U Wai Yan Tun Physics

U Wai Yan Tun Physics

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Wai Yan Tun Physics, Education, .

07/01/2024

ကိုယ့်မှာက ရည်းစားမရှိတော့
ကလေးတွေကိုပဲ စိတ်ညစ်အောင် လုပ်နေရတယ် 😐

06/01/2024

ရန်သူ ၁၀၀ စီးချင်းထိုးနိုင်ပေမယ့်
မနက်ကျောင်းသွားဖို့ ရေချိုးရတာမှာ ငါကျဆုံး

04/01/2024

“(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့”
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

🔹 ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၄)ရက် (ကြာသပတေးနေ့) တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#လွတ်လပ်ရေးနေ့


#ဦးဝေယံထွန်း_ရူပဗေဒ

01/01/2024

Happy c/λ Year 2024 🎊

31/12/2023

နောက်နှစ်မှပဲ စာပြန်သင်တော့မယ် ...

Photos from U Wai Yan Tun Physics's post 30/12/2023

FYI
#အထက်တန်း #အလယ်တန်း #မူလတန်း
#စာမေးပွဲအချိန်စာရင်းများ ...

Credit

Photos from U Wai Yan Tun Physics's post 28/12/2023

အမြဲအကျွေးခံနေကြ လသယ ထိုးမုန့်အစား
ချောင်းသာထိုးမုန့် စားလိုက်ရတဲ့ G12 များ 🤣

26/12/2023

#ထာဝရသစ္စာ_နီနီခင်ဇော်
YREC Private School မှ အချောအလှ သမီးလေးများ ❤️🧡💛💚💙💜🤎🖤🤍❣️

Video Edit @ A Chan(ခေါက်ဆွဲခြောက်) 😍

U Wai Yan Tun Physics

15/12/2023

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁-၃-၂၀၂၄ ရက်နေ့မှ ၁၉-၃-၂၀၂၄ ရက်နေ့အထိ ဖော်ပြပါ အချိန်ဇယားအတိုင်း ကျင်းပသွားပါမည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS-1, STEAMS-2, STAMS-1, STAMS-2 ဘာသာတွဲများ စစ်ဆေးသွားမည်ဖြစ်ပြီး ဘာသာတွဲအလိုက် ဖြေဆိုရမည့် ဘာသာရပ်များကို အောက်ပါ Post တွင်ကြည့်နိုင်ပါသည်။ 👇
https://www.facebook.com/exams.mm/posts/674070498090483

Original Post
https://m.facebook.com/story.php?story_fbid=739110734919792&id=100064626162112&mibextid=Nif5oz

10/12/2023

#တောင်ယာဝင်ချိန်
YREC Private School

U Wai Yan Tun Physics

01/12/2023

အဲ့ဆရာကို ငါမရီ ရဲတော့ဘူး 🥴

27/11/2023

တန်ဆောင်မုန်းလပြည့်နေ့
(သာမညဖလ အခါတော်နေ့) 🙏🙏🙏

ဗုဒ္ဓဘာသာဝင်လူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)မှာ မြန်မာပြည်သူ/ပြည်သားများအားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးရန်ကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏


#တန်ဆောင်မုန်းလပြည့်နေ့

Photos from U Wai Yan Tun Physics's post 25/11/2023

အရှေ့အရပ်မှာ လနဲ့ နီးနီးကပ်ကပ် မြင်တွေ့နေရတဲ့
ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်)။
အခုထွက်ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရပါသေးတယ်။

(Comment တွင် Video File ရှိသည်)


25.11.2023

Photos from U Wai Yan Tun Physics's post 23/11/2023

Grade 12 Physics
Chapter 10 - Electrical Energy, Power And Heating Effect Of Electric Current

(Old Pics)



Photos from U Wai Yan Tun Physics's post 18/11/2023

ရူပဆရာရဲ့ ရူပဒါန 🤍💙

📸 @ ရန်အောင်ကြီး

Photos from U Wai Yan Tun Physics's post 16/11/2023

Grade - 10, 11, 12 Physics Practical

(စေတနာများစွာဖြင့် တကူးတက ကျောင်းအထိ လာရောက်ပေးပါသော ဆရာသန့်တို့အဖွဲ့ကိုလည်း ကျေးဇူးအများကြီးတင်ပါသည်)




#အာကာသနှင့်စကြဝဠာ

07/11/2023

လူမိုက်တော့ လူမိုက်ပဲ
ဒါပေမယ့် ချစ်လူမိုက် 🔥

06/11/2023

ငါ့အချိန် ကျောင်းမှာ အဲ့သီချင်းဆိုရင်
အထိုးခံရမယ် 😎

U Wai Yan Tun Physics

Photos from U Wai Yan Tun Physics's post 05/11/2023

ရန်ကုန်တက္ကသိုလ်မှာ ၂ရက်တာ သင်တန်း
(ဓာတု၊ ရူပ၊ ဇီဝ)

30/10/2023

မနက်ဖြန် ကျောင်းပြန်တက်ရမယ့် သူနှစ်ယောက်
အကြည့်ချင်း ဆုံနေပုံ 🥺

29/10/2023

အေး ဒီနှစ်သီတင်းကျွတ်တော့ ထားလိုက်တော့

(မထားလို့လည်း မရတော့ဘူး) 😐🤌

29/10/2023

“သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့”
➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖🌸➖

☘(၁)။အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည်
၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

☘(၂)။မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

☘(၃)။မယ်တော်မိနတ် အမှူးပြုသော
နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

☘(၄)။ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ
ဟောကြားတော်မူခဲ့ပါသည်။

☘(၅)။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား
အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော
ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။

☘(၆)။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရားဖြစ်၍ “အဘိဓမ္မာ” ခေါ်ပါသည်။

☘(၇)။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

☘(၈)။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို
အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို
“ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

☘(၉)။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊
အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန်ဟောကြားသော ကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

☘(၁၀)။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို
“ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။

☘(၁၁)။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍ ဟောကြားသော ကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း” ဟုခေါ်သည်။

☘(၁၂)။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့် ပြည့်စုံသော ကျမ်းကို “ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

☘(၁၃)။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိဋ္ဌာန် နှင့် သံသယ အစုံစုံပြု၍ ဟောကြားတော်မူသော
ကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

☘(၁၄)။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

☘(၁၅)။“အဘိဓမ္မာတရားတော်၏ ထူးခြားချက်”
အဘိဓမ္မာတရားသည်…
💌-အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
💌-နတ်ပြည်၌ ဟောကြားခြင်း၊
💌-သုံးလကြာမျှဟောရခြင်း၊
💌-ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်းဟူ၍ “ထူးခြားချက်လေးမျိုး”နှင့် ပြည့်စုံသောတရားဖြစ်သည်။

☘(၁၆)။ အဘိဓမ္မာတရားသည်
ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရလေးမျိုး” နှင့် ပြည့်စုံသော တရားဖြစ်သည်။

☘(၁၇)။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း
သင်ယူကြားနာခြင်းကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊
မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်း အထောက်အပံ့ကောင်းဖြစ်ခြင်း၊
ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း
ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

“အဘိဓမ္မာအမေးအဖြေ”
➖🌿➖🌿➖🌿➖🌿➖
☘(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အား
ဟောကြားတော်မူခဲ့ပါသနည်း။

☘(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ ဝါအရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဟောကြားတော်မူခဲ့ပါသည်။

☘(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည်
အဘိဓမ္မာတရားတော်ကို အချိန်မည်မျှကြာအောင် ဟောတော်မူပါသနည်း။

☘(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀
ကြာအောင် ဟောတော်မူပါသည်။

☘(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကို
လူ့ပြည်၌ မဟောကြားဘဲ၊အဘယ်ကြောင့်
နတ်ပြည်မှာသာ ဟောကြားပါသနည်း။

☘(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည်
သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏
အချိန်ကာလတစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်ဟောကြား၍မဖြစ်ပါ။ အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်သောစွမ်းရည်လည်း မရှိပါ။ လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။ ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

☘(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။ အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

☘.ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။ လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊ လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

☘(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။ တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ ဆောင်ရွက်တော်မူပါသနည်း။

☘(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။ ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

☘(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

☘(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။
💌(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။
💌(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
💌(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။

☘(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

☘(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

☘(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

☘(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။
နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။
✤မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
✤ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
✤သိကြားမင်းက ဘုရားနောက်တော်မှ ထီးမိုးလိုက်ပါပြီး၊
✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။
အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့
လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။
မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

☘(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

☘(ဖြေ)။ ။
💌(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို
အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။
💌(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းဟောကြား ပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
💌(ဂ)။အရှင်သာရိပုတ္တရာ မထေရ်က တပည့်ရဟန်း
၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်
လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖🌿➖

-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】

#ဦးဝေယံထွန်းရူပဗေဒ

.com
#09421113846

19/10/2023

ကလေးတွေကိုပဲ စာမေးပွဲ ဖြေခိုင်းစေချင်တာလေ
အမှတ်မခြစ်ချင်ဘူး 🥴

17/10/2023

တူမော်ရိုး အိတ်ဇမ်း အစ် ဖီးဆစ် 🤗🔥

Photos from U Wai Yan Tun Physics's post 16/10/2023

အခုဖြေမယ့် နှစ်ဝက် G10,11,12 အတွက် 👇

ဒွါဒသမတန်း (Grade-12) စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ နမူနာ မေးခွန်းလွှာ (ရူပဗေဒဘာသာရပ်)



Credit - Department of Myanmar Examinations -မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

14/10/2023

ဦးဝေယံထွန်း၏ တပည့်များ
စာကျက်ကြသောအခါ 🥴

Photos from U Wai Yan Tun Physics's post 13/10/2023

Physics G12 သိမှတ်ဖွယ်

Credit

11/10/2023

စာမေးပွဲနီးလို့ နောက်ဆုံးပေါ်နည်းလမ်းနဲ့
ဘာသာစုံစာတွေကို ခေါင်းထဲထည့်နေတဲ့
ငါ့တပည့်များ 🥴🤌

(အားလုံးပဲ ဖြေနိုင်ကြပါစေ ...
















တရားနဲ့) 🤫

Photos from U Wai Yan Tun Physics's post 06/10/2023

ယနေ့ YREC Private School ရဲ့
အာစရိယပူဇော်ပွဲ အခမ်းအနား 🌹

Piano တီးခတ်ပေးတဲ့ G7 က သားသားလေးနဲ့ သူ့ရဲ့အကိုဖြစ်တဲ့ (မေတ္တာဖြင့်လာရောက် ဖျော်ဖြေပေးပါသော) အဆိုတော်နဲ့ သရုပ်ဆောင် ညီလေး Di Yan - ဒိယံ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ☘️

(မကြာမီ ထပ်တွေ့ကြပါမည်။
ပုံတွေကတော့ ကလေးတွေဆီက)

6.10.2023

U Wai Yan Tun Physics

05/10/2023

G11 က တပည့်ကျော်ပဲလှော်‌ရဲ့
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးလေးတဖြတ် 😅

(ဆရာ့အကြောင်း ထည့်ရေးထားတယ်ဆိုပြီး လှမ်းပို့ပေးကြလို့) ♥️

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းအား လေးစားစွာဦးညွှတ်လျက် 🙏🌹☘️

Want your school to be the top-listed School/college?

Videos (show all)

#ထာဝရသစ္စာ_နီနီခင်ဇော်YREC Private School မှ အချောအလှ သမီးလေးများ ❤️🧡💛💚💙💜🤎🖤🤍❣️Video Edit @ A Chan(ခေါက်ဆွဲခြောက်) 😍U Wai...
#တောင်ယာဝင်ချိန်YREC Private School U Wai Yan Tun Physics
အဲ့ဆရာကို ငါမရီ ရဲတော့ဘူး 🥴
တခန်းမှာ တယောက်လောက်တော့ ပါလိုက်ရမှ 😂#Credit
ငါ့တပည့်တွေဆိုရင်ရော စာရေးမလား? အိမ်ပေါ်က ဆင်းမလား? 🤣

Telephone

Website