TWP

TWP

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TWP, School, .

Operating as usual

18/12/2023

ကျောင်းသားများရဲ့ ရင်တွင်းစကားသံ

ဒီနေ့မှာတော့ TWP မှာ GED (September Intake) တက်ရောက်ခဲ့တဲ့ ကျောင်းသား William က TWP မှာ တက်ရတဲ့ အတွေ့အကြုံလေးတွေကို အခုလိုပဲ ပြောပြလာပါတယ်။ ✨🙆

"TWP မှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ Honest Review ပေးရမယ်ဆိုရင် ပထမဆုံး ဆရာ၊ ဆရာမ တွေရဲ့ သင်ကြားပုံကို အရမ်းသဘောကျမိပါတယ်။ ဆရာတွေ အကုန်လုံးက မေးသမျှတွေကို စိတ် ရှည်ရှည်နဲ့ ​ဖြေပေးတဲ့အပြင် အသင်အပြကလည်း အရမ်းကောင်းပါတယ်။ Discussion တွေ၊ Work တွေလည်း လုပ်ပေးတာကြောင့် စာပိုကျေညက်ပြီး လေ့လာတဲ့နေရာမှာ အခက်အခဲမရှိခဲ့ပါဘူး။ သင်တန်းမတက်ခင်ကဆိုရင် စာသိပ်မလုပ်ဖြစ်ပေမယ့် Systematic ကျတဲ့ Work တွေ၊ Class Activities တွေနဲ့ဆိုတော့ စာလုပ်ရတာ Smart Study ဖြစ်လာပါတယ်။ ကျွန်တော့် အနေနဲ့ Improvement တွေ အများကြီး တွေ့ရတာမို့ တကယ်လို့ GED တက်ဖို့ စဥ်းစားနေတယ်ဆိုရင် TWP က အကောင်းဆုံး Choice ဆိုတာ ပြောပြ ချင်ပါတယ်" တဲ့

အခုလို Honest Review ပေးပေးတဲ့ ကျောင်းသား William ကို TWP အဖွဲ့သားတွေက ကျေးဇူးအထူးပဲ တင်ရှိသလို GED Exam မှာလည်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

William လိုပဲ GED ကို သေချာလေ့လာပြီး စာမေးပွဲအတွက် သေချာပြင်ဆင်ချင်တယ်ဆိုရင် TWP က နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင့်။ 🥰🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

Photos from TWP's post 29/11/2023

မလေးရှားနိုင်ငံရှိ Private University 90% ဟာ GED ကို လက်ခံကြပါတယ်။ အဲ့ဒီတက္ကသိုလ်တွေအထဲက အချို့သောတက္ကသိုလ်တွေနဲ့ အဲ့ဒီတက္ကသိုလ်တွေလျှောက်တဲ့အခါ လိုအပ်တဲ့ အချက်အလက်လေးတွေကို TWP အနေနဲ့ ပြောပြပေးချင်ပါတယ်။

အခုပြောပြပေးသွားတဲ့ တက္ကသိုလ်တွေထဲမှာ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပါလားဆိုတာ သိရှိနိုင်ဖို့ ကြည့်လိုက်ကြရအောင်နော်။🤩

☎️Contact Us - 09 797 707 234
📥Mail - [email protected]

22/11/2023

GED သင်တန်းဆိုရင် TWP ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ

GED သင်တန်းတွေ အများကြီးရှိတဲ့အထဲကမှ TWP ကို ဘာကြောင့် ယုံကြည်စိတ်ချပြီး အတန်းအပ်သင့်တာလဲ ဆိုရင်တော့ ဒီအချက်တွေကြောင့်လို့ပဲဖြေပါရစေ။ 🤗

💠မိမိနေရပ်ကနေပဲ အဆင်ပြေပြေလေ့လာနိုင်ခြင်း။
💠TWP ရဲ့ Pre GED အတန်းမှာ အမှတ်အများဆုံးရရှိပါက GED အတန်းကို ပညာသင်စရိတ်ကင်းလွတ်ခွင့်နဲ့ တက်ရောက်နိုင်ခြင်း။
💠စာမေးပွဲ အတွေ့အကြုံရရှိစေဖို့နဲ့ တိုးတက်မှုအတွက် လစဥ်ပုံမှန် Test များနဲ့ အတန်းပြီး Mock test စစ်ပေးခြင်း။
💠သင်ကြားရေးစနစ် ထိရောက်စေဖို့နဲ့ အခြေခံကောင်းတွေရရှိအောင် ထိထိမိမိသင်ကြားပေးနိုင်စေဖို့အတွက် လူဦးရေကန့်သတ်သင်ကြားပေးခြင်း။
💠ကျောင်းသားတွေရဲ့ အမှန်တကယ် တတ်မြောက်မှုကို ပထမဦးစားပေးထားခြင်း။
💠ကျောင်းသားတွေရဲ့ Feedback ကို အမြဲဂရုစိုက်ပေးခြင်း။
💠သက်ဆိုင်ရာ ဘာသာရပ်မှာ ကျွမ်းကျင်ပြီး သင်ကြားရေးအတွေ့အကြုံရှိ ဆရာ၊ ဆရာမများကိုယ်တိုင် သင်ကြားပေးခြင်း။
💠ကျောင်းသားတွေရဲ့ ပညာရေးကို ဆွေးနွေးတိုင်ပင်ပေးခြင်း။

ကဲ... ဒီလိုမျိုး သေချာကြပ်မတ်ဂရုစိုက်သင်ပေးတဲ့အပြင် သင့်တော်တဲ့ နှုန်းထားတစ်ခုနဲ့တက်ရောက်နိုင်တာဖြစ်လို့ မိမိအနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု GED စာပေးပွဲမှာ ရလဒ်ကောင်းတွေရရှိချင်တယ်ဆိုရင် အခုပဲ TWP မှာ အတန်းအပ်လိုက်တော့နော်။ 🥰🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

20/11/2023

အင်္ဂလိပ်စာကို အချိန်တိုအတွင်း ထိရောက်အောင်လေ့လာနည်း

ဒီနေ့မှာတော့ TWP က အင်္ဂလိပ်စာကို အချိန်တိုအတွင်း ဘယ်လိုမျိုး ထိရောက်အောင်လေ့လာရမလဲဆိုတဲ့ နည်းလမ်းလေးအချို့ကို ပြောပြပေးမယ်နော်။ 🤗🤗

🔹ကိုယ့်ရဲ့ English Level နဲ့သင့်တော်တဲ့ သင်ခန်းစာကိုပဲလေ့ကျင့်ပါ။

ကိုယ့်အတွက် လွယ်ကူလွန်းတဲ့ ဒါမှမဟုတ် ခက်ခဲလွန်းတဲ့သင်ခန်းစာတွေကို လုပ်ရတဲ့အခါ ပျင်းလာတာ၊ စိတ်ညစ်လာရတာမျိုးတွေ ကြုံလာနိုင်ပါတယ်။

🔹နည်းနည်းချင်းစီနဲ့ မကြာခဏလေ့ကျင့်ပါ။

အချိန်တွေအများကြီးပေးပြီး လေ့ကျင့်ခန်းလုပ်တာထက် သင်ခန်းစာအတိုလေးတွေကို ခဏခဏ လုပ်ဆောင်ခြင်းက ပိုကောင်းတဲ့အားသာချက်ရှိပါတယ်။

🔹English Skill အားလုံးကိုလေ့ကျင့်ပါ။

အင်္ဂလိပ်စာလေ့ကျင့်ခန်းလို့ ပြောလိုက်တိုင်း “Grammar” သင်ခန်းစာတွေကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ တကယ်တော့ အင်္ဂလိပ်စာကို လေ့လာတဲ့အခါမှာ Reading နဲ့ Writing ကိုအာရုံစိုက်သလိုပဲ Speaking နဲ့ Listening ကိုပါ စနစ်တကျသင်ယူသင့်ပါတယ်။

🔹စိတ်ဝင်စားတဲ့အရာ‌တွေနဲ့ ချိတ်ဆက်လေ့လာပါ။

အင်္ဂလိပ်စာကို မိမိစိတ်ဝင်စားတဲ့ ဇာတ်လမ်းတွေ၊ TV Series တွေ၊ Talk Show တွေ၊ သီချင်းတွေကို ကြည့်ရှု့ခံစားရင်း အင်္ဂလိပ်စာကိုလေ့လာတာက သင်ယူလေ့လာမှုကို မငြီးငွေ့စေဘဲ ပိုမိုထိရောက်စေပါတယ်။

🔹စနစ်တကျသင်ကြားပေးမယ့် သင်တန်းမျိုးကို ‌ရွေးချယ်တက်ရောက်ပါ။

ကိုယ် ရင်းနှီးထားတဲ့ အချိန်၊ ငွေကြေးအလိုက် အင်္ဂလိပ်စာကို ထိထိရောက်ရောက်လေ့လာချင်တယ်၊ ကောင်းမွန်တဲ့ ရလဒ်တွေကို ပြန်လည်ရရှိချင်တယ်ဆိုရင်တော့ သင်တန်းမတက်ခင်မှာ ဒီသင်တန်းက ဘာတွေသင်မှာလဲ၊ ဘယ်လိုမျိုးသင်ပေးမှာလဲ စတာတွေကို သေချာလေ့လာစုံစမ်းဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး အင်္ဂလိပ်စာကို ထိရောက်မှုရှိရှိနဲ့ သေချာစနစ်တကျလေ့လာချင်တဲ့သူတွေအတွက် TWP က မကြာခင်မှာ General English Class ကို ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်လို့ အခုပဲ ကြိုတင်အတန်းအပ်နှံလိုက်ရအောင်နော်။ 🥰🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

18/11/2023

GED ဖြေဆိုမယ်ဆိုရင် အသက်ဘယ်လောက်ပြည့်ထားဖို့လိုအပ်လဲ?

ဒီနေ့မှာတော့ လူတိုင်းအမေးများတဲ့ မေးခွန်းလေးတစ်ခုကို မေးချင်ပါတယ်။ အဲ့ဒါကတော့ "GED ဖြေဆိုမယ်ဆိုရင် ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူအနေနဲ့ အနည်းဆုံး အသက်ဘယ်လောက်ပြည့်ဖို့လိုအပ်လဲ" ဆိုတာပါပဲ။

(၁) ၁၆ နှစ်
(၂) ၁၈ နှစ်
(၃) ၁၅ နှစ်

ကဲ...ဒါဆို အဖြေမှန်လေးကို ခန့်မှန်းပြီး Comment မှာ ဖြေပေးသွားဦးနော်။

Contact Us - 09 797 707 234
Mail - [email protected]

12/11/2023

နိုဝင်ဘာလ (၁၂) ရက်နေ့တွင်ကျရောက်တဲ့ Deepavali (ဒေဝါလီနေ့) ဟာ ဟိန္ဒူဘာသာဝင်များရဲ့ဆီမီးထွန်းပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာ ဟိန္ဒူဘာသာဝင်များအားလုံး ဆီမီးထိန်ထိန်လင်းအောင် ထွန်းညှိကြရင်း ချမ်းမြေ့ပျော်ရွှင် ကြည်နူးကြပါစေကြောင်း TWP မိသားစု မှ
ဆုမွန်မေတ္တာပို့သလိုက်ပါတယ်ရှင့်။🪔 🪔

#ဒေဝါလီနေ့

10/11/2023

GED ရဲ့ အမှတ်ပေးစည်းမျဥ်းတွေကို လေ့လာကြရအောင်

GED ဆိုတာက အမေရိကန်၊ ကနေဒါ နဲ့ ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်အများစု အသိအမှတ်ပြုကြတဲ့ အထက်တန်းပညာရေးအောင်လက်မှတ် တစ်ခုပဲဖြစ်ပါတယ်။ 🥰

GED ဖြေမယ်ဆိုရင် အနည်းဆုံး အသက် (၁၆) နှစ်ပြည့်ဖို့လိုအပ်ပါတယ်။ (၁၆) နှစ်ပြည့်တယ် ဆိုရင်တောင် မိဘသဘောတူကြောင်း Sign ထိုးပြီးမှ ဖြေလိုရတာပါ။ သူ့ရဲ့ Average သတ်မှတ်ချက်ကတော့ (၁၈) နှစ် အထက်ဖြစ်ပါတယ်ရှင့်။

စာမေးပွဲရဲ့ အမှတ်ပေး စည်းမျဉ်းကတော့ ...

တစ်ဘာသာကို အမှတ် (၂၀၀) ဖိုးဖြေရမှာဖြစ်ပြီး ဘာသာစုံစုစုပေါင်း အမှတ်ပြည့်က (၈၀၀)မှတ် ဖြစ်ပါတယ်။ အောင်မှတ်အနေနဲ့ကတော့ 145/ 200 ဖြစ်မှ အောင်မြင်မှာဖြစ်ပါတယ်ရှင့်။

💠145 - 164 ဆိုရင် Passing Score
💠165 - 174 ဆိုရင်တော့ College Ready
💠175 - 200 ဆိုရင် College Ready+ Credit ဖြစ်ပါတယ်။

၁၇၅ အထက်မှ College Ready + Credit ဖြစ်တာမလို့ Uni လျှောက်ဖိုဆိုရင်တော့ အနည်းဆုံး တစ်ဘာသာကို ၁၆၅ လောက်ရမှ အဆင်ပြေမှာပါ။ Scholarship Try မယ့်သူတွေအတွက်ကတော့ 180 - 200 ရရင် ပညာသင်ဆုရနိုင်မယ့် အခွင့်အရေး ပိုရှိပါတယ်။

အခုဆိုရင် GED ဖြေဆိုဖို့ပြင်ဆင်တဲ့အခါ အမှတ်ပေးစည်းမျဥ်းတွေကလည်း ဘယ်လိုမျိုးရှိလဲဆိုတာ သိသွားကြပြီလို့ထင်ပါတယ်။ နောက်နေ့တွေမှာလည်း အခုလို အကြောင်းအရာတွေကို ပြောပြပေးသွားဦးမှာဖြစ်လို့ TWP Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ 😍😍

☎️Contact Us - 09 797 707 234
📥Mail - [email protected]

08/11/2023

အမှန်တကယ်တက်မြောက်မှုကို ဦးစားပေးသင်ကြားပေးနေပါတယ်

ကိုယ့်ရဲ့ သားသမီးတွေကို ကိုယ်ပိုင်အမြင်တွေ အပြန်အလှန် ဆွေးနွေးခွင့်ရှိပြီး တက်ကြွစွာသင်ယူနိုင်မဲ့ နေရာလေးတစ်ခုမှာ GED , Pre-GED အတန်းတွေကို တက်‌ရောက်စေလိုပါသလား ⁉️

💯ဒါဆိုရင်တော့ ရလဒ်အမြဲကောင်းမွန်ပြီး ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်တက်မြောက်မှုကို စေတနာအပြည့်နဲ့ အလေးထားသင်ကြားပေးတဲ့ TWP ရှိတယ်နော်။

TWP မှာဆိုရင် နိုင်ငံတကာ တက္ကသိုလ် ပညာရေးကိုလျှောက်လှမ်းလိုသူများအတွက် 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 နဲ့ 𝐆𝐄𝐃 ပညာရေးလမ်းခရီးကိုစတင်ရန်အတွက် 𝐏𝐫𝐞-𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ဆိုပြီး အတန်း (၂) ခုရှိပါတယ်။

💢GED ရဲ့ သင်ကြားမှုစနစ်ကတော့ 💢

𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ဟာ ဆိုရင် စာမေးပွဲအတွက် ရလဒ်ကောင်းတွေထွက်ပေါ်စေဖို့ အဓိကထားပြီး သင်ကြားတဲ့အတန်းတစ်ခု ဖြစ်ပါတယ်။

🔺ဘာသာရပ်အလိုက် သိထားသင့်တဲ့အကြောင်းအရာတွေ
🔺စာမေးပွဲနဲ့ ပတ်သတ်တဲ့ အ​ကြောင်းအရာ​တွေ
🔺စာမေးပွဲ မေးခွန်းပုံစံ​တွေ
🔺𝐄𝐱𝐚𝗺 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 ​တွေကို ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တာကြောင့် လေ့လာသင်ယူမဲ့ ကလေးတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

• အကြိမ်ကြိမ်အခါခါ အပြန်ပြန်အလှန်လှန် လေ့ကျင့်ပေးတဲ့အပြင် 𝐂𝗼𝐧𝐭𝐞𝐧𝐭 𝐊𝐧𝗼𝐰𝐥𝐞𝐝𝐠𝐞 အတွက် လိုအပ်ပါက 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝗼𝐧 , 𝐀𝐬𝐬𝐢𝐠𝐧𝗺𝐞𝐧𝐭 တွေပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

• 𝐂𝐡𝐚𝐩𝐭𝐞𝐫-𝐄𝐧𝐝 (𝐎𝐫) 𝐌𝗼𝐧𝐭𝐡𝐥𝐲 𝐓𝐞𝐬𝐭 ဆိုတဲ့ လစဥ်စာ​မေးပွဲတွေလည်း အမြဲရှိနေမှာဖြစ်ပြီး 𝐌𝐢𝐝 𝐓𝐞𝐫𝗺 𝐓𝐞𝐬𝐭 နဲ့ 𝐌𝗼𝐜𝐤 𝐓𝐞𝐬𝐭 တွေကိုလည်း ပြုလုပ်ပေးသွားမှာဖြစ်လို့ တကယ့်စာမေးပွဲအစစ်ကိုကြောက်တဲ့စိတ်ပေါ်လာမှာတော့ ပူစရာမလိုတော့ပါဘူး။

💢𝐏𝐫𝐞-𝐆𝐄𝐃 သင်ကြားမှုစနစ်ကတော့💢

🔺𝐙𝗼𝗼𝗺 𝐂𝐥𝐚𝐬𝐬 ကနေတဆင့် တိုက်ရိုက်သင်ကြားပေးသွားမှာ ဖြစ်ပြီး ဘာသာရပ်(4)ခုလုံးကို အခြေခံကနေ စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🔺𝐅𝗼𝐮𝐧𝐝𝐚𝐭𝐢𝗼𝐧 ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမကပဲ အမြဲတမ်းရှင်းပြ​နေတဲ့ lecture method နဲ့မသွားဘဲ
🔺𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝗼𝐧
🔺𝐀𝐬𝐬𝐢𝐠𝐧𝗺𝐞𝐧𝐭
🔺𝐄𝐱𝐩𝐞𝐫𝐢𝗺𝐞𝐧𝐭 စတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 တွေနဲ့ လက်တွေ့ကျကျ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

• မှတ်ချက်အနေနဲ့ Science အတွက် 𝐄𝐱𝐩𝐞𝐫𝐢𝗺𝐞𝐧𝐭 တွေကတော့ 𝐙𝗼𝗼𝗺 𝐂𝐥𝐚𝐬𝐬 ကနေတဆင့် သင်ကြားပေးရမှာဖြစ်တဲ့အတွက် အနီးကပ်မသင်ကြားနိုင်တာရှိပါမယ်။

• လက်တွေ့မှာ ပြုလုပ်ရလွယ်ကူတဲ့စမ်းသပ်ချက်တွေကိုတော့ ကျောင်းသားတွေကို လက်တွေ့လုပ်ဆောင်ခိုင်းမှာ ဖြစ်ပါတယ်။

သင်တန်း​တက်ရောက်နေစဥ်ကာလမှာ ဖြေဆိုရမဲ့ 𝐌𝐢𝐝-𝐓𝐞𝐫𝗺 𝐓𝐞𝐬𝐭 နဲ့ သင်တန်းကာလပြီးဆုံးတဲ့အချိန်မှာ ဖြေဆိုရမဲ့ 𝐅𝐢𝐧𝐚𝐥 𝐓𝐞𝐬𝐭 ဆိုတဲ့ 𝐓𝐞𝐬𝐭 နှစ်မျိူး အောင်မြင်မှသာ 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ကို ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်လို့ တကယ် တတ်မြောက်အောင် ကြိုးစားသင်ယူဖို့လည်းလိုအပ်ပါတယ်။

✅အတန်း (၂) ခုစလုံးမှာ ကျောင်းသား၊ သူ​တွေ စာလိုက်နိုင်​အောင် မိမိသိထားတဲ့ အ​ကြောင်းအရာ​တွေကို အဓိက စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲလေးတော့ရှိပါတယ်ရှင့်။

ကဲ... သက်ဆိုင်ရာ ဘာသာရပ်မှာကျွမ်းကျင်ပြီး အ​တွေ့အကြုံရှိတဲ့ ​ဆရာ၊ ဆရာမတွေက ဦးစီးသင်ကြားပေးနေတဲ့အပြင် တက်မြောက်မှုအတွက်လည်း ယုံကြည်စိတ်ချရတာမို့ အခုပဲ သင့်သားသမီးကို TWP မှာ အတန်းအပ်ပေးလိုက်တော့နော်။ 🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

Photos from TWP's post 01/11/2023

🐬တိရိစ္ဆာန်လေးတွေကို တစ်ကောင်ချင်းစီမဟုတ်ဘဲ အုပ်စုတစ်ခုအနေနဲ့သုံးနှုန်းတဲ့အခါ ဘယ်လိုမျိုး ပြောင်းလဲအသုံးပြုရလဲဆိုတာ ကြည့်လိုက်ကြရအောင်… 🥰

TWP မှာဆိုရင်

🔹Speakingအပိုင်းကို သေချာလေ့လာချင်တဲ့သူတွေအတွက် Speaking class

🔹English Level မြှင့်တင်ချင်တဲ့သူတွေအတွက် Beginner Class နဲ့ Pre-Intermediate Class တွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်ရှင့်။

ဒီအတန်းလေးတွေမှာ

🔰အင်္ဂလိပ်ဘာသာစကား Four Skills စလုံးကို သင်ကြား​ပေးမှာဖြစ်ပြီး သိထားသင့်တဲ့ Grammar, Vocabulary နဲ့ Pronunciation ​တွေကိုလည်း သင်ကြား​ပေးမှာဖြစ်ပါတယ်။

💯အိမ်စာ​တွေအပတ်စဥ်လုပ်ရမှာဖြစ်တဲ့အပြင် အတန်းချိန်အတွင်း ကိုယ်တိုင်လိုက်ပါပြီး ​လေ့ကျင့်ရမှာဖြစ်တဲ့အတွက် သင်တန်းတက်နေစဉ်အချိန်အတွင်း တိုးတက်မှု​တွေကို ကိုယ်တိုင် မြင်တွေ့ရမှာပါ။

🔰သင်ကြား​ပေးမယ့် ဆရာမက Diploma in English နဲ့ Diploma in TESOL ရရှိထားပြီး လက်ရှိမှာ သင်တန်းများပို့ချလျက်ရှိပါတယ်။

ကဲ... မြန်ဆန်ထိရောက်တဲ့ သင်ကြားမှုနဲ့အတူ ကိုယ့်ရဲ့ Learning Journey ကို တစ်ဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ TWP ရဲ့ General English Class လေးမှာ အခုပဲ အတန်းအပ်နှံလိုက်တော့နော်။ 💖

𝗡𝘂𝗿𝘁𝘂𝗿𝗲 𝘆𝗼𝘂𝗿 𝘀𝗸𝗶𝗹𝗹𝘀 𝘄𝗶𝘁𝗵𝗼𝘂𝘁 𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲
𝗧𝗵𝗿𝗶𝘃𝗲 𝘄𝗶𝘁𝗵 𝗣𝗲𝗮𝗰𝗲

☎️ Contact Us - 09 797 707 234
📥 Mail - [email protected]


31/10/2023

Messenger မှာ စာပို့ထားတာ Admin တို့ ဖတ်လို့ရ​ပေမဲ့ reply ပြန်လို့မရဖြစ်​နေလို့ 09797707234 ကို viber က​နေ ဆက်သွယ်​ပေးပါ​​နော် သင်တန်း​ကြေးလွှဲထားတဲ့သူ​တွေ​ရော reply ပြန်လို့ မရ​နေလို့ပါ

29/10/2023

တူယှဥ်နွှဲပျော် သီတင်းကျွတ်မီးထွန်းပွဲတော်

✨ပျော်ရွှင်ကြည်နူးဖွယ်ရာ သီတင်းကျွတ်ကာလလေးမှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Thrive With Peace Team မှ ဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်။ 🙏🙏🙏

#သီတင်းကျွတ် #လပြည့်နေ့

Photos from TWP's post 23/10/2023

GED လက်ခံတဲ့ စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များ

ဒီနေ့မှာတော့ GED လက်ခံတဲ့ စင်ကာပူနိုင်ငံရှိ တက္ကသိုလ်အချို့နဲ့ အဲ့ဒီတက္ကသိုလ်တွေလျှောက်တဲ့အခါ လိုအပ်တဲ့ အချက်အလက်လေးတွေကို TWP အနေနဲ့ ပြောပြပေးပါမယ်။

ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပါလားဆိုတာ သိရှိနိုင်ဖို့ ကြည့်လိုက်ကြရအောင်နော်။🤩

☎️Contact Us - 09 797 707 234
📥Mail - [email protected]

19/10/2023

တချို့ account ​တွေကို reply ပြန်လို့မရဖြစ်​နေလို့ သင်တန်းများ အပ်နှံလိုပါက 09797707234 ကို viber က​နေ ဆက်သွယ်​မေးမြန်း​နိုင်ပါတယ်ရှင့်

16/10/2023

စာမေးပွဲအခန်းထဲမှာ မေးခွန်းနားမလည်လို့ ဘာဖြေရမှန်းမသိတာမျိုး ကြုံဖူးကြလား ⁉️

ဒီလိုဆိုရင် ကိုယ့်ရဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို ဆုံးရှုံးရသလို
ဒီအတွက် ရင်းနှီးထားရတဲ့အချိန်တွေကလည်း ပြန်မရတော့တာကြောင့် နှမြောဖို့ကောင်းပါတယ်။

ဒီလိုမျိုး ပြဿနာတွေကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ TWP က အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာ အသေချာပါပဲ။

ဘာကြောင့်လဲဆိုတော့ TWP မှာက

✅သင်တန်းကာလတလျှောက် Presentation နဲ့ Assignment များ လုပ်ခိုင်းခြင်း။
✅Chapter-end Test များ ပုံမှန်စစ်ဆေးပေးခြင်း။
✅သင်တန်းပြီးဆုံးတဲ့အခါ Mock Test (၂)ကြိမ်ဖြေဆိုခိုင်းခြင်း

စတဲ့ နည်းလမ်းတွေနဲ့ သေချာကြပ်ကြပ်မတ်မတ် စေတနာထား သင်ကြားပေးနေလို့ပါ။

သင်ကြားပေးမယ့် ပုံစံကတော့...

💻Online Learning Zoom Class နဲ့ သင်ကြားရမှာဖြစ်ပြီး Laptop (သို့) Phone ရှိရုံနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာမှာမဆို သင်ကြားနိုင်ပါတယ်။

🔻တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့က English level test ဖြေဆိုဖို့ လိုအပ်ပါတယ်။ တကယ်လို့ English level နဲ့ ပတ်သက်ပြီး certificate (သို့) အထောက်အထားတစ်ခုခုပြသနိုင်ပါက ဖြေဆိုဖို့ မလိုအပ်ပါ။

🔻သင်တန်းတက်နေစဥ် ကာလအတွင်း ခွင့်မဲ့ (၅)ကြိမ်အထက် ပျက်ကွက်ခွင့်မရှိပါ။ ပျက်ကွက်ပါက သင်တန်းက ထုတ်ပယ်သွားပါမည်။ အကြောင်းအရင်းမခိုင်လုံဘဲ ခွင့်မကြာခဏယူခွင့်လည်းမရှိပါ။

ဒါကြောင်း မိမိရင်းနှီးထားရတဲ့ အချိန်တွေ၊ ငွေတွေကို အလဟဿမဖြစ်စေဘဲ စာမေးပွဲမှာ ရလဒ်ကောင်းတွေနဲ့အတူ ထူးချွန်စွာ အောင်မြင်ချင်တယ်ဆိုရင်တော့ TWP မှာ မြန်မြန်လေး အတန်းအပ်လိုက်တော့နော်။ 🥰

🎁TWP မှာ အောက်တိုဘာလအတွင်း အတန်းအပ်နှံမယ်ဆိုရင် သီတင်းကျွတ် ပရိုမိုးရှင်းအဖြစ် အတန်းအားလုံးကို 10% OFF Discount ပေးသွားမဲ့အပြင် သူငယ်ချင်းတစ်​ယောက်နဲ့အတူ လာအပ်မယ်ဆိုရင်တော့ 15% OFF Discount ပေးသွားဦးမှာဖြစ်ပါတယ်။

သင်တန်းကြေး − ၁သိန်း (၂)သောင်းကျပ်
သင်တန်းကာလ − (၄) လ

☎️Contact Us - 09 797 707 234
📥Mail - [email protected]

#သီတင်းကျွတ်ပရိုမိုးရှင်း

14/10/2023

🔰ဒီနေ့မှာတော့ TWP က GED ဘာသာရပ်တစ်ခုဖြစ်တဲ့ Reasoning through Language Arts ရဲ့ မေးခွန်းပုံစံ နဲ့ စာမေးပွဲမှာ မေးလေ့မေးထရှိတဲ့ မေးခွန်တွေကို ဒီ ဗီဒီယိုလေးထဲမှာ အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီတော့ မေးခွန်းပုံစံလေးတွေက ဘယ်လိုမျိုးလဲ၊ ဘယ်လိုမေးခွန်းလေးတွေကို မေးတတ်လဲဆိုတာ သိရှိသွားစေဖို့ Video ‌လေးကို အဆုံးထိကြည့်လိုက်ကြရအောင်နော်။ 🤗🤗

🎁TWP မှာ အောက်တိုဘာလအတွင်း အတန်းအပ်နှံမယ်ဆိုရင် သီတင်းကျွတ် ပရိုမိုးရှင်းအဖြစ် အတန်းအားလုံးကို 10% OFF Discount ပေးသွားမဲ့အပြင် သူငယ်ချင်းတစ်​ယောက်နဲ့အတူ လာအပ်မယ်ဆိုရင်တော့ 15% OFF Discount ပေးသွားဦးမှာဖြစ်လို့ အခွင့်အရေးကောင်းလေးကို လက်လွတ်မခံဘဲ အမြန်ဆုံးအတန်းအပ်နှံလိုက်ကြရအောင်နော်။ 🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

#သီတင်းကျွတ်ပရိုမိုးရှင်း

09/10/2023

လူငယ်တွေရဲ့ အိပ်မက်တွေ စတင်အကောင်အထည်ဖော်ရာ

နိုင်ငံခြားမှာ ပညာသင်ကြားချင်တဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Ready ပဲလား ⁉️

ဒါဆိုရင်တော့ Pre- GED ကို အရင်ဆုံး တက်ထားသင့်တယ်နော်။ ဘာကြောင့်လဲဆိုတော့ Pre-GED မှာက GED လေ့လာတဲ့အခါ သိရှိထားရမယ့် အခြေခံအကြောင်းအရာတွေကို သင်ယူရမှာဖြစ်တာကြောင့် GED အတန်းအတွက် အကောင်းဆုံး Foundation ကောင်းတစ်ခုဖြစ်စေမှာ အသေအချာပါပဲ။

Pre - GED အတန်းကို

🌟 အခြေခံပညာ အလယ်တန်းအဆင့်အောင်မြင်ထားသူတွေ
🌟 အသက် (၁၆)နှစ်မပြည့်သေးတဲ့သူတွေ
🌟 GED တက်ရောက်တဲ့အခါ အခြေခံခိုင်မာချင်သူတွေ တက်ရောက်သင့်ပါတယ်။

Pre GED အတန်းဆိုရင် TWP ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုရင်တော့...

👉 ကျောင်းသားတွေရဲ့ အမှန်တကယ် တတ်မြောက်မှုကို ဦးစားပေးထားခြင်း။
👉 ကျောင်းသားတွေရဲ့ Feedback ကို အမြဲဂရုစိုက်ပေးခြင်း။
👉 သက်ဆိုင်ရာ ဘာသာရပ်မှာ ကျွမ်းကျင်ပြီး သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမများ ကိုယ်တိုင် သင်ကြား ပေးခြင်း။
👉တိုးတက်မှုအတွက် လစဥ်ပုံမှန် Test များနဲ့ အတန်းပြီး Mock test စစ် ပေးခြင်း။
👉ကျောင်းသားဦးရေ နည်းနည်းသာ လက်ခံထားပြီး တစ်ဦးချင်းစီကို ဂရုစိုက်သင်ကြားပေးခြင်း။
👉 ကျောင်းသားတွေရဲ့ ပညာရေးကို ဆွေးနွေးတိုင်ပင်ပေးခြင်း။

TWP ရဲ့ Pre-GED Class မှာ ဘာတွေသင်ကြား ပေးမှာလဲဆိုရင်တော့ GED တန်းမှာ သင်ကြားရမဲ့ ဘာသာရပ် (၄)ခုဖြစ်တဲ့

1. Reasoning through Language Arts
2. Social Studies
3. Mathematics reasoning
4. Science တွေကို အခြေခံသဘောမျိုး သင်ကြားပေးသွားဖြစ်ပါတယ်။

Pre-GED အတန်း တက်ရောက်ပြီးဆုံးတဲ့အခါမှာ စာမေးပွဲတွင် အမှတ်အများဆုံးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ကို TWP ကနေပြီးတော့ GED အတန်း ဆက်လက် တက်ရောက်ဖို့အတွက် scholarship အမြဲပေးလေ့ရှိကြောင်းကိုလည်း သတင်းကောင်းလေးပါးချင်ပါတယ်။😍

ဘယ်လို သင်ကြားပေးမှာလဲဆိုရင်တော့...

💻 Online Learning Zoom Class နဲ့ သင်ကြားပေးတာဖြစ်လို့ Laptop (သို့) Phone ရှိရုံနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာမှာမဆို သင်ကြားနိုင်ပါတယ်။

🔻သင်တန်းတက်ရောက်နေစဉ်အတွင်း Test (၂)ကြိမ် ဖြေဆိုရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက Final Exam ကို ဖြေဆိုရပါမယ်။

🔻သင်တန်းတက်နေစဥ် ကာလအတွင်း ခွင့်မဲ့ (၅)ကြိမ်အထက် ပျက်ကွက်ခွင့်မရှိပါ။ ပျက်ကွက်ပါက သင်တန်းက ထုတ်ပယ်သွားပါမည်။ အကြောင်းအရင်းမခိုင်လုံဘဲ ခွင့်မကြာခဏယူခွင့်လည်းမရှိပါ။

🎁TWP မှာ အောက်တိုဘာလအတွင်း အတန်းအပ်နှံမယ်ဆိုရင် သီတင်းကျွတ် ပရိုမိုးရှင်းအဖြစ် အတန်းအားလုံးကို 10% OFF Discount ပေးသွားမဲ့အပြင် သူငယ်ချင်းတစ်​ယောက်နဲ့အတူ လာအပ်မယ်ဆိုရင်တော့ 15% OFF Discount ပေးသွားဦးမှာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရပ်ခြားပညာရေးလမ်းကြောင်းပေါ်ကို အကောင်းဆုံး လျှောက်လှမ်းချင်တယ်ဆိုရင်တော့ TWP ကိုသာ ဆက်သွယ်လိုက်တော့နော်😉

⌛သင်တန်းကာလ - ၄လ
💸သင်တန်းကြေး - ၈၀,၀၀၀ ကျပ်

☎️Contact Us - 09 797 707 234
📥Mail - [email protected]

#သီတင်းကျွတ်ပရိုမိုးရှင်း

05/10/2023

✨Happy World Teachers' Day!

ဒီနေ့ အောက်တိုဘာလ (၅) ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်ပါတယ်။ ငယ်စဉ်အရွယ် ပညာဆည်းပူးရချိန်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ စတဲ့ နာ(၃)နာနဲ့ ပညာသင်ပေးခဲ့ကြတဲ့ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမများအားလုံးကို Thrive With Peace မှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင့်။🙏🙏🙏

#ကမ္ဘာ့ဆရာများနေ့

04/10/2023

Pre - GED Science ဘာသာရပ်ကို (၅၀၀၀) ကျပ်တည်းနဲ့ လေ့လာနိုင်မယ့် အခွင့်အရေး 🥳

ဒီအခွင့်အရေးလေးက
💠GED ဘာသာရပ်တွေထဲမှာ အခက်ဆုံးလို့ ကျောင်းသားတစ်ချို့ထင်မြင်ကြတဲ့ Science ဘာသာရပ်က ဘယ်လိုမျိုးလဲဆိုတာ သိချင်တဲ့သူတွေ
💠GED စတင်ပြင်ဆင်ဖို့လုပ်နေတဲ့ လူငယ်တွေအနေနဲ့ Pre - GED မတက်ခင်မှာ Science ဘာသာရပ်ကို ကြိုတင်လေ့လာထားချင်သူတွေ
💠Science ဘာသာရပ်ကို စိတ်ဝင်စားလို့ လေ့လာချင်သူတွေ အတွက် အထူးသင့်တော်တဲ့ အတန်းလေးတစ်ခုပါ။

Science မှာတော့...
🔹Life Science
🔹Physical Science
🔹Earth and Space Science ဆိုပြီး (၃) ပိုင်း ရှိပါတယ်။

Life Science ပိုင်းက Biology, Ecosystem, Health စတာတွေပါဝင်မှာဖြစ်ပြီး Physical Science ကတော့ physics and chemistry နဲ့သက်ဆိုင်ပါတယ်။ Earth and Space Science ကတော့ နာမည်အတိုင်း ကမ္ဘာမြေကြီး၊ ဂြိုဟ်တွေ နဲ့ အာကာသအကြောင်း လေ့လာရမှာဖြစ်ပါတယ်။

ဒီ GED Science အတန်းလေးမှာတော့ အထက်ပါ အပိုင်း (၃)ပိုင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အ​ကြောင်းအရာ​တွေကို ယေဘုယျအ​နေနဲ့ သင်ကြား​ပေးသွားမှာဖြစ်ပါတယ်။

အတန်းတ​လျှောက်မှာ သင်ကြားသွားမယ့် ​ခေါင်းစဥ်များက​တော့
1. Cell Theory and Cell Component
2. Life Function and Energy Intake
3. Punnet Square
4. Evolution
5. Chemical reaction
6. Energy
7. Motion
8. Work and simple Machine
9. The Structure of Earth
10. Universe and Solar System

Science အတွက်ဆိုရင်တော့ GED ပြင်ဆင်မယ့်သူဟာ သိပ္ပံပညာဆိုင်ရာ ဝေါဟာရတွေနဲ့ အကြောင်းအရာတစ်ချို့ကို လေ့လာထားဖို့ လိုအပ်ပါတယ်ရှင့်။ 😍

ဘယ်လို သင်ကြားပေးမှာလဲဆိုရင်တော့...

💻 Online Learning Zoom Class နဲ့ သင်ကြားပေးတာဖြစ်လို့ Laptop (သို့) Phone ရှိရုံနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာမှာမဆို သင်ကြားနိုင်ပါတယ်။

🔻သင်တန်းတက်ရောက်နေစဉ်အတွင်း Test (၂)ကြိမ် ဖြေဆိုရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက Final Exam ကို ​ဖြေဆိုရပါမယ်။

🔻သင်တန်းတက်နေစဥ် ကာလအတွင်း ခွင့်မဲ့ (၅)ကြိမ်အထက် ပျက်ကွက်ခွင့်မရှိပါ။ ပျက်ကွက်ပါက သင်တန်းက ထုတ်ပယ်သွားပါမည်။ အကြောင်းအရင်းမခိုင်လုံဘဲ ခွင့်မကြာခဏယူခွင့်လည်းမရှိပါ။

ကဲ…မြန်မာငွေ (၅၀၀၀) ကျပ်တည်းနဲ့ အထက်မှာ ပြောပြသွားတဲ့ အကြောင်းအရာတွေ အားလုံးကို စနစ်တကျလေ့လာနိုင်မယ့်အခွင့်ကြီးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်နိုင်ဖို့ အခုပဲ အတန်းအပ်နှံလိုက်ကြရအောင်နော်… 🥰

⏰သင်တန်းအချိန် - 1:00 to 3:00 PM (Thurs and Fri)
⌛သင်တန်းကာလ - Total Hour (20 hrs)
💸သင်တန်းကြေး - ၅၀၀၀ ကျပ်

☎️Contact Us - 09 797 707 234
📥Mail - [email protected]


02/10/2023

GED မဖြေဆိုခင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များ

ဒီနေ့မှာတော့ GED စာမေးပွဲ မဖြေဆိုခင်မှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေနဲ့ မြန်မာနိုင်ငံမှာ GED ဖြေလို့ရတဲ့ နေရာလေးတွေကို TWP က ပြောပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ မပြောခင်မှာ GED Exam ဖြေဖို့အတွက် Registration ဘယ်လိုလုပ်မလဲဆိုတာကို အရင်ပြောပြပေးပါမယ်ရှင့်။

▪️ GED စာမေးပွဲအတွက် Register လုပ်ဖို့ဆိုရင် GED Account အရင်ဖွင့်ရပါမယ်။ အကောင့်ဖွင့်ပြီးသားဆိုရင်တော့ log in ဝင်လိုက်ပါ။

▪️ Email နဲ့ Password ရိုက်ထည့်ပြီး Create Account ပြုလုပ်ထားပါ။

▪️ Account ရပြီးဆိုရင် Exam Date နဲ့ ဖြေမဲ့အချိန်ကို တစ်လကြိုတင်ရွေးချယ်ပြီး Schedule လုပ်ပါ။ Exam Date နဲ့ Time ရွေးပြီးပေမယ့် Reschedule လုပ်ချင်ပါက ဖြေမဲ့အချိန်မတိုင်ခင် တစ်ရက်အလို နောက်ဆုံးထားပြီးလုပ်ရပါမယ်။

▪️ စာမေးပွဲကြေးကို မြန်မာနိုင်ငံကလူတွေအနေနဲ့ Visa Card နဲ့ ပေးချေရပါတယ်။ တစ်ဘာသာကို 80$ နဲ့ (၄)ဘာသာအတွက် $320 ကျသင့်ပါမယ်ရှင့်။

✅ဆောင်ရန်၊ ရှောင်ရန် တွေအနေနဲ့ကတော့

▪️ Passport (သို့) NRC ကို ဖြေမဲ့နေ့မှာယူသွားဖို့မမေ့ပါနဲ့။

▪️ Test Center Fees ကို တစ်ဘာသာ (၃)သောင်း သို့မဟုတ် (၄) သောင်းနှုန်း နဲ့တွက်ပြီး ဘာသာရပ်အလိုက်ယူသွားပါ။

▪️ Test Center ကို စာမေးပွဲ မဖြေခင် နာရီဝက် ကြိုရောက်အောင်သွားပါ။ ရောက်ရောက်ချင်း ရောက်ပြီဖြစ်ကြောင်း သတင်းပို့ပါ။

▪️ Test မဖြေခင်နဲ့ ဖြေဆိုပြီးချိန်မှာ Consent Form တွင် လက်မှတ်ထိုးဖို့မမေ့ပါနဲ့။

▪️ နာရီ၊ ဖုန်း၊ ဘောပင်၊ စာရွက်၊ ရေဘူး စတာတွေကို စာမေးပွဲခန်းထဲ မယူသွားရတဲ့အတွက် မလိုအပ်ဘူးထင်တဲ့အရာတွေကို မယူခဲ့ပါနဲ့။

▪️ စာမေးပွဲမဖြေဆိုခင်မှာ အိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာရေးကောင်းအောင်နေပါ။

✅GED ကို ဘယ်မှာဖြေရမှာလဲဆိုရင်တော့…

မြန်မာနိုင်ငံမှာ GED ဖြေလို့ရမယ့် Test Center (၃)ခုရှိပါတယ်။

1. Royal Academic Institute

Royal Academic Institute No. 275 , 3rd Floor , Red Hill Tower , Pyay Road , Yangon 11111 Myanmar.

2. Institute of Management Consultants

INSTITUTE OF MANAGEMENT CONSULTANTS MYANMAR CO LTD Room 6 , Building 7 , First Floor , Myanmar Info - Tech , Hlaing Township , Yangon 11052 Myanmar.

3. KMD - Mandalay
103/1 ( 2nd Floor ), 77th St., Bet 27thx28th St., Chan Aye Thar Zan Tsp., Mandalay.

အခုဆိုရင် GED စာမေးပွဲအကြောင်းကို သေချာလေးသိသွားပြီလို့ထင်ပါတယ်။ စာမေးပွဲမှာ ရလဒ်ကောင်းတွေကိုရယူချင်တယ်ဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူတွေကို သင့်တင့်တဲ့စျေးနှုန်းနဲ့ သေချာစနစ်တကျ သင်ကြားပေးနေတဲ့ TWP မှာ အခုပဲ အတန်းအပ်နှံလိုက်တော့နော်။ 🤗🤗

Contact Us - 09 797 707 234
Mail - [email protected]

30/09/2023

🌟အနာဂတ် ပညာရေးရှေ့ဆက်တဲ့နေရာမှာ အထောက်အပံ့ကောင်းတစ်ခုစေမယ့် Prospect Burma Scholarship အကြောင်း‌သိပြီးပြီလား?

ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီးတော့ လာမယ့် အောက်တိုဘာလ (၈) ရက်နေ့၊ ည (၇) နာရီအချိန်တွင် TWP မှ Zoom Live Session မှာ တိုက်ရိုက် တွေ့ဆုံပြီး ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Bachelor's Degree Program အတွက် “Prospect Burma Scholarship Information Sharing” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောပြဆွေးနွေးသွားပေးသွားမယ့်သူကတော့ “ကိုစိုင်းညီညီ‌အောင်” ပဲဖြစ်ပါတယ်ရှင့်။

🔹သူဟာ လက်ရှိမှာ Faculty of law in Thammasat University ရဲ့ Managing Units and Europe Monthly Contributor အဖြစ်လုပ်ကိုင်လျက်ရှိပြီး YouTube Script Writer တစ်ဦးလည်း​ဖြစ်ပါ​တယ်။

🔹ကိုစိုင်းညီညီ‌အောင် ဟာ Prospect Burma Scholarship ရရှိထားသူတစ်ဦးဖြစ်ပြီး Bachelor’s of Civil engineering ကို လေ့လာဆည်းပူးနေသူတစ်ယောက်ဖြစ်ပါတယ်။ UK နိုင်ငံ Coventry University ရဲ့ COIL project မှာလည်း ပါဝင်တက်ရောက်နေသူတစ်ဦးပါ။

🔹Diploma of Federalism at National Taiwan University နဲ့ British Parliamentary Debate and Hate Speech Prevention အစရှိတဲ့ Diploma တွေကိုလည်းရရှိထားပြီး 2023 March Best Volunteer Award၊ Best Speaker by British Parliamentary Debate နဲ့ International Scholarship ဆုများစွာကိုလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပြီး Hongkong နိုင်ငံမှာ IPS Fellowship Program အတွက် Internship ဆင်းခဲ့သူလည်းဖြစ်ပါတယ်။

🔹Speaker ဟာ International Programs နဲ့ Internship တွေဖြစ်တဲ့ M Fund Foundation Internship, Oxfand Project Coordinator, Science Festival in Australia For International Student Fellowship Programs, Project Coordinator at Ghana Volunteer Education, Global Spaces Summit စတဲ့ Program တွေမှာ တက်ရောက်ပါဝင်ဖို့အတွက်လည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။

🔹The Goi Peace Foundation ရဲ့ International အစီအစဉ်နဲ့ Education-related Organizations အစရှိတဲ့ နိုင်ငံတကာအစီစဉ်တွေနဲ့ ပြည်တွင်းအစီအစဉ်တွေမှာ ဆောင်းပါးနဲ့ Content ပေါင်း‌များစွာကို ရေးသားဝေမျှခဲ့သူလည်းဖြစ်ပါတယ်။

အခုဆိုရင် ဆွေးနွေးပြောပြသွားမယ့် Speaker အကြောင်းကို စုံစုံလင်လင်သိရှိသွားပြီလို့ ထင်ပါတယ်။
Prospect Burma Information Sharing Session ​လေးကို တက်​ရောက်ဖို့အတွက် zoom link ​လေးကို page messenger မှာ လာ​ရောက်ယူနိုင်ပါတယ်။
ဒီ Zoom Live Session လေးမှာ ပညာရေးရှေ့ဆက်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်မယ့် အကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်သလို မိမိတို့ သိရှိလိုတဲ့အချက်တွေကိုလည်း ဝင်ရောက်မေးမြန်းနိုင်မှာဖြစ်လို့ ဆက်ဆက်ဝင်ရောက်ကြည့်ရှုပေးပါဦးနော်။

သူငယ်ချင်း​​တွေကိုလည်း ဒီ Sharing session အ​ကြောင်းမျှ​ဝေ​ပေးဖို့ မ​မေ့ကြနဲ့​နော်။ 🥰

Photos from TWP's post 29/09/2023

GED Scholarship ရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူ (၈) ‌ဦး ✨🎉

TWP က ဖွင့်လှစ်သင်ကြားပေးနေတဲ့ GED အတန်းကို သင်တန်း​ကြေး ကင်းလွတ်ခွင့်နဲ့ တက်​ရောက်ခွင့်ရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။ 🤩🤩

✅ သင်တန်း​ကြေး 100% ကင်းလွတ်ခွင့် (၃​)​ယောက်
✅ သင်တန်း​ကြေး 50 % ကင်းလွတ်ခွင့် (၃​) ​ယောက်
✅ သင်တန်း​ကြေး 30 % ကင်းလွတ်ခွင့် (၂​)ယောက် ဆိုပြီး ကျောင်းသား စုစုပေါင်း (၈) ယောက်ကို TWP ကနေ GED Course အစအဆုံး ပညာသင်ဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။

100 % သင်တန်းကြေး ကင်းလွတ်ခွင့်ရရှိသွားသူများ
▪ Myat Thazin Khine
▪ Snow White
▪ Hinn Oo Wai Wai Hlaing

50% သင်တန်းကြေး ကင်းလွတ်ခွင့်ရရှိသွားသူများ
▪ Cing Sian Luan
▪ Thura Lin Htet
▪ Phway Su Aung

30% သင်တန်းကြေး ကင်းလွတ်ခွင့်ရရှိသွားသူများ
▪ William
▪ Theint Thinzar Naing

Scholarship အသီးသီးရရှိသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံး Congratulations ပါ‌နော်။

ကျောင်းသား၊ ‌ကျောင်းသူတွေအနေနဲ့လည်း GED ကို အကောင်းဆုံး သင်ယူရင်း စာမေးပွဲမှာ ရလဒ်ကောင်းတွေနဲ့ ထူးချွန်စွာ အောင်မြင်နိုင်ဖို့ အတူတူကြိုးစားကြစို့နော်...။ 🤗🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

26/09/2023

GED လေ့လာတဲ့အခါမှာ အခက်ဆုံးဘာသာရပ်က...🤔

📚ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ GED လေ့လာတဲ့အခါမှာ ဘယ်ဘာသာရပ်က ကိုယ့်အတွက် သင်ယူရတဲ့အချိန်မှာ အခက်ဆုံးလို့ထင်လဲ?

(1) Mathematical Reasoning
(2) Reasoning Through Language Arts
(3) Social Studies
(4) Science

အကုန်လုံးကို ညီမျှအောင်လေ့လာနိုင်တာကတော့ အကောင်းဆုံးဆိုပေမယ့် လူတိုင်းမှာ မတူညီတဲ့ အားနည်းချက်၊ အားသာချက်တွေရှိတာကြောင့် စိတ်မညစ်ဘဲ ကြိုးစားလေ့လာသွားဖို့ TWP က အကြံပေးပါရစေရှင့်။

TWP ရဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ အနေနဲ့လည်း ဒီလိုမျိုး အခက်အခဲလေးတွေရှိနေတယ်ဆိုရင် ကိုယ့်ရဲ့ သက်ဆိုင်ရာ ဆရာမကို မေးဖို့ ဝန်မလေးဘဲ သေချာလေး အကြံတောင်းကြည့်နော်…😍

☎️Contact Us - 09 797 707 234
📥Mail - [email protected]

23/09/2023

Pre GED အတန်းတက်တဲ့ ကျောင်းသားတွေထဲက GED Scholarship ရရှိသွားတဲ့ မသွန်းဆုဟန်

TWP က အမြဲပေးနေကြဖြစ်တဲ့ Scholarship အကြောင်းလေး သိပြီးပြီလား ⁉️

Pre-GED အတန်း တက်ရောက်ပြီးဆုံးတဲ့အခါမှာ စာမေးပွဲတွင် အမှတ်အများဆုံးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ကို TWP ကနေပြီးတော့ GED အတန်း ဆက်လက် တက်ရောက်ဖို့အတွက် scholarship အမြဲတမ်း ပေးလေ့ရှိပါတယ်။ 😍

ဒီတစ်ခေါက် Pre-GED Batch မှာ Scholarship ရရှိသွားတဲ့ ကျောင်းသူကတော့ မသွန်းဆုဟန် ဖြစ်ပါတယ်။

ညီမလေး သွန်းဆုဟန် ရေ…Congratulationsပါနော်။ 🎉

စာမေးပွဲမှာ ရလဒ်ကောင်းတွေရရှိအောင် ဖြေဆိုနိုင်ခဲ့တဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိသလို Pre-GED အတန်း တက်ရောက်ဖို့အတွက် သင်တန်းစုံစမ်းတဲ့အခါမှာ TWP ကို ယုံကြည်စွာ ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း အထူးဝမ်းသာဖြစ်မိပါတယ်။

ညီမလေး သွန်းဆုဟန် လိုပဲ စားမေးပွဲမှာ ရလဒ်ကောင်းတွေနဲ့အတူ အောင်မြင်ချင်တယ်ဆိုရင်တော့ TWP က Pre-GED Class ကို အခုပဲ အတန်းအပ်ထားလိုက်တော့နော်။ 🥳

နောက် Batch တွေမှာလဲ ဘယ်သူတွေက GED Scholarship ရရှိသွားမလဲဆိုတာ TWP Team က ရင်ခုန်နေပါပြီရှင့်။🥰

☎️Contact Us - 09 797 707 234
📥Mail - [email protected]

21/09/2023

ကျောင်းသား၊ ကျောင်းသူတွေအတွက် အကျိုးရှိစေမယ့် စာလေ့လာနည်း

ဒီနေ့မှာ‌တော့ TWP အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာလေ့လာတဲ့အခါ ထိရောက်ပြီး အကျိုးရှိစေမယ့် Tips လေးတွေကို ပြောပြပေးချင်ပါတယ်။ 🤩

💡 မှတ်စုရေးပါ၊ Note ထုတ်ပါ။

ဆရာ၊ ဆရာမရှင်းပြတဲ့အရာနဲ့ ပတ်သက်ပြီး ကိုယ်ပြန်လေ့လာတဲ့အခါမှာ မှတ်မိနေစေဖို့အတွက် မှတ်စုရေးထားဖို့ အရေးကြီးပါတယ်။ ဒါမှ အိမ်ရောက်လို့ စာပြန်နွှေးတဲ့အခါ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေ့သွားခဲ့ရင် ပြန်ကြည့်လို့ရစေမှာပါ။

💡နားမလည်တာရှိရင် ချက်ချင်းမေးပါ။

စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမက စာရှင်းပြတဲ့အခါ မသိတာ၊ နားမလည်တာကို ချက်ချင်းမေးပါ။ မေးခွန်းမေးရမှာကို မရှက်ပါနဲ့၊ မကြောက်ပါနဲ့။

💡အတန်းချိန်အတွင်းမှာ အာရုံစိုက်နားထောင်ပါ။

အတန်းချိန်အတွင်းမှာ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်ကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ ဒီလိုလုပ်တာက စာသင်ခန်းမှာပဲ အကြောင်းအရာတွေကို ခြုံငုံနားလည်သွားတာ‌ကြောင့် ကိုယ့်ရဲ့ စာလေ့လာရမယ့်အချိန်တွေကို Save ဖြစ်စေပါတယ်။

💡သူငယ်ချင်းတွေနဲ့ စာအတူတူလုပ်ပါ။

သူငယ်ချင်းတွေနဲ့ စာတူတူလုပ်တဲ့အခါ ပုစ္ဆာတစ်ခုကို သူတို့မှတ်သားပုံ၊ သူတို့ရဲ့ စာလေ့လာပုံတွေကို သိရှိနိုင်တဲ့အပြင် မသိတာတွေကိုလည်းရှင်းပြပေးခိုင်းလို့ရပါတယ်။ စာလုပ်ဖို့ သူငယ်ချင်းတွေစုပါတယ်ဆိုမှ စကား‌ချည်းပြောနေတာမျိုး မလုပ်ဖို့တော့လိုမယ်နော်။

💡ကိုယ့်ကိုယ်ကို အချိန်ပေးပါ၊ အနားယူပါ။

တစ်နေ့ တစ်နေ့ စာချည်းလုပ်နေတာမျိုးမဟုတ်ဘဲ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ဆောင်ဖို့ Me Time လေးထားပါ။ (ဥပမာ - ဇာတ်ကားကြည့်ခြင်း)‌ နောက်ပြီး မှတ်ဥာဏ်အားကောင်းစေဖို့ အိပ်ရေးဝဝအိပ်ဖို့လည်းလိုမယ်နော်။

အခုဆိုရင် ထိရောက်တဲ့ စာလေ့လာနည်းလေးတွေကို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သိရှိသွားကြပြီလို့ ထင်ပါတယ်။ နောက်နေ့တွေမှာလည်း အခုလို အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေကို ပြောပြပေးသွားဦးမှာဖြစ်လို့ TWP Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ 🥰

#စာလေ့လာနည်း

18/09/2023

အနာဂတ်အတွက် ခိုင်မာတဲ့ နိုင်ငံတကာပညာရေးလမ်းကြောင်း

✨လူငယ်တွေအနေနဲ့ အနာဂတ် ပညာရေးအတွက် ခိုင်မာတဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်း တစ်ခုဆီ ပံ့ပိုးပေးနိုင်မယ့် သင်တန်းတစ်ခုကို ရွေးချယ်နေပြီလား?

ဒါဆိုရင်တော့ TWP က အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်စေမှာ အသေအချာပါပဲ။😍

ဘာလို့လဲဆိုတော့ TWP မှာ နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Pre GED နဲ့ GED အတန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေလို့ပါ။

💻အတန်း (၂)ခုစလုံးကို Online Learning Zoom Class နဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး Laptop (သို့) Phone ရှိရုံနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာမှာမဆို သင်ကြားနိုင်ပါတယ်ရှင့်။

သင်ကြားရမယ့် ဘာသာရပ်တွေကတေ့

1. Mathematical Reasoning
2. Reasoning Through Language Art
3. Social Studies
4. Science

Pre GED အတန်းမှာဆိုရင် GED တက်ရောက်တဲ့အခါ လေ့လာရမယ့် ဘာသာရပ်တွေကို စတင်သင်ကြားနိုင်မှာဖြစ်လို့ GED အတွက် Foundation ကောင်းတစ်ခုရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိအနေနဲ့ နိုင်ငံခြားပညာရေးအတွက်လိုအပ်တဲ့ GED ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ချင်တယ်ဆိုရင် ‌ကျောင်းသားတစ်ယောက်ချင်းစီကို သေချာဂရုစိုက်သင်ကြားပေးနေတဲ့ TWP က အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ 🥳

☎️Contact Us - 09 797 707 234
📥Mail - [email protected]

Photos from TWP's post 15/09/2023

ထိုင်းနိုင်ငံရှိ GED လက်ခံတဲ့ တက္ကသိုလ်များ

📢ဒီနေ့မှာတော့ GED လက်ခံတဲ့ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေအချို့ကို TWP အနေနဲ့ ပြောပြပေးချင်ပါတယ်။

ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေ အကုန်လုံးက GED လက်မှတ်ကို လက်ခံကြပါတယ်။ ဒါပေမယ့် တက္ကသိုလ်တစ်ခုစီမှာတော့ ဝင်ခွင့်စာမေးပွဲလေးတွေရှိတတ်ကြပါတယ်။

ဒါဆို ဘယ်တက္ကသိုလ်တွေပါမလဲဆိုတာ ကြည့်လိုက်ကြရအောင်… 🤩

☎️Contact Us - 09 797 707 234
📥Mail - [email protected]

Want your school to be the top-listed School/college?

Videos (show all)

🔰ဒီနေ့မှာတော့ TWP က GED ဘာသာရပ်တစ်ခုဖြစ်တဲ့ Reasoning through Language Arts ရဲ့ မေးခွန်းပုံစံ နဲ့ စာမေးပွဲမှာ မေးလေ့မေးထ...
GED လေ့လာတဲ့အခါမှာ အခက်ဆုံးဘာသာရပ်က...🤔📚ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ GED လေ့လာတဲ့အခါမှာ ဘယ်ဘာသာရပ်က ကိုယ့်အတွက် သင်ယူရ...
Pre-GED အတန်းက ​ကျောင်းသား ​ကျောင်းသူများ Science ဘာသာရပ်အတွက် ပြုလုပ်ထားတဲ့ Electromagnet Project ​လေးပဲ ဖြစ်ပါတယ် 😇TWP...
မိမိရဲ့ English speaking skill ကို ယုံကြည်မှုရှိရှိ ​​ပြောနိုင်ဖို့ Tr Aurum ရဲ့ English speaking class ကို Enroll လုပ်န...
ဘာသာစကား​လေ့လာသင်ယူရင် ရရှိမယ့် အကျိုး​ကျေးဇူး​တွေကို  video ​လေးမှာ ​ပြောပြ​ပေးထားပါတယ် 💙TWP က ဖွင့်လှစ်ထားတဲ့ သင်တန်း​...

Telephone

Website

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 12:00
Wednesday 10:00 - 12:00
Thursday 10:00 - 12:00
Friday 10:00 - 12:00
Saturday 10:00 - 12:00