SOE Korean Language Academy

Let's Learn Korean Language.

Operating as usual

20/06/2024

UBT ဖြင့် စာမေးပွဲဖြေဆိုပုံ အဆင့်ဆင့်

03/06/2024

ကုန်ထုတ် ၅၅ မှတ်နဲ့အထက်ရသူတွေ Color Blind စစ်ခွင့်ရပါတယ်။

23/05/2024

ကုန်ထုတ်လုပ်ငန်း ပထမ အသုတ်

18/05/2024

(17) ကြိမ်မြောက် EPS-TOPIK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်လိုသူများအတွက် တန်းခွဲသစ်

EPS (Employment Permit System) စနစ်ဖြင့်
🇰🇷တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ပြီး တစ်လဝင်ငွေ သိန်း(၄၀) မှ အချိန်ပိုကြေးပါလျှင် သိန်း (၆၀) ကျော် အထိ ရရှိနိုင်မည့် အခွင့်အလမ်း....🎉🎉🎉💰💰💰

EPS (Employment Permit System) စနစ်ဆိုသည်မှာ
🇰🇷 တောင်ကိုရီးယားနိုင်ငံ နှင့် 🇲🇲 မြန်မာနိုင်ငံ အစိုးရချင်းချိတ်ဆက် MOU လက်မှတ်ထိုးပြီး တရားဝင်အလုပ်သမားစေလွတ်တဲ့ စနစ်ဖြစ်ပါတယ်။ EPS စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်ဖို့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ EPS-TOPIK စာမေးပွဲကို အောင်မြင်ထားရပါမယ်။ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ သင်တန်းတက်ထားဖို့လိုအပ်ပါတယ်.....📓📔📙

⏩⏩ ဘယ်လိုလူတွေ တက်ရောက်နိုင်လဲ?⏪⏪

1️⃣ အသက် (၁၈) နစ်မှ (၃၉) နှစ်အတွင်းရှိ အမျိုးသား (ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိ)
အမျိုးသမီး (အထက်တန်းအောင်ထားရပါမည်)

2️⃣ ကျန်းမာရေးကောင်းမွန်သူ

3️⃣ ရာဇဝတ်မှု/ပြစ်မှုကျူးလွန်ထားခြင်းမရှိသူ

4️⃣HIV ၊ ဘီပိုး ၊ ကာလသားရောဂါ ၊ အဆုတ်အမာရွတ်၊ ကာလာဘလိုင်း၊ တီဘီ ရောဂါများ မရှိသူ ဖြစ်ရမည်။

အထက်ပါအချက်အလက် များနှင့်ပြည့်စုံပြီဆိုရင်တော့ သင်တန်းတက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။👏👏👏
(မှတ်ချက်-တက်တူးရှိသူများနှင့် မျက်မှန်တပ်ထားသူများလည်း တက်ရောက်နိုင်သည်) 🕶👓🕶👓🆗🆗🆗

🇰🇷ကိုရီးယားနိုင်ငံမှာ🇰🇷 ဘယ်လိုအလုပ်မျိုးတွေလုပ်လို့ရမလဲ..?

(၁) ကုန်ထုတ်လုပ်ငန်း
(၂) ဆောက်လုပ်ရေးလုပ်ငန်း
(၃) စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
(၄) ဝန်ဆောင်မှုလုပ်ငန်း စသည့် လုပ်ငန်းများမှ ကြိုက်နှစ်သက်ရာလုပ်ငန်းအမျိုးအစားကို ရွေးချယ်လုပ်ကိုင်နိုင်ပါသည်။
မှတ်ချက် - မိမိကြိုက်နှစ်သက်ရာ လုပ်ငန်းအမျိုးအစားကို စာမေးပွဲဖောင်တင်တဲ့အခါ တခါတည်း ရွေးချယ်ပြီးတင်ရမည်ဖြစ်သည်။
လုပ်ငန်းအမျိုးအစားအလိုက် အောင်မှတ်/ဖြတ်မှတ် မတူပါ။

🕐🗓သင်ကြားမည့်အချိန်🗓🕐

သင်တန်းကာလ - 5 months+မေးခွန်းဟောင်းအတန်း 3 months (မေးခွန်းဟောင်းအတန်းက စာမေးပွဲဖြေဆိုချိန်နီးမှ တကိရပါမည်)
သင်ကြားမည့်အချိန် - 9:00 AM to 11:00 PM (Monday to Friday)
သင်တန်းကြေး - 500000 ကျပ်

သင်တန်းကြေး 500000 ကျပ်တွင်
*********************************

(၁) အခြေခံသဒ္ဒါစာအုပ်
(၂) Part(1)+Part(2)+မေးခွန်းဟောင်း မီးနင်းပေါင်းချုပ်
(၃) Part(1)+Part(2) သင်ရိုးစာအုပ် (၂) အုပ်
(၄) စနစ်သစ်မေးခွန်းဟောင်း စာအုပ်
များအပါအဝင်ဖြစ်သည်။(မည်သည့်စာရွက်စာတမ်းကြေးမှ ထပ်မံသွင်းစရာမလို)

💠မှတ်ချက်- သင်တန်းကြေးသည် စာမေးပွဲအောင်မြင်ပြီးသည်အထိ အပြီးအစီးဖြစ်သည်။ ထပ်မံသွင်းစာရာမလိုပါ။

သင်တန်းအပ်ပြီးလျှင် (Medical Check up) ဆေးစစ်ရမည်။ ဆေးအောင်မှ သင်တန်းတက်ရမည်။ ဆေးမအောင်ပါက သင်တန်းကြေး တပြားတကျပ်မလျော့ ပြန်အမ်းပေးပါမည်။

✈✈ကိုရီးယားထွက်ခွာနီးကုန်ကျစရိတ်ပေးသွင်းခြင်း✈✈

စာမေးပွဲအောင်မြင်ပြီး ကိုရီယားနိုင်ငံသို့ထွက်ခွာမည့်အချိန်မှသာ လေယာဉ်လက်မှတ်ဖိုး+အာမခံကြေး+ဝန်ဆောင်စရိတ်+ယူနီဖောင်းဖိုး ခန့်မှန်းငွေ သိန်း(၅၀) ခန့်ကို အစိုးရပြည်ပအလုပ်အကိုင် Agency POEA သို့ ပေးသွင်းရမည်ဖြစ်သည်။
သတိပြုရန် - ထိုပေးသွင်းရမည့်ငွေမှာ လေယာဉ် date ကျပြီး အမှန်တကယ် ကိုရီးယားနိုင်ငံသို့ထွက်ခွာရမည့် အချိန်မှသာ ပေးသွင်းရမည်ဖြစ်သည်။✅✅✅

''သိန်း (၅၀) ငါတို့ ဘယ်လိုလုပ်တတ်နိုင်မလဲ''...ဆိုပြီး
တွေးပူနေသေးလား....Don't worry... မစိုးရိမ်ပါနဲ့လို့ပြောချင်ပါတယ်။ သင်တန်းမှ ကိုရီးယားချေးငွေ ကုမ္ပဏီများနှင့်ချိတ်ပေးမည်ဖြစ်သည်။ ဒီငွေပမာဏကလည်း (၁) လ/(၂) လ လောက်ဆို ကြေပီလေ။ ကဲ...ဘာလိုသေးလဲ......🎉🎈🎉🎈🎉🎈

အစိုးရပြည်ပအလုပ်အကိုင် Agency (POEA) မှ အလုပ်သမားစေလွတ်ခြင်းဖြစ်သည်။ တခြား မည်သည့် Agency ကိုမှ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွတ်ဖို့ ခွင့်ပြုထားခြင်းမရှိပါ။ ရှိပါတယ်လို့ပြောလာရင် အလိမ်အညာပင်ဖြစ်ပါသည်။

⚛⚛သင်တန်းမှ ဘာတွေဝန်ဆောင်မှုပေးမလဲ⚛⚛

သင်တန်းစတက်ချိန်မှစ၍
⏩ဆေးစစ်ခြင်း
⏩နိုင်ငံကူးလက်မှတ်(Passport) လုပ်ပေးခြင်း
⏩စာမေးပွဲဖောင်တင်ခြင်း
⏩အလုပ်ဖောင်တင်ခြင်းမှအစ Korea နိုင်ငံသို့ရောက်သည်အထိ အခက်အခဲ တစုံတရာမရှိရအောင် ဝန်ဆောင်မှုပေးပါတယ်။

⚜⚜⚜⚜⚜အာမခံချက်⚜⚜⚜⚜⚜

ကျောင်းသားဘက်ကသာ အတန်းချိန်မှန်ခြင်း၊ သင်ကြားပို့ချသည့်အတိုင်း မပျက်မကွက် လေ့လာကျက်မှတ်ပေးခြင်း၊ Old Questions ဖြေသည့်အခါတိုင်းလည်း မပျက်မကွက် ဖြေဆိုခြင်းများကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ပေးပါ။ စာမေးပွဲအောင်ဖို့ အပြည့်အ၀ အာမခံပါသည်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
နယ်ဝေးကျောင်းသားများအတွက်အဆောင်ရှိပါသည်။

အလုပ်တဖက်နဲ့ သင်တန်းတက်လိုသူများ အချိန်ညှိနိုင်းပေးမည်။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

စာမေးပွဲဘယ်တော့ရှိမလဲဆိုတာထက် ကိုယ့်ဘက်ကသာ အမှတ်ကောင်းကောင်းနဲ့ ဖြေနိုင်ဖို့ Ready ဖြစ်နေအောင်လုပ်ထားပါ။ စာမေးပွဲဆိုတာက သေချာပေါက်ရှိလာမှာဖြစ်ပါတယ်။ စာမေးပွဲဖြေဖို့ Date ထွက်လာမှ သင်တန်းစတက်မယ်ဆိုရင် မမီတော့ပါ။
လူကအချိန်ကိုစောင့်နေသော်လည်း အချိန်ကလူကို မစောင့် ဒါကြောင့်
လူကြီးမင်းတို့ အိပ်မက်များ လက်တွေ့ အကောင်အထည်ဖော်ဖို့ ယခုပဲ ခြေလှမ်းစလိုက်ပါ.........✅✅✅

အထူးမေတ္တာရပ်ချက်
*********************
EPS-TOPIK စာမေးပွဲအောင်ဖို့ စာကြိုးစားမှ အောင်မြင်မည်ဖြစ်ပါ၍ စာလုပ်နိုင်မှာသာ သင်တန်းအပ်ပါရန်။

🛤🏘သင်တန်းစုံစမ်းရန်🏘🛤

SOE Korean Language Academy
SOE ကိုရီးယားဘာသာစကားသင်တန်း

ကျောက်ဆည်-တံတားဦးလမ်း၊ မြဘုရင်ဖုန်းဆိုင်အနီး ၊ ရဲစုရပ် ၊ ကျောက်ဆည်မြို့။
📱 09 267222215 (Viber,Whatsapp,Telegram)

30/04/2024

စာမေးပွဲ လာမဖြေတဲ့သူ တစ်ခန်းကို ၅ ယောက်ဝန်းကျင်ရှိတယ်လို့ သိရ။

25/04/2024

မကြာမီ
အိုဗာစတေးများအတွက်
ကိုရီးယားလဝကမှ သတင်းကောင်းထုတ်ပြန်ပေးလိမ့်မယ်လို့ ကြားသိရပါတယ်။Crd

Photos from SOE Korean Language Academy's post 22/04/2024

စာ​မေးပွဲ​​​ဖြေဆိုခွင့်အမှတ်စဥ်၊ ​ဖြေဆိုရမည့် ​နေ့ရက် အချိန်တို့ကို စစ်​ဆေးနိုင်ပါသည်။

18/04/2024
11/04/2024

Happy Eid Mubarak

29/03/2024

EPS စာမေးပွဲဖြေရန် စာရင်းပေးသွင်းသူ တစ်သိန်းကျော်အထိရှိ
----------------------
ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အခုနှစ်မှာကျင်းပမယ့် (၁၆)ကြိမ်မြောက် ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK)ဖြေဆိုဖို့ စာရင်းပေးသွင်းသူအရေအတွက်ဟာ တစ်သိန်း ကျော်အထိ ရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကနေ သိရပါတယ်။

အရင်နှစ်တွေက တစ်နှစ်ကို သုံးသောင်းကျော်လောက်ပဲ ဝင်ရောက်ဖြေဆိုခဲ့ကြတာဖြစ်ပြီး အခုနှစ်မှာတော့ စံချိန် တင် တစ်သိန်းကျော်အထိ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်ရောက်ဖြေဆိုမယ့်သူ ပိုများလာတဲ့အတွက် အမှတ်ဖြတ်တာတွေကလည်း အရင်နှစ်တွေကထက် ပိုမြင့်လာ တယ်လို့ POEA ကနေ သိရပါတယ်။

စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းတာကို မတ်လ ၁၉ ရက်ကစပြီးတော့ လက်ခံဆောင်ရွက်ပေးနေပြီး တစ်ရက်ကို လူဦးရေ ၆၅၀၀ လက်ခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ စာမေးပွဲမှတ်ပုံတင်ကြေးအဖြစ် အမေရိကန် ဒေါ်လာ ၂၈ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေနဲ့လည်း သတ်မှတ် လဲလှယ်နှုန်းထားအတိုင်း ပေးသွင်းနိုင် တယ်လို့ ဆိုပါတယ်။

စာမေးပွဲကိုတော့ ဧပြီ ၂၄ ရက်ကနေ မေလ ၁၀ ရက်အထိ တစ်ကြိမ်၊ မေလ ၂၀ ရက်ကနေ ဇူလိုင်၂၆ ရက်အထိ တစ်ကြိမ် နှစ်သုတ်ခွဲကျင်းပမှာဖြစ်ပြီး အောင်စာရင်းတွေကိုတော့ မေလ ၁၇ ရက်ကနေ ဩဂုတ် ၅ ရက်အတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အခုနှစ်မှာတော့ ကိုရီးယားနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေအပြင် အမျိုးသမီးတွေပါ လုပ်ကိုင်ခွင့်ရမယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုပါ ခေါ်ယူထားပြီး စုစုပေါင်း လုပ်သား၁၁၀၀၀လောက် စေလွှတ်သွားဖို့ရှိတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

26/03/2024

ကိုရီးယားအတွင်း မြန်မာနိုင်ငံသားများရဲ့ အခြေအနေ

၁။ ကိုရီးယားကို ရောက်တာ တလပဲ ရှိသေးတဲ့ မြန်မာ လုပ်သား တဦး။ လဝက ဝန်ထမ်းတွေက မြန်မာ လုပ်သားကို မူးယစ်ဆေးဝါး သုံးစွဲထားတယ် ဆိုပြီး စက်ရုံမှာ လာ ဖမ်းသွားတယ်။
မြန်မာလုပ်သားက မြန်မာပြည်မှာ ဆေးစစ်တာ အောင်မြင်ပြီး သူငယ်ချင်း တဦးရဲ့ ဆေးလိပ်ကို ယူပြီး ဖွာခဲ့ဖူးတယ်။
ကိုရီးယားကို ရောက်လာပြီး ဆီး၊ သွေးများကို စစ်ကြည့်တော့ မူးယစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

၂။ ဆိုင်ကယ် နံပါတ်ပြား မပါပဲ မြန်မာ လုပ်သား နှစ်ဦး ဆိုင်ကယ်ကို စီးနင်း မောင်းနှင်လာခဲ့ကြတယ်။ လမ်းခုလတ်မှာ ရဲဝန်ထမ်းရဲ့ စစ်ဆေး ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဆိုင်ကယ် မောင်းလာတဲ့ မြန်မာ လုပ်သား နှစ်ယောက်က ဗီဇာ မရှိတော့ လဝကရုံးကို ပို့လိုက်ပါတယ်။

၃။ ကိုရီးယား ရောက်တာ တလ မပြည့်သေးတဲ့ မြန်မာ လုပ်သား၊ မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် လဝက ဝန်ထမ်းများက လာခေါ်သွားပါတယ်။
မြန်မာပြည်မှာ နေတုန်းက အကိုက်အခဲ ပျောက်ဆေး သုံးစွဲဖူးတယ်လို့ ပြောတယ်။ လဝက ဝန်ထမ်းက မြန်မာပြည်မှ ကိုရီးယားကို ရောက်ရင် ဆေးစစ်ရတဲ့ စစ်ချက်ထက် ပိုမို တိကျစေရန် တက္ကသိုလ် ဆေးရုံကြီးမှာ ဆေးထပ် စစ်ကြည့်တယ်။ သောက်ဆေးကြောင့် မဟုတ်ပဲ မိမိကိုယ်တိုင် မူးယစ်ဆေးကို သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် လဝက ဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူကို အမိမြေ ပြန်ပို့ရမယ်ဆိုတဲ့အတိုင်း လေယာဉ် လက်မှတ်ခနဲ့ အထုတ်များ လာပို့ပေးဖို့ ပြောလာပါတယ်။

ကိုရီးယားကို လာမယ်ဆိုရင် ဆေးခြောက်ရွက်၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အရာများ ဘာတခုမှ တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် မသုံးစွဲမိဖို့ သတိထားကြပါ။ မူးယစ်ဆေးဝါး သုံးစွဲထားပါက ၆ လအတွင်း ဆေးစစ်ရင် ပေါ်ပါတယ်။

မြန်မာပြည်မှာ ဆေးစစ်လို့ အောင်ပေမဲ့ ကိုရီးယားကို ရောက်တာနဲ့ ဆေးထပ်စစ်ရပါတယ်။
ကူးစက်ရောဂါများ၊ တီဘီ ရောဂါ၊ AIDS, HIV, မူးယစ်ဆေးဝါး သုံးစွဲထားခြင်းများကို လုံးဝ လက်မခံပါ။ သတိထားကြပါ။

အထက်ပါ အချက်အလက်များဟာ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် နေရာ၊ အမည်များကို လုံးဝ ဖော်ပြသွားမှာ မဟုတ်ပါ။

ကျနော် ရေးသား ဖော်ပြပေးနေသော အချက်အလက်များဟာ ကိုရီးယား ရောက် မြန်မာနိုင်ငံသားများ သတိထား နေထိုင်နိုင်ရန်အတွက် ပညာပေး ရေးသားရခြင်း ဖြစ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကြပါစေ။

ဇော်မိုးအောင် (ကိုရီးယား)
၀၁၀၈၇၉၄၄၇၇၀

Credit Zaw Moe Aung

22/03/2024

မနှစ်ကလို ပသုတ် ဒုသုတ် ခွဲဖြေရဖို့ များပါတယ်။

21/03/2024

정답은?

13/03/2024

EPS စာမေးပွဲ
ဖြေဆိုမည့်သူ
74922 ယောက်။ Payment No တူပါက ပိုများလာနိုင်ပါတယ်။

Photos from SOE Korean Language Academy's post 13/03/2024

စာ​မေးပွဲမှတ်ပုံတင်​​​ကြေး ​ပေးသွင်းရမည့် ​နေ့ရက် အချိန် ​နေရာ အသိ​ပေး​​ကြေညာခြင်း
အားလုံး စနစ်တကျတန်းစီ၍ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီ​ဆောင်ရွက်ကြပါရန် အသိ​ပေးအပ်ပါသည်။ POEA - EPS

Photos from SOE Korean Language Academy's post 11/03/2024
Photos from SOE Korean Language Academy's post 09/03/2024

စနစ်သစ်မေးခွန်း​ဟောင်း စာအုပ်(읽기+듣기+mp3)

07/03/2024

ဒီနေ့ထိ EPS စာမေးပွဲဖောင်တင်ထားသူ 60000 ကျော် 70000 ဝန်းကျင်ရှိပြီသိရ။ခန့်မှန်း Total
သိန်းဂဏန်း ကပ်နိုင်။

07/03/2024

စာမေးပွဲဖောင်တင်တာတဲ့😃

05/03/2024

🤣🤣🤣

04/03/2024

ဒီနေ့ EPS စာမေးပွဲ ဖောင်တင်နေကြသူများ။ Ai Image.😀

04/03/2024

နေ့လည် ၂ နာရီဝန်းကျင်မှာ
စာမေးပွဲဖောင်တင်သူ ၂၀၀၀၀ ​​ကျော်ရှိပါပြီ

Photos from SOE Korean Language Academy's post 02/03/2024

Online ဖြင့် စာ​မေးပွဲ ​လျှောက်လွှာတင်သွင်းရန် လမ်းညွှန်
၂၀၂၄ ခုနှစ်၊ EPS-TOPIK စာ​မေးပွဲ​လျှောက်လွှာတင်သွင်းရမည့် Application အား ၄-၃-၂၀၂၄ ရက်​နေ့ နံနက် ၉ နာရီအချိန်တွင် ရယူနိုင်မည်ဖြစ်ပါသည်။

20/02/2024

၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံသို့ EPS လုပ်သား ၁၁၀၀၀ ခန့် စေလွှတ်မည်

၂၀၂၄ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံမှ အလုပ်သမား‌ခေါ်ယူမှုတွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလတွင် တောင်ကိုရီးယားသို့ EPS စနစ်ဖြင့်လုပ်သားစေလွှတ်မှုကို ရပ်နားထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK)ကို ယခုနှစ်လယ်တွင် ပြုလုပ်သွားဖွယ်ရှိပြီး ပထမဦးဆုံးအကြိမ်ဖြစ် ဝန်ဆောင်မှု ကဏ္ဍအတွက် မြန်မာအမျိုးသမီး လုပ်သားများကို ဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားများကိုသာ EPS စနစ်ဖြင့် ခေါ်ယူလေ့ရှိကြောင်း သိရသည်။

EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်ထားခြင်းကို မတ်လ (၄) ရက်မှ (၁၀) ရက်အထိ အွန်လိုင်းမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Popular News Journal

Photos from SOE Korean Language Academy's post 16/02/2024

Skill Test ကျွမ်းကျင်မှုစစ်ဆေးခြင်း

13/02/2024

POEA ကိုယ်စား ဘာသာပြန်ပေးချိန် ရောက်လာပါပြီ။

--- ၁၆ ကြိမ်မြောက် EPS စာမေးပွဲမှာ မိန်းကလေးတွေကိုပါ ဝင်ဖြေခွင့်ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာပါ။ မီးဖိုချောင်အကူ (Cooking Assistant) နဲ့ အဆောက်အဦသန့်ရှင်းရေး (Building Cleaner) မှာ ဝင်လုပ်ရမှာပါ။ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ ကွန်ဒိုတွေ အကျုံးဝင်လာမှာပါ။

--- အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်နဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမဲ့ မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

--- ပတ်စ်ပို့ သက်တမ်းကန့်သတ်ချက်မရှိဆိုတာက သက်တမ်းကုန်နေလည်းရပါတယ်။ PJ PV PS ရပါတယ်။ အလုပ်ဖောင်တင်ချိန်ကျရင်သာ PJ ဖြစ်ဖို့လိုပြီး ဖြေတုန်းကတင်ခဲ့တဲ့ ပတ်စ်ပို့ပါ အမည်၊ မွေးနေ့တွေ တူနေဖို့လိုပါတယ်။

---- ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ။

--- လက်ရှိ စိုက်ပျိုးရေးနဲ့ အောင်ထားတဲ့ သူတွေ ဆောက်လုပ်ရေးနဲ့ အောင်ထားတဲ့သူတွေ ဝင်ဖြေလို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတင်ချိန်ကျရင်တော့ ရချင်မှ ရပါတယ်။ စနစ်မှာ ကန့်သတ်လို့ ပြနေလို့ ဖြစ်ပါတယ်။ ဝင်ဖြေချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ပါ။ POEA က ရတယ်တို့ ဆရာကိုပြည့်လင်းက ရေးထားလို့ ရတယ်လို့တော့ မလုပ်ကြပါနဲ့။

--- အနည်းဆုံးအမှတ်သတ်မှတ်ချက်တွေကတော့ ဖြေတဲ့သူ များတာနဲ့အမျှ မြင့်သွားမှာပါ။ ဥပမာ ဝန်ဆောင်မှုလုပ်ငန်းမှာ အမှတ် ၃၆ မှတ်က အောင်မှတ်ဆိုပေမဲ့ ဖြေတဲ့သူများလားရင် အောင်မှတ်သတ်မှတ်ချက်က အမှတ် ၇၀ လည်း ဖြစ်သွားနိုင်တယ်။ ၈၀ လည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ စာမေးပွဲအောင်မြင်ရုံနဲ့တင် မရပါဘူး။ အမှတ်ကောင်းဖို့လိုပါတယ်။

အောင်မြင်ကြပါစေ။

Photos from POEA - EPS's post 13/02/2024
Want your school to be the top-listed School/college in Kyaukse?

Click here to claim your Sponsored Listing.

Videos (show all)

UBT ဖြင့် စာမေးပွဲဖြေဆိုပုံ အဆင့်ဆင့်
#eps #epstopik #epsmyanmar #epsnepal #koreaeps #korea #epsquestions #ကိုရီးယား #ကိုရီးယားဇာတ်လမ်း #ဟာသ
#EPS #korea #korealanguage #E9
#EPSkoreamyannar #EPS #epstopik2024 #korea
ကိုရီးယားစကား So Easy...😁....ထမင်းစားတာပြောသွားတာ။
ကိုရီးယားသားတောင် လိုက်မမီတော့ဘူး🤣...Video Credit..https://m.facebook.com/story.php?story_fbid=332988565791713&id=100072...

Location

Category

Telephone

Address


ကျောက်ဆည်-တံတားဦးလမ်း၊ မြဘုရင်ဖုန်းဆိုင်အနီး၊ ရဲစုရပ်၊ ကျောက်ဆည်မြို့။
Kyaukse
05151
Other Language schools in Kyaukse (show all)
Woori  Education ကိုးရီးယားဘာသာစကားသင်တန်း Woori Education ကိုးရီးယားဘာသာစကားသင်တန်း
ဆေးရုံပတ်လမ်း၊ အမှတ် ၁၅ ကျောင်းလမ်း၊, ပန်းခရေလမ်းကြား၊ ကြက်မင်းတွန်ရပ်ကွက်
Kyaukse, 05151

Yee Phyoe Win  李新亮 Yee Phyoe Win 李新亮
ကျောက်ဆည်
Kyaukse, မဂၤလာပါနွေး‌ေထွးစွာကြိုဆိုပါတယ်

大家好

Better English 4U Better English 4U
Kyaukse
Kyaukse

The best place to learn with affordable fee

ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်း ထိပ်တန်းကမ္ဘာ ကိုရီးယားဘာသာစကားသင်တန်း
ဈေးတန်းရပ်ကွက်ရုံးလမ်း
Kyaukse, 05151

ကိုရီးယားသွားချင်တဲ့ ညီငယ် ၊ ညီမငယ်များကို အကောင်းဆုံးကူညီ သင်ကြားပေးနေပါတယ်

Learning With Tr Aye Moh Learning With Tr Aye Moh
Kyaukse

School teacher