Nationalities Youth Resource Development Degree College, Sagaing

Nationalities Youth Resource Development Degree College, Sagaing

Share

NYRDDC ၏ နေ့စဥ်လှုပ်ရှားမှုများကို အချိ?

Operating as usual

03/08/2021

အနံ့ပျောက်ရခြင်း အကြောင်းရင်း....

ကျွန်တော်တို့ အနံ့ပျောက်တဲ့ ကိစ္စကို နည်းနည်းလေး သေချာနားလည်အောင် ပြောကြည့်ကြရအောင်...

အနံ့ပျောက်ရင်ကိုဗစ်ဖြစ်နေပြီလား ဆိုတော့
ဒီကာလအတောအတွင်းဆို အနံ့သိပ်မရတော့တာပဲ ဖြစ်ဖြစ်၊ နှာခေါင်းက အနံ့လုံးဝ ရှူမရတော့တာဆို ကိုဗစ်ဖြစ်ဖို့ 90%လောက် သေချာပါတယ်။
တခြား ထိပ်ကပ်နာတို့ နှာစေးနှာပိတ်တို့မှာ အနံ့မရတတ်ပေမယ့် နှာခေါင်းအရှင်းကြီးနဲ့ အနံ့ပျောက်နေရင် ကိုဗစ်ကူးစက်ခံထားရပြီလို့ ယူဆနိုင်ပါတယ်။

ဘယ်အချိန်အနံ့စပျောက်တာလည်း ဆိုတော့
သုတေသနအရ ကိုဗစ်ပိုး ကူးစက်ခံရပြီး ၃ -၄ရက်ဆို အနံ့ပျောက်ပါတယ်၊ ပိုးဝင်ဝင်ချင်း တစ်ရက်နှစ်ရက်အတွင်း ငွေ့ငွေ့ဖျားတတ်ပြီး နောက်ရက်တွေမှာ အနံ့ပျောက်သွားတာပါ။

ဘာလို့အနံ့ပျောက်တာလည်း ဆိုတော့
ပိုးကူးစက် ဝင်ရောက်လာရင် နှာခေါင်းထဲမှာ အရင်အခြချတာပါ၊ နှာခေါင်းတွင်း နံရံကဆဲလ်တွေမှာ ပိုးအခွံအပေါ်က လက်တံအချွန်spikeလေးတွေနဲ့ ဂန္ဓဝင်ဆန်ဆန် ချိတ်ဆက်နိုင်တဲ့ ACE2လို့ခေါ်သည့် လက်ခံခွက်လေးတွေ ရှိပါတယ်။ ပိုးကို ရှူမိလို့ ဝင်လာတာနဲ့ အဲဒီACE2တွေနဲ့ ချိတ်ပြီး နှာခေါင်းနံရံတွင်းကို ဝင်ရောက်ပါတယ်။ ရောက်တာနဲ့ ပိုးက ကြိုးစားပြီး မျိုးပွားပါတယ်၊ အဲဒီအချိန် ခန္ဒာကိုယ်က သတိပေးတဲ့ အနေနဲ့ ငွေ့ငွေ့ဖျားပြတာပါ၊ တကိုယ်လုံးခုခံအား အစုအဝေးကို တပ်ကူခေါ်တဲ့ သဘောပါ။ အဲတော့ သွေးဆဲလ်အဖြူ တပ်ကူတွေက အချက်ပေးတာသိရတာနဲ့ ချက်ချင်းဆိုသလို နှာခေါင်းသွေးကြောတွေထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ပိုးဝင်နေတဲ့ နှာခေါင်းအတွင်းပိုင်းမှာ တိုက်ပွဲစဖြစ်တယ်၊ အဲဒီအချိန်ဆို နှာမွှန်တာလိုလို နှာစေးချင်တာလိုလို ဖြစ်တတ်ပေမယ့် အများစုက သတိမထားမိလောက်ပါဘူး။

လာတိုက်တဲ့ထဲ ကိုယ့်ဖက်က မင်းသားက CD8 T cellsတွေပါ၊ Cytotoxic ခေါ် ဆဲလ်killerသွေးဖြူဥတွေက covidပိုးဝင်နေတဲ့ နေရာတွေကို ရှာတိုက်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တယ်ပဲ ပြောရမှာပေါ့။ ခက်တာက ကိုဗစ်ဆိုတာ အရမ်းသေးတဲ့ virus, မျိုးပွားပြီးရင် အကောင်ရာထောင်ချီ ဆဲလ်တစ်လုံးတစ်လုံးကနေ ဖောက်ထွက်ပြန့်ပွားတာ။ အဲတော့ ဒီပိုးတွေ မထွက်နိုင်ခင် မပြန့်နိုင်ခင် ပိုးရှိနေတဲ့ နှာခေါင်းတွင်း ဆဲလ်တွေကို ကိုယ့်ဖက်က Killer T cellက ဖိုက်တာဆန်ဆန်ပဲ အကုန်လိုက်ဖောက်ပစ်လိုက်တယ်။ ဗိုင်းရပ်စ်ပိုး ဖောက်မထွက်နိုင် မပြေးနိုင်ခင် လက်ဦးမှု ရယူတဲ့သဘောနဲ့ပေါ့။

အပေါ်က ပြောနေတာတွေက ပိုးဝင်ပြီး ၂ ရက် ၃ရက်အတွင်း ဖြစ်ပျက်နေတာတွေပါ။ ဒီလိုနဲ့ နှာခေါင်းတွင်း လိုက်ဖောက်ခံရတာတွေများတော့ Olfactoryလို့ ခေါ်သည့် အနံ့ခံအာရုံbudတွေရှိသည့် နေရာတွေပါ မကျန် အကုန်ရှင်းသွားတာ ပိုးရှိနေရင် စိတ်ချရအောင်လို့ပေါ့။အဲ့တော့ ၄ရက်မြောက်လောက်မှာ နှာခေါင်းတွင်းတိုက်ပွဲလည်း ပြီးရော ကိုယ်လည်း အနံ့လုံးဝပျောက်ပြီး ကျန်ခဲ့တာ။ ခဏ ခဏ ကြားဖူးမှာပါ ဘုရားစူး ဆရာရယ် ဘာမှ မဖြစ်ဘူး အကောင်းကြီး အနံ့တစ်ခုပဲ ပျောက်နေတာ ဆိုတဲ့ အချိန်ပါပဲ။

အနံ့ပြန်ရအောင်ဘာလုပ်ကြမလည်း ဆိုတော့
ချက်ချင်းအနံ့ပြန်ရအောင် ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှ ပြန်လုပ်လို့မရပါဘူး၊ အနံ့အာရုံကို လက်ခံတဲ့ နှာခေါင်းနံရံက ဆဲလ်တွေ ပေါက်သွားတာလေ၊ တချို့ တောသားတွေ ရှယ်နေသလို ဘာဆေးသုံးသုံး ချက်ချင်းလက်ငင်း ပျောက်သွားတဲ့ အနံ့အာရုံက ပြန်မရပါဘူး၊ အဓိကကတော့ နှာခေါင်းတွင်း ဆဲလ်တွေ ပြန်ပြီး မြန်မြန်ဆန်ဆန် တည်ဆောက်ပြီး အာရုံပြန်ခံနိုင်အောင် လိုအပ်တဲ့ Zincဓါတ်တို့ တချို့သက်စောင့် vitaminဓါတ်တွေ ကိုယ်တွင်းမှာ ဖြည့်ထားမယ်၊ နှာခေါင်းတွင်း battleဖြစ်သွားတဲ့ နေရာတွေကို ဆဲလ်အသေတွေ သန့်ရှင်းသွားအောင် Physio Saline ဆလိုင်းအရည် သို့မဟုတ် ဆားရည်နွေးနွေးနဲ့ တစ်ရက် နှစ်ကြိမ်လောက် ဆေးပေးနိုင်ရင် ပိုကောင်းပါတယ်။

(ဒီနေရာမှာ တစ်ချက်ထည့်ပြောချင်တာက Azithromycinလို ပိုးသတ်ဆေးက နှာခေါင်းထဲရောက်နေတဲ့ ကိုဗစ်ပိုးကို လုံးဝလုံးဝ မသတ်ပါဘူး၊ တခြား Amoxcilတို့ဘာတို့ကလည်း လုံးဝလုံးဝ ကိုဗစ်ကိုမသတ်ပါဘူး၊ သူတို့က Bacteriaလို့ခေါ်တဲ့ တခြားမျိုးမတူတဲ့ ပိုးတွေက နှာခေါင်းတွင်း အဆုတ်အတွင်းမှာ ကိုဗစ်ကြောင့် ပျက်စီးချိန် အခွင့်အရေးယူပြီး ဝင်လာမှ ကုသဖို့ အသုံးပြုရတာပါ၊ အနံ့ပျောက်တာလောက်နဲ့ အဲဒီဆေးတွေ သောက်မယ့်အစား ရေပဲရှူလိုက်ပါ ပိုကောင်းပါတယ်)

ဘယ်တော့လောက်အနံ့ပြန်ရမှာလည်း ဆိုတော့
လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်တွင်း repair mechanismလို့ခေါ်သည့် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ဆောင်မှုက ကျန်းမာရေးကောင်းမွန်မှု ဘယ်လောက်ရှိလည်း၊ ပိုးက်ု အပြီးတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားအခြေအနေနဲ့ လိုအပ်သည့် ကိုယ်တွင်း ဓါတ်တွေပေါ် မူတည်တာပါ။ ပျမ်းမျှအားဖြင့် ၁ပတ် ၁၀ရက်ဆို အနံ့ပြန်ရပါတယ်၊ အလွန်ကြာမှ တစ်လပါ၊ ဒီထက် ပိုကြာနေရင်တော့ မိသားစုဆရာဝန် သို့ နားနှာခေါင်းလည်ချောင်း အထူးကုတစ်ယောက်နဲ့ တိုင်ပင်အကူအညီတောင်းကြည့်ပါ။

တချို့အနံ့ပြန်ရခါစမှ Parosmiaလို့ခေါ်သည့် မနှစ်မြိုဖွယ်အပုပ်နံ့ အမှိုက်နံ့လိုလိုတွေ ရတတ်ပါတယ်။ နှာခေါင်းတွင်း အသစ်ပြန်တည်ဆောက်ထားတဲ့ အနံ့ခံဆဲလ်တွေက ဦးနှောက်နဲ့ အာရုံလမ်းကြောင်း ချိတ်ဆက်နေတုန်းမလို့ပါ။ သင်ကြိုက်တဲ့ coffeeတစ်ခွက်ကတောင် အမှိုက်နံ့လိုလိုကြီး ရနေတတ်ပါတယ်။ သိပ်မကြာပါဘူး၊ ပုံမှန် ပြန်လည် အနံ့အာရုံ ရရှိလာမှာပါ။ စိတ်ဓါတ်မကျပဲ အအိပ်အစား ပုံမှန်လုပ်ပြီး ရေချိုးချိန် နှာခေါင်းတွင်း ဆေးကြောပေးခြင်းဖြင့် စောင့်ကြည့်ပါ။

တချို့ အနံ့ပျောက်တာနဲ့အတူ နှာခေါင်းအတွင်းရေမွန်းသလိုခံစားရတယ်လို့ ပြောလာတာတွေ ရှိပါတယ်။ စစ်တမ်းတွေအရ ဒီလိုဖြစ်တဲ့သူတွေရဲ့ အများစုမှာ Sinusလို့ ခေါ်သည့် မျက်နှာအတွင်း နှာခေါင်းပတ်လည်နဲ့ နဖူးအောက်မှာ ရှိသည့် လေအိတ်လေးတွေ ရောင်နေတာ၊ နှာရည်တွေ ပိတ်နေတာမျိုးဆို အဲဒီရေမွန်းသလို ခံစားရတတ်ပါတယ်။ Sinusitis ခေါ် ထိပ်ကပ်နာ ရှိသူတွေမှာ ပိုတွေ့ရပါတယ်။ ကုလို့ရပါတယ်၊ အလွယ်ဆုံးကတော့ Saline ဆားရည်နဲ့ ဆေးပြီး အရောင်ကျဆေး၊ နှာရည်တားဆေး anti histamineလို ဆေးတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးပါ။

အနံ့ပျောက်တဲ့ကိစ္စနဲ့ပတ်သက်တဲ့သိစရာတွေ

-ပိုးကူးစက်ခံရသူ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်၊
-ပိုးကူးစက်သူရဲ့ 35% to 68%လောက်ထိ အနံ့ပျောက်တတ်ပါတယ်၊
-ဝူဟန်စာတန်းတွေအရ ပိုးကူးစက်ခံရသူ တရုတ်လူမျိုးတွေရဲ့ 5%မှာပဲ အနံ့ပျောက်ပါတယ်၊ ရောဂါပြင်းထန်မှုလည်း နည်းပါတယ် သူတို့တွေမှာ၊ လူမျိုးစုGene သို့ ethnicityကြည့်တဲ့ virusဆိုရင် သုတေသနအရ မမှားပါဘူး
-အနံ့ပျောက်တာဟာ အဆိုးထဲက အကောင်းလို့ ပြောလို့ရပါတယ်။ အနံ့ပျောက်တဲ့လူနာတော်တော်များများရဲ့ ကိုဗစ်က မပြင်းထန်ပါဘူး၊ နည်းနည်းဖျားမယ်၊ အနံ့ပျောက်မယ်၊ ချောင်းတောင် ဆိုးတယ်ဆိုရုံလောက်ပါပဲ
-အနံ့ပျောက်တဲ့သူတွေက ကိုဗစ်ကြောင့် အသက်ဆုံးရှုံးနိုင်ချေ `၅´ဆ ပိုလျော့ပါတယ်၊ အနံ့မပျောက်ပဲ ကိုဗစ်ကြောင့် ဖျားနာသူတွေထက်၊ အကြောင်းရင်းက နှာခေါင်းတွင်းမှာပဲ ပိုးတော်တော်များများ အပြီးသတ်နိုင်လိုက်လို့ပါ၊ အဆုတ်ထဲကို ပိုးအနည်းကျင်းရောက်သော်လည်း ပိုးကောင်ရေ သိန်းသန်းချီမှ ကိုဗစ်က ဒုက္ခပေးနိုင်တာ မလို့ ကိုယ်တွင်းခြေကုတ်ယူချိန် နှာခေါင်းထဲမှာ ရှင်းလိုက်တာ ပိုစိတ်ချရတာပါ။
-အနံ့ပျောက်တာနဲ့အတူ ဖျားတာတွေ၊ အသက်ရှူကြပ်တာတွေ၊ အောက်စီဂျင်ကျတာတွေ ဖြစ်လာရင်တော့ လိုအပ်သည့် ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

#နောက်ဆုံးပြောချင်တာက အနံ့စပျောက်ပြီးဆို အခုမှ ကိုဗစ်ကူးတယ်၊ ပိုးစဝင်တယ် မထင်ပါနဲ့၊ သူရောက်နေတာ ၄ ၅ရက်ရှိပြီလို့ မှတ်ယူနိုင်ပါတယ်၊ ကိုယ်ကနေ သူများကိုလည်း ကူးနိုင်သေးသည့်အတွက် Home Q ခေါ် အိမ်တွင်းသီခြားနေခြင်းကို အနည်းဆုံး အနံ့ပျောက်ချိန်မှ စပြီး ၁၀ရက်နေပေးပါ၊ မိမိကိုယ်ကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း မိမိချစ်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ထပ်မကူးစက်အောင်နေခြင်းဖြင့် ကျနော်တို့ အားလုံးလက်တွဲပြီး ဒီကပ်ကို အမြစ်ဖြတ် ကျော်လွှားနိုင်ကြမှာပါ။

အားလုံးပဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
အနံ့တွေလည်း အမြန်ဆုံး ပြန်ရပါစေ ဆုတောင်းရင်း

Dr. Hadee Maung
(20.7.2021)

02/02/2021

ကြည့်ရှုခံစား ပြည်ထောင်စုအကအလှများ😍

31/01/2021

ကြည့်ရှုခံစား ပြည်ထောင်စုအကအလှများ😍

31/01/2021

တစ်ရက်တော့ ကုန်သွားပြန်ပြီ....

နောက်တစ်နေ့ကျရင်တော့ ပြန်ဆုံနိုင်မှာပါ
သူငယ်ချင်းတို့ရေ😍

အချစ်ဆုံးသူငယ်ချင်းတွေကို
Mention လေးခေါ်လိုက်ကြပါအုံးလား...
မေ့ကုန်ကြမှာစိုး☺

24/01/2021

ကြည့်ရှုခံစား ပြည်ထောင်စုအကအလှများ😍

Photos from Nationalities Youth Resource Development Degree College, Sagaing's post 17/01/2021

"အညာသူလေး" ကို မေ့နေကြပီလားဟင်☺

08/01/2021

မင်္ဂလာပါခင်ဗျား...
ဒီနေ့လေးဟာဆိုရင် ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့
ကျနော်တို့ NYRDDC(Sagaing)ရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီညွန့် ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်ခင်ဗျား☺

ယနေ့ကျရောက်သော ဆရာမ​​ကြီး၏ မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ....

သက်ရှည်ကျန်းမာစွာဖြင့် ကျောင်းတော်ကြီး၊
ကျောင်းသား၊ ကျောင်းသူတွေနှင့် အများအကျိုးပြုလုပ်ငန်းများကို ဆထက်ပိုး ထမ်းရွက်နိုင်ပါစေလို့ NYRDDC(Sagaing) မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးရင်း အနယ်နယ်အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူများထံမှ ပေးပို့လာသော
ဆုတောင်းစကားသံလေးများအား
မွေးနေ့လက်ဆောင်မွန်အဖြစ် ပေးပို့အပ်ပါတယ်ခင်ဗျား🎊🎁

Photos from Nationalities Youth Resource Development Degree College, Sagaing's post 05/01/2021

ခွင့်မပြန်ကျောင်းသားများ၏ ဆောင်းရာသီစိုက်ခင်းမှ

ထွက်ရှိသော သဘာဝအော်ဂဲနစ် မုန်းညှင်းများအား

စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေစဥ်။🍀🌿🌱🎋

Want your school to be the top-listed School/college in Ondaw?

Click here to claim your Sponsored Listing.

NYRDDC,SAGAING

Nationalities Youth Resource Development Degree College (Sagaing)

Location:

Near Ondaw Village, Sagaing Township, Sagaing Region , The Republic of The Union of Myanmar.

Videos (show all)

Kayin Traditional Dance. ..
Kayah Traditional Dance😍
Kachin Dance ☺
Happy Birthday Sayarma Gyi🎉

Location

Website

Address


Near Ondaw Village, Beside Sagaing-Monywa-Shwe Bo Highway Road, Sagaing Township, Sagaing Region
Ondaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 08:00 - 17:00
17:30 - 18:00