

ဒီပညာရပ်နဲ့
အသက်မွေးဝမ်းကျောင်းပြုတဲ့အထိ သွားရမှာဖြစ်လို့၊
Passion မရှိရင် ရေရှည်လုပ်ဖို့မလွယ်ပါဘူး။

💡ပြည်တွင်းမှာ UK Degree Pathway ကို လေ့လာချင်တဲ့သူတွေ အနေနဲ့ဆိုရင်လည်း၊ ရွေးချယ်စရာ ၂ ခု ရှိပါတယ်။

👉 ကိုယ့်အနေနဲ့က Code တွေ ရေးချင်တယ်။

👉 Problem Solving လုပ်ရတာတွေ စိတ်ဝင်စားတယ်။

👉 ကိုယ်ပိုင် Game တွေ၊ Software တွေ ဖန်တီးပြီး လူတွေရဲ့ဘဝကို အပြောင်းအလဲ လုပ်ပေးချင်တယ်ဆိုရင်

✅Computing Degree ဖြစ်တဲ့ NCC Pathway ကို လေ့လာသင့်ပါတယ်။

ဒီလိုမဟုတ်ဘဲ ကိုယ်က

👉 စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်လဲ သိချင်တယ်၊

👉 Marketing ပိုင်းမှာ Creative ဖြစ်ချင်တယ်၊

👉 လူတွေ၊ လုပ်ငန်းတွေကို ဦးဆောင်တတ်ချင်တယ်၊

👉 ဈေးကွက်ပြဿနာတွေကို ဖြေရှင်းချင်တဲ့ အမြင်တစ်ခုရှိတယ်ဆိုရင်

✅Business Degree ဖြစ်တဲ့ ABE Pathway က ကိုယ့်အတွက် ဖြစ်နိုင်ပါတယ်။

Pathway နှစ်ခုလုံးက UK တက္ကသိုလ်တွေက တိုက်ရိုက်ချီးမြင့်တာဖြစ်သလို၊

Ofqual အသိအမှတ်ပြုတာကြောင့် နိုင်ငံတကာမှာ ပြန်အသုံးချလို့ရပါတယ်။

ဒါကြောင့် Passion နဲ့ တကယ်အံဝင်ခွင်ကျဖြစ်မယ့် Degree Pathway ကိုပဲ ကိုယ့်ဘက်က ရွေးချယ်နိုင်ဖို့ လိုပါလိမ့်မယ်။

ရွေးချယ်ရခက်နေလို့ Pathway တစ်ခုစီအကြောင်း အသေးစိတ် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း

👉m.me/newnextuniversity မှာ ဆက်သွယ်လို့ရပြီဖြစ်ပါတယ်။

New Next International College
Be Your New Next

09/01/2025

ကိုယ်တိုင် AI ကို Prompt တွေ ရေးပြီးခိုင်းတဲ့နေရာမှာ ထိရောက်ဖို့ဆိုရင်

ဒီ (၅) ချက်နဲ့ ရေးကြည့်ဖို့ အကြံပြုပါတယ်။

💡(1) လိုချင်တာနဲ့ စတင်မယ်

AI နဲ့ ဘာပဲလုပ်လုပ် ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ အရင်စဖို့လိုတယ်။

👉write, analyze, explain တို့လို လုပ်ဆောင်မှုပြတဲ့ စကားလုံးတွေသုံးပြီး၊ ကိုယ်ဘာလုပ်ချင်တာလဲ ဖော်ပြလို့ရတယ်။

✅"Write a 1,000-word essay analyzing the effects of climate change on agriculture."
(ရာသီဥတုပြောင်းလဲမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်ပုံများကို လေ့လာသုံးသပ်တဲ့ စာလုံးပေါင်း ၁၀၀၀ ပါတဲ့ Essay တစ်ပုဒ် ရေးပေးပါ။)

💡(2) စုံစုံလင်လင် ပြောပြပေးမယ်

AI ဆိုတာ context သေချာပြောပြနိုင်လေ၊

ကိုယ့်အခြေအနေနဲ့ တကယ်အံဝင်ခွင်ကျ အသုံးဝင်မယ့် ရလဒ်တွေ ထုတ်ပေးနိုင်လေပဲ။

👉"Context" ဆိုတာ ကိုယ့်အကြောင်း AI ကနေ ပိုနားလည်အောင် ပြောပြပေးရတဲ့ ကိုယ့်ရဲ့ Goals တွေ၊ challenge တွေ၊ လိုချင်တဲ့ style, tone တွေကို ဆိုလိုတယ်။

✅"I’m a 70kg individual aiming to gain muscle with limited access to gym equipment."
(ကျွန်တော်က ကိုယ်အလေးချိန် ၇၀ ကီလိုရှိပြီး၊ gym equipment ကို အကန့်အသတ်နဲ့ပဲ ရရှိထားတဲ့အခြေအနေမှာ ကြွက်သားတိုးအောင် လုပ်ချင်ပါတယ်။)

💡(3) နမူနာနဲ့ လမ်းပြပေးမယ်

ကိုယ်လိုချင်တဲ့ ဘောင်ထဲရောက်အောင် AI ကို ခိုင်းဖို့ဆိုရင် နမူနာ၊ ဥပမာတွေက အင်မတန် အသုံးဝင်တယ်။

✅"Rewrite this bullet point using this structure: 'I accomplished X by Y, which resulted in Z.'"
('ကျွန်တော် X ကို Y နည်းနဲ့ လုပ်ဆောင်ခဲ့ပြီး Z ရလဒ်ထွက်ပါတယ်' ဆိုတဲ့ Structure နဲ့ bullet point တွေကို ပြန်ရေးပေးပါ။)

💡(4) Persona သတ်မှတ်ပေးမယ်

ကိုယ်လုပ်ခိုင်းချင်တဲ့ Task အပေါ်မူတည်ပြီး၊ AI ကို ဘယ်လိုလူမျိုးဖြစ်စေချင်တယ်ဆိုတာ ဆုံးဖြတ်ပေးလို့ရတယ်။

👉ကိုယ်က Content တွေ ရေးခိုင်းချင်တာဆိုရင် AI က အနှစ် ၂၀ ကျော်အတွေ့အကြုံရှိတဲ့ Content Marketer တစ်ဦး ဖြစ်လိမ့်မယ်။

👉အလုပ်အင်တာဗျူးအတွက် ပြင်ဆင်ချင်တာဆိုရင် AI က Hiring Manager တစ်ဦးဖြစ်လိမ့်မယ်။

✅"As a copywriter with over 20 years of experience, write a compelling copy that will boost sales."
(အနှစ် ၂၀ ကျော် အတွေ့အကြုံရှိတဲ့ Copywriter တစ်ယောက်အနေနဲ့ ရောင်းအားတက်စေမယ့် ကြော်ငြာတစ်ပုဒ်ရေးပေးပါ)

💡(5) Format ချပေးမယ်

Bullet Points, Paragraph, Table, Summary စသဖြင့် ကိုယ်လိုချင်တဲ့ ပုံစံ Format ရှိရင် Prompt ထဲမှာ ထည့်ရေးပေးဖို့လိုတယ်။

✅"Create a table comparing the features of three project management tools."
(Project management tools သုံးခုရဲ့ လုပ်ဆောင်ချက်တွေကို နှိုင်းယှဉ်ပြတဲ့ ဇယားတစ်ခု ဖန်တီးပေးပါ။)

ဒီနည်းစနစ်တွေကို တစ်ခုချင်းလည်း သုံးနိုင်သလို၊ တစ်ခုနဲ့ တစ်ခုပေါင်းစပ်ပြီးလည်း Prompt တွေကို ထိရောက်အောင် အသုံးချလို့ရပါတယ်။

New Next International College
Be Your New Next

Photos from New Next International College's post 06/01/2025

"AI in Action" (Day - 1)

GenAI အစွမ်းအသုံးပြုပြီး ကိုယ့်ရဲ့ အလုပ်နဲ့ဘဝ၊
ရည်မှန်းချက်ပန်းတိုင်တွေ အထိရောက်ဆုံး
အကောင်အထည်ဖော်နိုင်ဖို့အတွက်
"AI in Action" တန်းခွဲသစ် စတင်ပြီဖြစ်ပါတယ်။

ယခုအတန်းကိုတော့ Dr. Phyo Paing နှင့်
Dr. Sai Phone Myat Lwin တို့ကနေ သင်ပြပေးမှာဖြစ်ပြီး၊

နေရာဒေသမရွေးမှ တက်ရောက်နိုင်အောင်
Zoom Platform ကို အသုံးပြုပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

❗ဇန်နဝါရီလ (၁၃) ရက်နေ့အထိ သင်တန်းအပ်နှံခြင်း လက်ခံသွားမည်ဖြစ်တာကြောင့်
တက်ရောက်လိုပါက

👉m.me/newnextuniversity မှာ
“AI” လို့ ပေးပို့ထားနိုင်ပြီ ဖြစ်ပါတယ်။

New Next International College
Be Your New Next

05/01/2025

AI ဆိုတာ လူတိုင်းလက်လှမ်းမှီပြီး
တီးမိခေါက်မိ သုံးကြည့်လို့ရတယ်။
အဲ့ဒီလောက်မခက်ဘူး။

💡တကယ်ခက်တာက AI ကို

- လိုချင်တာရအောင် Prompt တွေစီပြီး ခိုင်းတတ်ဖို့

- ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် AI Tools တွေကို ရွေးတတ်ဖို့

- ပေးလာတဲ့ Output တွေကို အသုံးဝင်အောင် စီစစ်အသုံးချတတ်ဖို့ ဖြစ်ပါတယ်။

💡ကိုယ့်ဘက်က အပေါ်ယံဘဲ သုံးရင်၊ အပေါ်ယံရလဒ်ပဲ AI ကနေ ပြန်ပေးလိမ့်မယ်။

အလုပ်နဲ့ ဘဝ လိုချင်တဲ့ပန်းတိုင် အမြန်ရောက်အောင်
AI စွမ်းအားကို အသုံးချချင်တယ်ဆိုရင်
သေချာအချိန်ပေး လေ့လာဖို့လိုလာပါပြီ။

✅ဒါကြောင့် ဈေးကွက်ထဲမှာ လက်တွေ့အသုံးချနေကြတဲ့ ဆရာတွေဆီကနေ၊

AI ကို နောက်တစ်ဆင့်ရောက်အောင်
အသုံးချနည်းတွေကို လေ့လာချင်တယ်ဆိုရင်

Dr. Phyo Paing နှင့် Dr. Sai Phone Myat Lwin တို့ကနေ သင်ပြပေးမယ့် “AI in Action” Program ရှိပါတယ်။

သီအိုရီတွေ လိုက်မှတ်စရာမလိုဘဲ၊ ချက်ချင်းပြန်အသုံးချလို့ရမယ့် Systems တွေ၊ Frameworks တွေနဲ့ သင်ပြပေးသွားမှာ ဖြစ်ပြီး၊

ဇန်နဝါရီလ (၆) ရက်နေ့မှာ အတန်းစတင်မှာဖြစ်လို့ အသေးစိတ်ကို

👉m.me/newnextuniversity မှာ “AI” လို့ ပေးပို့ပြီး စုံစမ်းနိုင်ပြီ ဖြစ်ပါတယ်။

New Next International College
Be Your New Next

04/01/2025

(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့✨

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား New Next International College မှ လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

New Next International College
Be Your New Next
#လွတ်လပ်ရေးနေ့

02/01/2025

Gemini AI က Gmail, Docs တို့လို Tools တွေနဲ့ တွဲသုံးတဲ့အခါမှာ ပိုပြီးအစွမ်းထက်တယ်။

ဒါကြောင့် Gemini နဲ့ Google Workspace ပေါင်းစပ်အသုံးချနည်း လမ်းညွှန်ကို မျှဝေပေးလိုက်ပါတယ်။

👉အရင်ဆုံး Gemini ရဲ့ Setting မှာ Google Workspace (Extensions) ကို on ထားဖို့လိုပါတယ်။

💡၁။ သိချင်တာကို ချက်ချင်းရှာခိုင်းမယ်

Gemini အနေနဲ့ Gmail နဲ့ Google Docs တွေကိုရှာပြီး၊ ကိုယ်သိချင်တဲ့ အသေးစိတ် ‌Information ကို ပြောပြပေးနိုင်တယ်။

✅“What feedback did the client provide in the email about the product launch strategy?”
(Product Launch Strategy နဲ့ ပတ်သက်ပြီး customer ဆီက အီးမေးလ်မှာ ဘယ်လို Feedback တွေ ပေးထားလဲ?)

ဒီလို Prompt နဲ့ဆိုရင် Email အပုံထဲ တစ်ခုချင်းလိုက်ရှာစရာမလိုဘဲ၊ Gemini ကိုရှာခိုင်းပြီး သိချင်တာ ရှင်းပြခိုင်းလို့ရတယ်။

💡၂။ အရေးကြီးတာကို အနှစ်ချုပ်ခိုင်းမယ်

“Summarize my unread emails from today.”
("ဒီနေ့ မဖတ်ရသေးတဲ့ အီးမေးလ်တွေကို အနှစ်ချုပ်ပြောပေးပါ။")

“Summarize the marketing budget breakdown from ‘Marketing Budget Allocation 2024’ as bullet points.
('Marketing Budget Allocation 2024' ရဲ့ မားကတ်တင်း ဘတ်ဂျက် ခွဲဝေထားမှုတွေကို bullet points တွေနဲ့ အကျဉ်းချုပ် ရှင်းပြပါ။")

ဒီ Prompt တွေသုံးပြီး Gmail, Docs တွေကို အနှစ်ချုပ်ခိုင်းလို့ရတယ်။

💡၃။ မှတ်မိအောင် Checklist တွေ မှတ်ခိုင်းမယ်

✅“Create a checklist for the upcoming product launch tasks and add it to Google Tasks.”
(Product launch အတွက် လုပ်ဆောင်ရမယ့် အရာတွေကို checklist ပြုလုပ်ပြီး Google Tasks ထဲ ထည့်ပေးပါ။")

✅“Draft ideas for social media content for the new campaign and save them to Keep.”
("Campaign အသစ်အတွက် ဆိုရှယ်မီဒီယာ ကွန်းတန့်အိုင်ဒီယာတွေ ထုတ်ပြီး Keep ထဲ သိမ်းပေးပါ။")

ဒီ Prompt တွေသုံးပြီး AI ကနေ ပေးလာတဲ့အဖြေတွေကို Google Task, Keep ထဲမှာ အမြန်သိမ်းခိုင်းလို့ရတယ်။

💡၄။ YouTube ကနေ မြန်နှုန်းမြင့်လေ့လာမယ်

"Summarize the key insights from this YouTube video and provide five actionable steps based on the content."
("ဒီ YouTube ဗီဒီယိုထဲက အဓိကအချက်အလက်တွေကို အကျဉ်းချုံးပြီး၊ လက်တွေ့လုပ်ဆောင်နိုင်မယ့် အဆင့် ၅ ဆင့်ကို ရှင်းပြပေးပါ။")

YouTube Video Link ကိုပေးပြီး Gemini ကို အနှစ်ချုပ်ခိုင်းလို့ရတယ်။ အပြန်အလှန်ဆွေးနွေးလို့ရတယ်။

Podcast အရှည်တွေကို အနှစ်ချုပ်ခိုင်းပြီး၊ action plan ထုတ်ခိုင်းတဲ့နေရာမှာလည်း အသုံးဝင်တယ်။

❗အသုံးပြုတဲ့အခါ သတိပြုရမှာက

👉YouTube ကလွဲရင်၊ Docs, Gmail တွေကို Gemini ထဲ Link တွေ ကူးမထည့်ပါနဲ့။

👉သူတို့ရဲ့ အထဲက Content မှာပါတဲ့ keyword, reference, title တွေနဲ့ပဲ သုံးပေးပါ။

ဥပမာ Drive ထဲက document တစ်ခုကို ရှာချင်ရင် "Drive ထဲက Marketing Plan 2024 ဆိုတဲ့ document ကို ရှာပေး" လို့ ခိုင်းပါ။

👉ဒီအတွက် Google Docs, Keeps တွေကို Title, label တွေ သေချာတပ်ပြီး၊ Organized ဖြစ်ဖြစ် သုံးထားဖို့လိုပါတယ်။

👉Gemini မှာ ကိုယ်သုံးချင်တဲ့ Google Tools အလိုက် Prompt တွေအရှေ့မှာ , Docs, Drive စသဖြင့် ထည့်ခိုင်းပေးပါ။

ဥပမာ - Drive “Summarize the marketing budget breakdown from ‘Marketing Budget Allocation 2024’ as bullet points.

👉Gemini နဲ့ Google Workspace နှစ်ခုလုံးကို သုံးတဲ့ Google Account က အတူတူဖြစ်ဖို့လိုပါတယ်။

New Next International College
Be Your New Next

31/12/2024

New Next December Winter Sport & Christmas Event❄️⛄

New Next International College ရဲ့ "December Winter Sport & Christmas Event" မှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်✨

ယခု Event ကိုတော့ New Next International College - Student Council မှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊

Event ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်အောင် ပါဝင်အားဖြည့်ပေးကြသူ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။

လာမယ့် နှစ်သစ်ကိုလည်း အောင်မြင်မှု၊ ပျော်ရွှင်မှု၊ အခွင့်အလမ်းအသစ်တွေနှင့်အတူ ဖြတ်သန်းနိုင်ကြပါစေလို့ New Next မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်🙏

New Next International College
Be Your New Next

26/12/2024

တချို့ AI သုံးကြည့်ပြီး အလုပ်မဖြစ်ဘူးဆိုတာ၊
ကိုယ်လိုချင်တဲ့ ရလဒ်နဲ့ သုံးတဲ့ AI Model နဲ့က
မကိုက်လို့ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အသုံးများတဲ့ AI Model (5) ခုအကြောင်း
မျှဝေပေးလိုက်ပါတယ်။

💡(1) ChatGPT

OpenAI က ထုတ်တဲ့ AI ဖြစ်ပြီး၊ လူတစ်ယောက်လို စကားပြောလို့ရတဲ့ အားသာချက်ရှိတယ်။ ဘက်စုံအသုံးချလို့ရတဲ့ Model တစ်ခုလည်း ဖြစ်ပါတယ်။

Creative Tasks တွေ ဖြစ်တဲ့ Content ရေးတာ၊ Script ရေးတာတွေကို ကောင်းကောင်း လုပ်ဆောင်ပေးနိုင်တာတွေ့ရတယ်။

💡(2) Gemini

Google ရဲ့ Data တွေပေါ်မှာ train ထားတဲ့ AI ဖြစ်တဲ့အတွက်၊ အဖြေတွေက ပိုတိကျတယ်၊ Update ဖြစ်တယ်။

Google Docs, Gmail တွေကို အနှစ်ချုပ်ခိုင်းချင်တာ၊ Youtube Video တွေကို Summary ထုတ်ခိုင်းပြီး အပြန်အလှန်ဆွေးနွေးချင်တာ

စသဖြင့် Google tools တွေကို AI နဲ့ တွဲသုံးချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။

💡(3) Perplexity AI

သတင်းအချက်အလက်ရှာဖွေတဲ့ အပိုင်းကို အဓိကအသားပေးထားတဲ့ AI ဖြစ်ပါတယ်။

ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Source နဲ့ Reference ကို တစ်ခါတည်းပြပေးတဲ့အတွက်၊

Research လုပ်တဲ့အပိုင်းမှာ တော်တော်လေး အသုံးဝင်ပါတယ်။

💡(4) Claude

Anthropic က ထုတ်တဲ့ AI ဖြစ်ပြီး၊ အင်္ဂလိပ်စာကို မြန်မာလို ပြန်ရေးတဲ့ အပိုင်းမှာ အားသာတာကိုလည်းတွေ့ရတယ်။ Coding အတွက်လည်း Claude ကို အသုံးများကြပါတယ်။

💡(5) Grok

Elon Musk ရဲ့ AI ဖြစ်ပြီး၊ သူ့ကိုတော့ X Platform ပေါ်မှာ အသုံးပြုလို့ရတယ်။

X ရဲ့ Social Media Data တွေပေါ်မှာ train ထားတဲ့အတွက် Viral Content တွေ၊ Content Ideas တွေ စဉ်းစားခိုင်းလို့ကောင်းတဲ့ Model တစ်ခုဖြစ်ပါတယ်။

✅Model တစ်ခုစီမှာ အားသာချက်ကိုယ်စီရှိတဲ့အတွက် ကိုယ်လိုချင်တာနဲ့ အံဝင်ခွင်ကျဖြစ်မယ့် AI ကို သုံးတတ်‌အောင် လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။

New Next International College
Be Your New Next

25/12/2024

AI ဆီက သာမန်ဆန်တဲ့ အဖြေတွေပဲ ရနေတယ်ဆိုတာ သုံးပုံသုံးနည်း မှားနေလို့ ဖြစ်နိုင်တယ်။

အလုပ်ခွင်က Professionals တွေအနေနဲ့ဆိုရင် AI ကို ပိုပြီးထိရောက်အောင် အသုံးချလို့ရမယ့် နည်းလမ်း (၃) ခုရှိပါတယ်။

💡(1) Context သေချာပြောပြပေးမယ်

AI ဆိုတာ context သေချာပြောပြနိုင်လေ၊
ပိုကောင်းတဲ့ ရလဒ်ထုတ်ပေးနိုင်လေပါပဲ။

"Context" ဆိုတာ ကိုယ့်အကြောင်း AI ကနေ ပိုနားလည်အောင် ပြောပြပေးရတဲ့ ကိုယ့်ရဲ့ Goals တွေ၊ လိုချင်တဲ့ style, tone တွေကို ဆိုလိုတယ်။

✖️”Copywriter တစ်‌ယောက်အနေနဲ့ ကြော်ငြာတစ်ပုဒ်ရေးပေးပါ” ဆိုတာထက်၊

✅”အနှစ် ၂၀ ကျော် အတွေ့အကြုံရှိတဲ့ Copywriter တစ်ယောက်အနေနဲ့ ရောင်းအားတက်စေမယ့် ကြော်ငြာတစ်ပုဒ်ရေးပေးပါ” လို့ခိုင်းကြည့်ရင်

ရလဒ်က တော်တော်လေးကွာတာကို သတိထားမိပါလိမ့်မယ်။

💡(2) ရည်ရွယ်ချက်ရှိရှိ ခိုင်းတတ်အောင်လုပ်မယ်

တချို့ Data တွေကို ပုံမှန်အတိုင်း အနှစ်ချုပ်တာထက်၊
ကိုယ်လိုချင်တဲ့ရလဒ်ပါ တွဲပြောပေးနိုင်ရင် AI က ပိုအသုံးဝင်တယ်။

ဥပမာ ကိုယ့် product နဲ့ ပတ်သက်ပြီး customer feedback တွေ ရထားရင် ဒီအတိုင်း အနှစ်ချုပ်ခိုင်းတာထက်၊

✅"Analyze this feedback and identify the top three recurring issues customers are facing. Suggest how to address them."
(ဒီ feedback တွေကို စိစစ်လေ့လာပြီး ဖောက်သည်တွေ အများဆုံးကြုံတွေ့နေရတဲ့ ပြဿနာသုံးခုကို ဖော်ထုတ်ပေးပါ။ ပြီးရင် အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ အကြံပြုပေးပါ။)

ဒီလို Prompt နဲ့ အနှစ်ချုပ်ခိုင်းတာက ကိုယ့်အတွက်ပိုအသုံးဝင်မယ့် Insights တွေရစေလိမ့်မယ်။

💡(3) Meeting တွေကို စီမံခိုင်းမယ်

မန်နေဂျာတွေအနေနဲ့ မီတင်တွေ ခေါင်းရှုပ်ခံပြီး စီမံစရာမလိုအောင် AI ကို လွှဲထားလို့ရတယ်။

ဒီနေ့မီတင်မှာ ဆွေးနွေးမယ့်အကြောင်းအရာ၊
Focus ထားမယ့် အိုင်ဒီယာ၊
လိုချင်တဲ့ outcome နဲ့ ကြာချိန်ကို
သေချာပြောပြနိုင်ရင်

✅Topic အလိုက် ဆွေးနွေးသင့်တဲ့ အချိန်၊
ပြောသင့်တဲ့ အကြောင်းအရာတွေ အစဉ်လိုက်
စုံစုံလင်လင် ပါဝင်တဲ့ Meeting Agenda တစ်ခု ဆွဲခိုင်းလို့ရတယ်။

Meeting မှာ ဆွေးနွေးခဲ့တာတွေ
မှတ်ထားတဲ့ Notes အကြမ်းရှိရုံနဲ့လည်း AI ကို ပေးပြီး၊

အရေးကြီးတဲ့ key point တွေ၊
action plan တွေ ပြန်ထုတ်ခိုင်းလို့ရပါတယ်။

New Next International College
Be Your New Next

25/12/2024

🎄✨Merry Christmas ✨🎄

ဒီဇင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ ခရစ္စမတ်နေ့‌ရက်လေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ကြည်နူးချမ်းမြေ့နိုင်ကြပါစေကြောင်း New Next မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

New Next International College
Be Your New Next

Want your school to be the top-listed School/college?

Videos (show all)

New Next December Winter Sport & Christmas Event❄️⛄New Next International College ရဲ့ "December Winter Sport & Christmas...
အလုပ်နဲ့ဘဝရည်မှန်းချက်ပန်းတိုင် အမြန်ရောက်အောင် AI နည်းပညာကို အသုံးချနိုင်စေဖို့ "AI in Action"AI ကို အသုံးပြုပြီး ငွေရှ...
စီမံခန့်ခွဲမှုဘာသာရပ် (၆)ခုကို Diploma တစ်ခုတည်းမှာ ထောင့်စေ့အောင် လေ့လာရင်း UK Diploma ရယူနိုင်စေမယ့် 🎓“Diploma in Busi...
“မတူကွဲထွက်တဲ့ အိုင်ဒီယာတွေနဲ့ လိုချင်တဲ့ ရလဒ်ထွက်အောင် Marketing လုပ်တတ်စေဖို့ အချိန် (၃) လပဲပေးပါ။”🎓Diploma in Digital...
ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို လိုသလို ထုတ်သုံးပြီး ရလဒ်တွေကို ပုံဖော်နိုင်ဖို့ “Diploma in Digital Marketing”ဒီနေ့လို Infor...
“သိပ်ပြီးစဉ်းစားစရာမလိုဘဲ အိုင်ဒီယာတွေတန်းပြီးပေါ်လာတဲ့အထိ Brainstorming လုပ်နိုင်လာတယ်။”ဒီ Video မှာဆိုရင် New Next Uni...
ဂျပန်နိုင်ငံ Career Opportunities များအကြောင်း ဆွေးနွေးမျှဝေခဲ့သည့် ပုံရိပ်များ✨
New Next Rainy Sport Event 2024🌧️🏅Rainy weather, unstoppable energy💪New Next University ရဲ့ မိုးရာသီအားကစားပွဲဖြစ်တဲ့ ဖူ...
Higher Education Pwal Mandalay 2024🎓✨
IU MBA ကို ဘယ်လိုပုံစံနဲ့ သင်ယူလေ့လာကြရမှာလဲ?IU MBA ကို Student Portal ထဲမှာ ဂျာမနီမှ Professors နှင့် Lecturers များက ပ...
IU MBA အတွက် Education Verification ဘယ်လိုလုပ်မလဲ?နိုင်ငံတကာ ကုမ္ပဏီတွေမှာ အလုပ်လျှောက်တဲ့အခါ IU MBA ရဲ့ ခိုင်မာမှုအတွက်...
IU MBA က ခိုင်မာမှု ဘယ်လောက်ရှိလဲ?ဒီ Video မှာတော့ ဂျာမနီနိုင်ငံမှ တိုက်ရိုက်ပေးအပ်ပြီး၊New Next University နှင့် IU Int...

Telephone

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00