မူရင်းရေးသားသူအား လေးစားစွာCreditပေးပါတယ်ရှင်
ကျွန်မသားကို ကျောင်းမှာ ပွန်းပဲ့တာလေးတောင်အဖြစ်မခံနိုင်ဘူး
* ကျွန်တော့်သားစားဖို့ သေချာထည့်ပေးလိုက်တာ သူ့သူငယ်ချင်းတွေ မကျွေးနဲ့နော်
*ကျွန်မသမီးက အမြဲပထမဖြစ်ရမယ်
ပထမ မရရင် တအားငိုတာ
ကျွန်မကလည်း ပထမ မရရင် ညည်းကို ကျောင်းမထားဘူး ပြောထားတယ်
* ကျွန်မသမီးကို စာပဲ လုပ်ခိုင်းတယ်
အတန်းထဲ ဘယ်သူနဲ့မှ စကားမပြောနဲ့မှာထားတယ်
*ကျွန်မသားကိုမှာထားတယ်
သူများကတချက်ဆို ကိုယ်က တချက် ဦးအောင်ချပစ်ခဲ့ ကျန်တာ အမေရှင်းမယ်
*ကျွန်မသားကို အနိုင်ကျင့်ခံရလို့ ဘယ်သူနဲ့မှ မပေါင်းဖို့ မှာထားတယ်
စတဲ့ အချက်တွေကို ဆရာ ဆရာမတိုင်း Founder တိုင်း ကြုံဖူးမှာပါ
တကယ်တော့ ကျောင်းထားတယ် အတန်းတွေတက်တယ်ဆိုတယ် စာသင်ဖို့ တစ်ခုတည်းမဟုတ်ပါဘူး
အချင်းချင်း စာနာနားလည်တတ်မှု ဆိုတဲ့ Sympathy
မျှဝေခံစားမှုဆိုတဲ့ Empathy တွေဟာ မရှိမဖြစ် လိုအပ်တဲ့အရာတွေဖြစ်ပါတယ်
Ethic ဆိုတဲ့ ကျင့်ဝတ်သိက္ခာတွေ ရှိဖို့ လူပီသတဲ့ လူဖြစ်ဖို့ ကျောင်းကနေ သင်ယူနိုင်ပါတယ်
ဘဝမှာ အောင်မြင်တာကို ပျော်ရွှင်ရသလို ရှုံးနိမ့်တာကိုလည်း လက်ခံနိုင်မှ စိတ်ဓာတ်ရင့်ကျက်တာပါ
ဒါတွေကို ကျောင်းမှာ အများနဲ့ ပေါင်းသင်းဆက်ဆံရင်း ရရှိစေနိုင်ပါတယ် ဒါ့အပြင်
တခြား life skillsတွေအများကြီး ရရှိစေပါတယ်
1.Time Management
အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်မှု
2.Communication Skills
Group projects တွေ Presentations တွေ Debates တွေကနေ ရရှိတဲ့ Communications skills သူတို့အတွက် အများနဲ့ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့ အကျိုးကျေးဇူးအများကြီးရစေပါတယ်
3.Problem-Solving
လူအများနဲ့ ဆက်ဆံရပြီးဆိုကတည်းက Problem လေးတွေကတော့ တွေ့ရပါပြီ
ဒီ complex problems တွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကျောင်းမှာ အချင်းချင်း သင်ယူလေ့လာရင်း သူ့အရွယ်နဲ့သူ ဖြေရှင်းတတ်သွားပါတယ်
4.Leadership
ဘဝအောင်မြင်မှုအတွက် လိုအပ်တဲ့ Leadership skill ကလည်း ကျောင်းမှာ အသင်းအဖွဲ့လိုက် လှုပ်ရှားမှုတွေဖြစ်တဲ့ Clubs, Sports teams စတာတွေကနေ ရရှိစေပါတယ်
5.Technology Skills
ဒီနေ့ Digital worldမှာ Email ဘယ်လို သုံးလဲ Microsoft office, Social Media အသုံးပြုပုံတွေကလဲ အရေးပါတဲ့ skill တစ်ခုပါ
6.Research Skills
ကျောင်းသင်ခန်းစာအပြင် အချက်အလက်တွေ ရှာဖွေတတ်ဖို့ အကဲဖြတ်ဖို့ လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်
7.Teamwork
Work collaboratively with others ဆိုတဲ့ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်မှုဟာ အလွန်အရေးပါပါတယ်
တစ်ယောက်ထဲ ကွဲထွက်နေတာ သီးသန့်လေ ဖယ်နေတတ်တာ စတဲ့ အမူအကျင့်လေးတွေကို လျော့နည်းစေပြီး
ကျောင်းတက်တဲ့ကလေးတွေကတော့ ဒီ skill ကို အပြည့်အဝ ရရှိစေပါတယ်
8.Adaptability
New situations, challenges, processes တွေမှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်တာလဲ life skill တစ်ခုပါပဲ
9.Creativity
Innovation ဆိုတဲ့ ဆန်းသစ်ပြောင်းလဲခြင်း
Problem-solving ဆိုတဲ့ ပြသနာ ဖြေရှင်းခြင်းတွေအတွက် Creativity ဆိုတဲ့ ဖန်တီးတီထွင်နိုင်စွမ်းဟာ ကျောင်းကနေရရှိစေနိုင်တဲ့ skill တစ်ခုဖြစ်ပါတယ်
10.Professionalism
Professional တစ်ယောက်အဖြစ် အောင်မြင်မှုအတွက် အရေးပါတဲ့
Being punctual,
Dressing appropriately, Respecting authority စတဲ့ အချက်အလက်တွေ
မိမိနဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ Professional ကျကျ နေထိုင်တတ်စေဖို့ ကျောင်းကနေ သင်ယူနိုင်ပါတယ်
ဒီအချက်တွေကတော့ ကျောင်းကနေ ရရှိတဲ့ ဘဝမှာ လိုအပ်တဲ့ life skills တွေပဲဖြစ််ပါတယ်။
crd
Brightkids Kyaukse Private School
"Start them right ....Make them bright“ BRIGHTKIDS FOR ALL CHILDREN
Operating as usual
Want your school to be the top-listed School/college in Kyaukse?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
အေးမြကြည်လင်ရပ်ကွက် စံကားဝါလမ်း, စံကားဝါဆောင်ဘေး GTC ဘေး
Kyaukse
Kyaukse
Opening Hours
Monday | 09:00 - 16:00 |
Tuesday | 09:00 - 16:00 |
Wednesday | 09:00 - 16:00 |
Thursday | 09:00 - 16:00 |
Friday | 09:00 - 16:00 |
Other Education in Kyaukse (show all)
Yoon's Chinese
Kyaukse
Kyaukse
စာသင်ချိန်တွေများတာရောpageစာဝင်တာများလွန်းတာကြောင့်replyနောက်ကျလေ့ရှိလို့ကြိုတောင်းပန်ပါတယ်ရှင့်